ကိုဗစ်ကာလအတွင်း အစိုးရက ပြည်သူလူထုကို ထောက်ပံ့ငွေ စုစုပေါင်း ကျပ်ဘီလီယံ ၁၉၀၀ ကျော်ရှိဟု ပြည်ထောင်စုဝန်ကြီးပြော

ကိုဗစ်ကာလအတွင်း အစိုးရက ပြည်သူလူထုကို ထောက်ပံ့ငွေ စုစုပေါင်း ကျပ်ဘီလီယံ ၁၉၀၀ ကျော်ရှိဟု ပြည်ထောင်စုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
10 Sep 2020 11:30 am တွင် တင်ခဲ့သည်
594 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်ကာလအတွင်း အစိုးရက ပြည်သူလူထုသို့ထောက်ပံ့ငွေနှင့် စီးပွားရေးလုပ်ငန်းများသို့ ထုတ်ချေးငွေ စုစုပေါင်း ကျပ်ဘီလီယံ ၁၉၀၀ကျော်ရှိသည်ဟု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများ အပေါ်ကုစားရေး လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

ထိုစာရင်းပမာဏသည် ၂၀၂၀ စက်တင်ဘာ ၄ ရက်နေ့အထိဖြစ်ပြီး ဝင်ငွေနည်းအိမ်ထောင်စုများကို ထောက်ပံ့ခြင်းအပါအဝင် ကဏ္ဍ ၁၀ ခုတွင် အထက်ပါပမာဏကို ထောက်ပံ့ခြင်းနှင့်ချေးငွေပေးခြင်းတို့ ဖြစ်သည်။

၎င်းတို့မှာ ဝင်ငွေနည်းပြည်သူများအတွက် သုံးကြိမ်‌ထောက်ပံ့ငွေ- ကျပ်ဘီလီယံ ၄၀၂ ကျော်ရှိသည်ဟု ဝန်ကြီးကဆိုသည်။ ဝင်ငွေနည်းပါးသည့် အိမ်ထောင်စုများသို့ ပထမအကြိမ် ထောက်ပံ့ကြေးအဖြစ် ကျပ် ၇၁ဘီလီယံကျော် ဒုတိယအကြိမ်အဖြစ် ကျပ် ၂၁၈ဘီလီယံကျော်နှင့် တတိယအကြိမ်အဖြစ် ကျပ် ၁၁၃ ဘီလီယံကျော် တို့ဖြစ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထောက်ပံ့ဆောင်ရွက်ငွေ ကျပ် ၉၂.၆၁၂ ဘီလီယံဖြစ်သည်။

သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်းပုဂ္ဂိုလ်များအပါအဝင် ထောက်ပံ့သင့်သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ငွေကျပ် ၃၅.၉၂၃ ဘီလီယံ ထောက်ပံ့ထားသည်ဟု ဝန်ကြီးကပြောသည်။

ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးပြုရန်ကျပ် ၂၆၇.၉၀၃ ဘီလီယံ ဖြစ်သည်။

စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များသို့ ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ ၊ အသေးစားချေးငွေ လုပ်ငန်းများသို့ ထုတ်ချေးငွေ ကျပ် ၁၀၀ ဘီလီယံ၊ COVID-19 Fund မှ စီးပွားရေးလုပ်ငန်းများကို ထုတ်ချေးငွေ ကျပ် ၂၀၀ ဘီလီယံ ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေးငွေ ကျပ် ၆၀၀ ဘီလီယံ ၊၂၀၂၀ ဧပြီ၊ မေလနှင့် ဇွန်လများအတွက် လျှပ်စစ်ဓာတ်အားခများ အတွက် ထောက်ပံ့ငွေ ကျပ် ၁၀၇.၃၇၉ ဘီလီယံနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားခ ထောက်ပံ့ငွေ ကျပ် ၁.၅၁၈ ဘီလီယံ တို့ထောက်ပံ့ခြင်းဖြစ်သည်ဟု ဝန်ကြီးကဆိုသည်။

ထိုပြင် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများသို့ သီးခြားအစီအစဉ်ဖြင့် ချေးငွေထုတ်ပေးမည်ဖြစ်မည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက အခွန်ဆိုင်ရာ ဖြေလျော့မှုအဖြစ် ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်ဖြေလျော့ပေးခြင်းနှင့် နိုင်ငံဝန်ထမ်းများကို အောက်တိုဘာမှ စတင်ပြီး နှစ်လစာထုတ်ချေးမည်ဟုဆိုသည်။

လုပ်ငန်းကော်မတီဥက္ကဌဦးသောင်းထွန်းက COVID-19 Fund မှ ဒုတိယအကြိမ် ချေးငွေပေးအပ်ရန် ၂၀၂၀ ဇူလိုင်လ ၂၇ ရက်တွင် လျှောက်လွှာများကို စတင်လက်ခံခဲ့ပြီး ချေးငွေများဆောလျင်စွာ ထုတ်ပေးနိုင်ရန် စိစစ်ဆောင်ရွက်လျှက်သည်ဟု ဆိုသည်။

ထိုပြင် COVID-19 ပြန့်ပွားမှုသည် ဩဂုတ်လမှစတင်၍ ထပ်မံဖြစ်ပေါ်လျှက်ရှိသဖြင့် ထပ်မံပေါ်ပေါက်နိုင်သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့် ပတ်သက်၍ ကြိုတင်သုံးသပ်ကာ အချိန်မီ ကုစားဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရန် ဝန်ကြီးကဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုဗစ္ကာလအတြင္း အစိုးရက ျပည္သူလူထုကို ေထာက္ပံ့ေငြ စုစုေပါင္း က်ပ္ဘီလီယံ ၁၉၀၀ ေက်ာ္႐ွိဟု ျပည္ေထာင္စုဝန္ႀကီးေျပာ

ကိုဗစ္ကာလအတြင္း အစိုးရက ျပည္သူလူထုသို႔ေထာက္ပံ့ေငြႏွင့္ စီးပြားေရးလုပ္ငန္းမ်ားသို႔ ထုတ္ေခ်းေငြ စုစုေပါင္း က်ပ္ဘီလီယံ ၁၉၀၀ေက်ာ္႐ွိသည္ဟု COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ေရာက္မႈမ်ား အေပၚကုစားေရး လုပ္ငန္းေကာ္မတီ ဥကၠဌ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေျပာသည္။

ထိုစာရင္းပမာဏသည္ ၂၀၂၀ စက္တင္ဘာ ၄ ရက္ေန႔အထိျဖစ္ၿပီး ဝင္ေငြနည္းအိမ္ေထာင္စုမ်ားကို ေထာက္ပံ့ျခင္းအပါအဝင္ က႑ ၁၀ ခုတြင္ အထက္ပါပမာဏကို ေထာက္ပံ့ျခင္းႏွင့္ေခ်းေငြေပးျခင္းတို႔ ျဖစ္သည္။

၎တို႔မွာ ဝင္ေငြနည္းျပည္သူမ်ားအတြက္ သုံးႀကိမ္‌ေထာက္ပံ့ေငြ- က်ပ္ဘီလီယံ ၄၀၂ ေက်ာ္႐ွိသည္ဟု ဝန္ႀကီးကဆိုသည္။ ဝင္ေငြနည္းပါးသည့္ အိမ္ေထာင္စုမ်ားသို႔ ပထမအႀကိမ္ ေထာက္ပံ့ေၾကးအျဖစ္ က်ပ္ ၇၁ဘီလီယံေက်ာ္ ဒုတိယအႀကိမ္အျဖစ္ က်ပ္ ၂၁၈ဘီလီယံေက်ာ္ႏွင့္ တတိယအႀကိမ္အျဖစ္ က်ပ္ ၁၁၃ ဘီလီယံေက်ာ္ တို႔ျဖစ္သည္။

စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးက႑ႏွင့္ပတ္သက္၍ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနက ေထာက္ပံ့ေဆာင္႐ြက္ေငြ က်ပ္ ၉၂.၆၁၂ ဘီလီယံျဖစ္သည္။

သက္ႀကီး႐ြယ္အိုမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ စစ္ေဘးေ႐ွာင္စခန္းမ်ား႐ွိ ျပည္သူမ်ားႏွင့္ မသန္စြမ္းပုဂၢိဳလ္မ်ားအပါအဝင္ ေထာက္ပံ့သင့္သည့္ ျပည္သူမ်ားအတြက္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ေထာက္ပံ့ေငြက်ပ္ ၃၅.၉၂၃ ဘီလီယံ ေထာက္ပံ့ထားသည္ဟု ဝန္ႀကီးကေျပာသည္။

က်န္းမာေရးဆိုင္ရာ လုပ္ငန္းမ်ားအတြက္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက အသုံးျပဳရန္က်ပ္ ၂၆၇.၉၀၃ ဘီလီယံ ျဖစ္သည္။

စားေသာက္ဆိုင္ႏွင့္ လက္ဘက္ရည္ဆိုင္မ်ားသို႔ ထုတ္ေခ်းေငြ က်ပ္ ၁၀၀ ဘီလီယံ ၊ အေသးစားေခ်းေငြ လုပ္ငန္းမ်ားသို႔ ထုတ္ေခ်းေငြ က်ပ္ ၁၀၀ ဘီလီယံ၊ COVID-19 Fund မွ စီးပြားေရးလုပ္ငန္းမ်ားကို ထုတ္ေခ်းေငြ က်ပ္ ၂၀၀ ဘီလီယံ ၊ ျမန္မာ့လယ္ယာဖြံ႕ၿဖိဳးေရးဘဏ္မွ ေတာင္သူမ်ားသို႔ ထုတ္ေခ်းေငြ က်ပ္ ၆၀၀ ဘီလီယံ ၊၂၀၂၀ ဧၿပီ၊ ေမလႏွင့္ ဇြန္လမ်ားအတြက္ လွ်ပ္စစ္ဓာတ္အားခမ်ား အတြက္ ေထာက္ပံ့ေငြ က်ပ္ ၁၀၇.၃၇၉ ဘီလီယံႏွင့္ တနသၤာရီတိုင္းေဒသႀကီးအတြင္း႐ွိ ျပည္သူမ်ားအတြက္ လွ်ပ္စစ္ဓာတ္အားခ ေထာက္ပံ့ေငြ က်ပ္ ၁.၅၁၈ ဘီလီယံ တို႔ေထာက္ပံ့ျခင္းျဖစ္သည္ဟု ဝန္ႀကီးကဆိုသည္။

ထိုျပင္ ႐ုပ္႐ွင္၊ ဂီတ၊ သဘင္၊ စာနယ္ဇင္းႏွင့္ မီဒီယာလုပ္ငန္းမ်ားသို႔ သီးျခားအစီအစဥ္ျဖင့္ ေခ်းေငြထုတ္ေပးမည္ျဖစ္မည္ဟု ဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

စီမံကိန္း၊ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးဦးစိုးဝင္းက အခြန္ဆိုင္ရာ ေျဖေလ်ာ့မႈအျဖစ္ ဝင္ေငြခြန္ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာလကုန္ေျဖေလ်ာ့ေပးျခင္းႏွင့္ ႏိုင္ငံဝန္ထမ္းမ်ားကို ေအာက္တိုဘာမွ စတင္ၿပီး ႏွစ္လစာထုတ္ေခ်းမည္ဟုဆိုသည္။

လုပ္ငန္းေကာ္မတီဥကၠဌဦးေသာင္းထြန္းက COVID-19 Fund မွ ဒုတိယအႀကိမ္ ေခ်းေငြေပးအပ္ရန္ ၂၀၂၀ ဇူလိုင္လ ၂၇ ရက္တြင္ ေလွ်ာက္လႊာမ်ားကို စတင္လက္ခံခဲ့ၿပီး ေခ်းေငြမ်ားေဆာလ်င္စြာ ထုတ္ေပးႏိုင္ရန္ စိစစ္ေဆာင္႐ြက္လွ်က္သည္ဟု ဆိုသည္။

ထိုျပင္ COVID-19 ျပန္႔ပြားမႈသည္ ဩဂုတ္လမွစတင္၍ ထပ္မံျဖစ္ေပၚလွ်က္႐ွိသျဖင့္ ထပ္မံေပၚေပါက္ႏိုင္သည့္ စီးပြားေရးဆိုင္ရာ သက္ေရာက္မႈမ်ားႏွင့္ ပတ္သက္၍ ႀကိဳတင္သုံးသပ္ကာ အခ်ိန္မီ ကုစားေဆာင္႐ြက္ႏိုင္ေရး ျပင္ဆင္ထားရန္ ဝန္ႀကီးကဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service