ဂင်းနက်စ်စံချိန်တင်သွားသော အီရတ်က ကမ္ဘာ့အရှည်လျားဆုံး လှိုင်းကာ
ဂင်းနက်စ်စံချိန်တင်သွားသော အီရတ်က ကမ္ဘာ့အရှည်လျားဆုံး လှိုင်းကာ - Property News in Myanmar from iMyanmarHouse.com
11 Sep 2020 11:21 am တွင် တင်ခဲ့သည်
1296 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အီရတ်နိုင်ငံ၊ Ras al-Bisha ဒေသ၊ ဖောဆိပ်ကမ်း (Faw Port) တွင် တည်ဆောက်နေသည့် လှိုင်းကာ (သို့မဟုတ်) လှိုင်းတားနံရံသည် အလျား ၁၄ ဒသမ ၅ ကီလိုမီတာ (၉ မိုင်) ရှည်လျားပြီး ပြီးခဲ့သော ဧပြီလတွင် ကမ္ဘာ့အရှည်လျားဆုံးလှိုင်းကာအဖြစ် ဂင်းနက်စ်စံချိန် မှတ်တမ်းဝင်ခဲ့သည်။
အဆိုပါလှိုင်းကာနံရံကြီးသည် တိုင်းပြည်အတွက်သာမက ဒေသတွင်းအတွက်ပါ ဖွံ့ဖြိုးလာစေရန် အထောက်အကူဖြစ်မည်ဟု အီရတ်အစိုးရက မျှော်လင့်ထားသော်လည်း လှိုင်းကာနံရံတည်ရှိရာ ဖောဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ငန်းများမှာ အပြီးသတ်နိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
အာရေးဗီးယန်း ပင်လယ်ကွေ့၏ မြောက်ဘက်တွင် တည်ရှိသည့် လှိုင်းကာကြီးကို အီရတ်သို့ လာရောက်သည့် ပင်လယ်ကူးသင်္ဘောကြီးများအား လှိုင်းလုံးကြီးများဒဏ်မှ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုလှိုင်းကာ တည်ဆောက်ခြင်းကြောင့် အီရတ်တွင် အသစ်တည်ဆောက်နေသည့် ဆိပ်ကမ်းသစ်ဖြစ်သော ဖောဆိပ်ကမ်းသို့ သင်္ဘောများ တိုက်ရိုက်သွားနိုင်စေရန် ပိုမိုလွယ်ကူသွားစေမည် ဖြစ်သည်။
ဖောဆိပ်ကမ်းမှာလည်း တည်ဆောက်ဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။
လှိုင်းကာနံရံကို တောင်ကိုရီးယားမှ ဒေဝူး (Daewoo Engineering & Construction Co,Ltd) ၊ အီရတ်မှ GCPI နှင့် အီတလီမှ Technital ကုမ္ပဏီများ ပူးပေါင်းဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ဧပြီလတွင် အပြီးသတ်ခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်း အီရတ် သယ်ယူပို့ဆောင်ရေးဝန်ကြီး အဗ္ဗဒူလာ လိုင်ဘီက ကြေညာခဲ့ရာတွင် ၎င်းသည် နိုင်ငံခြားရေး ဝန်ကြီးဌာနထံ တရားဝင်တောင်းဆိုချက်တစ်ခု တင်သွင်းခဲ့ကြောင်း၊ အီရတ်၏ လှိုင်းကာကြီးကို ကမ္ဘာ့အရှည်လျားဆုံးလှိုင်းကာကြီးအဖြစ် ဂင်းနက်စ်စံချိန်မှတ်တမ်းတွင် ဖော်ပြခံရစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဆက်သွယ်ရန် တောင်းဆိုခဲ့ကြောင်း ကြေညာခဲ့သည်။
“ဒီစီမံကိန်းဟာ ဆိပ်ကမ်းနဲ့ မြို့၊ ပြီးရင် တစ်နိုင်ငံလုံးက ပြည်နယ်တွေနဲ့ ဆက်စပ်နိုင်ပေးမယ့် မဟာဗျူဟာလမ်းတစ်ခုအဖြစ် တည်ထောင်ဖို့ ရည်ရွယ်ပါတယ်” ဟု လိုင်ဘီက ပြောကြားကြောင်း အီရတ်သတင်းအေဂျင်စီ (INA) က ဖော်ပြသည်။
ဖောဆိပ်ကမ်းသည် အရှေ့တိုင်းနှင့် ဥရောပ ဆက်သွယ်ပေးမည့် မဟာဗျူဟာမြောက် စီမံကိန်းတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရေကြောင်း ပို့ဆောင်ရေးမြေပုံကို ပြောင်းလဲပေးမည်ဖြစ်ကြောင်း အီရတ်ပို့ဆောင်ရေးဝန်ကြီးက ပြောကြားသည်။
လှိုင်းကာနံရံကြီးကို ၅ နှစ်ခန့် အချိန်ယူဆောက်လုပ်ခဲ့ရပြီး ကန်ဒေါ်လာ ၅၉၁ သန်း ကုန်ကျခဲ့သည်။
“ဒီစံမံကိန်းမှာ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ ပင်မလှိုင်းကာနဲ့ ဒုတိယလှိုင်းကာတစ်ခုတို့ ဖြစ်ပါတယ်” ဖောဆိပ်ကမ်းစီမံကိန်း ဒါရိုက်တာ အာဆက် အဗ္ဗဒူ ရာဟင် အယ်လ်-ရပ်ရှ်ဒီက ပြောကြားသည်။
ဖောဆိပ်ကမ်းပြီးစီးပါက ကုန်သင်္ဘော ၉၀ ရပ်နားရန်နေရာနှင့် ရေနံတင်သင်္ဘောရပ်နားရန် ၆ နေရာပါဝင်မည်ဖြစ်ကာ ကွန်တိန်နာပေါင်း ၂၅ သန်းခန့် ထားရှိနိုင်မည်ဟု ဆိုသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Iraq eyes economic dividends from monumental breakwater at Faw port (arab weekly)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service