ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းပေး

ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းပေး - Property News in Myanmar from iMyanmarHouse.com
9 Sep 2020 11:02 am တွင် တင်ခဲ့သည်
1778 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် စီးပွားရေးလုပ်ငန်းများပေး ဆောင်ရမည့် အခွန်နှစ်မျိုးကို COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ဒီဇင်ဘာလကုန်အထိ အချိန်တိုးမြှင့်ရွှေ့ဆိုင်းပေးကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

သုံးလတစ်ကြိမ် ပေးဆောင်ရသည့် ဝင်ငွေခွန်နှင့် လစဉ်ပေး ဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို အချိန်တိုးမြှင့်ပေး ခြင်းဖြစ်သည်။မြန်မာနိုင်ငံရှိ လက်ခစားလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် အခွန်ပေးဆောင်ချိန်ကို ရွှေ့ဆိုင်းပေး ခြင်းဖြစ်သည်။

၂၀၁၉ အောက်တိုဘာ ၁ ရက်ကစတင်ပြီး ၂၀၂၀ စက်တင်ဘာ ၃၀ ရက်တွင် အဆုံးသတ်မည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွက် ပုံမှန်အခွန်ထမ်းဆောင်ရမည်ဆိုပါက စက်တင်ဘာလကုန်အပြီး လုပ်ဆောင်ရမည်ဖြစ်သည်။

နိုင်ငံတော်သည် အခွန်ရရှိ ရေးတစ်ခုတည်းကိုသာကြည့်ပြီး အခွန်မူဝါဒများချမှတ်ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားများ၏ လိုအပ်ချက်၊ အခြေအနေနှင့် အချိန်အခါများအရ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိ ကြောင်း ဩဂုတ် ၁၀ ရက် ၂၀၁၈ -၁၉ စည်းကြပ်နှစ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်အများဆုံးပေးဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားထားသည်။

အခွန်စနစ်ကို ရှင်းလင်းလွယ်ကူခြင်း၊ တရားမျှတမှုရှိခြင်း၊ တိကျမှန်ကန်ခြင်း၊ ကုန်ကျစရိတ် သက်သာခြင်း၊ ကြိုတင်ခန့်မှန်း နိုင်ခြင်းစသည့် အခြေခံအချက်များနှင့် ပြည့်စုံစေရန် ဆောင်ရွက်ပေးနေသည်ဟု သမ္မတကပြောသည်။

ဧပြီ ၂၇ ရက်တွင် အစိုးရက ထုတ်ပြန်သော COVID-19 စီးပွားရေးကုစားမှုအစီအစဉ်၏ ပန်းတိုင် (၂) တွင်ပါဝင်သော ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုဖြေလျှော့ပေးရေး အစီစဉ်တွင် အခွန်ဖြေလျှော့မှုများနှင့်ပတ်သက်၍ ဖော်ပြထားသည်။

မူလအစီအစဉ်က ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် အခွန်များပေး ဆောင်ရန် ရည်ရွယ်ခဲ့သော်လည်း ကပ်ရောဂါ တစ်ကျော့ပြန်ကူးစက်မှု မြင့်တက်လာခြင်းကြောင့် အချိန်ထပ်မံတိုးပေးခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘ဘာမှထူးတာမဟုတ်ဘူး။ လက်ရှိအခွန်ကို နောက်ဆုတ်ပေး တာ’’ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်း ချရေးလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကပြောသည်။

အခွန် အချိန်ရွှေ့ဆိုင်းပေး ပြီးနောက် တပေါင်းတစည်းစုစည်းကောက်ခံပါက အခွန်ပေးဆောင်ရမည့်ပမာဏများလာမည်ဆိုလျှင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အခက်အခဲဖြစ်နိုင်သည်ဟု ၎င်းကဆိုသည်။

လက်ရှိ ပို့ကုန်လုပ်ငန်းရှင် အချို့သည် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ရမည်ဆိုသည့်အသိ ရှိနေခြင်းကြောင့် ဈေးလျှော့ရောင်းချမှုများရှိနေသည်ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

ရောင်းချသည့် ကုန်စည်အပေါ်တွင် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနုတ်ပြီး ရောင်းချခြင်း ဖြစ်သည်။ ထို့အပြင် အခွန်နှင့် ပတ်သက်၍ အစိုးရ၏ ကြေညာချက်များ ယခုထက် ပိုမိုသိရှိနားလည်ရန် ရှင်းလင်းတိကျစွာ ရေးသားဖော်ပြသင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဝင္ေငြခြန္ႏွင့္ ကုန္သြယ္လုပ္ငန္းခြန္မ်ားကို ဒီဇင္ဘာလအထိ ေ႐ႊ႕ဆိုင္းေပး

ဘ႑ာႏွစ္ကုန္ဆုံးခ်ိန္တြင္ စီးပြားေရးလုပ္ငန္းမ်ားေပး ေဆာင္ရမည့္ အခြန္ႏွစ္မ်ိဳးကို COVID-19 ကပ္ေရာဂါေၾကာင့္ ၂၀၂၀ ဒီဇင္ဘာလကုန္အထိ အခ်ိန္တိုးျမႇင့္ေ႐ႊ႕ဆိုင္းေပးေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနက စက္တင္ဘာ ၇ ရက္စြဲျဖင့္ ေၾကညာခ်က္ထုတ္ျပန္သည္။

သုံးလတစ္ႀကိမ္ ေပးေဆာင္ရသည့္ ဝင္ေငြခြန္ႏွင့္ လစဥ္ေပး ေဆာင္ရမည့္ ကုန္သြယ္လုပ္ငန္းခြန္မ်ားကို အခ်ိန္တိုးျမႇင့္ေပး ျခင္းျဖစ္သည္။ျမန္မာႏိုင္ငံ႐ွိ လက္ခစားလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ ခရီးသြားလာေရးလုပ္ငန္းမ်ား၊ အေသးစားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားအတြက္ အခြန္ေပးေဆာင္ခ်ိန္ကို ေ႐ႊ႕ဆိုင္းေပး ျခင္းျဖစ္သည္။

၂၀၁၉ ေအာက္တိုဘာ ၁ ရက္ကစတင္ၿပီး ၂၀၂၀ စက္တင္ဘာ ၃၀ ရက္တြင္ အဆုံးသတ္မည့္ ၂၀၁၉-၂၀ ဘ႑ာႏွစ္အတြက္ ပုံမွန္အခြန္ထမ္းေဆာင္ရမည္ဆိုပါက စက္တင္ဘာလကုန္အၿပီး လုပ္ေဆာင္ရမည္ျဖစ္သည္။

ႏိုင္ငံေတာ္သည္ အခြန္ရ႐ွိ ေရးတစ္ခုတည္းကိုသာၾကည့္ၿပီး အခြန္မူဝါဒမ်ားခ်မွတ္ေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ႏိုင္ငံသူႏိုင္ငံသားမ်ား၏ လိုအပ္ခ်က္၊ အေျခအေနႏွင့္ အခ်ိန္အခါမ်ားအရ ေျပာင္းလြယ္ျပင္လြယ္ျဖစ္ေအာင္ စီမံေဆာင္႐ြက္လ်က္႐ွိ ေၾကာင္း ဩဂုတ္ ၁၀ ရက္ ၂၀၁၈ -၁၉ စည္းၾကပ္ႏွစ္ ဝင္ေငြခြန္၊ ကုန္သြယ္လုပ္ငန္းခြန္ႏွင့္ အထူးကုန္စည္ခြန္အမ်ားဆုံးေပးေဆာင္ခဲ့သူမ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခ်ီးျမႇင့္ျခင္းအခမ္းအနားတြင္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားထားသည္။

အခြန္စနစ္ကို ႐ွင္းလင္းလြယ္ကူျခင္း၊ တရားမွ်တမႈ႐ွိျခင္း၊ တိက်မွန္ကန္ျခင္း၊ ကုန္က်စရိတ္ သက္သာျခင္း၊ ႀကိဳတင္ခန္႔မွန္း ႏိုင္ျခင္းစသည့္ အေျခခံအခ်က္မ်ားႏွင့္ ျပည့္စုံေစရန္ ေဆာင္႐ြက္ေပးေနသည္ဟု သမၼတကေျပာသည္။

ဧၿပီ ၂၇ ရက္တြင္ အစိုးရက ထုတ္ျပန္ေသာ COVID-19 စီးပြားေရးကုစားမႈအစီအစဥ္၏ ပန္းတိုင္ (၂) တြင္ပါဝင္ေသာ ပုဂၢလိကစီးပြားေရးလုပ္ငန္းမ်ားအေပၚ သက္ေရာက္မႈေျဖေလွ်ာ့ေပးေရး အစီစဥ္တြင္ အခြန္ေျဖေလွ်ာ့မႈမ်ားႏွင့္ပတ္သက္၍ ေဖာ္ျပထားသည္။

မူလအစီအစဥ္က ဘ႑ာႏွစ္ကုန္ဆုံးခ်ိန္တြင္ အခြန္မ်ားေပး ေဆာင္ရန္ ရည္႐ြယ္ခဲ့ေသာ္လည္း ကပ္ေရာဂါ တစ္ေက်ာ့ျပန္ကူးစက္မႈ ျမင့္တက္လာျခင္းေၾကာင့္ အခ်ိန္ထပ္မံတိုးေပးျခင္းျဖစ္သည္ဟု စီးပြားေရးလုပ္ငန္း႐ွင္အခ်ိဳ႕က ဆိုသည္။

‘‘ဘာမွထူးတာမဟုတ္ဘူး။ လက္႐ွိအခြန္ကို ေနာက္ဆုတ္ေပး တာ’’ဟု ျမန္မာ့ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးႏွင့္ျဖန္႔ျဖဴးေရာင္း ခ်ေရးလုပ္ငန္း႐ွင္အသင္းဥကၠ႒ ေဒါက္တာစိုးထြန္းကေျပာသည္။

အခြန္ အခ်ိန္ေ႐ႊ႕ဆိုင္းေပး ၿပီးေနာက္ တေပါင္းတစည္းစုစည္းေကာက္ခံပါက အခြန္ေပးေဆာင္ရမည့္ပမာဏမ်ားလာမည္ဆိုလွ်င္ စီးပြားေရးလုပ္ငန္း႐ွင္မ်ားအတြက္ အခက္အခဲျဖစ္ႏိုင္သည္ဟု ၎ကဆိုသည္။

လက္႐ွိ ပို႔ကုန္လုပ္ငန္း႐ွင္ အခ်ိဳ႕သည္ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္း ကင္းလြတ္ခြင့္ရမည္ဆိုသည့္အသိ ႐ွိေနျခင္းေၾကာင့္ ေဈးေလွ်ာ့ေရာင္းခ်မႈမ်ား႐ွိေနသည္ဟု ေဒါက္တာစိုးထြန္းက ေျပာသည္။

ေရာင္းခ်သည့္ ကုန္စည္အေပၚတြင္ ႀကိဳတင္ဝင္ေငြခြန္ ၂ ရာခိုင္ႏႈန္းႏုတ္ၿပီး ေရာင္းခ်ျခင္း ျဖစ္သည္။ ထို႔အျပင္ အခြန္ႏွင့္ ပတ္သက္၍ အစိုးရ၏ ေၾကညာခ်က္မ်ား ယခုထက္ ပိုမိုသိ႐ွိနားလည္ရန္ ႐ွင္းလင္းတိက်စြာ ေရးသားေဖာ္ျပသင့္သည္ဟု စီးပြားေရးလုပ္ငန္း႐ွင္အခ်ိဳ႕က ေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service