အင်္ဂလန်တွင် လူ ၆ ဦးထက် ပိုမိုစုဝေးပါက ဖမ်းဆီးအရေးယူတော့မည်

အင်္ဂလန်တွင် လူ ၆ ဦးထက် ပိုမိုစုဝေးပါက ဖမ်းဆီးအရေးယူတော့မည် - Property News in Myanmar from iMyanmarHouse.com
11 Sep 2020 12:24 pm တွင် တင်ခဲ့သည်
433 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် လာမည့် တနင်္လာနေ့မှစတင်ပြီး လူ ၆ ဦးထက် ပိုမိုစုဝေးခြင်းကို ဥပဒေဆန့်ကျင်မှုတစ်ရပ်အဖြစ် သတ်မှတ်တော့မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အတည်ပြုပြောကြားလိုက်သည်။

ထို့အပြင် စည်းမျဉ်းချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိသူတို့ကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်းလည်း ဘောရစ်ဂျွန်ဆင်က ပြောကြားသည်။

သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ရာ၌ ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းများကို လူတိုင်းလိုက်နာနိုင်ရေးအတွက် ရှင်းလင်းရန်နှင့် ခိုင်မာမှုရှိစေရန် အစိုးရက ဆုံးဖြတ်ထားကြောင်း၊ စည်းမျဉ်းကန့်သတ်ချက်များကို ရဲအရာရှိများက ကိုင်တွယ်ဆောင်ရွက်ရာတွင် ယခုပြဌာန်းချက်က အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဝန်ကြီးချုပ်က လူ ၆ ဦးစည်းမျဉ်းအကြောင်း ထုတ်ဖော်ကြေညာသွားခဲ့ပြီး နေအိမ်ပြင်ပတွင် အခြားသူ ၆ ဦးအထက်နှင့် တွေ့ဆုံခြင်းများကို တားဆီးသွားမည်ဖြစ်ကြောင်း၊ ယခုစည်းမျဉ်းမှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ပြည်သူတိုင်းအနေဖြင့် အခြားအိမ်ထောင်စုများနှင့် လူမှုထိတွေ့မှုများကို တတ်နိုင်သမျှ လျှော့ချသင့်ကြောင်း ပြောကြားသည်။

သို့သော် လူ ၆ ဦးထက်များသည့် အိမ်ထောင်စုများနှင့် အပြန်အလှန်ကူညီရေးအသိုက်အဝန်းငယ် (support bubble) တို့ကိုမူ ၎င်းတို့၏ တွေ့ဆုံမှုများကို ကင်းလွတ်ခွင့်ပေးထားသည်။

အပြန်အလှန်ကူညီရေးအသိုက်အဝန်းငယ် (support bubble) ဟူသည်မှာ လူလွတ်တကိုယ်ရည်တကာယသမားများနှင့် ၁၈ နှစ်အောက်သားသမီးရှိသည့် အိမ်ထောင်ဘက်မရှိသည့် မိဘများသည် ၎င်းတို့အချင်းချင်း ကူညီကြရန် အပြန်အလှန်ကူညီရေး အသိုက်အဝန်းငယ် (support bubble) များ ဖွဲ့စည်းထားမှုမျိုးဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်တွင် သတ်မှတ်ထားချက်အရ support bubble တစ်ခုအတွင်း ပါဝင်သူအားလုံးကို အိမ်ထောင်စုတစ်ခုအဖြစ် သတ်မှတ်ပြီး ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းတင်းကြပ်ထားစဉ်ကာလအတွင်း တွေ့ဆုံခွင့်ရှိသည်။ လူမှုအလှမ်းခွာစည်းမျဉ်းများကို လိုက်နာရန် မလိုချေ။

မင်္ဂလာဆောင်များနှင့် ဈာပနအခမ်းအနားများကိုမူ လူ ၃၀ ထက် မကျော်စေဘဲ ကျင်းပခွင့်ပြုမည်ဖြစ်ကာ မွေးကင်းစများနှင့် ကလေးငယ်များကိုလည်း တစ်ဦးအဖြစ် ထည့်သွင်းရေတွက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ဝန်ကြီးချုပ်က ဆက်လက်ပြောကြားရာတွင် ဘာသာရေးဆိုင်ရာနေရာများ၊ အားကစားလေ့ကျင့်ရေးခန်းမများ၊ စားသောက်ဆိုင်များနှင့် ဧည့်လုပ်ငန်းဆိုင်ရာနေရာများတွင် အဆောက်အအုံအတွင်း လူ ၆ ဦးထက်ကျော်လွန်ခွင့်ပြုသော်လည်း အုပ်စုအဖွဲ့တစ်ဖွဲ့လျှင် ၆ ဦးထက် မများစေရန် သတ်မှတ်ထားကြောင်း ပြောကြားသည်။

“၆ ဦးထက်ကျော်လွန်ပြီး တွေ့ဆုံခြင်း မပြုလုပ်ရပါဘူး။ ပြုလုပ်မည်ဆိုရင် ဒါဟာဥပဒေကို ချိုးဖောက်မှု ဖြစ်ပါတယ်။ ဒါဟာ အဆောက်အအုံအတွင်း၊ အပြင်၊ နေအိမ်တွင်း၊ ပန်းခြံတွင်း အစရှိတဲ့ နေရာအားလုံးအကျုံးဝင်ပါတယ်” ဟု ဘောရစ်ဂျွန်ဆင်က ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You can be arrested if you meet in groups of more than six (Metro)

 

[Zawgyi]

အဂၤလန္တြင္ လူ ၆ ဦးထက္ ပိုမိုစုေဝးပါက ဖမ္းဆီးအေရးယူေတာ့မည္

အဂၤလန္ႏိုင္ငံတြင္ လာမည့္ တနလၤာေန႔မွစတင္ျပီး လူ ၆ ဦးထက္ ပိုမိုစုေဝးျခင္းကို ဥပေဒဆန္႔က်င္မႈတစ္ရပ္အျဖစ္ သတ္မွတ္ေတာ့မည္ျဖစ္ေၾကာင္း ဝန္ၾကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္က အတည္ျပဳေျပာၾကားလိုက္သည္။

ထို႔အျပင္ စည္းမ်ဥ္းခ်ဳိးေဖာက္ေၾကာင္း စစ္ေဆးေတြ႔ရွိသူတို႔ကို ဖမ္းဆီးအေရးယူသြားမည္ျဖစ္ေၾကာင္းလည္း ေဘာရစ္ဂၽြန္ဆင္က ေျပာၾကားသည္။

သတင္းစာရွင္းလင္းပြဲတြင္ ဝန္ၾကီးခ်ဳပ္က ေျပာၾကားခဲ့ရာ၌ ကိုရိုနာဗိုင္းရပ္စ္စည္းမ်ဥ္းမ်ားကို လူတိုင္းလိုက္နာႏိုင္ေရးအတြက္ ရွင္းလင္းရန္ႏွင့္ ခိုင္မာမႈရွိေစရန္ အစိုးရက ဆံုးျဖတ္ထားေၾကာင္း၊ စည္းမ်ဥ္းကန္႔သတ္ခ်က္မ်ားကို ရဲအရာရွိမ်ားက ကိုင္တြယ္ေဆာင္ရြက္ရာတြင္ ယခုျပဌာန္းခ်က္က အေထာက္အကူျဖစ္ေစမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ယင္းေနာက္ ဝန္ၾကီးခ်ဳပ္က လူ ၆ ဦးစည္းမ်ဥ္းအေၾကာင္း ထုတ္ေဖာ္ေၾကညာသြားခဲ့ျပီး ေနအိမ္ျပင္ပတြင္ အျခားသူ ၆ ဦးအထက္ႏွင့္ ေတြ႔ဆံုျခင္းမ်ားကို တားဆီးသြားမည္ျဖစ္ေၾကာင္း၊ ယခုစည္းမ်ဥ္းမွာ ဗုိင္းရပ္စ္တိုက္ဖ်က္ေရးအတြက္ ရည္ရြယ္ျခင္းျဖစ္ေၾကာင္း၊ ျပည္သူတိုင္းအေနျဖင့္ အျခားအိမ္ေထာင္စုမ်ားႏွင့္ လူမႈထိေတြ႔မႈမ်ားကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်သင့္ေၾကာင္း ေျပာၾကားသည္။

သို႔ေသာ္ လူ ၆ ဦးထက္မ်ားသည့္ အိမ္ေထာင္စုမ်ားႏွင့္ အျပန္အလွန္ကူညီေရးအသိုက္အဝန္းငယ္ (support bubble) တို႔ကိုမူ ၎တို႔၏ ေတြ႔ဆံုမႈမ်ားကို ကင္းလြတ္ခြင့္ေပးထားသည္။

အျပန္အလွန္ကူညီေရးအသိုက္အဝန္းငယ္ (support bubble) ဟူသည္မွာ လူလြတ္တကိုယ္ရည္တကာယသမားမ်ားႏွင့္ ၁၈ ႏွစ္ေအာက္သားသမီးရွိသည့္ အိမ္ေထာင္ဘက္မရွိသည့္ မိဘမ်ားသည္ ၎တို႔အခ်င္းခ်င္း ကူညီၾကရန္ အျပန္အလွန္ကူညီေရး အသိုက္အဝန္းငယ္ (support bubble) မ်ား ဖြဲ႔စည္းထားမႈမ်ဳိးျဖစ္ျပီး နယူးဇီလန္ႏိုင္ငံတြင္ စတင္ခဲ့ျခင္း ျဖစ္သည္။

ျဗိတိန္တြင္ သတ္မွတ္ထားခ်က္အရ support bubble တစ္ခုအတြင္း ပါဝင္သူအားလံုးကို အိမ္ေထာင္စုတစ္ခုအျဖစ္ သတ္မွတ္ျပီး ကိုရိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းတင္းၾကပ္ထားစဥ္ကာလအတြင္း ေတြ႔ဆံုခြင့္ရွိသည္။ လူမႈအလွမ္းခြာစည္းမ်ဥ္းမ်ားကို လိုက္နာရန္ မလိုေခ်။

မဂၤလာေဆာင္မ်ားႏွင့္ စ်ာပနအခမ္းအနားမ်ားကိုမူ လူ ၃၀ ထက္ မေက်ာ္ေစဘဲ က်င္းပခြင့္ျပဳမည္ျဖစ္ကာ ေမြးကင္းစမ်ားႏွင့္ ကေလးငယ္မ်ားကိုလည္း တစ္ဦးအျဖစ္ ထည့္သြင္းေရတြက္မည္ျဖစ္ေၾကာင္း ဝန္ၾကီးခ်ဳပ္က ေျပာၾကားသည္။

ဝန္ၾကီးခ်ဳပ္က ဆက္လက္ေျပာၾကားရာတြင္ ဘာသာေရးဆိုင္ရာေနရာမ်ား၊ အားကစားေလ့က်င့္ေရးခန္းမမ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ဧည့္လုပ္ငန္းဆိုင္ရာေနရာမ်ားတြင္ အေဆာက္အအံုအတြင္း လူ ၆ ဦးထက္ေက်ာ္လြန္ခြင့္ျပဳေသာ္လည္း အုပ္စုအဖြဲ႔တစ္ဖြဲ႔လွ်င္ ၆ ဦးထက္ မမ်ားေစရန္ သတ္မွတ္ထားေၾကာင္း ေျပာၾကားသည္။

“၆ ဦးထက္ေက်ာ္လြန္ျပီး ေတြ႔ဆံုျခင္း မျပဳလုပ္ရပါဘူး။ ျပဳလုပ္မည္ဆိုရင္ ဒါဟာဥပေဒကို ခ်ဳိးေဖာက္မႈ ျဖစ္ပါတယ္။ ဒါဟာ အေဆာက္အအံုအတြင္း၊ အျပင္၊ ေနအိမ္တြင္း၊ ပန္းျခံတြင္း အစရွိတဲ့ ေနရာအားလံုးအက်ံဳးဝင္ပါတယ္” ဟု ေဘာရစ္ဂၽြန္ဆင္က ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You can be arrested if you meet in groups of more than six (Metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service