အစ္စရေးတွင် တစ်နိုင်ငံလုံး lockdown ချမည်

အစ္စရေးတွင် တစ်နိုင်ငံလုံး lockdown ချမည် - Property News in Myanmar from iMyanmarHouse.com
15 Sep 2020 11:13 am တွင် တင်ခဲ့သည်
8719 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အစ္စရေးနိုင်ငံတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများ မြင့်မားလာနေသောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာ ဒုတိယအကြိမ်မြောက် lockdown ချတော့မည် ဖြစ်သည်။

လာမည့် သောကြာနေ့ မွန်းလွဲပိုင်းတွင် lockdown ချမှု စတင်မည်ဖြစ်ပြီး ဧပြီလက lockdown ချခဲ့သကဲ့သို့ တင်းကြပ်သည့် ကန့်သတ်ပိတ်ပင်မှုများစွာ ပြန်လည်ပြုလုပ်တော့မည် ဖြစ်သည်။

စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ (အိမ်အရောက်ပို့ဆောင်မှုမှလွဲပြီး) နှင့် ဖျော်ဖြေရေးဆိုင်ရာ နေရာအားလုံး ပိတ်သိမ်းရမည်ဖြစ်သည်။

ထို့အပြင် အခြားသော စီးပွားရေးလုပ်ငန်းများလည်းပိတ်သိမ်းရမည်ဖြစ်ပြီး ကနဦးကာလအနေဖြင့် ရက်သတ္တ ၃ ပတ် သတ်မှတ်ထားသည်။

အစိုးရလုပ်ငန်းများသည်လည်း ကန့်သတ်ဝန်ထမ်းပမာဏဖြင့်သာ လည်ပတ်ရမည်ဖြစ်ပြီး ပုဂ္ဂလိက လုပ်ငန်းနယ်ပယ်တွင်မူ ဝန်ထမ်းများ အလုပ်ခွင်သို့ မလာဘဲ လုပ်ငန်းလည်ပတ်နိုင်သည်ဟု ဆိုသည်။

ပြည်သူတို့သည် မိမိနေအိမ်မှ မီတာ ၅၀၀ အတွင်းသာ သွားလာရမည်ဖြစ်သည်။

ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းဆိုင်တို့ကိုမူ ဆက်လက်ဖွင့်လှစ်ခွင့်ပြုထားသည်။

အဆောက်အအုံပြင်ပ လူစုဝေးမှုကို လူ ၂၀ ဦးသာ စုဝေးခွင့်ရှိကြောင်း ကန့်သတ်လိုက်ပြီး အဆောက်အအုံတွင်း စုဝေးမှုကိုမူ ၁၀ ဦးသာ စုဝေးရန် ကန့်သတ်ထားသည်။

အစ္စရေးတွင် ကူးစက်မှုနှုန်းသိသိသာသာ လျော့ကျသွားချိန်တွင် တင်းကြပ်ထားမှုများ ပြန်လည်ဖြေလျော့ပေးမည်ဟု ဆိုသည်။

အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးချုပ်နေတန်ယာဟုက ကိုရိုနာဗိုင်းရပ်စ်သည် မိမိတို့အပေါ်တွင်ရှိနေသည့် စိန်ခေါ်မှုများကို ကိုင်တွယ်မည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ လုပ်ဆောင်နိုင်စွမ်းကို အလံနီပြခဲ့ပြီဖြစ်ကြောင်း၊ သို့အတွက် လိုအပ်သည့် လုပ်ဆောင်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးအပြီးတွင် တစ်နိုင်ငံလုံး lockdown ချမည့်ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သော ကြာသပတေးနေ့က ၂၄ နာရီအတွင်း ဓာတ်ခွဲလူနာသစ် ၄၂၁၇ ဦးတွေ့ရှိခဲ့ရာ လူနာသစ် ၄၀၀၀ ကျော်ကူးစက်ခံရမှု ၃ ရက် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

ရောဂါအခြေအနေဆိုးရွားသည့် လူနာဦးရေမှာလည်း မြင့်တက်လာခဲ့ပြီး ရောဂါပြင်းထန်သူ ၅၁၃ ရှိလာကာ အသက်ရှူစက်များဖြင့်နေရသူ ၁၃၈ ဦးရှိသည်။

ပြီးခဲ့သော ဧပြီလအတွင်းက ကိုရိုနာဗိုင်းရပ်စ်အား မည်သို့ထိန်းချုပ်ရသည်ကို အစ္စရေးက ကမ္ဘာကို ပြသနိုင်ခဲ့ပြီဖြစ်ကြောင်း နေတန်ယာဟုက ဝင့်ကြွားခဲ့ဖူးသည်။

ယခုအခါတွင်မူ အစ္စရေးသည် ဒုတိယအကြိမ် တစ်နိုင်ငံလုံး lockdown ချသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာသည်။

ကျန်းမာရေးဝန်ကြီး ယူလီ အီဒဲလ်စတိန်းက ပြောကြားရာတွင် lockdown ချပိတ်သိမ်းမှုကို ရှောင်လွှဲ၍ မရကြောင်း၊ lockdown ချမှု ထုတ်ပြန်ရာတွင် မိမိအနေဖြင့် ပျော်ရွှင်နေလိမ့်မည်မဟုတ်ကြောင်း၊ တိုင်းပြည်အတွက်အလွန်ခက်ခဲသော နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း၊ အခြားရွေးချယ်စရာမရှိသောကြောင့် ရွေးချယ်လိုက်သည့်လမ်းကြောင်းဖြစ်ကြောင်း ပြောကြားသည်။

အစိုးရအဖွဲ့တွင် အချို့သော ဝန်ကြီးများက lockdown အပြည့်ချရေးကို ကန့်ကွက်ခဲ့ရာ အစိုးရအဖွဲ့အတွင်း အချေအတင်ဖြစ်ခဲ့ကြရသေးသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Israel is going into a second nationwide lockdown over Covid-19 (CNN)

 

[Zawgyi]

အစၥေရးတြင္ တစ္ႏိုင္ငံလံုး lockdown ခ်မည္

အစၥေရးႏိုင္ငံတဝန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူမ်ား ျမင့္မားလာေနေသာေၾကာင့္ တစ္ႏိုင္ငံလံုးအတိုင္းအတာ ဒုတိယအၾကိမ္ေျမာက္ lockdown ခ်ေတာ့မည္ ျဖစ္သည္။

လာမည့္ ေသာၾကာေန႔ မြန္းလြဲပိုင္းတြင္ lockdown ခ်မႈ စတင္မည္ျဖစ္ျပီး ဧျပီလက lockdown ခ်ခဲ့သကဲ့သို႔ တင္းၾကပ္သည့္ ကန္႔သတ္ပိတ္ပင္မႈမ်ားစြာ ျပန္လည္ျပဳလုပ္ေတာ့မည္ ျဖစ္သည္။

စာသင္ေက်ာင္းမ်ား၊ စားေသာက္ဆိုင္မ်ား (အိမ္အေရာက္ပို႔ေဆာင္မႈမွလဲြျပီး) ႏွင့္ ေဖ်ာ္ေျဖေရးဆိုင္ရာ ေနရာအားလံုး ပိတ္သိမ္းရမည္ျဖစ္သည္။

ထို႔အျပင္ အျခားေသာ စီးပြားေရးလုပ္ငန္းမ်ားလည္းပိတ္သိမ္းရမည္ျဖစ္ျပီး ကနဦးကာလအေနျဖင့္ ရက္သတၱ ၃ ပတ္ သတ္မွတ္ထားသည္။

အစိုးရလုပ္ငန္းမ်ားသည္လည္း ကန္႔သတ္ဝန္ထမ္းပမာဏျဖင့္သာ လည္ပတ္ရမည္ျဖစ္ျပီး ပုဂၢလိက လုပ္ငန္းနယ္ပယ္တြင္မူ ဝန္ထမ္းမ်ား အလုပ္ခြင္သို႔ မလာဘဲ လုပ္ငန္းလည္ပတ္ႏိုင္သည္ဟု ဆိုသည္။

ျပည္သူတို႔သည္ မိမိေနအိမ္မွ မီတာ ၅၀၀ အတြင္းသာ သြားလာရမည္ျဖစ္သည္။

ေဆးဝါးႏွင့္ စားေသာက္ကုန္ပစၥည္းဆိုင္တို႔ကိုမူ ဆက္လက္ဖြင့္လွစ္ခြင့္ျပဳထားသည္။

အေဆာက္အအံုျပင္ပ လူစုေဝးမႈကို လူ ၂၀ ဦးသာ စုေဝးခြင့္ရွိေၾကာင္း ကန္႔သတ္လိုက္ျပီး အေဆာက္အအံုတြင္း စုေဝးမႈကိုမူ ၁၀ ဦးသာ စုေဝးရန္ ကန္႔သတ္ထားသည္။

အစၥေရးတြင္ ကူးစက္မႈႏႈန္းသိသိသာသာ ေလ်ာ့က်သြားခ်ိန္တြင္ တင္းၾကပ္ထားမႈမ်ား ျပန္လည္ေျဖေလ်ာ့ေပးမည္ဟု ဆိုသည္။

အစိုးရအဖြဲ႔အစည္းအေဝးတြင္ ဝန္ၾကီးခ်ဳပ္ေနတန္ယာဟုက ကိုရိုနာဗိုင္းရပ္စ္သည္ မိမိတို႔အေပၚတြင္ရွိေနသည့္ စိန္ေခၚမႈမ်ားကို ကိုင္တြယ္မည့္ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္၏ လုပ္ေဆာင္ႏိုင္စြမ္းကို အလံနီျပခဲ့ျပီျဖစ္ေၾကာင္း၊ သို႔အတြက္ လိုအပ္သည့္ လုပ္ေဆာင္မႈမ်ား ျပဳလုပ္ရန္ လိုအပ္ေၾကာင္း ေျပာၾကားသည္။

အဆိုပါအစည္းအေဝးအျပီးတြင္ တစ္ႏိုင္ငံလံုး lockdown ခ်မည့္ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

ျပီးခဲ့ေသာ ၾကာသပေတးေန႔က ၂၄ နာရီအတြင္း ဓာတ္ခြဲလူနာသစ္ ၄၂၁၇ ဦးေတြ႔ရွိခဲ့ရာ လူနာသစ္ ၄၀၀၀ ေက်ာ္ကူးစက္ခံရမႈ ၃ ရက္ ဆက္တိုက္ျဖစ္ေပၚခဲ့သည္။

ေရာဂါအေျခအေနဆိုးရြားသည့္ လူနာဦးေရမွာလည္း ျမင့္တက္လာခဲ့ျပီး ေရာဂါျပင္းထန္သူ ၅၁၃ ရွိလာကာ အသက္ရွဴစက္မ်ားျဖင့္ေနရသူ ၁၃၈ ဦးရွိသည္။

ျပီးခဲ့ေသာ ဧျပီလအတြင္းက ကိုရိုနာဗိုင္းရပ္စ္အား မည္သို႔ထိန္းခ်ဳပ္ရသည္ကို အစၥေရးက ကမၻာကို ျပသႏိုင္ခဲ့ျပီျဖစ္ေၾကာင္း ေနတန္ယာဟုက ဝင့္ၾကြားခဲ့ဖူးသည္။

ယခုအခါတြင္မူ အစၥေရးသည္ ဒုတိယအၾကိမ္ တစ္ႏိုင္ငံလံုး lockdown ခ်သည့္ ကမၻာ့ပထမဆံုးႏိုင္ငံ ျဖစ္လာသည္။

က်န္းမာေရးဝန္ၾကီး ယူလီ အီဒဲလ္စတိန္းက ေျပာၾကားရာတြင္ lockdown ခ်ပိတ္သိမ္းမႈကို ေရွာင္လႊဲ၍ မရေၾကာင္း၊ lockdown ခ်မႈ ထုတ္ျပန္ရာတြင္ မိမိအေနျဖင့္ ေပ်ာ္ရႊင္ေနလိမ့္မည္မဟုတ္ေၾကာင္း၊ တိုင္းျပည္အတြက္အလြန္ခက္ခဲေသာ ေန႔တစ္ေန႔ျဖစ္ခဲ့ေၾကာင္း၊ အျခားေရြးခ်ယ္စရာမရွိေသာေၾကာင့္ ေရြးခ်ယ္လိုက္သည့္လမ္းေၾကာင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

အစိုးရအဖြဲ႔တြင္ အခ်ဳိ ႔ေသာ ဝန္ၾကီးမ်ားက lockdown အျပည့္ခ်ေရးကို ကန္႔ကြက္ခဲ့ရာ အစိုးရအဖြဲ႔အတြင္း အေခ်အတင္ျဖစ္ခဲ့ၾကရေသးသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Israel is going into a second nationwide lockdown over Covid-19 (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service