အင်ဒိုနီးရှားတွင် ဝင်ငွေနည်းသော ပြည်သူ ၉၃ သန်းကို covid ကာကွယ်ဆေး အခမဲ့ပေးမည်

အင်ဒိုနီးရှားတွင် ဝင်ငွေနည်းသော ပြည်သူ ၉၃ သန်းကို covid ကာကွယ်ဆေး အခမဲ့ပေးမည် - Property News in Myanmar from iMyanmarHouse.com
8 Sep 2020 12:49 pm တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လူဦးရေ ၂၆၇ သန်းရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် Covid 19 ကာကွယ်ဆေးအတွက် အခကြေးငွေ ပေးရန်မလိုကြောင်း၊ ကာကွယ်ဆေးရလာသည့်အခါတွင် အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ထိပ်တန်းအကြီးအကဲတစ်ဦးက ပြောကြားလိုက်သည်။

အင်ဒိုနီးရှားအစိုးရသည် ဝင်ငွေနည်းပါးသော ပြည်သူများအတွက် ထောက်ပံ့မှုများ ပြုလုပ်ပေးရန် စီစဉ်နေမှုတွင် ယခုအစီအစဉ်လည်း ပါဝင်လာခြင်း ဖြစ်သည်။

နိုင်ငံပိုင် လုပ်ငန်းများဆိုင်ရာ ဝန်ကြီး Erick Thohir က ယနေ့တွင် အွန်လိုင်းမှတဆင့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ရာ၌ BPJS Kesehatan အမျိုးသား ကျန်းမာရေးအာမခံအစီအစဉ်တွင် မှတ်ပုံတင်ထားသည့် အင်ဒိုနီးရှားပြည်သူ ၉၃ သန်းကျော်သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် အခကြေးငွေ ပေးဆောင်ရမည်မဟုတ်ကြောင်း ပြောကြားသည်။

Erick Thohir သည် အင်ဒိုနီးရှား Covid-19 စီမံခန့်ခွဲရေးနှင့် စီးပွားရေး ပြန်လည်ကုစားမှုကော်မတီ၏ အကြီးအကဲလည်း ဖြစ်သည်။

အမျိုးသား ကျန်းမာရေးအာမခံ၏ ပရီမီယံကြေးများကို နိုင်ငံတော်က ထောက်ပံ့ပေးသော ပံ့ပိုးကူညီမှုအစီအစဉ် (PBI) program အောက်တွင် ထောက်ပံ့ပေးခြင်းဖြစ်သည်။

“BPJS Kesehatan ကျန်းမာရေးအာမခံရဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ပံ့ပိုးကူညီမှုအစီအစဉ် (PBI) မှာ ပါဝင်တဲ့သူ ၉၃ သန်းရှိပါတယ်။ ဒီအချက်အလက်တွေကို ကျွန်တော်တို့ အတည်ပြုသွားပါမယ်” ဟု Erick က ပြောကြားသည်။

အဆိုပါ ၉၃ သန်းအနက် သက်ကြီးရွယ်အိုများကဲ့သို့ အန္တရာယ်မြင့်မားသည့်အုပ်စုကို ကာကွယ်ဆေး ဦးစားပေး ဖြန့်ဝေသွားမည် ဖြစ်သည်။

ထို့အပြင် ကျန်းမာရေးဝန်ထမ်း ၁ ဒသမ ၅ သန်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သည်များကိုလည်း ဦးစားပေးသွားမည်ဟု ဆိုသည်။

Erick က ဝင်ငွေမြင့်မားသည့် အင်ဒိုနီးရှားပြည်သူများကိုလည်း တောင်းဆိုမှုတစ်ရပ်ပြုလုပ်ထားရာ ကာကွယ်ဆေးကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးကို ပါဝင်တာဝန်ယူထမ်းဆောင်သည့်အနေဖြင့် ကာကွယ်ဆေးကို ဝယ်ယူခြင်း ပြုလုပ်ကြရန် တောင်းဆိုထားသည်။

ဝန်ကြီးက အလုပ်ရှင်များအနေဖြင့်လည်း ဖြစ်နိုင်ပါက ဝန်ထမ်းများ၏ ကာကွယ်ဆေးအတွက် ကုန်ကျစရိတ်ကျခံပေးကြရန် တိုက်တွန်းထားသည်။

သို့သော် မိမိငွေဖြင့်မိမိ ကာကွယ်ဆေးဝယ်ယူမည့်သူများကို ဦးစားပေးမည်ဟု မဆိုလိုကြောင်းလည်း ဝန်ကြီးက ပြောကြားသည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားရာတွင် ပြည်တွင်းတွင် ထုတ်လုပ်မည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုသည် တိုင်းပြည်လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့် ဖြည့်တင်းနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင် အင်ဒိုနီးရှားအစိုးရက ထုတ်ပြန်ရာတွင် တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech မှ စမ်းသပ်နေသော ကာကွယ်ဆေး အလုံးရေ သန်း ၂၉၀ ကို မှာယူထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Up to 93 million low income Indonesians to receive COVID-19 vaccine for free (coconuts.co)

[Zawgyi]

အင္ဒိုနီးရွားတြင္ ဝင္ေငြနည္းေသာ ျပည္သူ ၉၃ သန္းကို covid ကာကြယ္ေဆး အခမဲ့ေပးမည္

လူဦးေရ ၂၆၇ သန္းရွိသည့္ အင္ဒိုနီးရွားႏိုင္ငံတြင္ လူဦးေရ၏ သံုးပံုတစ္ပံုခန္႔သည္ Covid 19 ကာကြယ္ေဆးအတြက္ အခေၾကးေငြ ေပးရန္မလိုေၾကာင္း၊ ကာကြယ္ေဆးရလာသည့္အခါတြင္ အခမဲ့ျဖန္႔ေဝေပးသြားမည္ျဖစ္ေၾကာင္း အင္ဒိုနီးရွား ထိပ္တန္းအၾကီးအကဲတစ္ဦးက ေျပာၾကားလိုက္သည္။

အင္ဒိုနီးရွားအစိုးရသည္ ဝင္ေငြနည္းပါးေသာ ျပည္သူမ်ားအတြက္ ေထာက္ပံ့မႈမ်ား ျပဳလုပ္ေပးရန္ စီစဥ္ေနမႈတြင္ ယခုအစီအစဥ္လည္း ပါဝင္လာျခင္း ျဖစ္သည္။

ႏိုင္ငံပိုင္ လုပ္ငန္းမ်ားဆိုင္ရာ ဝန္ၾကီး Erick Thohir က ယေန႔တြင္ အြန္လိုင္းမွတဆင့္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့ရာ၌ BPJS Kesehatan အမ်ဳိးသား က်န္းမာေရးအာမခံအစီအစဥ္တြင္ မွတ္ပံုတင္ထားသည့္ အင္ဒိုနီးရွားျပည္သူ ၉၃ သန္းေက်ာ္သည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးအတြက္ အခေၾကးေငြ ေပးေဆာင္ရမည္မဟုတ္ေၾကာင္း ေျပာၾကားသည္။

Erick Thohir သည္ အင္ဒိုနီးရွား Covid-19 စီမံခန္႔ခြဲေရးႏွင့္ စီးပြားေရး ျပန္လည္ကုစားမႈေကာ္မတီ၏ အၾကီးအကဲလည္း ျဖစ္သည္။

အမ်ဳိးသား က်န္းမာေရးအာမခံ၏ ပရီမီယံေၾကးမ်ားကို ႏိုင္ငံေတာ္က ေထာက္ပံ့ေပးေသာ ပံ့ပိုးကူညီမႈအစီအစဥ္ (PBI) program ေအာက္တြင္ ေထာက္ပံ့ေပးျခင္းျဖစ္သည္။

“BPJS Kesehatan က်န္းမာေရးအာမခံရဲ႕ အခ်က္အလက္ေတြကို ၾကည့္မယ္ဆိုရင္ ပံ့ပိုးကူညီမႈအစီအစဥ္ (PBI) မွာ ပါဝင္တဲ့သူ ၉၃ သန္းရွိပါတယ္။ ဒီအခ်က္အလက္ေတြကို ကၽြန္ေတာ္တို႔ အတည္ျပဳသြားပါမယ္” ဟု Erick က ေျပာၾကားသည္။

အဆိုပါ ၉၃ သန္းအနက္ သက္ၾကီးရြယ္အိုမ်ားကဲ့သို႔ အႏၱရာယ္ျမင့္မားသည့္အုပ္စုကို ကာကြယ္ေဆး ဦးစားေပး ျဖန္႔ေဝသြားမည္ ျဖစ္သည္။

ထို႔အျပင္ က်န္းမာေရးဝန္ထမ္း ၁ ဒသမ ၅ သန္း၊ ရဲတပ္ဖြဲ႔ဝင္မ်ားႏွင့္ စစ္သည္မ်ားကိုလည္း ဦးစားေပးသြားမည္ဟု ဆိုသည္။

Erick က ဝင္ေငြျမင့္မားသည့္ အင္ဒိုနီးရွားျပည္သူမ်ားကိုလည္း ေတာင္းဆိုမႈတစ္ရပ္ျပဳလုပ္ထားရာ ကာကြယ္ေဆးကုန္က်စရိတ္ ဝန္ထုပ္ဝန္ပိုးကို ပါဝင္တာဝန္ယူထမ္းေဆာင္သည့္အေနျဖင့္ ကာကြယ္ေဆးကို ဝယ္ယူျခင္း ျပဳလုပ္ၾကရန္ ေတာင္းဆိုထားသည္။

ဝန္ၾကီးက အလုပ္ရွင္မ်ားအေနျဖင့္လည္း ျဖစ္ႏိုင္ပါက ဝန္ထမ္းမ်ား၏ ကာကြယ္ေဆးအတြက္ ကုန္က်စရိတ္က်ခံေပးၾကရန္ တိုက္တြန္းထားသည္။

သို႔ေသာ္ မိမိေငြျဖင့္မိမိ ကာကြယ္ေဆးဝယ္ယူမည့္သူမ်ားကို ဦးစားေပးမည္ဟု မဆိုလိုေၾကာင္းလည္း ဝန္ၾကီးက ေျပာၾကားသည္။

အင္ဒိုနီးရွားသမၼတ ဂ်ဳိကို ဝီဒိုဒိုက ေျပာၾကားရာတြင္ ျပည္တြင္းတြင္ ထုတ္လုပ္မည့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးသည္ ၂၀၂၁ ခုႏွစ္ ႏွစ္လယ္ပိုင္းတြင္ ထုတ္လုပ္ႏိုင္ရန္ စီစဥ္ထားေၾကာင္း၊ ျပည္တြင္းထုတ္လုပ္မႈသည္ တိုင္းျပည္လိုအပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းခန္႔ ျဖည့္တင္းႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔အျပင္ အင္ဒိုနီးရွားအစိုးရက ထုတ္ျပန္ရာတြင္ တရုတ္ေဆးဝါးကုမၸဏီ Sinovac Biotech မွ စမ္းသပ္ေနေသာ ကာကြယ္ေဆး အလံုးေရ သန္း ၂၉၀ ကို မွာယူထားျပီးျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Up to 93 million low income Indonesians to receive COVID-19 vaccine for free (coconuts.co)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service