COVID-19 ကာကွယ်ဆေး ရသောအခါ မည်သူများက ပထမဆုံးထိုးနှံခံရမည်နည်း?

COVID-19 ကာကွယ်ဆေး ရသောအခါ မည်သူများက ပထမဆုံးထိုးနှံခံရမည်နည်း? - Property News in Myanmar from iMyanmarHouse.com
15 Sep 2020 11:52 am တွင် တင်ခဲ့သည်
8182 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘေးကင်း၍ အကျိုးထိရောက်မှုရှိသော COVID-19 ကာကွယ်‌ဆေးများ ရရှိသည်နှင့်တစ်ပြိုင်နက် မည်သူများအား ပထမဆုံးထိုးနှံမည်နည်းဆိုသည်နှင့်ပတ်သက်၍ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရန် လိုအပ်မည်ဖြစ်သည်။

ကာကွယ်ဆေး ခွဲဝေပေးရန် သာတူညီမျှဖြစ်သည့်နည်းလမ်းတစ်ခုအား အမေရိကန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန၏ အမိန့်အရ အမေရိကန်အမျိုးသားသိပ္ပံ၊ အင်ဂျင်နီယာပညာနှင့် ဆေးပညာတက္ကသိုလ်များဆိုင်ရာ ကော်မတီက အဆိုပြုလိုက်ပြီဖြစ်သည်။

၎င်းတို့က ရှေ့တန်းတိုက်စစ်မှူးများဖြစ်ကြသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအား ထိပ်တန်းဦးစားပေးအဖြစ် အကြံပြုခဲ့ကြသည်။

မိသားစုဝင် သို့မဟုတ် လူဦးရေအများအပြားဖြင့် နေထိုင်ကြရသည့် အသက်ကြီးသောအရွယ်ရောက်ပြီးသူများ (သက်ကြီးပိုင်းများ) အားလည်း ကာကွယ်ဆေးထိုးနှံမှုပထမအဆင့်တွင် ပါဝင်စေရမည်ဖြစ်သည်ဟုလည်း ၎င်းတို့၏အကြံပြုအစီအစဉ်တွင် ဖော်ပြခဲ့ကြသည်။

သို့သော်လည်း COVID-19 ရောဂါကိုဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်အသစ်သည် အသက်ပိုငယ်သော အရွယ်ရောက်ပြီးသူများ (သက်လတ်ပိုင်းများ) အကြား ပိုမိုကူးစက်ပျံ့နှံ့မှုနေသဖြင့် သက်လတ်ပိုင်းများအား ပိုမိုဦးစားပေးသင့်သည်ဟုဆိုကာ ယခုတစ်ခေါက် ကာကွယ်ဆေးထိုးနှံမှုဦးစားပေးရွေးချယ်မှုများ ပြုလုပ်ရန် ယခင်အတွေ့အကြုံများနှင့်မတူသည့် ပုံစံတစ်ခုလိုအပ်သည်ဟု အငြင်းပွားနေကြသည်။

ကမ္ဘာတစ်ဝန်း လူ ၅ သိန်းခန့်ကို သေဆုံးစေခဲ့သည့် ၂၀၀၉ ခုနှစ်က H1N1 တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုမှ သင်ခန်းစာများ ယူနိုင်ပါသည်။ ထိုစဉ်က အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ထိုကူးစက်ဖြစ်ပွားမှုကို နိုင်ငံအဆင့်အရေးအပေါ်အခြေအနေတစ်ရပ်အဖြစ် ကြေညာခဲ့သည်။

ကာကွယ်ဆေးအား ၂၀၀၉ ခုနှစ် ဆောင်းဦးတွင် တီထွင်နိုင်ခဲ့သည်။ သို့ရာတွင် ကနဦးတွင် ကာကွယ်ဆေးအလုံးရေသည် ၁၆ သန်းသာ ရရှိနိုင်ခဲ့သည်။ အမေရိကန် CDC (ကူးစက်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာဌာန) က ကာကွယ်ဆေးခွဲဝေပေးရေးနှင့်ပတ်သက်၍ ခက်ခဲသော ဆုံးဖြတ်ချက်အချို့ကို ချမှတ်ရန် လိုအပ်ခဲ့သည်။ အချို့ပြည်နယ်များက သူတို့ကိုခွဲဝေပေးသည့် ပမာဏထက် ၁၀ ဆ ပိုမို တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးတွင် CDC သည် ကာကွယ်ဆေးအား ပြည်နယ်၏ လူဦးရေအချိုးအလိုက် ခွဲဝေပေးခဲ့သည်။ ထို့နောက် ပြည်နယ်များက ရောဂါကူးစက်နိုင်ခြေမြင့်မားသူများအပါအဝင် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား ထိပ်ထိန်းဦးစားပေးအဖြစ် ယေဘုယျအားဖြင့် ပြန်လည်ခွဲဝေပေးခဲ့သည်။

နုနယ်သူများနှင့် အားချည့်နဲ့သူများကို ကာကွယ်ရန် ထိုဦးစားပေးအစီအစဉ်သည် ၁၉၅၇-၁၉၅၈ ခုနှစ် တုပ်ကွေးကပ်ရောဂါကတည်းက အများပြည်သူမူဝါဒဖြစ်လာခဲ့သည်။

နောက်ပိုင်းလေ့လာမှုများတွင်မူ သက်ကြီးရွယ်အိုးများအား ကာကွယ်ရန် ပိုကောင်းသောနည်းလမ်းမှာ ကလေးတုန်းကတည်းက ကာကွယ်ဆေးများ မကြာခဏထိုးနှံခံလာခဲ့ရသည့် လူငယ်များအကြား ကူးစက်မှုကို ထိန်းချုပ်ရန် ဖြစ်သည်ဟု တွေ့ရှိလာခဲ့သဖြင့် အထက်ဖော်ပြပါကဲ့သို့ အငြင်းပွားနေကြခြင်းဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ ကြုံတွေ့ခဲ့ရပြီးသည့် ကပ်ရောဂါများမှ သင်ခန်းစားတစ်ခုမှာ ရောဂါလက္ခဏာမပြဘဲ ရောဂါရှိနေနိုင်သူများကို စောစီးစွာ ကာကွယ်ဆေးထိုးနှံခြင်းက အခြားသူများသို့ တစ်သီတစ်သန်း အဆင့်ဆင့်ကူးစက်မှုများအား တားဆီးနိုင်ခြင်းပင် ဖြစ်သည်။

ဤတွင်လည်း အငြင်းပွားသူများက ရောဂါလက္ခဏာမပြဘဲ COVID-19 ရောဂါရှိနေကြောင်း တွေ့ရှိရသူများတွင် သက်ကြီးရွယ်အိုများ အလွန်နည်းပြီး အသက်ငယ်သူများသာ များကြောင်း ဆိုကြပြန်သည်။

လူအများနှင့်တွေ့ဆုံပတ်သက်ရသည့် လူမှုရေးလှုပ်ရှားမှုများကို အသက်ငယ်သူများကသာ ပိုမိုလုပ်‌ဆောင်ကြသဖြင့်လည်း ကာကွယ်ဆေးထိုးနှံရန် ပိုမိုဦးစားပေးသင့်သည်ဟု အငြင်းပွားနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Once We Have a COVID-19 Vaccine, Who Gets the First Shot? (sciencethewire)

 

 

[Zawgyi]

COVID-19 ကာကြယ္ေဆး ရေသာအခါ မည္သူမ်ားက ပထမဆုံးထိုးႏွံခံရမည္နည္း?

ေဘးကင္း၍ အက်ိဳးထိေရာက္မႈ႐ွိေသာ COVID-19 ကာကြယ္‌ေဆးမ်ား ရ႐ွိသည္ႏွင့္တစ္ၿပိဳင္နက္ မည္သူမ်ားအား ပထမဆုံးထိုးႏွံမည္နည္းဆိုသည္ႏွင့္ပတ္သက္၍ ခက္ခဲေသာ ဆုံးျဖတ္ခ်က္မ်ားကို ခ်မွတ္ရန္ လိုအပ္မည္ျဖစ္သည္။

ကာကြယ္ေဆး ခြဲေဝေပးရန္ သာတူညီမွ်ျဖစ္သည့္နည္းလမ္းတစ္ခုအား အေမရိကန္ကူးစက္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာန၏ အမိန္႔အရ အေမရိကန္အမ်ိဳးသားသိပၸံ၊ အင္ဂ်င္နီယာပညာႏွင့္ ေဆးပညာတကၠသိုလ္မ်ားဆိုင္ရာ ေကာ္မတီက အဆိုျပဳလိုက္ၿပီျဖစ္သည္။

၎တို႔က ေ႐ွ႕တန္းတိုက္စစ္မႉးမ်ားျဖစ္ၾကသည့္ က်န္းမာေရးေစာင့္ေ႐ွာက္မႈေပးၾကသည့္ က်န္းမာေရးဝန္ထမ္းမ်ားအား ထိပ္တန္းဦးစားေပးအျဖစ္ အၾကံျပဳခဲ့ၾကသည္။

မိသားစုဝင္ သို႔မဟုတ္ လူဦးေရအမ်ားအျပားျဖင့္ ေနထိုင္ၾကရသည့္ အသက္ႀကီးေသာအ႐ြယ္ေရာက္ၿပီးသူမ်ား (သက္ႀကီးပိုင္းမ်ား) အားလည္း ကာကြယ္ေဆးထိုးႏွံမႈပထမအဆင့္တြင္ ပါဝင္ေစရမည္ျဖစ္သည္ဟုလည္း ၎တို႔၏အၾကံျပဳအစီအစဥ္တြင္ ေဖာ္ျပခဲ့ၾကသည္။

သို႔ေသာ္လည္း COVID-19 ေရာဂါကိုျဖစ္ေစသည့္ ကို႐ိုနာဗိုင္းရပ္စ္အသစ္သည္ အသက္ပိုငယ္ေသာ အ႐ြယ္ေရာက္ၿပီးသူမ်ား (သက္လတ္ပိုင္းမ်ား) အၾကား ပိုမိုကူးစက္ပ်ံ႕ႏွံ႔မႈေနသျဖင့္ သက္လတ္ပိုင္းမ်ားအား ပိုမိုဦးစားေပးသင့္သည္ဟုဆိုကာ ယခုတစ္ေခါက္ ကာကြယ္ေဆးထိုးႏွံမႈဦးစားေပးေ႐ြးခ်ယ္မႈမ်ား ျပဳလုပ္ရန္ ယခင္အေတြ႕အၾကဳံမ်ားႏွင့္မတူသည့္ ပုံစံတစ္ခုလိုအပ္သည္ဟု အျငင္းပြားေနၾကသည္။

ကမ႓ာတစ္ဝန္း လူ ၅ သိန္းခန္႔ကို ေသဆုံးေစခဲ့သည့္ ၂၀၀၉ ခုႏွစ္က H1N1 တုပ္ေကြးေရာဂါကူးစက္ျဖစ္ပြားမႈမွ သင္ခန္းစာမ်ား ယူႏိုင္ပါသည္။ ထိုစဥ္က အေမရိကန္သမၼတ ဘာရက္အိုဘားမားသည္ ထိုကူးစက္ျဖစ္ပြားမႈကို ႏိုင္ငံအဆင့္အေရးအေပၚအေျခအေနတစ္ရပ္အျဖစ္ ေၾကညာခဲ့သည္။

ကာကြယ္ေဆးအား ၂၀၀၉ ခုႏွစ္ ေဆာင္းဦးတြင္ တီထြင္ႏိုင္ခဲ့သည္။ သို႔ရာတြင္ ကနဦးတြင္ ကာကြယ္ေဆးအလုံးေရသည္ ၁၆ သန္းသာ ရ႐ွိႏိုင္ခဲ့သည္။ အေမရိကန္ CDC (ကူးစက္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရးဆိုင္ရာဌာန) က ကာကြယ္ေဆးခြဲေဝေပးေရးႏွင့္ပတ္သက္၍ ခက္ခဲေသာ ဆုံးျဖတ္ခ်က္အခ်ိဳ႕ကို ခ်မွတ္ရန္ လိုအပ္ခဲ့သည္။ အခ်ိဳ႕ျပည္နယ္မ်ားက သူတို႔ကိုခြဲေဝေပးသည့္ ပမာဏထက္ ၁၀ ဆ ပိုမို ေတာင္းဆိုခဲ့ၾကသည္။

ေနာက္ဆုံးတြင္ CDC သည္ ကာကြယ္ေဆးအား ျပည္နယ္၏ လူဦးေရအခ်ိဳးအလိုက္ ခြဲေဝေပးခဲ့သည္။ ထို႔ေနာက္ ျပည္နယ္မ်ားက ေရာဂါကူးစက္ႏိုင္ေျချမင့္မားသူမ်ားအပါအဝင္ ကေလးသူငယ္မ်ားႏွင့္ သက္ႀကီး႐ြယ္အိုမ်ားအား ထိပ္ထိန္းဦးစားေပးအျဖစ္ ေယဘုယ်အားျဖင့္ ျပန္လည္ခြဲေဝေပးခဲ့သည္။

ႏုနယ္သူမ်ားႏွင့္ အားခ်ည့္နဲ႔သူမ်ားကို ကာကြယ္ရန္ ထိုဦးစားေပးအစီအစဥ္သည္ ၁၉၅၇-၁၉၅၈ ခုႏွစ္ တုပ္ေကြးကပ္ေရာဂါကတည္းက အမ်ားျပည္သူမူဝါဒျဖစ္လာခဲ့သည္။

ေနာက္ပိုင္းေလ့လာမႈမ်ားတြင္မူ သက္ႀကီး႐ြယ္အိုးမ်ားအား ကာကြယ္ရန္ ပိုေကာင္းေသာနည္းလမ္းမွာ ကေလးတုန္းကတည္းက ကာကြယ္ေဆးမ်ား မၾကာခဏထိုးႏွံခံလာခဲ့ရသည့္ လူငယ္မ်ားအၾကား ကူးစက္မႈကို ထိန္းခ်ဳပ္ရန္ ျဖစ္သည္ဟု ေတြ႕႐ွိလာခဲ့သျဖင့္ အထက္ေဖာ္ျပပါကဲ့သို႔ အျငင္းပြားေနၾကျခင္းျဖစ္ပါသည္။

မည္သို႔ပင္ဆိုေစ ၾကဳံေတြ႕ခဲ့ရၿပီးသည့္ ကပ္ေရာဂါမ်ားမွ သင္ခန္းစားတစ္ခုမွာ ေရာဂါလကၡဏာမျပဘဲ ေရာဂါ႐ွိေနႏိုင္သူမ်ားကို ေစာစီးစြာ ကာကြယ္ေဆးထိုးႏွံျခင္းက အျခားသူမ်ားသို႔ တစ္သီတစ္သန္း အဆင့္ဆင့္ကူးစက္မႈမ်ားအား တားဆီးႏိုင္ျခင္းပင္ ျဖစ္သည္။

ဤတြင္လည္း အျငင္းပြားသူမ်ားက ေရာဂါလကၡဏာမျပဘဲ COVID-19 ေရာဂါ႐ွိေနေၾကာင္း ေတြ႕႐ွိရသူမ်ားတြင္ သက္ႀကီး႐ြယ္အိုမ်ား အလြန္နည္းၿပီး အသက္ငယ္သူမ်ားသာ မ်ားေၾကာင္း ဆိုၾကျပန္သည္။

လူအမ်ားႏွင့္ေတြ႕ဆုံပတ္သက္ရသည့္ လူမႈေရးလႈပ္႐ွားမႈမ်ားကို အသက္ငယ္သူမ်ားကသာ ပိုမိုလုပ္‌ေဆာင္ၾကသျဖင့္လည္း ကာကြယ္ေဆးထိုးႏွံရန္ ပိုမိုဦးစားေပးသင့္သည္ဟု အျငင္းပြားေနၾကေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Once We Have a COVID-19 Vaccine, Who Gets the First Shot? (sciencethewire)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service