Covid 19 တွေ့ရှိသူ ၉၀ ရာခိုင်နှုန်းတွင် အမှန်အားဖြင့် ဗိုင်းရပ်စ်မရှိကြောင်း ကန်သိပ္ပံပညာရှင်ပြောကြား

Covid 19 တွေ့ရှိသူ ၉၀ ရာခိုင်နှုန်းတွင် အမှန်အားဖြင့် ဗိုင်းရပ်စ်မရှိကြောင်း ကန်သိပ္ပံပညာရှင်ပြောကြား - Property News in Myanmar from iMyanmarHouse.com
8 Sep 2020 12:53 pm တွင် တင်ခဲ့သည်
16207 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

( မူရင်းဆောင်းပါးရှင် ပီတာ အင်ဒရူးစ်သည် အိုင်ယာလန်နိုင်ငံသား သိပ္ပံပညာသတင်းထောက်၊ စာရေးဆရာတစ်ဦးဖြစ်ပြီး လန်ဒန်တွင် အခြေစိုက်နေထိုင်သည်။ ဂလပ်စကိုတက္ကသိုလ်မှ မျိုးဗီဇပညာအဓိကဖြင့် ကျောင်းပြီးခဲ့သည်။)

Covid-19 ဗိုင်းရပ်စ်ကူးစက်မှုကို စစ်ဆေးရန် အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုနေသော စံပြုစမ်းသပ်မှုနည်းလမ်းများသည် အာရုံခံစမ်းသပ်မှု အတိုင်းအတာ (sensitive) အလွန်မြင့်မားနေကြောင်း၊ သို့အတွက် ပေါ့စတစ် (positive ) တွေ့ရှိသည်ဟု သတ်မှတ်ခြင်းခံရသူ အများစုမှာ အမှန်စင်စစ်အားဖြင့် ပိုးမရှိသူ (negative) သာဖြစ်ကြောင်း အမေရိကန်သိပ္ပံပညာရှင်တို့၏ ဖော်ထုတ်ချက်အရ ပေါ်ပေါက်လာသည်။

အဆိုပါဖော်ထုတ်ချက်နှင့် စပ်လျဉ်းပြီး အမေရိကန် Covid စမ်းသပ်မှုစနစ်၏ လျော့ရဲမှုအပေါ် အမေရိကန်ထိပ်တန်း ဗိုင်းရပ်စ်ပညာရှင်များမှာ အံ့အားသင့်ခဲ့ကြရသည်။

ယခုစမ်းသပ်မှုများသည် သာမာန်ရိုးစင်းလှသည့် ပေါ့စတစ် (သို့မဟုတ်) နက်ဂတစ် (“positive or negative”) အဖြေကိုသာ ထုတ်ပေးရာ လူတစ်ဦးချင်းစီ၏ ကူးစက်ခံရမှုအတိုင်းအတာနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ ဘာမှ မသိရချေ။

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် ၃ ခုဖြစ်သော နယူးယောက်၊ နီဗားဒါးနှင့် မက်ဆာချူးဆက်ပြည်နယ်များမှ အချက်အလက်များအရ လူတစ်ဦးစီတွင် ကူးစက်ခံရသည့် ဗိုင်းရပ်စ်ပမာဏကို တွက်ချက်ကြည့်သောအခါ ပေါ့စတစ် (positive) ဟု သတ်မှတ်ထားသူများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ အမှန်စင်စစ်အားဖြင့် နက်ဂတစ် (negative) အဖြေသာ ထုတ်သင့်ကြောင်း တွေ့ရှိခဲ့သည်။

၎င်းတို့သည် အလွန်နည်းပါးလှသော ဗိုင်းရပ်စ်ပမာဏသာ ကူးစက်ခံရရာ အခြားသူများသို့ ပြန်လည်ကူးစက်နိုင်စွမ်းမရှိသည့်အတွက် ၎င်းတို့ကို သီးခြားခွဲထားရန် မလိုအပ်ချေ။

သတင်းမီဒီယာတို့တွင် ကြောက်မက်ဖွယ်ဖော်ပြနေသော နေ့စဉ်လူနာသစ်စာရင်းများ၏ တစိတ်တပိုင်းမျှသာလျှင် Covid-19 လူနာများအဖြစ် သတ်မှတ်နိုင်ပြီး ၎င်းတို့ကို ကုသမှုပေးရန်နှင့် အခြားသူများနှင့်ခွဲထားရန် လိုအပ်သည်ဟု ယခုလေ့လာချက်က ရည်ညွှန်းသည်။

ထိရှလွယ်သောအကြောင်းရပ်

ယင်းသို့ရှိရာ မည်သို့ဖြစ်လာနိုင်သနည်း။

အဖြေကား Covid 19 စမ်းသပ်နေသည့် PCR (Polymerase chain reaction) ၏ အာရုံခံစမ်းသပ်မှု အတိုင်းအတာ (sensitive) အပေါ်တွင် မူတည်နေသည်။ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုကဏ္ဍ လုပ်ဆောင်နေသည့် ကုမ္ပဏီများ၏ မူအပေါ်မူတည်ပြီး အာရုံခံစမ်းသပ်မှု အမျိုးမျိုးကွဲပြားနိုင်သည်။ စမ်းသပ်မှုကုမ္ပဏီအများစုမှာ 40 PCR cycles အထိ အမြင့်မားဆုံးသတ်မှတ်လေ့ရှိကြရာ covid စမ်းသပ်မည့် နမူနာတစ်ခုမှ DNA ၏ အချက်ပြမှုကို အဆ ၄၀ ခန့်အထိ ချဲ့ပစ်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ sensitive အတိုင်းအတာကို ရယ်ဖွယ်လိလိမြှင့်တင်လိုက်ခြင်းအားဖြင့် ဗိုင်းရပ်စ်အသေများ (သို့မဟုတ်) ယခင်ကူးစက်မှုများမှ ကြွင်းကျန်ရစ်သည်များကိုပါ ခြေရာခံကာ ပေါ့စတစ်ဟု အဖြေထုတ်တော့သည်။

ကယ်လီဖိုးနီးယား တက္ကသိုလ် (University of California) မှ ဗိုင်းရပ်စ်ပညာရှင် ပါမောက္ခ ဂျူးလိယက် မော်ရစ်ဆန် (Professor Juliet Morrison) က ပြောကြားရာတွင် 35 PCR cycles ထားရှိလျှင်ပင် မြင့်မားလွန်းနေကြောင်း ပြောကြားသည်။

ယခုကပ်ရောဂါ၏ ပြဿနာအတိုင်းအတာသည် ကျွန်ုပ်တို့ယုံကြည်ထားမှုများအောက် များစွာသေးငယ်ပြီး လော့ဒေါင်းချရန်၊ quarantine လုပ်ရန်နှင့် အလုံးအရင်းစမ်းသပ်မှုများ ပြုလုပ်ရန်အတွက် နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များနှင့် ကမ္ဘာ့သတင်းမီဒီယာတို့က ရေးသားနေသည်များ၏ ၁၀ ပုံ ၁ ပုံခန့်သာရှိသည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးပြဿနာသည် အများယူဆနေသည်အောက် များစွာသေးငယ်သည်ဟုဆိုလိုက်ခြင်းကြောင့် အချို့သူတို့မှာ တုန်လှုပ်သွားနိုင်သည်။

သို့သော် Covid ဖြစ်ပွားမှု ပါဝင်သည့် အချက်အလက်ကိန်းဂဏန်းနှင့် စာရင်းအင်းများအားလုံးကို လစ်လျူရှုထားသူများအတွက်ဆိုလျှင်မူ ဤနေရာတွင် အံ့သြစရာမရှိပါ။

စင်စစ်ကား အဆိုပါကိန်းဂဏန်းများကို ယုံကြည်စရာ မည်သည့်အကြောင်းရင်းမျှ မရှိချေ။

အမေရိကန် FDA က ယခုအခါ ဝန်ခံလာရသည်မှာ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်စစ်ဆေးမှုဆိုင်ရာ ကုမ္ပဏီများသည် ပေါ့စတစ် (positive) နှင့် နက်ဂတစ် (negative) ရလဒ်များကို မည်သည့်စံနှုန်းဖြင့် အဖြေထုတ်နေသည်ကို မသိရကြောင်း၊ ၎င်းတို့ထုတ်ပေးသည့် အချက်အလက်များကိုသာ လက်ခံနေရကြောင်း ဝန်ခံလာသည်။

ထို့ကြောင့် ယခု covid 19 စမ်းသပ်စစ်ဆေးနေပုံများသည် အချိန်ဖြုန်းနေခြင်းသာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို အမှန်တကယ် ကိုယ်စားပြုထင်ဟပ်နေသည့် အချက်အလက်များမဟုတ်ကြောင်း ယခုတွေ့ရှိချက်က ဖော်ပြသည်။

ထို့အပြင် နောက်ဆုံးရရှိသော အချက်အလက်များအရ အင်္ဂလန်တွင် ဇူလိုင်လအတွင်း လူသေဆုံးမှု အများဆုံး ရောဂါ ၁၀ မျိုးစာရင်း၌ Covid 19 မှာ နံပါတ် ၈ နေရာတွင်သာ ရပ်တည်နေပြီး ဝေလပြည်နယ်တွင်ဆိုလျှင် ထိပ်ဆုံး ရောဂါ ၁၀ မျိုး စာရင်းတွင်ပင် ပါဝင်ခြင်း မရှိချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Up to 90% of people who test positive for Covid barely carry any virus & are not contagious. Every stat about the disease is bogus (RT)

 

[Zawgyi]

Covid 19 ေတြ႔ရွိသူ ၉၀ ရာခိုင္ႏႈန္းတြင္ အမွန္အားျဖင့္ ဗုိင္းရပ္စ္မရွိေၾကာင္း ကန္သိပၸံပညာရွင္ေျပာၾကား

( မူရင္းေဆာင္းပါးရွင္ ပီတာ အင္ဒရူးစ္သည္ အိုင္ယာလန္ႏိုင္ငံသား သိပၸံပညာသတင္းေထာက္၊ စာေရးဆရာတစ္ဦးျဖစ္ျပီး လန္ဒန္တြင္ အေျခစိုက္ေနထိုင္သည္။ ဂလပ္စကိုတကၠသိုလ္မွ မ်ဳိးဗီဇပညာအဓိကျဖင့္ ေက်ာင္းျပီးခဲ့သည္။)

Covid-19 ဗိုင္းရပ္စ္ကူးစက္မႈကို စစ္ေဆးရန္ အေမရိကန္ျပည္ေထာင္စုတြင္ အသံုးျပဳေနေသာ စံျပဳစမ္းသပ္မႈနည္းလမ္းမ်ားသည္ အာရံုခံစမ္းသပ္မႈ အတိုင္းအတာ (sensitive) အလြန္ျမင့္မားေနေၾကာင္း၊ သို႔အတြက္ ေပါ့စတစ္ (positive ) ေတြ႔ရွိသည္ဟု သတ္မွတ္ျခင္းခံရသူ အမ်ားစုမွာ အမွန္စင္စစ္အားျဖင့္ ပိုးမရွိသူ (negative) သာျဖစ္ေၾကာင္း အေမရိကန္သိပၸံပညာရွင္တို႔၏ ေဖာ္ထုတ္ခ်က္အရ ေပၚေပါက္လာသည္။

အဆိုပါေဖာ္ထုတ္ခ်က္ႏွင့္ စပ္လ်ဥ္းျပီး အေမရိကန္ Covid စမ္းသပ္မႈစနစ္၏ ေလ်ာ့ရဲမႈအေပၚ အေမရိကန္ထိပ္တန္း ဗိုင္းရပ္စ္ပညာရွင္မ်ားမွာ အံ့အားသင့္ခဲ့ၾကရသည္။

ယခုစမ္းသပ္မႈမ်ားသည္ သာမာန္ရိုးစင္းလွသည့္ ေပါ့စတစ္ (သို႔မဟုတ္) နက္ဂတစ္ (“positive or negative”) အေျဖကိုသာ ထုတ္ေပးရာ လူတစ္ဦးခ်င္းစီ၏ ကူးစက္ခံရမႈအတိုင္းအတာႏွင့္ ပတ္သက္ျပီး ကၽြႏု္ပ္တို႔ ဘာမွ မသိရေခ်။

အေမရိကန္ျပည္ေထာင္စုရွိ ျပည္နယ္ ၃ ခုျဖစ္ေသာ နယူးေယာက္၊ နီဗားဒါးႏွင့္ မက္ဆာခ်ဴးဆက္ျပည္နယ္မ်ားမွ အခ်က္အလက္မ်ားအရ လူတစ္ဦးစီတြင္ ကူးစက္ခံရသည့္ ဗိုင္းရပ္စ္ပမာဏကို တြက္ခ်က္ၾကည့္ေသာအခါ ေပါ့စတစ္ (positive) ဟု သတ္မွတ္ထားသူမ်ား၏ ၉၀ ရာခိုင္ႏႈန္းေက်ာ္မွာ အမွန္စင္စစ္အားျဖင့္ နက္ဂတစ္ (negative) အေျဖသာ ထုတ္သင့္ေၾကာင္း ေတြ႔ရွိခဲ့သည္။

၎တို႔သည္ အလြန္နည္းပါးလွေသာ ဗိုင္းရပ္စ္ပမာဏသာ ကူးစက္ခံရရာ အျခားသူမ်ားသို႔ ျပန္လည္ကူးစက္ႏိုင္စြမ္းမရွိသည့္အတြက္ ၎တို႔ကို သီးျခားခြဲထားရန္ မလိုအပ္ေခ်။

သတင္းမီဒီယာတို႔တြင္ ေၾကာက္မက္ဖြယ္ေဖာ္ျပေနေသာ ေန႔စဥ္လူနာသစ္စာရင္းမ်ား၏ တစိတ္တပိုင္းမွ်သာလွ်င္ Covid-19 လူနာမ်ားအျဖစ္ သတ္မွတ္ႏိုင္ျပီး ၎တို႔ကို ကုသမႈေပးရန္ႏွင့္ အျခားသူမ်ားႏွင့္ခြဲထားရန္ လိုအပ္သည္ဟု ယခုေလ့လာခ်က္က ရည္ညႊန္းသည္။

ထိရွလြယ္ေသာအေၾကာင္းရပ္

ယင္းသုိ႔ရွိရာ မည္သုိ႔ျဖစ္လာႏိုင္သနည္း။

အေျဖကား Covid 19 စမ္းသပ္ေနသည့္ PCR (Polymerase chain reaction) ၏ အာရံုခံစမ္းသပ္မႈ အတိုင္းအတာ (sensitive) အေပၚတြင္ မူတည္ေနသည္။ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးမႈက႑ လုပ္ေဆာင္ေနသည့္ ကုမၸဏီမ်ား၏ မူအေပၚမူတည္ျပီး အာရံုခံစမ္းသပ္မႈ အမ်ဳိးမ်ဳိးကြဲျပားႏိုင္သည္။ စမ္းသပ္မႈကုမၸဏီအမ်ားစုမွာ 40 PCR cycles အထိ အျမင့္မားဆံုးသတ္မွတ္ေလ့ရွိၾကရာ covid စမ္းသပ္မည့္ နမူနာတစ္ခုမွ DNA ၏ အခ်က္ျပမႈကို အဆ ၄၀ ခန္႔အထိ ခ်ဲ႕ပစ္လိုက္ျခင္း ျဖစ္သည္။

ယင္းသို႔ sensitive အတိုင္းအတာကို ရယ္ဖြယ္လိလိျမွင့္တင္လိုက္ျခင္းအားျဖင့္ ဗိုင္းရပ္စ္အေသမ်ား (သို႔မဟုတ္) ယခင္ကူးစက္မႈမ်ားမွ ၾကြင္းက်န္ရစ္သည္မ်ားကိုပါ ေျခရာခံကာ ေပါ့စတစ္ဟု အေျဖထုတ္ေတာ့သည္။

ကယ္လီဖုိးနီးယား တကၠသုိလ္ (University of California) မွ ဗိုင္းရပ္စ္ပညာရွင္ ပါေမာကၡ ဂ်ဴးလိယက္ ေမာ္ရစ္ဆန္ (Professor Juliet Morrison) က ေျပာၾကားရာတြင္ 35 PCR cycles ထားရွိလွ်င္ပင္ ျမင့္မားလြန္းေနေၾကာင္း ေျပာၾကားသည္။

ယခုကပ္ေရာဂါ၏ ျပႆနာအတိုင္းအတာသည္ ကၽြႏု္ပ္တို႔ယံုၾကည္ထားမႈမ်ားေအာက္ မ်ားစြာေသးငယ္ျပီး ေလာ့ေဒါင္းခ်ရန္၊ quarantine လုပ္ရန္ႏွင့္ အလံုးအရင္းစမ္းသပ္မႈမ်ား ျပဳလုပ္ရန္အတြက္ ႏိုင္ငံေရးနယ္ပယ္မွပုဂၢိဳလ္မ်ားႏွင့္ ကမၻာ့သတင္းမီဒီယာတို႔က ေရးသားေနသည္မ်ား၏ ၁၀ ပံု ၁ ပံုခန္႔သာရွိသည္ဟု ဆိုသည္။

ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘးျပႆနာသည္ အမ်ားယူဆေနသည္ေအာက္ မ်ားစြာေသးငယ္သည္ဟုဆိုလိုက္ျခင္းေၾကာင့္ အခ်ဳိ ႔သူတို႔မွာ တုန္လႈပ္သြားႏိုင္သည္။

သို႔ေသာ္ Covid ျဖစ္ပြားမႈ ပါဝင္သည့္ အခ်က္အလက္ကိန္းဂဏန္းႏွင့္ စာရင္းအင္းမ်ားအားလံုးကို လစ္လ်ဴရႈထားသူမ်ားအတြက္ဆိုလွ်င္မူ ဤေနရာတြင္ အံ့ၾသစရာမရွိပါ။

စင္စစ္ကား အဆိုပါကိန္းဂဏန္းမ်ားကို ယံုၾကည္စရာ မည္သည့္အေၾကာင္းရင္းမွ် မရွိေခ်။

အေမရိကန္ FDA က ယခုအခါ ဝန္ခံလာရသည္မွာ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္စစ္ေဆးမႈဆိုင္ရာ ကုမၸဏီမ်ားသည္ ေပါ့စတစ္ (positive) ႏွင့္ နက္ဂတစ္ (negative) ရလဒ္မ်ားကို မည္သည့္စံႏႈန္းျဖင့္ အေျဖထုတ္ေနသည္ကို မသိရေၾကာင္း၊ ၎တို႔ထုတ္ေပးသည့္ အခ်က္အလက္မ်ားကိုသာ လက္ခံေနရေၾကာင္း ဝန္ခံလာသည္။

ထို႔ေၾကာင့္ ယခု covid 19 စမ္းသပ္စစ္ေဆးေနပံုမ်ားသည္ အခ်ိန္ျဖဳန္းေနျခင္းသာျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ကပ္ေရာဂါကို အမွန္တကယ္ ကိုယ္စားျပဳထင္ဟပ္ေနသည့္ အခ်က္အလက္မ်ားမဟုတ္ေၾကာင္း ယခုေတြ႔ရွိခ်က္က ေဖာ္ျပသည္။

ထို႔အျပင္ ေနာက္ဆံုးရရွိေသာ အခ်က္အလက္မ်ားအရ အဂၤလန္တြင္ ဇူလိုင္လအတြင္း လူေသဆံုးမႈ အမ်ားဆံုး ေရာဂါ ၁၀ မ်ဳိးစာရင္း၌ Covid 19 မွာ နံပါတ္ ၈ ေနရာတြင္သာ ရပ္တည္ေနျပီး ေဝလျပည္နယ္တြင္ဆိုလွ်င္ ထိပ္ဆံုး ေရာဂါ ၁၀ မ်ဳိး စာရင္းတြင္ပင္ ပါဝင္ျခင္း မရွိေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Up to 90% of people who test positive for Covid barely carry any virus & are not contagious. Every stat about the disease is bogus (RT)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service