ဝေးလံခေါင်းဖျားသည့် မြို့နယ် ၃၂ ခုတွင် ဆက်သွယ်ရေးတာဝါတိုင်များစိုက်ထူရန် ကျပ် ဘီလီယံ ၁၀၀ အသုံးပြုမ

ဝေးလံခေါင်းဖျားသည့် မြို့နယ် ၃၂ ခုတွင် ဆက်သွယ်ရေးတာဝါတိုင်များစိုက်ထူရန် ကျပ် ဘီလီယံ ၁၀၀ အသုံးပြုမ - Property News in Myanmar from iMyanmarHouse.com
15 Sep 2020 10:42 am တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြို့နယ် ၃၂ ခုတွင် ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရန် လိုအပ်သည့် အခြေခံဆက်သွယ်ရေး ပစ္စည်းများဖြည့်တင်းရေး ရန်ပုံငွေ ကျပ်ဘီလီယံ ၁၀၀ ခန့် စုဆောင်းရရှိထားသည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။

သုံးဆွဲသူနည်းပါးပြီး စီးပွားရေးအရ တွက်ခြေမကိုက်သည့်အတွက် အော်ပရေတာများက ကွန်ရက်တည် ဆောက်ပေးခြင်းမရှိသည့် မြို့နယ်များတွင် ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ရန်ဖြစ်သည်ဟုဆိုသည်။

အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေဆိုသည်မှာ အစိုးရစိုက်ထုတ်ပေးသည့် ငွေမဟုတ်ဘဲ အော်ပရေတာများ၏ ကုန်ကျစရိတ်ရှင်းလင်းပြီး စုစုပေါင်းဝင်ငွေမှ ၂ ရာခိုင်နှုန်းကို စုဆောင်းကောက်ခံထားသည့် ငွေကြေးဖြစ်သည်။

လူဦးရေနည်းပါးပြီး အော်ပရေတာများအတွက် စီးပွားရေးတွက်ခြေမကိုက်သည့်နေရာများတွင် အဆိုပါရန်ပုံငွေကို အသုံးပြုမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးအော်ပရေတာလေးခုသည် မြို့နယ် ၃၂ ခုတွင်အခြေခံ ဆက်သွယ်ရေးလိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေကို အသုံးပြု၍ ကွန်ရက်တည်ဆောက်ရန် လာမည့် နိုဝင်ဘာတွင် ပထမအဆင့်မြို့နယ်များအတွက် တင်ဒါယှဉ်ပြိုင်ရမည်ဖြစ်သည်။

‘‘အော်ပရေတာတွေကို ဒီနေရာမှာ ကွန်ရက်တည်ဆောက်ရင် ဘယ်လောက်ကုန်မယ်၊ ဘယ်လောက် စိုက်ထုတ်နိုင်မယ်၊ ဘယ်လောက်ငွေကိုတော့ ရန်ပုံငွေက ထုတ်ပေးပါဆိုတာကို တင်ဒါပြိုင် ရမယ်။ အနည်းဆုံးပမာဏနဲ့ တင်တဲ့အော်ပရေတာကို တည်ဆောက်ဖို့အတွက် ခွင့်ပြုပေးမယ်’’ဟု ဦးမျိုးဆွေက ပြောသည်။

ကျေးလက်ဒေသအခြေခံ ဆက်သွယ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်ထားသည့် အဆိုပါ လုပ်ငန်းစဉ်သည် မြို့ နယ် ၃၂ ခုအတွက် ပထမအဆင့် ယခုနှစ် နိုဝင်ဘာ၊ ဒုတိယ အဆင့် ၂၀၂၁ ဇန်နဝါရီနှင့် တတိယအဆင့် ဖေဖော်ဝါရီတွင် တင်ဒါယှဉ်ပြိုင်ရမည်ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ထားသည်။

အခြေခံဆက်သွယ်ရေးလိုအပ်ချက် ဖြည့်ဆည်းပေးခြင်းစီမံကိန်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်ကို ယခင်ကတင်ဒါစနစ်တွင် ထည့်သွင်းခဲ့သော်လည်း ယခုအခါ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အဆိုပါမြို့နယ်ကို အရေးကြီးလုပ်ငန်းစဉ်အဖြစ် ဆက်သွယ်ရေးကွန်ရက်တည်ဆောက်ပေးခဲ့သော ကြောင့် တင်ဒါစာရင်းမှ အဆိုပါ မြို့နယ်ကို ပယ်ဖျက်ခဲ့သည်။

အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ ရန်ပုံငွေဖြင့် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်မည့် မြို့နယ်များသည် လူဦးရေနည်းပါးပြီး ဝေးလံခေါင်ဖျားသည့် ဒေသများဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေဝးလံေခါင္းဖ်ားသည့္ ၿမိဳ႕နယ္ ၃၂ ခုတြင္ ဆက္သြယ္ေရးတာဝါတိုင္မ်ားစိုက္ထူရန္ က်ပ္ ဘီလီယံ ၁၀၀ အသုံးျပဳမည္

ျမိဳ႕နယ္ ၃၂ ခုတြင္ ဆက္သြယ္ေရးကြန္ရက္တည္ေဆာက္ရန္ လိုအပ္သည့္ အေျခခံဆက္သြယ္ေရး ပစၥည္းမ်ားျဖည့္တင္းေရး ရန္ပုံေငြ က်ပ္ဘီလီယံ ၁၀၀ ခန္႔ စုေဆာင္းရ႐ွိထားသည္ဟု ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးေဆြက ေျပာသည္။

သုံးဆြဲသူနည္းပါးၿပီး စီးပြားေရးအရ တြက္ေျခမကိုက္သည့္အတြက္ ေအာ္ပေရတာမ်ားက ကြန္ရက္တည္ ေဆာက္ေပးျခင္းမ႐ွိသည့္ ၿမိဳ႕နယ္မ်ားတြင္ ဆက္သြယ္ေရးကြန္ရက္တည္ေဆာက္ရန္ျဖစ္သည္ဟုဆိုသည္။

အေျခခံဆက္သြယ္ေရး လိုအပ္ခ်က္ျဖည့္ဆည္းျခင္းဆိုင္ရာ ရန္ပုံေငြဆိုသည္မွာ အစိုးရစိုက္ထုတ္ေပးသည့္ ေငြမဟုတ္ဘဲ ေအာ္ပေရတာမ်ား၏ ကုန္က်စရိတ္႐ွင္းလင္းၿပီး စုစုေပါင္းဝင္ေငြမွ ၂ ရာခိုင္ႏႈန္းကို စုေဆာင္းေကာက္ခံထားသည့္ ေငြေၾကးျဖစ္သည္။

လူဦးေရနည္းပါးၿပီး ေအာ္ပေရတာမ်ားအတြက္ စီးပြားေရးတြက္ေျခမကိုက္သည့္ေနရာမ်ားတြင္ အဆိုပါရန္ပုံေငြကို အသုံးျပဳမည္ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

ဆက္သြယ္ေရးေအာ္ပေရတာေလးခုသည္ ၿမိဳ႕နယ္ ၃၂ ခုတြင္အေျခခံ ဆက္သြယ္ေရးလိုအပ္ခ်က္ျဖည့္ဆည္းျခင္းဆိုင္ရာ ရန္ပုံေငြကို အသုံးျပဳ၍ ကြန္ရက္တည္ေဆာက္ရန္ လာမည့္ ႏိုဝင္ဘာတြင္ ပထမအဆင့္ၿမိဳ႕နယ္မ်ားအတြက္ တင္ဒါယွဥ္ၿပိဳင္ရမည္ျဖစ္သည္။

‘‘ေအာ္ပေရတာေတြကို ဒီေနရာမွာ ကြန္ရက္တည္ေဆာက္ရင္ ဘယ္ေလာက္ကုန္မယ္၊ ဘယ္ေလာက္ စိုက္ထုတ္ႏိုင္မယ္၊ ဘယ္ေလာက္ေငြကိုေတာ့ ရန္ပုံေငြက ထုတ္ေပးပါဆိုတာကို တင္ဒါၿပိဳင္ ရမယ္။ အနည္းဆုံးပမာဏနဲ႔ တင္တဲ့ေအာ္ပေရတာကို တည္ေဆာက္ဖို႔အတြက္ ခြင့္ျပဳေပးမယ္’’ဟု ဦးမ်ိဳးေဆြက ေျပာသည္။

ေက်းလက္ေဒသအေျခခံ ဆက္သြယ္ေရးလိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ ရည္႐ြယ္ထားသည့္ အဆိုပါ လုပ္ငန္းစဥ္သည္ ၿမိဳ႕ နယ္ ၃၂ ခုအတြက္ ပထမအဆင့္ ယခုႏွစ္ ႏိုဝင္ဘာ၊ ဒုတိယ အဆင့္ ၂၀၂၁ ဇန္နဝါရီႏွင့္ တတိယအဆင့္ ေဖေဖာ္ဝါရီတြင္ တင္ဒါယွဥ္ၿပိဳင္ရမည္ဟု ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာန ထုတ္ျပန္ထားသည္။

အေျခခံဆက္သြယ္ေရးလိုအပ္ခ်က္ ျဖည့္ဆည္းေပးျခင္းစီမံကိန္းတြင္ ရန္ကုန္တိုင္းေဒသႀကီး ကိုကိုးကြၽန္းၿမိဳ႕နယ္ကို ယခင္ကတင္ဒါစနစ္တြင္ ထည့္သြင္းခဲ့ေသာ္လည္း ယခုအခါ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက အဆိုပါၿမိဳ႕နယ္ကို အေရးႀကီးလုပ္ငန္းစဥ္အျဖစ္ ဆက္သြယ္ေရးကြန္ရက္တည္ေဆာက္ေပးခဲ့ေသာ ေၾကာင့္ တင္ဒါစာရင္းမွ အဆိုပါ ၿမိဳ႕နယ္ကို ပယ္ဖ်က္ခဲ့သည္။

အေျခခံဆက္သြယ္ေရး လိုအပ္ခ်က္ျဖည့္ဆည္းျခင္းဆိုင္ရာ ရန္ပုံေငြျဖင့္ ဆက္သြယ္ေရးကြန္ရက္ တည္ေဆာက္မည့္ ၿမိဳ႕နယ္မ်ားသည္ လူဦးေရနည္းပါးၿပီး ေဝးလံေခါင္ဖ်ားသည့္ ေဒသမ်ားျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service