ကိုရိုနာဗိုင်းရပ်စ်အားအပြီးတိုင်ချေမှုန်းနိုင်သည့် ပဋိပစ္စည်း သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
ကိုရိုနာဗိုင်းရပ်စ်အားအပြီးတိုင်ချေမှုန်းနိုင်သည့် ပဋိပစ္စည်း သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
16 Sep 2020 11:55 am တွင် တင်ခဲ့သည်
20891 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သိပ္ပံပညာရှင်တို့သည် ကိုရိုနာဗိုင်းရပ်စ်ကို ကုသမှုပေးနိုင်၊ ချေမှုန်းနိုင်သည့် ပဋိပစ္စည်းတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်သည်။
ပစ္စဘာ့ဂျ် ဆေးတက္ကသိုလ် (University of Pittsburgh School of Medicine) မှ သုတေသနပညာရှင်တို့က ပြောကြားရာတွင် အသေးငယ်ဆုံး ဇီဝမော်လီကျူးတစ်ခုကို ခွဲထုတ်နိုင်ခဲ့ကြောင်း၊ အဆိုပါ မော်လီကျူးသည် Covid-19 ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ် (SARS-CoV-2) ကို အပြီးတိုင်ချေမှုန်းနိုင်ကြောင်း ပြောကြားသည်။
ပစ္စဘာ့ဂျ် ဆေးတက္ကသိုလ်သည် ပစ္စဘာ့ဂျ်တက္ကသိုလ်မှ ဆေးကျောင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပစ္စဘာ့ဂျ်မြို့တွင် တည်ရှိသည်။
Pitt Med ဟု လူသိများသော ဆေးကျောင်းသည် U.S. News & World Report အရ သုတေသနနယ်တွင် ထိပ်တန်းဆေးကျောင်းအဖြစ် စဉ်ဆက်မပြတ် သတ်မှတ်ခြင်းခံရသည့်ကျောင်း ဖြစ်သည်။
ပစ္စဘာ့ဂျ်ဆေးကျောင်းမှ သုတေသနအဖွဲ့သည် ‘Ab8’ ဟုခေါ်သော ပဋိပစ္စည်းပါဝင်သည့် ဆေးတစ်မျိုးကို တီထွင်ခဲ့ကြသည်။ အဆိုပါပဋိပစ္စည်းသည် ပုံမှန်ပဋိပစ္စည်းများအောက် ၁၀ ဆခန့် သေးငယ်သည်ဟု ဆိုသည်။
အဆိုပါဆေးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် ကြွက်များအား စမ်းသပ်ရာတွင် ကာကွယ်ခြင်းနှင့် ကုသခြင်း ၂ မျိုးလုံးတွင် အောင်မြင်မှုရရှိခဲ့သည်။
ကြွက်များဖြင့် စမ်းသပ်ရာတွင် Ab8 ပဋိပစ္စည်းဆေးပေးထားသော ကြွက်များသည် ဆေးမပေးထားသည့်ကြွက်များနှင့် နှိုင်းယှဉ်လျှင် ၁၀ ဆခန့် ကူးစက်မှုနည်းပါးသွားကြောင်း တွေ့ခဲ့ရသည်။
အခြားသော တက္ကသိုလ်များမှ သိပ္ပံပညာရှင်များက Ab8 ပဋိပစ္စည်းဆေးနှင့် ဆေးအာနိသင်တို့ကို လေ့လာသုံးသပ်ကြရာတွင် Ab8 ပဋိပစ္စည်းသည် လူ့ဆဲလ်များကို တိုက်ခိုက်မှုထိန်းချုပ်မှုမရှိကြောင်း တွေ့ရသည်ဟု အားလုံးက သုံးသပ်ခဲ့ကြသည်။
လူသားများတွင် ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ မဖြစ်စေကြောင်း တွေ့ရှိသည့်အချက်မှာ အားတက်ဖွယ်ရာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကောင်းစွာကာကွယ်နိုင်သည့်ဆေးဖြစ်လာဖွယ်ရာ ရှိနေသည်။
ပစ္စဘာ့ဂျ် ဆေးတက္ကသိုလ် ပါမောက္ခ ဂျွန် မဲလာစ်က “Ab8 ဟာ Covid-19 ကုသဆေးအဖြစ်နဲ့သာမက SARS-CoV-2 (ကိုရိုနာဗိုင်းရပ်စ်) ကူးစက်မခံရအောင် ကာကွယ်ဆေးအဖြစ်နဲ့လည်း အသုံးပြုနိုင်လိမ့်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
Ab8 ကို covid-19 လူနာများအား ထိရောက်သော ကုသမှုပေးရေးအပြင် ကူးစက်မခံရသေးသူများနှင့် ကိုယ်ခံအားစနစ် အားနည်းသူများကို ရောဂါကာကွယ်ရေးအတွက် အသုံးပြုနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ပါမောက္ခ ဂျွန် မဲလာစ်က ဆက်လက်ပြောကြားသည်။
လာမည့် စမ်းသပ်မှုမှာ လူသားများကို ထိုးဆေးဖြင့် စမ်းသပ်ခြင်း (သို့မဟုတ်) နှာခေါင်းမှ ရှူရှိုက်စေသည့် နည်းလမ်းများဖြင့် စမ်းသပ်သွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Scientists discover antibody that ‘neutralises’ coronavirus (Metro)
[Zawgyi]
ပစ္စဘာ့ဂ်ျ ဆေးတက္ကသိုလ် (University of Pittsburgh School of Medicine) မှ သုတေသနပညာရှင်တို့က ပြောကြားရာတွင် အသေးငယ်ဆုံး ဇီဝမော်လီကျူးတစ်ခုကို ခွဲထုတ်နိုင်ခဲ့ကြောင်း၊ အဆိုပါ မော်လီကျူးသည် Covid-19 ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ် (SARS-CoV-2) ကို အပြီးတိုင်ချေမှုန်းနိုင်ကြောင်း ပြောကြားသည်။
ပစ္စဘာ့ဂ်ျ ဆေးတက္ကသိုလ်သည် ပစ္စဘာ့ဂ်ျတက္ကသိုလ်မှ ဆေးကျောင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပစ္စဘာ့ဂ်ျမြို့တွင် တည်ရှိသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service