Covid-19 သည် လိင်တူလက်ထပ်သူများကို ဘုရားသခင်က အပြစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည့် ယူကရိန်းဘုန်းတော်ကြီး ဗိုင်းရပ်စ်ကူးစက်ခံရ

Covid-19 သည် လိင်တူလက်ထပ်သူများကို ဘုရားသခင်က အပြစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည့် ယူကရိန်းဘုန်းတော်ကြီး ဗိုင်းရပ်စ်ကူးစက်ခံရ - Property News in Myanmar from iMyanmarHouse.com
12 Sep 2020 11:25 am တွင် တင်ခဲ့သည်
2556 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid-19 သည် လိင်တူလက်ထပ်သူများကို ဘုရားသခင်က အပြစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည့် ယူကရိန်း နာမည်ကျော် ဘုရားကျောင်း ခေါင်းဆောင် ဘုန်းတော်ကြီး ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရသည်။

ယူကရိန်းနိုင်ငံမှ နာမည်ကျော် အော်သိုဒေါ့ဇ် ဘုရားကျောင်းတစ်ခုဖြစ်သော Kiev Patriarchate ၏ ခေါင်းဆောင် ဘုရားတော်ကြီး ဖီးလားရေး (Patriarch Filaret) ၏ လက်ရှိကျန်းမာရေးအခြေအနေမှာ တည်ငြိမ်နေပြီး ကုသမှုများ ဆက်လက်ခံယူလျက်ရှိသည်။

ဘုန်းတော်ကြီး ဖီလာရေးတွင် Covid-19 ကူးစက်ခံရကြောင်းကို ဘုရားကျောင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် စက်တင်ဘာ ၄ ရက်က ကြေညာခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသကြပြီး ကျန်းမာစေဖို့ ဝိုင်းဝန်းဆုမွန်ကောင်းတောင်းပေးသူအားလုံးကို ဘုန်းတော်ကြီး ဖီလာရေးက ကျေးဇူးတင်ရှိပါတယ်” ဟု ဘုရားကျောင်းက ထုတ်ပြန်သည်။

“ဒီနေ့မှာ ဘုန်းတော်ကြီး ဖီလာရေးရဲ့ ကျန်းမာရေးအခြေအနေက တည်ငြိမ်နေပြီး ကုသမှုတွေ ဆက်လက်ခံယူနေပါတယ်။ ဘုန်းတော်ကြီး ဖီလာရေးအတွက် ဆက်လက်ဆုမွန်ကောင်းတောင်းပေးကြဖို့ ကျွနု်ပ်တို့ တောင်းဆိုပါတယ်။ ဒီလို ဆုတောင်းပေးခြင်းအားဖြင့် ဂရုဏာတော်နှင့် ခွန်အားကြီးမားတော်မူသော ဘုရားသခင်ဟာ ဘုန်းတော်ကြီးရဲ့ နာမကျန်းမှုကို ကုသပေးလိမ့်မှာ ဖြစ်ပါတယ်” ဟု ဘုရားကျောင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြီးခဲ့သော မတ်လအတွင်း အသက် ၉၁ နှစ်ရှိပြီဖြစ်သော ဘုန်းတော်ကြီးသည် ယူကရိန်း ရုပ်သံဌာနတစ်ခုအား ကိုရိုနာဗိုင်းရပ်စ်သည် လူသားတို့၏ အပြစ်များအတွက် ဒဏ်ခတ်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် လိင်တူလက်ထပ်မှုများကြောင့် အပြစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ရာ သတင်းမီဒီယာများ၏ ထိပ်တန်းသတင်းတစ်ရပ် ဖြစ်ခဲ့သည်။

ယူကရိန်းမှ LGBT အုပ်စုတစ်ခုဖြစ်သော Insight အဖွဲ့က ဘုန်းတော်ကြိး ဖီလာရေး၏ ပြောကြားချက်များသည် အမုန်းတရားနှင့် ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်လာစေရန် မီးထိုးပေးသည်ဟုဆိုကာ တရားစွဲဆိုခဲ့သည်။

၎င်းတို့၏ တရားစွဲဆိုမှုတွင် ဘုန်းတော်ကြီးအား ပြောစကားများ ပြန်လည်ရုပ်သိမ်းကာ တောင်းပန်ရန် ဘုန်းတော်ကြီးနှင့် ရုပ်သံဌာနတို့ကို တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြခဲ့ဖူးသည်။

“တရားစွဲတဲ့ အဓိကရည်ရွယ်ချက်က ယူကရိန်း ဘုရားကျောင်းခေါင်းဆောင်တွေကနေ ဒီလိုစကားမျိုး ထပ်ပြောမလာစေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်” ဟု Insight အဖွဲ့၏ အကြီးအကဲ Olena Shevchenko က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International Ukarine-AIU) ကလည်း ဖီလာရေး၏ ပြောကြားချက်အပေါ် ရှုတ်ချခဲ့သည်။

“ဒီလိုပြောကြားမှုတွေက အန္တရာယ်သိပ်ကြီးပါတယ်။ ဒါဟာ အုပ်စုတစ်ခုအပေါ် တိုက်ခိုက်မှုတွေ၊ ရန်လိုမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာစေနိုင်ပါတယ်” ဟု AIU ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဂါယီဗာက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

တရားစွဲဆိုမှုနှင့် စပ်လျဉ်းပြီး ဘုရားကျောင်းက တုံ့ပြန်ခဲ့သည်မှာ “ဘုရားကျောင်း ခေါင်းဆောင်တစ်ဦး၊ လူသားတစ်ဦးအနေဖြင့် ဘုန်းတော်ကြီးသည် လူ့ကျင့်ဝတ်အပေါ် အခြေခံသည့် အမြင်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည်” ဟု တုံ့ပြန်ထားသည်။

Kiev Patriarchate ဘုရားကျောင်းသည် ယူကရိန်း၏ အကြီးမားဆုံး ခရစ်ယာန်ဂိုဏ်းများတွင် တစ်ခု အပါအဝင်ဖြစ်သည်။

Kiev Patriarchate ဘုရားကျောင်း၏ အသင်းဝင်ပမာဏမှာ လူဦးရေ ၂၇ ဒသမ ၈ သန်းရှိသော ယူကရိန်း၏ ၂၅ ရာခိုင်နှုန်းခန့် ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ukrainian church leader who called Covid-19 'God's punishment' for same-sex marriage tests positive for virus (CNN)

 

[Zawgyi]

Covid-19 သည္ လိင္တူလက္ထပ္သူမ်ားကို ဘုရားသခင္က အျပစ္ေပးျခင္းျဖစ္ေၾကာင္း ေျပာၾကားသည့္ ယူကရိန္းဘုန္းေတာ္ႀကီး ဗိုင္းရပ္စ္ကူးစက္ခံရ

Covid-19 သည္ လိင္တူလက္ထပ္သူမ်ားကို ဘုရားသခင္က အျပစ္ေပးျခင္းျဖစ္ေၾကာင္း ေျပာၾကားသည့္ ယူကရိန္း နာမည္ေက်ာ္ ဘုရားေက်ာင္း ေခါင္းေဆာင္ ဘုန္းေတာ္ႀကီး ဗိုင္းရပ္စ္ကူးစက္ခံလိုက္ရသည္။

ယူကရိန္းႏိုင္ငံမွ နာမည္ေက်ာ္ ေအာ္သိုေဒါ့ဇ္ ဘုရားေက်ာင္းတစ္ခုျဖစ္ေသာ Kiev Patriarchate ၏ ေခါင္းေဆာင္ ဘုရားေတာ္ႀကီး ဖီးလားေရး (Patriarch Filaret) ၏ လက္ရွိက်န္းမာေရးအေျခအေနမွာ တည္ၿငိမ္ေနၿပီး ကုသမႈမ်ား ဆက္လက္ခံယူလ်က္ရွိသည္။

ဘုန္းေတာ္ႀကီး ဖီလာေရးတြင္ Covid-19 ကူးစက္ခံရေၾကာင္းကို ဘုရားေက်ာင္း၏ ေဖ့စ္ဘုတ္စာမ်က္ႏွာတြင္ စက္တင္ဘာ ၄ ရက္က ေၾကညာခဲ့ျခင္း ျဖစ္သည္။

“မိမိတို႔ရဲ႕ ခ်စ္ျခင္းေမတၱာကို ျပသၾကၿပီး က်န္းမာေစဖို႔ ဝိုင္းဝန္းဆုမြန္ေကာင္းေတာင္းေပးသူအားလုံးကို ဘုန္းေတာ္ႀကီး ဖီလာေရးက ေက်းဇူးတင္ရွိပါတယ္” ဟု ဘုရားေက်ာင္းက ထုတ္ျပန္သည္။

“ဒီေန႔မွာ ဘုန္းေတာ္ႀကီး ဖီလာေရးရဲ႕ က်န္းမာေရးအေျခအေနက တည္ၿငိမ္ေနၿပီး ကုသမႈေတြ ဆက္လက္ခံယူေနပါတယ္။ ဘုန္းေတာ္ႀကီး ဖီလာေရးအတြက္ ဆက္လက္ဆုမြန္ေကာင္းေတာင္းေပးၾကဖို႔ ကြၽႏု္ပ္တို႔ ေတာင္းဆိုပါတယ္။ ဒီလို ဆုေတာင္းေပးျခင္းအားျဖင့္ ဂ႐ုဏာေတာ္ႏွင့္ ခြန္အားႀကီးမားေတာ္မူေသာ ဘုရားသခင္ဟာ ဘုန္းေတာ္ႀကီးရဲ႕ နာမက်န္းမႈကို ကုသေပးလိမ့္မွာ ျဖစ္ပါတယ္” ဟု ဘုရားေက်ာင္း၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ၿပီးခဲ့ေသာ မတ္လအတြင္း အသက္ ၉၁ ႏွစ္ရွိၿပီျဖစ္ေသာ ဘုန္းေတာ္ႀကီးသည္ ယူကရိန္း ႐ုပ္သံဌာနတစ္ခုအား ကို႐ိုနာဗိုင္းရပ္စ္သည္ လူသားတို႔၏ အျပစ္မ်ားအတြက္ ဒဏ္ခတ္ျခင္းျဖစ္ေၾကာင္း၊ အထူးသျဖင့္ လိင္တူလက္ထပ္မႈမ်ားေၾကာင့္ အျပစ္ေပးျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ရာ သတင္းမီဒီယာမ်ား၏ ထိပ္တန္းသတင္းတစ္ရပ္ ျဖစ္ခဲ့သည္။

ယူကရိန္းမွ LGBT အုပ္စုတစ္ခုျဖစ္ေသာ Insight အဖြဲ႕က ဘုန္းေတာ္ႀကိး ဖီလာေရး၏ ေျပာၾကားခ်က္မ်ားသည္ အမုန္းတရားႏွင့္ ခြဲျခားဆက္ဆံမႈမ်ား ျဖစ္ေပၚလာေစရန္ မီးထိုးေပးသည္ဟုဆိုကာ တရားစြဲဆိုခဲ့သည္။

၎တို႔၏ တရားစြဲဆိုမႈတြင္ ဘုန္းေတာ္ႀကီးအား ေျပာစကားမ်ား ျပန္လည္႐ုပ္သိမ္းကာ ေတာင္းပန္ရန္ ဘုန္းေတာ္ႀကီးႏွင့္ ႐ုပ္သံဌာနတို႔ကို ေတာင္းဆိုခဲ့ေၾကာင္း ႐ိုက္တာသတင္းတြင္ ေဖာ္ျပခဲ့ဖူးသည္။

“တရားစြဲတဲ့ အဓိကရည္႐ြယ္ခ်က္က ယူကရိန္း ဘုရားေက်ာင္းေခါင္းေဆာင္ေတြကေန ဒီလိုစကားမ်ိဳး ထပ္ေျပာမလာေစဖို႔ ရည္႐ြယ္တာ ျဖစ္ပါတယ္” ဟု Insight အဖြဲ႕၏ အႀကီးအကဲ Olena Shevchenko က ႐ိုက္တာသတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ယူကရိန္းႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာအဖြဲ႕ (Amnesty International Ukarine-AIU) ကလည္း ဖီလာေရး၏ ေျပာၾကားခ်က္အေပၚ ရႈတ္ခ်ခဲ့သည္။

“ဒီလိုေျပာၾကားမႈေတြက အႏၲရာယ္သိပ္ႀကီးပါတယ္။ ဒါဟာ အုပ္စုတစ္ခုအေပၚ တိုက္ခိုက္မႈေတြ၊ ရန္လိုမႈေတြ၊ ခြဲျခားဆက္ဆံမႈေတြနဲ႔ အၾကမ္းဖက္မႈေတြ ျမင့္တက္လာေစႏိုင္ပါတယ္” ဟု AIU ၏ ေျပာေရးဆိုခြင့္ရ အမ်ိဳးသမီး မာရီယာ ဂါယီဗာက ႐ိုက္တာသတင္းဌာနကို ေျပာၾကားခဲ့သည္။

တရားစြဲဆိုမႈႏွင့္ စပ္လ်ဥ္းၿပီး ဘုရားေက်ာင္းက တုံ႔ျပန္ခဲ့သည္မွာ “ဘုရားေက်ာင္း ေခါင္းေဆာင္တစ္ဦး၊ လူသားတစ္ဦးအေနျဖင့္ ဘုန္းေတာ္ႀကီးသည္ လူ႔က်င့္ဝတ္အေပၚ အေျခခံသည့္ အျမင္မ်ားကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ရွိသည္” ဟု တုံ႔ျပန္ထားသည္။

Kiev Patriarchate ဘုရားေက်ာင္းသည္ ယူကရိန္း၏ အႀကီးမားဆုံး ခရစ္ယာန္ဂိုဏ္းမ်ားတြင္ တစ္ခု အပါအဝင္ျဖစ္သည္။

Kiev Patriarchate ဘုရားေက်ာင္း၏ အသင္းဝင္ပမာဏမွာ လူဦးေရ ၂၇ ဒသမ ၈ သန္းရွိေသာ ယူကရိန္း၏ ၂၅ ရာခိုင္ႏႈန္းခန႔္ ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ukrainian church leader who called Covid-19 'God's punishment' for same-sex marriage tests positive for virus (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service