အမေရိကန်၏ Covid-19 ကာကွယ်ဆေးစမ်းသပ်မှု ရပ်ဆိုင်းသွားပြီ

အမေရိကန်၏ Covid-19 ကာကွယ်ဆေးစမ်းသပ်မှု ရပ်ဆိုင်းသွားပြီ - Property News in Myanmar from iMyanmarHouse.com
10 Sep 2020 12:22 pm တွင် တင်ခဲ့သည်
1231 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုမှ စမ်းသပ်နေသော AstraZeneca ကုမ္ပဏီ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လူအများ ဘေးကင်းလုံခြုံမှုရှိ၊ မရှိ စမ်းသပ်ရာတွင် ပါဝင်စမ်းသပ်ခံခဲ့သူတစ်ဦး၌ ရှင်းမပြနိုင်ဝေဒနာတစ်မျိုး ခံစားရခဲ့ခြင်းကြောင့် လူပေါင်းများစွာဖြင့် နောက်ဆုံးဆင့် စမ်းသပ်ခြင်း အပါအဝင် ကမ္ဘာတစ်ဝန်းတွင် စမ်းသပ်သွားမည့်အစီအစဉ်များကို ရပ်ဆိုင်းထားလိုက်ကြောင်း AstraZeneca ကုမ္ပဏီက ထုတ်ပြန်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။

အောက်စ်ဖို့တက္ကသိုလ်နှင့်အတူ ထုတ်လုပ်နေခဲ့သော အဆိုပါကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကမ္ဘာ့ဦးဆောင် ကာကွယ်ဆေးဖြစ်လာနိုင်သည့်ဆေးအဖြစ် သတ်မှတ်ထားပြီး ထုတ်လုပ်မှုအားဖြင့်လည်း အဆင့်အမြင့်ဆုံးအဖြစ် သတ်မှတ်ထားခြင်းခံရသည့် ဆေးဖြစ်သည်။

အမေရိကန်ပြည်ထောင်စုက လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲမတိုင်မီ ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ရည်မှန်းခဲ့သော်လည်း ယခုကဲ့သို့ စမ်းသပ်မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဆောလျင်စွာ ကာကွယ်ဆေးထုတ်လုပ်နိုင်မည့် အလားအလာ နည်းပါးသွားခဲ့ပြီ ဖြစ်သည်။

ဗြိတိသျှ ဆေးဝါးကုမ္ပဏီ AstraZeneca က ထုတ်ပြန်ရာတွင်လွတ်လပ်သော ကော်မတီတစ်ခုမှ ကာကွယ်ဆေးအပေါ် ဘေးအန္တရာယ်ကင်းရှင်းရေး အချက်အလက်များ သုံးသပ်စစ်ဆေးနိုင်ရန်အတွက် စမ်းသပ်မှုများ ခေတ္တရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

“ဒါက ကာကွယ်ဆေးစမ်းသပ်မှုတွေမှာ ရှင်းမပြနိုင်တဲ့ ဝေဒနာခံစားရမှုဖြစ်တယ်ဆိုတာနဲ့ လုပ်ဆောင်ရမယ့် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ပါတယ်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပါဝင်စမ်းသပ်ခံသူသည် ပြန်လည်ကျန်းမာလာမည်ဟု မျှော်လင့်ရသော်လည်း မည်သည့်ဝေဒနာမျိုးခံစားခဲ့ရသည်ကိုမှု ထုတ်ပြန်ခြင်း မရှိချေ။

နယူးယောက်တိုင်းမ်သတင်းကမူ ယခုဖြစ်ရပ်နှင့် ပတ်သက်သိကျွမ်းနေသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရေးသားဖော်ပြခဲ့ရာတွင် ဗြိတိန်တွင်နေထိုင်သည့် ပါဝင်စမ်းသပ်ခံသူတစ်ဦးသည် ကျောရိုးခြင်ဆီထဲမှ အာရုံကြောရောင်ရမ်းခြင်းရောဂါ transverse myelitis ခံစားခဲ့ရကြောင်း ဖော်ပြသည်။ transverse myelitis သည် ကိုယ်ခံအားစနစ်မတည်ငြိမ်ခြင်းနှင့် ဗိုင်းရပ်စ်ဝင်ရောက်သောအခါတွင် ဖြစ်ပေါ်လေ့ရှိသည်။

အဆိုပါ ဝေဒနာခံစားရမှုသည် AstraZeneca ၏ ကိုဗစ်ကာကွယ်ဆေးနှင့် တိုက်ရိုက်ဆက်နွှယ်မှု ရှိ၊ မရှိကိုမူ မသိရသေးချေ။

ယခုကဲ့သို့ စမ်းသပ်မှု ရပ်ဆိုင်းလိုက်ပြီးနောက် အမေရိကန်တွင် AstraZeneca ကုမ္ပဏီ၏ ရှယ်ယာဈေးမှာ ၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပြီး ပြိုင်ဘက်ကာကွယ်ဆေးကုမ္ပဏီ  Moderna Inc ၏ ရှယ်ယာဈေးမှာ ၄ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

AstraZeneca ၏ အိန္ဒိယမှ ရှယ်ယာဈေးမှာ ၁၂ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့သည်။

AstraZeneca က စမ်းသပ်နေသော AZD1222 အမည်ရှိ ကာကွယ်ဆေးသည် အမေရိကန်၊ ဗြိတိန်၊ ဘရာဇီးနှင့် တောင်အာဖရိကတို့တွင် ပြည်သူများအကြား ကျယ်ပြန့်စွာ စမ်းသပ်ခြင်းများ ပြုလုပ်နေပြီး ဆက်လက်၍လည်း ဂျပန်နှင့် ရုရှားတို့တွင် စမ်းသပ်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာအားဖြင့် လူပေါင်း ၅၀၀၀၀ အထိ စမ်းသပ်သွားရန် စီစဉ်ထားခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: AstraZeneca suspends leading COVID-19 vaccine trials after a participant's illness(reuters)

 

[Zawgyi]

အေမရိကန္၏ Covid-19 ကာကြယ္ေဆးစမ္းသပ္မႈ ရပ္ဆိုင္းသြားျပီ

အေမရိကန္ျပည္ေထာင္စုမွ စမ္းသပ္ေနေသာ AstraZeneca ကုမၸဏီ၏ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို လူအမ်ား ေဘးကင္းလံုျခံဳမႈရွိ၊ မရွိ စမ္းသပ္ရာတြင္ ပါဝင္စမ္းသပ္ခံခဲ့သူတစ္ဦး၌ ရွင္းမျပႏိုင္ေဝဒနာတစ္မ်ဳိး ခံစားရခဲ့ျခင္းေၾကာင့္ လူေပါင္းမ်ားစြာျဖင့္ ေနာက္ဆံုးဆင့္ စမ္းသပ္ျခင္း အပါအဝင္ ကမၻာတစ္ဝန္းတြင္ စမ္းသပ္သြားမည့္အစီအစဥ္မ်ားကို ရပ္ဆိုင္းထားလိုက္ေၾကာင္း AstraZeneca ကုမၸဏီက ထုတ္ျပန္သည္ဟု ရိုက္တာသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ေအာက္စ္ဖို႔တကၠသိုလ္ႏွင့္အတူ ထုတ္လုပ္ေနခဲ့ေသာ အဆုိပါကာကြယ္ေဆးကို ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က ကမၻာ့ဦးေဆာင္ ကာကြယ္ေဆးျဖစ္လာႏိုင္သည့္ေဆးအျဖစ္ သတ္မွတ္ထားျပီး ထုတ္လုပ္မႈအားျဖင့္လည္း အဆင့္အျမင့္ဆံုးအျဖစ္ သတ္မွတ္ထားျခင္းခံရသည့္ ေဆးျဖစ္သည္။

အေမရိကန္ျပည္ေထာင္စုက လာမည့္ႏိုဝင္ဘာလတြင္ က်င္းပမည့္ သမၼတေရြးေကာက္ပြဲမတိုင္မီ ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္ ရည္မွန္းခဲ့ေသာ္လည္း ယခုကဲ့သို႔ စမ္းသပ္မႈ ရပ္ဆိုင္းလိုက္ျခင္းေၾကာင့္ ေဆာလ်င္စြာ ကာကြယ္ေဆးထုတ္လုပ္ႏိုင္မည့္ အလားအလာ နည္းပါးသြားခဲ့ျပီ ျဖစ္သည္။

ျဗိတိသွ် ေဆးဝါးကုမၸဏီ AstraZeneca က ထုတ္ျပန္ရာတြင္လြတ္လပ္ေသာ ေကာ္မတီတစ္ခုမွ ကာကြယ္ေဆးအေပၚ ေဘးအႏၱရာယ္ကင္းရွင္းေရး အခ်က္အလက္မ်ား သံုးသပ္စစ္ေဆးႏိုင္ရန္အတြက္ စမ္းသပ္မႈမ်ား ေခတၱရပ္ဆိုင္းလိုက္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္သည္။

“ဒါက ကာကြယ္ေဆးစမ္းသပ္မႈေတြမွာ ရွင္းမျပႏိုင္တဲ့ ေဝဒနာခံစားရမႈျဖစ္တယ္ဆိုတာနဲ႔ လုပ္ေဆာင္ရမယ့္ လုပ္ရိုးလုပ္စဥ္တစ္ခု ျဖစ္ပါတယ္” ဟု ကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ပါဝင္စမ္းသပ္ခံသူသည္ ျပန္လည္က်န္းမာလာမည္ဟု ေမွ်ာ္လင့္ရေသာ္လည္း မည္သည့္ေဝဒနာမ်ဳိးခံစားခဲ့ရသည္ကိုမႈ ထုတ္ျပန္ျခင္း မရွိေခ်။

နယူးေယာက္တိုင္းမ္သတင္းကမူ ယခုျဖစ္ရပ္ႏွင့္ ပတ္သက္သိကၽြမ္းေနသူတစ္ဦး၏ ေျပာၾကားခ်က္ကို ကိုးကားျပီး ေရးသားေဖာ္ျပခဲ့ရာတြင္ ျဗိတိန္တြင္ေနထိုင္သည့္ ပါဝင္စမ္းသပ္ခံသူတစ္ဦးသည္ ေက်ာရိုးျခင္ဆီထဲမွ အာရံုေၾကာေရာင္ရမ္းျခင္းေရာဂါ transverse myelitis ခံစားခဲ့ရေၾကာင္း ေဖာ္ျပသည္။ transverse myelitis သည္ ကိုယ္ခံအားစနစ္မတည္ျငိမ္ျခင္းႏွင့္ ဗိုင္းရပ္စ္ဝင္ေရာက္ေသာအခါတြင္ ျဖစ္ေပၚေလ့ရွိသည္။

အဆုိပါ ေဝဒနာခံစားရမႈသည္ AstraZeneca ၏ ကိုဗစ္ကာကြယ္ေဆးႏွင့္ တိုက္ရိုက္ဆက္ႏႊယ္မႈ ရွိ၊ မရွိကိုမူ မသိရေသးေခ်။

ယခုကဲ့သို႔ စမ္းသပ္မႈ ရပ္ဆိုင္းလိုက္ျပီးေနာက္ အေမရိကန္တြင္ AstraZeneca ကုမၸဏီ၏ ရွယ္ယာေစ်းမွာ ၈ ရာခိုင္ႏႈန္းေက်ာ္ က်ဆင္းသြားခဲ့ျပီး ျပိဳင္ဘက္ကာကြယ္ေဆးကုမၸဏီ  Moderna Inc ၏ ရွယ္ယာေစ်းမွာ ၄ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့သည္။

AstraZeneca ၏ အိႏိၵယမွ ရွယ္ယာေစ်းမွာ ၁၂ ရာခိုင္ႏႈန္းေက်ာ္အထိ က်ဆင္းသြားခဲ့သည္။

AstraZeneca က စမ္းသပ္ေနေသာ AZD1222 အမည္ရွိ ကာကြယ္ေဆးသည္ အေမရိကန္၊ ျဗိတိန္၊ ဘရာဇီးႏွင့္ ေတာင္အာဖရိကတို႔တြင္ ျပည္သူမ်ားအၾကား က်ယ္ျပန္႔စြာ စမ္းသပ္ျခင္းမ်ား ျပဳလုပ္ေနျပီး ဆက္လက္၍လည္း ဂ်ပန္ႏွင့္ ရုရွားတို႔တြင္ စမ္းသပ္သြားရန္ စီစဥ္ထားျခင္း ျဖစ္သည္။

ကမၻာတစ္ဝန္းလံုး အတိုင္းအတာအားျဖင့္ လူေပါင္း ၅၀၀၀၀ အထိ စမ္းသပ္သြားရန္ စီစဥ္ထားခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: AstraZeneca suspends leading COVID-19 vaccine trials after a participant's illness(reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service