နောက်ကပ်ရောဂါအတွက် ပိုမိုကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားရမည်ဟု WHO အကြီးအကဲ ပြောကြား

နောက်ကပ်ရောဂါအတွက် ပိုမိုကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားရမည်ဟု WHO အကြီးအကဲ ပြောကြား - Property News in Myanmar from iMyanmarHouse.com
8 Sep 2020 11:25 am တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြီးအကဲ တက်ဒရော့စ် အက်ဒမ်နွမ် ဂေဘရီယက်စ်ဆက်သည် ယမန်နေ့ (စက်တင်ဘာ ၇) က အများပြည်သူကျန်းမာရေးတွင် ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံများအား တောင်းဆိုလိုက်စဉ် ကမ္ဘာကြီးသည် နောက်ကပ်ရောဂါအတွက် ပိုမိုကောင်းမွန်စွာကြိုတင်ပြင်ဆင်ထားရမည်ဟု ပြောကြားလိုက်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာက တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်အသစ် စတင်တွေ့ရှိခဲ့ကတည်းက ကမ္ဘာတစ်ဝန်း ထိုဗိုင်းရပ်စ်အား ကူးစက်ခံရသူ ၂၇ ဒသမ ၁၉ သန်းကျော်နှင့် ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၈၈,၃၂၆ ဦး ရှိပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာန၏ တွက်ချက်မှုအရ သိရသည်။

“ဒါဟာ နောက်ဆုံးကပ်ရောဂါ ဖြစ်မှာမဟုတ်ပါဘူး။ ရောဂါကူးစက်ဖြစ်ပွားမှုတွေနဲ့ ကပ်ရောဂါတွေဆိုတာ လောကတံတွာ ဓမ္မတာတရားဆိုတာကို သမိုင်းက ကျွန်တော်တို့ကို သင်ပေးထားပြီးသားဆိုပေမဲ့ နောက်ကပ်ရောဂါလာတဲ့အခါ အခုတစ်ခေါက်ထက် ကမ္ဘာကြီးအနေနဲ့ အများကြီးပိုပြီးတော့ အသင့်အနေအထားဖြစ်ရပါမယ်။” ဟု သူက ပြောကြားခဲ့ခြင်းသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အကြီးအကဲက ဩဂုတ် ၂၁ ကလည်း ကမ္ဘာကြီးသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို ၂ နှစ် မကြာသည့် အချိန်အတွင်း အဆုံးသတ်နိုင်မည်ဟု သူ့အနေဖြင့် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယင်း ၂ နှစ်သည် ကမ္ဘာကြီးအနေဖြင့် စပိန်တုပ်ကွေး ခေါ် ၁၉၁၈ ခုနှစ် တုပ်ကွေးကပ်ရောဂါကို အဆုံးသတ်ရန် ကြာမြင့်ခဲ့သည့် အချိန်အောက် အနည်းငယ်လျော့နည်းပေသည်။ စပိန်တုပ်ကွေးကို နိဂုံးချုပ်စေရန် အချိန် ၂ နှစ် ၂ လ ကြာမြင့်ခဲ့သည်။

တက်ဒရော့စ် အက်ဒမ်နွမ် ဂေဘရီယက်စ်ဆက်က COVID-19 ကို “ရာစုနှစ်တစ်ခုလျှင် တစ်ကြိမ်သော ကျန်းမာရေးအကျပ်အတည်း” ဟု ခေါ်ဆိုခဲ့ကာ ကမ္ဘာကြီးက ရွာဖြစ်လာသည်ဟူသော ဂလိုဘယ်လိုက်ဇေးရှင်းတိုးတက်မှုက ကိုရိုနာဗိုင်းရပ်စ်အား ၁၉၁၈ ခုနှစ်တုန်းက စပိန်တုပ်ကွေးဗိုင်းရပ်စ် ပျံ့နှံ့ခဲ့သည်ထက် ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့စေခဲ့ကြောင်းနှင့်လွန်ခဲ့သည့် ရာစုနှစ်က မရှိခဲ့သော ဗိုင်းရပ်စ်ရပ်တန့်စေရန် နည်းပညာလည်း ယခုအခါ ရှိနေပြီဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

WHO ၏ အရေးအပေါ်အခြေအနေရေးရာ အရာရှိချုပ် ဒေါက်တာ မိုက်ကယ်ရိုင်ယန်ကလည်း ၁၉၁၈ ခုနှစ် ကပ်ရောဂါသည် ကမ္ဘာကို လှိုင်းကြီးသုံးလှိုင်းဖြင့် ရိုက်ခတ်ခဲ့ကြောင်း၊ ၁၉၁၈ ခုနှစ် ဆောင်းဦးရာသီတွင် စတင်ခဲ့သည့် ဒုတိယလှိုင်းမှာ အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးစေခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ သို့သော်လည်း COVID-19 ကမူ ထိုပုံစံနှင့် ဆင်တူမည်ဟု မထင်ရကြောင်းလည်း သူက ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် အစိုးရများအနေဖြင့် အယောက်စီတိုင်းအား လူမြင်ကွင်းတွင် အဝတ်စနှာခေါင်းစည်းများတပ်ဆင်ကြရေး တောင်းဆိုရန် ၎င်းတို့အဖွဲ့မှ အကြံပြုထောက်ခံကြောင်း ဇွန် ၅ ၌ လမ်းညွှန်ချက်အသစ်ထုတ်ပြန်ထားသည်။

Mask (နှာခေါင်းစည်း) တပ်ဆင်ခြင်းသည် ကူးစက်ရောဂါပိုးများပါဝင်နေနိုင်သော အရည်စက်ကလေးများအတွက် အတားအဆီးတစ်ခုအဖြစ် ပံ့ပိုးပေးနိုင်သည်ဟု WHO က ဆိုထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: World must be better prepared for next pandemic, says WHO boss (reuters)

 

 

[Zawgyi]

ေနာက္ကပ္ေရာဂါအတြက္ ပိုမိုေကာင္းမြန္စြာႀကိဳတင္ျပင္ဆင္ထားရမည္ဟု WHO အႀကီးအကဲ ေျပာၾကား

ကမ႓ာ့က်န္းမာေရးအဖြဲ႕ (WHO) ၏ အႀကီးအကဲ တက္ဒေရာ့စ္ အက္ဒမ္ႏြမ္ ေဂဘရီယက္စ္ဆက္သည္ ယမန္ေန႔ (စက္တင္ဘာ ၇) က အမ်ားျပည္သူက်န္းမာေရးတြင္ ရင္းႏွီးျမႇဳပ္ႏွံၾကရန္ ႏိုင္ငံမ်ားအား ေတာင္းဆိုလိုက္စဥ္ ကမ႓ာႀကီးသည္ ေနာက္ကပ္ေရာဂါအတြက္ ပိုမိုေကာင္းမြန္စြာႀကိဳတင္ျပင္ဆင္ထားရမည္ဟု ေျပာၾကားလိုက္သည္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာက တ႐ုတ္တြင္ ကို႐ိုနာဗိုင္းရပ္စ္အသစ္ စတင္ေတြ႕႐ွိခဲ့ကတည္းက ကမ႓ာတစ္ဝန္း ထိုဗိုင္းရပ္စ္အား ကူးစက္ခံရသူ ၂၇ ဒသမ ၁၉ သန္းေက်ာ္ႏွင့္ ထိုဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၈၈၈,၃၂၆ ဦး ႐ွိၿပီျဖစ္ေၾကာင္း ႐ိုက္တာသတင္းဌာန၏ တြက္ခ်က္မႈအရ သိရသည္။

“ဒါဟာ ေနာက္ဆုံးကပ္ေရာဂါ ျဖစ္မွာမဟုတ္ပါဘူး။ ေရာဂါကူးစက္ျဖစ္ပြားမႈေတြနဲ႔ ကပ္ေရာဂါေတြဆိုတာ ေလာကတံတြာ ဓမၼတာတရားဆိုတာကို သမိုင္းက ကြၽန္ေတာ္တို႔ကို သင္ေပးထားၿပီးသားဆိုေပမဲ့ ေနာက္ကပ္ေရာဂါလာတဲ့အခါ အခုတစ္ေခါက္ထက္ ကမ႓ာႀကီးအေနနဲ႔ အမ်ားႀကီးပိုၿပီးေတာ့ အသင့္အေနအထားျဖစ္ရပါမယ္။” ဟု သူက ေျပာၾကားခဲ့ျခင္းသည္။

ကမ႓ာ့က်န္းမာေရးအဖြဲ႕ WHO ၏ အႀကီးအကဲက ဩဂုတ္ ၂၁ ကလည္း ကမ႓ာႀကီးသည္ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါကို ၂ ႏွစ္ မၾကာသည့္ အခ်ိန္အတြင္း အဆုံးသတ္ႏိုင္မည္ဟု သူ႕အေနျဖင့္ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့သည္။

ယင္း ၂ ႏွစ္သည္ ကမ႓ာႀကီးအေနျဖင့္ စပိန္တုပ္ေကြး ေခၚ ၁၉၁၈ ခုႏွစ္ တုပ္ေကြးကပ္ေရာဂါကို အဆုံးသတ္ရန္ ၾကာျမင့္ခဲ့သည့္ အခ်ိန္ေအာက္ အနည္းငယ္ေလ်ာ့နည္းေပသည္။ စပိန္တုပ္ေကြးကို နိဂုံးခ်ဳပ္ေစရန္ အခ်ိန္ ၂ ႏွစ္ ၂ လ ၾကာျမင့္ခဲ့သည္။

တက္ဒေရာ့စ္ အက္ဒမ္ႏြမ္ ေဂဘရီယက္စ္ဆက္က COVID-19 ကို “ရာစုႏွစ္တစ္ခုလွ်င္ တစ္ႀကိမ္ေသာ က်န္းမာေရးအက်ပ္အတည္း” ဟု ေခၚဆိုခဲ့ကာ ကမ႓ာႀကီးက ႐ြာျဖစ္လာသည္ဟူေသာ ဂလိုဘယ္လိုက္ေဇး႐ွင္းတိုးတက္မႈက ကို႐ိုနာဗိုင္းရပ္စ္အား ၁၉၁၈ ခုႏွစ္တုန္းက စပိန္တုပ္ေကြးဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ခဲ့သည္ထက္ ပိုမိုလ်င္ျမန္စြာ ကူးစက္ပ်ံ႕ႏွံ႔ေစခဲ့ေၾကာင္းႏွင့္လြန္ခဲ့သည့္ ရာစုႏွစ္က မ႐ွိခဲ့ေသာ ဗိုင္းရပ္စ္ရပ္တန္႔ေစရန္ နည္းပညာလည္း ယခုအခါ ႐ွိေနၿပီျဖစ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့သည္။

WHO ၏ အေရးအေပၚအေျခအေနေရးရာ အရာ႐ွိခ်ဳပ္ ေဒါက္တာ မိုက္ကယ္႐ိုင္ယန္ကလည္း ၁၉၁၈ ခုႏွစ္ ကပ္ေရာဂါသည္ ကမ႓ာကို လိႈင္းႀကီးသုံးလိႈင္းျဖင့္ ႐ိုက္ခတ္ခဲ့ေၾကာင္း၊ ၁၉၁၈ ခုႏွစ္ ေဆာင္းဦးရာသီတြင္ စတင္ခဲ့သည့္ ဒုတိယလိႈင္းမွာ အဆိုး႐ြားဆုံး ပ်က္စီးဆုံး႐ႈံးေစခဲ့ေၾကာင္း မွတ္ခ်က္ျပဳခဲ့သည္။ သို႔ေသာ္လည္း COVID-19 ကမူ ထိုပုံစံႏွင့္ ဆင္တူမည္ဟု မထင္ရေၾကာင္းလည္း သူက ေျပာၾကားခဲ့သည္။

ကမ႓ာ့က်န္းမာေရးအဖြဲ႕ WHO သည္ အစိုးရမ်ားအေနျဖင့္ အေယာက္စီတိုင္းအား လူျမင္ကြင္းတြင္ အဝတ္စႏွာေခါင္းစည္းမ်ားတပ္ဆင္ၾကေရး ေတာင္းဆိုရန္ ၎တို႔အဖြဲ႕မွ အၾကံျပဳေထာက္ခံေၾကာင္း ဇြန္ ၅ ၌ လမ္းၫႊန္ခ်က္အသစ္ထုတ္ျပန္ထားသည္။

Mask (ႏွာေခါင္းစည္း) တပ္ဆင္ျခင္းသည္ ကူးစက္ေရာဂါပိုးမ်ားပါဝင္ေနႏိုင္ေသာ အရည္စက္ကေလးမ်ားအတြက္ အတားအဆီးတစ္ခုအျဖစ္ ပံ့ပိုးေပးႏိုင္သည္ဟု WHO က ဆိုထားေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: World must be better prepared for next pandemic, says WHO boss (reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service