စိုးရိမ်ရသည့် လူနာတို့တွင် Covid 19 အပေါ် ကိုယ်ခံအား၏ တုံ့ပြန်မှုအလွန်အားကောင်းကြောင်း လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိ

စိုးရိမ်ရသည့် လူနာတို့တွင် Covid 19 အပေါ် ကိုယ်ခံအား၏ တုံ့ပြန်မှုအလွန်အားကောင်းကြောင်း လေ့လာချက်သစ်တစ်ရပ်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
14 Sep 2020 12:46 pm တွင် တင်ခဲ့သည်
7538 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အပြင်းအထန်နာမကျန်းဖြစ်သူတို့၏ ကိုယ်ခံအားစနစ်က ကိုရိုနာဗိုင်းရပ်စ်အပေါ် တုံ့ပြန်မှုမှာ သာမန်နာမကျန်း ဖြစ်သူတို့နည်းတူ အားကောင်း (သို့မဟုတ်) ၎င်းတို့ထက်ပင် ပိုမိုအားကောင်းကြောင်း လေ့လာချက်သစ်တစ်ခုတွင် တွေ့ရှိခဲ့သည်။

ထို့ကြောင့် ရောဂါကူးစက်မှုတွင် သေဆုံးကြရမှုနှင့် စပ်လျဉ်းပြီး အဓိကအပြစ်တင်ရမည်မှာ ကိုယ်ခံအားစနစ် ကိုယ်တိုင်သာဖြစ်ကြောင်း ပေါ်ပေါက်လာသည်။

T cell ဟုခေါ်သော ကိုယ်ခံအားဆဲလ်များသည် ရောဂါပိုးမွှားများကို မှတ်မိသိရှိခြင်း၊ ကူးစက်ခံရသည့်ဆဲလ်များကို ချေမှုန်းသတ်ဖြတ် ခြင်းနှင့် ကိုယ်ခံအားစနစ်မှ အခြားကဏ္ဍများကို ဗိုင်းရပ်စ်ကူးစက်မှုတိုက်ဖျက်ရန် ဆင့်ခေါ်ခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို ပြုလုပ်သည်။

ယခုလေ့လာချက်သစ်အရ ဝေဒနာပြင်းထန်သော လူနာများတွင် T cell တို့၏ ကိုရိုနာဗိုင်းရပ်စ်အပေါ် တုံ့ပြန်မှုမှာ ရောဂါမပြင်းထန်ဘဲ သန်သန်မာမာရှိနေသေးသူများနည်းတူ အားကောင်းလှကြောင်း တွေ့လာရသည်။

ထို့ကြောင့် ကောက်ချက်ဆွဲနိုင်သည်မှာ Covid-19 ကြောင့် သေဆုံးကြရသည်မှာ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်အပေါ် တုံ့ပြန်မှု နည်းခြင်းကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ ကိုယ်ခံအားစနစ်၏ အလွန်အကျွံတုံ့ပြန်မှုကြောင်း ကိုယ်တွင်းရှိ အဓိကအင်္ဂါအစိတ်အပိုင်းများ လုပ်ဆောင်မှု failure ဖြစ်ကာ သေဆုံးကြရခြင်း ဖြစ်သည်။

ဂျာမနီနိုင်ငံ၊ Herne မှ Marien Hospital Herne ဆေးရုံနှင့် Ruhr- Universitat Bochum တက္ကသိုလ်တို့မှ ဦးဆောင်သော သုတေသန ပညာရှင်အဖွဲ့သည် Covid-19 လူနာ ၂၈ ဦး၏ ရောဂါအပြင်းအထန်ခံစားနေရချိန်နှင့် ပြန်လည်ကျန်းမာသွားချိန်များအတွင်း T cell တို့၏ လုပ်ဆောင်ပုံကို လေ့လာခဲ့ကြသည်။

အဆိုပါလူနာများအနက် ၇ ဦးမှာ ရောဂါမပြင်းထန်သူ၊ ၉ ဦးမှာ ရောဂါပြင်းထန်သူ၊ ၁၂ ဦးမှာ စိုးရိမ်ရသူအဖြစ် သတ်မှတ်ထားသည်။

သိပ္ပံပညာရှင်တို့သည် လူနာတစ်ဦးချင်းစီ၏ သွေးနမူနာများမှ T cell ၂ မျိုးဖြစ်သော အကူဆဲလ် (helper T cell) နှင့် ချေမှုန်းဆဲလ် (cytotoxic T cell) တို့ကို လေ့လာခဲ့ကြသည်။

အဆိုပါဆဲလ်တို့က ဗိုင်းရပ်စ်၏ အဓိက ၃ နေရာဖြစ်သော ဆူးချွန် (spike) များ ပြုလုပ်သည့် ပရိုတိန်း ၃ ခု၊ အပေါ်လွှာ( membrane) နှင့် အတွင်းညူကလိယကို အုပ်ထားသည့် အခွံ (nucleocapsid) တို့အပေါ် တုံ့ပြန်ပုံကို သိပ္ပံပညာရှင်တို့က လေ့လာခဲ့ကြသည်။

ထို့အပြင် သိပ္ပံပညာရှင်အဖွဲ့သည် ရောဂါတိုက်ဖျက်ရန် T cell များက ထုတ်လုပ်သော ကိုယ်ခံအားအချက်ပြ မော်လီကျူး (cytokines) အတိုင်းအတာပမာဏကိုလည်း တိုင်းတာခဲ့ကြသည်။

ထိုသို့လေ့လာချက်များအရ တွေ့ရှိလာသည်မှာ စိုးရိမ်ရသည့် အခြေအနေရှိသော လူနာများ၏ ကိုယ်ခံအားစနစ်တုံ့ပြန်မှုမှာ ရောဂါမပြင်းထန်နှင့် ပြင်းထန်အဆင့် လူနာများနှင့်နည်းတူ (သို့မဟုတ်) ပိုမို၍ပင် တုံ့ပြန်မှုပြင်းထန် အားကောင်းလှသည်ကို တွေ့ရှိခဲ့ကြသည်။

“Covid-19 ကူးစက်ခံရပြီး ရှင်သန်ကျန်ရစ်သူတွေရဲ့ ကိုယ်ခံအားဆဲလ်အရေအတွက်နဲ့ လုပ်ဆောင်ပုံဟာ သေဆုံးသွားကြရသူတွေထက် သာလွန်အားကောင်းနေတာ မရှိပါဘူး” သိပ္ပံပညာရှင်အဖွဲ့တွင် ပါဝင်သူ ဒေါက်တာ Ulrik Stervbo က ပြောကြားသည်။

T cell တို့သည် ဗိုင်းရပ်စ်ကူးစက်ခံရသည့်နေရာသို့ဝင်ရောက်ပြီး ကူးစက်ခံရသည့်ဆဲလ်များကို သုတ်သင်လိုက်ကာ ကိုယ်ခံအားစနစ်၏ အခြားသော အစိတ်အပိုင်းများကို စုစည်းလိုက်ပြီးနောက် ဗိုင်းရပ်စ်အား ချေမှုန်းလိုက်သည်။

သို့သော် အဆိုပါ T cell တို့ကပင် လူသေဆုံးစေသည်အထိ ဖြစ်စေသော cytokine strom ကို ဖြစ်ပေါ်စေခြင်းလည်း ဖြစ်သည်။ T cell တို့၏ အလွန်အကျွံတုန့်ပြန်မှုများကြောင့် cytokine strom ဖြစ်စေကာ ပြင်းထန်အသက်ရှုလမ်းကြောင်းရောဂါ (ARDS) ကို ခံစားရပြီး လူနာကို သေဆုံးစေသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Critically ill patients have robust immunity to new coronavirus (Medical news)

 

[Zawgyi]

စိုးရိမ္ရသည့္ လူနာတို႔တြင္ Covid 19 အေပၚ ကိုယ္ခံအား၏ တံု႔ျပန္မႈအလြန္အားေကာင္းေၾကာင္း ေလ့လာခ်က္သစ္တစ္ရပ္တြင္ ေတြ႔ရွိ

အျပင္းအထန္နာမက်န္းျဖစ္သူတို႔၏ ကိုယ္ခံအားစနစ္က ကိုရိုနာဗိုင္းရပ္စ္အေပၚ တံု႔ျပန္မႈမွာ သာမန္နာမက်န္း ျဖစ္သူတို႔နည္းတူ အားေကာင္း (သို႔မဟုတ္) ၎တို႔ထက္ပင္ ပိုမိုအားေကာင္းေၾကာင္း ေလ့လာခ်က္သစ္တစ္ခုတြင္ ေတြ႕ရွိခဲ့သည္။

ထို႔ေၾကာင့္ ေရာဂါကူးစက္မႈတြင္ ေသဆံုးၾကရမႈႏွင့္ စပ္လ်ဥ္းျပီး အဓိကအျပစ္တင္ရမည္မွာ ကိုယ္ခံအားစနစ္ ကိုယ္တိုင္သာျဖစ္ေၾကာင္း ေပၚေပါက္လာသည္။

T cell ဟုေခၚေသာ ကိုယ္ခံအားဆဲလ္မ်ားသည္ ေရာဂါပိုးမႊားမ်ားကို မွတ္မိသိရွိျခင္း၊ ကူးစက္ခံရသည့္ဆဲလ္မ်ားကို ေခ်မႈန္းသတ္ျဖတ္ ျခင္းႏွင့္ ကိုယ္ခံအားစနစ္မွ အျခားက႑မ်ားကို ဗိုင္းရပ္စ္ကူးစက္မႈတိုက္ဖ်က္ရန္ ဆင့္ေခၚျခင္း အစရွိသည့္ လုပ္ေဆာင္ခ်က္မ်ားကို ျပဳလုပ္သည္။

ယခုေလ့လာခ်က္သစ္အရ ေဝဒနာျပင္းထန္ေသာ လူနာမ်ားတြင္ T cell တို႔၏ ကိုရိုနာဗိုင္းရပ္စ္အေပၚ တံု႔ျပန္မႈမွာ ေရာဂါမျပင္းထန္ဘဲ သန္သန္မာမာရွိေနေသးသူမ်ားနည္းတူ အားေကာင္းလွေၾကာင္း ေတြ႔လာရသည္။

ထို႔ေၾကာင့္ ေကာက္ခ်က္ဆြဲႏိုင္သည္မွာ Covid-19 ေၾကာင့္ ေသဆံုးၾကရသည္မွာ ကိုယ္ခံအားစနစ္က ဗိုင္းရပ္စ္အေပၚ တံု႔ျပန္မႈ နည္းျခင္းေၾကာင့္ ေသဆံုးရျခင္းမဟုတ္ဘဲ ကိုယ္ခံအားစနစ္၏ အလြန္အကၽြံတံု႔ျပန္မႈေၾကာင္း ကိုယ္တြင္းရွိ အဓိကအဂၤ ါအစိတ္အပိုင္းမ်ား လုပ္ေဆာင္မႈ failure ျဖစ္ကာ ေသဆံုးၾကရျခင္း ျဖစ္သည္။

ဂ်ာမနီႏိုင္ငံ၊ Herne မွ Marien Hospital Herne ေဆးရံုႏွင့္ Ruhr- Universitat Bochum တကၠသိုလ္တို႔မွ ဦးေဆာင္ေသာ သုေတသန ပညာရွင္အဖြဲ႔သည္ Covid-19 လူနာ ၂၈ ဦး၏ ေရာဂါအျပင္းအထန္ခံစားေနရခ်ိန္ႏွင့္ ျပန္လည္က်န္းမာသြားခ်ိန္မ်ားအတြင္း T cell တို႔၏ လုပ္ေဆာင္ပံုကို ေလ့လာခဲ့ၾကသည္။

အဆိုပါလူနာမ်ားအနက္ ၇ ဦးမွာ ေရာဂါမျပင္းထန္သူ၊ ၉ ဦးမွာ ေရာဂါျပင္းထန္သူ၊ ၁၂ ဦးမွာ စိုးရိမ္ရသူအျဖစ္ သတ္မွတ္ထားသည္။

သိပံၸပညာရွင္တို႔သည္ လူနာတစ္ဦးခ်င္းစီ၏ ေသြးနမူနာမ်ားမွ T cell ၂ မ်ဳိးျဖစ္ေသာ အကူဆဲလ္ (helper T cell) ႏွင့္ ေခ်မႈန္းဆဲလ္ (cytotoxic T cell) တို႔ကို ေလ့လာခဲ့ၾကသည္။

အဆိုပါဆဲလ္တို႔က ဗိုင္းရပ္စ္၏ အဓိက ၃ ေနရာျဖစ္ေသာ ဆူးခၽြန္ (spike) မ်ား ျပဳလုပ္သည့္ ပရိုတိန္း ၃ ခု၊ အေပၚလႊာ( membrane) ႏွင့္ အတြင္းညဴကလိယကို အုပ္ထားသည့္ အခြံ (nucleocapsid) တို႔အေပၚ တံု႔ျပန္ပံုကို သိပံၸပညာရွင္တို႔က ေလ့လာခဲ့ၾကသည္။

ထို႔အျပင္ သိပံၸပညာရွင္အဖြဲ႔သည္ ေရာဂါတိုက္ဖ်က္ရန္ T cell မ်ားက ထုတ္လုပ္ေသာ ကိုယ္ခံအားအခ်က္ျပ ေမာ္လီက်ဴး (cytokines) အတိုင္းအတာပမာဏကိုလည္း တိုင္းတာခဲ့ၾကသည္။

ထိုသို႔ေလ့လာခ်က္မ်ားအရ ေတြ႔ရွိလာသည္မွာ စိုးရိမ္ရသည့္ အေျခအေနရွိေသာ လူနာမ်ား၏ ကိုယ္ခံအားစနစ္တံု႔ျပန္မႈမွာ ေရာဂါမျပင္းထန္ႏွင့္ ျပင္းထန္အဆင့္ လူနာမ်ားႏွင့္နည္းတူ (သို႔မဟုတ္) ပိုမို၍ပင္ တံု႔ျပန္မႈျပင္းထန္ အားေကာင္းလွသည္ကို ေတြ႔ရွိခဲ့ၾကသည္။

“Covid-19 ကူးစက္ခံရျပီး ရွင္သန္က်န္ရစ္သူေတြရဲ ႔ ကိုယ္ခံအားဆဲလ္အေရအတြက္နဲ႔ လုပ္ေဆာင္ပံုဟာ ေသဆံုးသြားၾကရသူေတြထက္ သာလြန္အားေကာင္းေနတာ မရွိပါဘူး” သိပံၸပညာရွင္အဖြဲ႔တြင္ ပါဝင္သူ ေဒါက္တာ Ulrik Stervbo က ေျပာၾကားသည္။

T cell တို႔သည္ ဗိုင္းရပ္စ္ကူးစက္ခံရသည့္ေနရာသို႔ဝင္ေရာက္ျပီး ကူးစက္ခံရသည့္ဆဲလ္မ်ားကို သုတ္သင္လိုက္ကာ ကိုယ္ခံအားစနစ္၏ အျခားေသာ အစိတ္အပိုင္းမ်ားကို စုစည္းလိုက္ျပီးေနာက္ ဗိုင္းရပ္စ္အား ေခ်မႈန္းလိုက္သည္။

သို႔ေသာ္ အဆိုပါ T cell တို႔ကပင္ လူေသဆံုးေစသည္အထိ ျဖစ္ေစေသာ cytokine strom ကို ျဖစ္ေပၚေစျခင္းလည္း ျဖစ္သည္။ T cell တို႔၏ အလြန္အကၽြံတုန္႔ျပန္မႈမ်ားေၾကာင့္ cytokine strom ျဖစ္ေစကာ ျပင္းထန္အသက္ရႈလမ္းေၾကာင္းေရာဂါ (ARDS) ကို ခံစားရျပီး လူနာကို ေသဆံုးေစသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Critically ill patients have robust immunity to new coronavirus (Medical news)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service