အခြားနိုင်ငံများထက် စင်္ကာပူကုမ္ပဏီများ COVID-19 ကြောင့် အိုင်တီအတွက် ပိုမိုသုံးစွဲလာရ

အခြားနိုင်ငံများထက် စင်္ကာပူကုမ္ပဏီများ COVID-19 ကြောင့် အိုင်တီအတွက် ပိုမိုသုံးစွဲလာရ - Property News in Myanmar from iMyanmarHouse.com
14 Sep 2020 12:39 pm တွင် တင်ခဲ့သည်
672 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကြောင့် နေအိမ်မှအလုပ်လုပ်ရသည့် ဝန်ထမ်းများ ပိုမိုများပြာလာရသဖြင့် ကမ္ဘာ့ပျမ်းမျှအခြေအနေနှင့်စာလျှင် စင်္ကာပူရှိ ကုမ္ပဏီများက အိုင်တီနှင့်ပတ်သက်၍ ပိုမိုသုံးစွဲလာကြရသည်။

ယင်းမှာ အဓိကအားဖြင့် ဆိုင်ဘာလုံခြုံရေးအစီအမံများနှင့် အဝေးမှပူးပေါင်းဆောင်ရွက်မှု ကိရိယာတန်ဆာပလာများ ပိုမိုသုံးစွဲမှုတွင်လည်း စင်္ကာပူမှကုမ္ပဏီများက အခြားနိုင်ငံများမှလုပ်ငန်းများထက် ပို၍အသားပေးသဖြင့် ဖြစ်ကြောင်းကိုလည်း လေ့လာမှုသစ်တစ်ရပ်က တွေ့ရှိခဲ့သည်။

လေ့လာမှုတွင် ပါဝင်ခဲ့သည့် စင်္ကာပူကုမ္ပဏီ ၂၀၀ အနက် ၈၅ ရာခိုင်နှုန်းကျော်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့်ဖြစ်ပွားသည့် လုပ်ငန်းနှောင့်နှေးအလျဉ်ပြတ်မှုများကြောင့် အိုင်တီစရိတ်များ မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ပျမ်းမျှအားဖြင့် ထိုသို့မြင့်တက်ကြောင်း တွေ့ရှိသည့်နှုန်းမှာမူ ၇၂ ရာခိုင်နှုန်း ဖြစ်ကြောင်း ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ Acronis မှ ပြုလုပ်ခဲ့သည့် ထိုလေ့လာမှုက တွေ့ရှိခဲ့သည်။

စင်္ကာပူကုမ္ပဏီများ၏ ၈ ရာခိုင်နှုန်းကသာ ၎င်းတို့၏အိုင်တီစရိတ်များ မပြောင်းလဲကြောင်း ဖြေကြားခဲ့ကြပြီး ကမ္ဘာတစ်ဝန်းတွင် ပျမ်းမျှအားဖြင့် ထိုသို့စရိတ်မပြောင်းလဲကြောင်း တွေ့ရှိသည့်နှုန်းမှာမူ ၂၀ ရာခိုင်နှုန်း ဖြစ်ကြောင်း စက်တင်ဘာ ၉ တွင် ထွက်ရှိလာခဲ့သည့် ထိုလေ့လာမှုတွင် ဖော်ပြခဲ့သည်။

Acronis သည် ယင်းလေ့လာမှုကို နိုင်ငံပေါင်း ၁၇ နိုင်ငံရှိ ကုမ္ပဏီပေါင်း ၃,၄၀၀ ကို စစ်တမ်းကောက်ယူ၍ တွက်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဝန်ထမ်းများနှင့် ကုမ္ပဏီများအကြား အဝေးမှဆက်သွယ်မှု အဆင့်အတန်းများ ပိုမိုမြင့်မားစေရန် အဓိကထားလုပ်ဆောင်ကြသဖြင့် စင်္ကာပူကုမ္ပဏီများ ထိုသို့အိုင်တီစရိတ်ပိုကုန်လာခြင်းဖြစ်သည်ဟု Acronis ၏ သတင်းအချက်အလက်လုံခြုံရေးအရာရှိချုပ် ကယ်ဗင်ရိဒ်က စင်္ကာပူသတင်းစာဖြစ်သော စထရိတ်တိုင်းသတင်းစာသို့ ပြောကြားခဲ့သည်။

“အခြားနိုင်ငံတွေမှာ ဝန်ထမ်းတွေက လက်ပ်တော့မှာ ပါတဲ့ ကင်မရာနဲ့ပဲ အလုပ်လုပ်ကြစဉ်မှာ စင်္ကာပူမှာကတော့ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်နဲ့ ရုပ်သံထွက်အရည်အသွေးမြင့်ကင်မရာတွေကို ပိုပြီးအသုံးပြုအလုပ်လုပ်ကြတာပါ။” ဟု သူက ဆိုရင်း ထိုဝက်ဘ်ကင်မ်ကဲ့သို့သော အိုင်တီပစ္စည်းများ၏ ဈေးနှုန်းများသည်လည်း COVID-19 စတင်ဖြစ်ပွားကတည်းက မြင့်တက်လာကြကြောင်း ပြောပြခဲ့သည်။

ပစ္စည်းသစ်များအပြင် စင်္ကာပူကုမ္ပဏီများသည် ဝန်ထမ်းများအား ကုမ္ပဏီကွန်ရက်များသို့ အဝေးမှ ဝင်ရောက်ခွင့်ပေးသည့် VPN gateway ကဲ့သို့သော အခြေခံအဆောက်အအုံအဆင့်မြှင့်ခြင်းများတွင် ပိုမိုသုံးစွဲလာကြကာ ဝန်ထမ်းများ၏ နေအိမ်ရှိ လုံခြုံမှုအားနည်းသော ဝိုင်ဖိုင်ကွန်ရက်များကို အားကောင်းစေခြင်းတို့လည်း လုပ်ဆောင်လာကြကြောင်း သိရသည်။

ထိုလေ့လာမှုက စင်္ကာပူရှိ ဝန်ထမ်းများသည် ယခုအခါနေအိမ်မှအလုပ်လုပ်လာကြရသဖြင့် လုပ်ငန်းခွင်ပူးပေါင်းဆောင်ရွက်မှုကိရိယာတန်ဆာပလာများ အသုံးပြုရန် ပိုမိုစိတ်အားထက်သန်ကြကြောင်းကိုလည်း တွေ့ရှိခဲ့သည်။ ကမ္ဘာတစ်ဝန်း ၆၉ ရာခိုင်နှုန်းနှင့်ယှဉ်လျှင် ၈၀ ရာခိုင်နှုန်းကျော်က Zoom နှင့် Webex ကဲ့သို့ ဗီဒီယိုအစည်းအဝေးပလက်ဖောင်းများအပါအဝင် ထိုသို့သောကိရိယာတန်ဆာပလာများကို အသုံးပြုနေကြပြီဖြစ်သည်။

စင်္ကာပူသည် ထိုသို့သောကိရိယာများ အသုံးပြုမှုတွင် အဆင့်အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းကိုလည်း ယင်းလေ့လာမှုက တွေ့ရှိခဲ့သည့်ဟု မစ္စတာရိဒ်က ပြောကြားခဲ့သည်။

စင်္ကာပူရှိ ဝန်ထမ်း ၁၀ ဦးတွင် ကိုးဦးက အချို့အလုပ်များကို နေအိမ်မှသာ ဆက်လက်ဆောင်ရွက်လိုကြကြောင်း စထရိတ်တိုင်းမ်သတင်းစာမှ ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုကလည်း တွေ့ရှိခဲ့သည်။

“နေအိမ်ကနေ အလုပ်လုပ်တာဟာ ဖြစ်နိုင်ရုံတင်မကဘဲ ဝန်ထမ်းတွေကလည်း နေအိမ်ကနေ အလုပ်လုပ်ဖို့ ပိုမိုလိုလားကြကြောင်းကို ဒီကပ်ဘေးက ပြသလိုက်တာပါ။ ယေဘုယျအားဖြင့်တော့ ခင်ဗျားအနေနဲ့ ရုံးမှာအလုပ်လုပ်ရတာထက် ပိုပြီး ခက်ခဲပြီး အချိန်လည်း ပိုကြာပါတယ် - ဒါကတော့ ဝန်ထမ်းတွေရဲ့ တုံ့ပြန်ချက်ပဲဖြစ်ပါတယ်။” ဟု Harry Elias Partnership ၏ ဆိုင်ဘာလုံခြုံရေးခေါင်းဆောင် ကေကေလင်းမ်ကလည်း ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မွ ရေးသား ဖောျ်ပသည်။)

Credit: iMyanmarHouse.com

Ref: Firms here spend more on IT due to Covid-19 than in other countries (st)

 

 

[Zawgyi]

အျခားႏိုင္ငံမ်ားထက္ စကၤာပူကုမၸဏီမ်ား COVID-19 ေၾကာင့္ အိုင္တီအတြက္ ပိုမိုသုံးစြဲလာရ

COVID-19 ေၾကာင့္ ေနအိမ္မွအလုပ္လုပ္ရသည့္ ဝန္ထမ္းမ်ား ပိုမိုမ်ားျပာလာရသျဖင့္ ကမ႓ာ့ပ်မ္းမွ်အေျခအေနႏွင့္စာလွ်င္ စကၤာပူ႐ွိ ကုမၸဏီမ်ားက အိုင္တီႏွင့္ပတ္သက္၍ ပိုမိုသုံးစြဲလာၾကရသည္။

ယင္းမွာ အဓိကအားျဖင့္ ဆိုင္ဘာလုံျခဳံေရးအစီအမံမ်ားႏွင့္ အေဝးမွပူးေပါင္းေဆာင္႐ြက္မႈ ကိရိယာတန္ဆာပလာမ်ား ပိုမိုသုံးစြဲမႈတြင္လည္း စကၤာပူမွကုမၸဏီမ်ားက အျခားႏိုင္ငံမ်ားမွလုပ္ငန္းမ်ားထက္ ပို၍အသားေပးသျဖင့္ ျဖစ္ေၾကာင္းကိုလည္း ေလ့လာမႈသစ္တစ္ရပ္က ေတြ႕႐ွိခဲ့သည္။

ေလ့လာမႈတြင္ ပါဝင္ခဲ့သည့္ စကၤာပူကုမၸဏီ ၂၀၀ အနက္ ၈၅ ရာခိုင္ႏႈန္းေက်ာ္က ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါေၾကာင့္ျဖစ္ပြားသည့္ လုပ္ငန္းေႏွာင့္ေႏွးအလ်ဥ္ျပတ္မႈမ်ားေၾကာင့္ အိုင္တီစရိတ္မ်ား ျမင့္တက္ခဲ့ေၾကာင္း၊ ကမ႓ာတစ္ဝန္းတြင္ ပ်မ္းမွ်အားျဖင့္ ထိုသို႔ျမင့္တက္ေၾကာင္း ေတြ႕႐ွိသည့္ႏႈန္းမွာမူ ၇၂ ရာခိုင္ႏႈန္း ျဖစ္ေၾကာင္း ဆိုင္ဘာလုံျခဳံေရးကုမၸဏီ Acronis မွ ျပဳလုပ္ခဲ့သည့္ ထိုေလ့လာမႈက ေတြ႕႐ွိခဲ့သည္။

စကၤာပူကုမၸဏီမ်ား၏ ၈ ရာခိုင္ႏႈန္းကသာ ၎တို႔၏အိုင္တီစရိတ္မ်ား မေျပာင္းလဲေၾကာင္း ေျဖၾကားခဲ့ၾကၿပီး ကမ႓ာတစ္ဝန္းတြင္ ပ်မ္းမွ်အားျဖင့္ ထိုသို႔စရိတ္မေျပာင္းလဲေၾကာင္း ေတြ႕႐ွိသည့္ႏႈန္းမွာမူ ၂၀ ရာခိုင္ႏႈန္း ျဖစ္ေၾကာင္း စက္တင္ဘာ ၉ တြင္ ထြက္႐ွိလာခဲ့သည့္ ထိုေလ့လာမႈတြင္ ေဖာ္ျပခဲ့သည္။

Acronis သည္ ယင္းေလ့လာမႈကို ႏိုင္ငံေပါင္း ၁၇ ႏိုင္ငံ႐ွိ ကုမၸဏီေပါင္း ၃,၄၀၀ ကို စစ္တမ္းေကာက္ယူ၍ တြက္ခ်က္ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ဝန္ထမ္းမ်ားႏွင့္ ကုမၸဏီမ်ားအၾကား အေဝးမွဆက္သြယ္မႈ အဆင့္အတန္းမ်ား ပိုမိုျမင့္မားေစရန္ အဓိကထားလုပ္ေဆာင္ၾကသျဖင့္ စကၤာပူကုမၸဏီမ်ား ထိုသို႔အိုင္တီစရိတ္ပိုကုန္လာျခင္းျဖစ္သည္ဟု Acronis ၏ သတင္းအခ်က္အလက္လုံျခဳံေရးအရာ႐ွိခ်ဳပ္ ကယ္ဗင္ရိဒ္က စကၤာပူသတင္းစာျဖစ္ေသာ စထရိတ္တိုင္းသတင္းစာသို႔ ေျပာၾကားခဲ့သည္။

“အျခားႏိုင္ငံေတြမွာ ဝန္ထမ္းေတြက လက္ပ္ေတာ့မွာ ပါတဲ့ ကင္မရာနဲ႔ပဲ အလုပ္လုပ္ၾကစဥ္မွာ စကၤာပူမွာကေတာ့ ယုံၾကည္စိတ္ခ်ရတဲ့ အမွတ္တံဆိပ္နဲ႔ ႐ုပ္သံထြက္အရည္အေသြးျမင့္ကင္မရာေတြကို ပိုၿပီးအသုံးျပဳအလုပ္လုပ္ၾကတာပါ။” ဟု သူက ဆိုရင္း ထိုဝက္ဘ္ကင္မ္ကဲ့သို႔ေသာ အိုင္တီပစၥည္းမ်ား၏ ေဈးႏႈန္းမ်ားသည္လည္း COVID-19 စတင္ျဖစ္ပြားကတည္းက ျမင့္တက္လာၾကေၾကာင္း ေျပာျပခဲ့သည္။

ပစၥည္းသစ္မ်ားအျပင္ စကၤာပူကုမၸဏီမ်ားသည္ ဝန္ထမ္းမ်ားအား ကုမၸဏီကြန္ရက္မ်ားသို႔ အေဝးမွ ဝင္ေရာက္ခြင့္ေပးသည့္ VPN gateway ကဲ့သို႔ေသာ အေျခခံအေဆာက္အအုံအဆင့္ျမႇင့္ျခင္းမ်ားတြင္ ပိုမိုသုံးစြဲလာၾကကာ ဝန္ထမ္းမ်ား၏ ေနအိမ္႐ွိ လုံျခဳံမႈအားနည္းေသာ ဝိုင္ဖိုင္ကြန္ရက္မ်ားကို အားေကာင္းေစျခင္းတို႔လည္း လုပ္ေဆာင္လာၾကေၾကာင္း သိရသည္။

ထိုေလ့လာမႈက စကၤာပူ႐ွိ ဝန္ထမ္းမ်ားသည္ ယခုအခါေနအိမ္မွအလုပ္လုပ္လာၾကရသျဖင့္ လုပ္ငန္းခြင္ပူးေပါင္းေဆာင္႐ြက္မႈကိရိယာတန္ဆာပလာမ်ား အသုံးျပဳရန္ ပိုမိုစိတ္အားထက္သန္ၾကေၾကာင္းကိုလည္း ေတြ႕႐ွိခဲ့သည္။ ကမ႓ာတစ္ဝန္း ၆၉ ရာခိုင္ႏႈန္းႏွင့္ယွဥ္လွ်င္ ၈၀ ရာခိုင္ႏႈန္းေက်ာ္က Zoom ႏွင့္ Webex ကဲ့သို႔ ဗီဒီယိုအစည္းအေဝးပလက္ေဖာင္းမ်ားအပါအဝင္ ထိုသို႔ေသာကိရိယာတန္ဆာပလာမ်ားကို အသုံးျပဳေနၾကၿပီျဖစ္သည္။

စကၤာပူသည္ ထိုသို႔ေသာကိရိယာမ်ား အသုံးျပဳမႈတြင္ အဆင့္အျမင့္ဆုံးႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္းကိုလည္း ယင္းေလ့လာမႈက ေတြ႕႐ွိခဲ့သည့္ဟု မစၥတာရိဒ္က ေျပာၾကားခဲ့သည္။

စကၤာပူ႐ွိ ဝန္ထမ္း ၁၀ ဦးတြင္ ကိုးဦးက အခ်ိဳ႕အလုပ္မ်ားကို ေနအိမ္မွသာ ဆက္လက္ေဆာင္႐ြက္လိုၾကေၾကာင္း စထရိတ္တိုင္းမ္သတင္းစာမွ ျပဳလုပ္ခဲ့သည့္ ေလ့လာမႈတစ္ခုကလည္း ေတြ႕႐ွိခဲ့သည္။

“ေနအိမ္ကေန အလုပ္လုပ္တာဟာ ျဖစ္ႏိုင္႐ုံတင္မကဘဲ ဝန္ထမ္းေတြကလည္း ေနအိမ္ကေန အလုပ္လုပ္ဖို႔ ပိုမိုလိုလားၾကေၾကာင္းကို ဒီကပ္ေဘးက ျပသလိုက္တာပါ။ ေယဘုယ်အားျဖင့္ေတာ့ ခင္ဗ်ားအေနနဲ႔ ႐ုံးမွာအလုပ္လုပ္ရတာထက္ ပိုၿပီး ခက္ခဲၿပီး အခ်ိန္လည္း ပိုၾကာပါတယ္ - ဒါကေတာ့ ဝန္ထမ္းေတြရဲ႕ တုံ႔ျပန္ခ်က္ပဲျဖစ္ပါတယ္။” ဟု Harry Elias Partnership ၏ ဆိုင္ဘာလုံျခဳံေရးေခါင္းေဆာင္ ေကေကလင္းမ္ကလည္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မြ ေရးသား ေဖာ္်ပသည္။)

Credit: iMyanmarHouse.com

Ref: Firms here spend more on IT due to Covid-19 than in other countries (st)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service