ကိုဗစ်ကပ်ရောဂါအတွင်း နိုင်ငံတကာမှ ချေးငွေဒေါ်လာ ၁ ဘီလီယံခွဲခန့်ရရှိထားပြီးဟု ပြည်ထောင်စုဝန်ကြီးပြော

ကိုဗစ်ကပ်ရောဂါအတွင်း နိုင်ငံတကာမှ ချေးငွေဒေါ်လာ ၁ ဘီလီယံခွဲခန့်ရရှိထားပြီးဟု ပြည်ထောင်စုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
7 Sep 2020 11:04 am တွင် တင်ခဲ့သည်
838 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

COVID-19 ကပ်ရောဂါအတွင်း နိုင်ငံတကာမှ ချေးငွေ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ညှိနှိုင်းရယူထားပြီးဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကပြောသည်။

ထိုပမာဏထဲတွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနှင့် ဂျပန်ယန်း ၃၀ ဘီလီယံ( ဒေါ်လာ သန်း၂၈၀ကျော်) ပါဝင်သည်။ ထိုပြင် အထောက်အပံ့ဖြင့် ဒေါ်လာ ၈၅ သန်းခန့်၊ ယူရို ၆ သန်းကျော်နှင့် ဂျပန်ယမ်း ၂ ဘီလီယံ( ဒေါ်လာ ၁၈သန်းကျော်) တို့ကိုလည်းရရှိထားသေးသည်ဟု ဝန်ကြီးကဆိုသည်။

COVID-19 ကုစားရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှု ချေးငွေ ဒေါ်လာနှစ်ဘီလီယံခန့် ရရှိမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က အသိပေးထားသည်။

ထိုချေးငွေများသည် မြန်မာ့အစိုးရက ထုတ်ပြန်ထားသည့် မြန်မာအစိုးရ၏ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်( CERP) အရ ညှိနှိုင်းခြင်းကြောင့် ရရှိလာခြင်းဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ထိခိုက်သည့်လုပ်ငန်းများကိုကုစားရန် အစိုးရက COVID -19 စီးပွားရေးကုစားမှု အစီအစဉ် ( COVID-19 Economic Relief Plan- CERP) ကို ဧပြီလကုန်ပိုင်းက ထုတ်ပြန်ခဲ့သည်။

ထိုချေးငွေများသည် မြန်မာ့အစိုးရက ထုတ်ပြန်ထားသည့် မြန်မာအစိုးရ၏ COVID-19 စီးပွားရေးကုစားမှုအစီအစဉ်( CERP) အရ ညှိနှိုင်းခြင်းကြောင့် ရရှိလာခြင်းဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

ယင်းငွေပမာဏအကူအညီရရှိရန် အတွက် မေလ ၇ ရက်တွင် နိုင်ငံအသီးသီးရှိ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့ Video Conference ပြုလုပ်ခဲ့ပြီး ဆွေးနွေးခဲ့ကာ မြန်မာအစိုးရ၏ CERP ကို ထောက်ခံကြိုဆိုကြပြီး အကူအညီပေးရန် သဘောတူညီခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် COVID 19 ရောဂါတုန့်ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံအတွက် COVID-19 ကပ်ရောဂါအတွင်း ပထမဦးဆုံးချေးငွေရရှိမှုဖြစ်သည်။

ထိုချေးငွေသည် မြန်မာနိုင်ငံ၏ COVID-19 ရောဂါအတွက် အရေးပေါ်တုန့်ပြန်မှုအစီအစဉ်တွင် အဓိကလိုအပ်ချက်တခုဖြစ်သည့် ဆေးရုံများ၏ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို အားဖြည့်သွားမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် ရောဂါပြန့်ပွားမှုကို လျှော့ပေးနိုင်မည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအား အကာအကွယ်များ ပိုမိုပေးနိုင်မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအို နိုင်ငံတို့၏ နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စမာရီယမ်ရှာမန်က ယင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံသည် IMF ထံမှ ချေးငွေ ဒေါ်လာသန်း ၇၀၀ ကို RCF နှင့် RFIခေါင်းစဉ်အောက်မှ ပထမအကြိမ်ရရှိထားပြီး ထိုချေးငွေများရယူရန်လည်း မေလတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သည်။

ပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က မြန်မာနိုင်ငံကို အရေးပေါ်ချေးငွေအဖြစ် ခေါင်းစဉ်နှစ်ခုအောက်မှ ဒေါ်လာသန်း ၃၅၀ ကျော် ဒုတိယအကြိမ်ထပ်ချေးပေးရန် ဇွန်လ ၂၆ ရက်တွင် အတည်ပြုလိုက်ကြောင်း ထုတ်ပြန်သည်။

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံ၏ ငွေကြေးလိုအပ်မှု ကို အထောက်အကူပြုရန်အတွက် ဖြစ်ပြီး ထိုချေးငွေများသည် မြန် မာအစိုးရ ဆောင်ရွက်နေသည့် ကျန်းမာရေးနှင့်လူမှုဘဝလုံခြုံရေးအတွက်ဖြစ်သည်ဟု IMF က ဆိုသည်။

IMF ဒါရိုက်တာအဖွဲ့က Rapid Credit Facility (RCF) ခေါင်းစဉ်အောက်မှ မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၁၈ သန်း ကျော်နှင့် Rapid Financing Instrument (RFI) ခေါင်းစဉ် အောက်မှ ဒေါ်လာ ၂၃၇ သန်းကိုထုတ်ချေးမည်ဖြစ်သည်။

Rapid Credit Facility ဆိုသည်မှာ ဝင်ငွေနည်းတိုင်းပြည်များအတွက် ငွေကြေးဆိုင်ရာအထောက်အပံ့ဖြစ်သည်။ Rapid Financing Instrument (RFI)ဆိုသည်မှာ IMF အဖွဲ့ဝင်နိုင်ငံများအတွက် အရေးပေါ်ဆိုင်ရာ ချေးငွေဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ကိုဗစ္ကပ္ေရာဂါအတြင္း ႏိုင္ငံတကာမွ ေခ်းေငြေဒၚလာ ၁ ဘီလီယံခြဲခန္႔ရ႐ွိထားၿပီးဟု ျပည္ေထာင္စုဝန္ႀကီးေျပာ

COVID-19 ကပ္ေရာဂါအတြင္း ႏိုင္ငံတကာမွ ေခ်းေငြ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံ ညႇိႏိႈင္းရယူထားၿပီးျဖစ္သည္ဟု ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းကေျပာသည္။

ထိုပမာဏထဲတြင္ ေဒၚလာ ၁ ဒသမ ၂ ဘီလီယံႏွင့္ ဂ်ပန္ယန္း ၃၀ ဘီလီယံ( ေဒၚလာ သန္း၂၈၀ေက်ာ္) ပါဝင္သည္။ ထိုျပင္ အေထာက္အပံ့ျဖင့္ ေဒၚလာ ၈၅ သန္းခန္႔၊ ယူ႐ို ၆ သန္းေက်ာ္ႏွင့္ ဂ်ပန္ယမ္း ၂ ဘီလီယံ( ေဒၚလာ ၁၈သန္းေက်ာ္) တို႔ကိုလည္းရ႐ွိထားေသးသည္ဟု ဝန္ႀကီးကဆိုသည္။

COVID-19 ကုစားေရးအတြက္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၏ ေထာက္ပံ့မႈ ေခ်းေငြ ေဒၚလာႏွစ္ဘီလီယံခန္႔ ရ႐ွိမည္ျဖစ္ေၾကာင္း စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ၾကီး ဦးဆက္ေအာင္က အသိေပးထားသည္။

ထိုေခ်းေငြမ်ားသည္ ျမန္မာ့အစိုးရက ထုတ္ျပန္ထားသည့္ ျမန္မာအစိုးရ၏ COVID-19 စီးပြားေရးကုစားမႈအစီအစဥ္( CERP) အရ ညႇိႏိႈင္းျခင္းေၾကာင့္ ရ႐ွိလာျခင္းျဖစ္သည္ဟု ဒုဝန္ႀကီးကဆိုသည္။

ကမ႓ာ့ကပ္ေရာဂါ COVID-19 ေၾကာင့္ ထိခိုက္သည့္လုပ္ငန္းမ်ားကိုကုစားရန္ အစိုးရက COVID -19 စီးပြားေရးကုစားမႈ အစီအစဥ္ ( COVID-19 Economic Relief Plan- CERP) ကို ဧၿပီလကုန္ပိုင္းက ထုတ္ျပန္ခဲ့သည္။

ထိုေခ်းေငြမ်ားသည္ ျမန္မာ့အစိုးရက ထုတ္ျပန္ထားသည့္ ျမန္မာအစိုးရ၏ COVID-19 စီးပြားေရးကုစားမႈအစီအစဥ္( CERP) အရ ညႇိႏိႈင္းျခင္းေၾကာင့္ ရ႐ွိလာျခင္းျဖစ္သည္ဟု ဒုဝန္ႀကီးကဆိုသည္။

ယင္းေငြပမာဏအကူအညီရ႐ွိရန္ အတြက္ ေမလ ၇ ရက္တြင္ ႏိုင္ငံအသီးသီး႐ွိ ဖြံ႕ၿဖိဳးမႈမိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ စီမံကိန္း၊ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန၊ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနတို႔ Video Conference ျပဳလုပ္ခဲ့ၿပီး ေဆြးေႏြးခဲ့ကာ ျမန္မာအစိုးရ၏ CERP ကို ေထာက္ခံႀကိဳဆိုၾကၿပီး အကူအညီေပးရန္ သေဘာတူညီခဲ့ေၾကာင္း ၎ကဆိုသည္။

ျမန္မာႏိုင္ငံတြင္ COVID 19 ေရာဂါတုန္႔ျပန္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ ေခ်းေငြ အေမရိကန္ေဒၚလာ သန္း ၅၀ ေပးမည္ျဖစ္ေၾကာင္း ကမ႓ာ့ဘဏ္က ဧၿပီ ၂၀ ရက္တြင္ သတင္းထုတ္ျပန္လိုက္သည္။ ျမန္မာႏိုင္ငံအတြက္ COVID-19 ကပ္ေရာဂါအတြင္း ပထမဦးဆုံးေခ်းေငြရ႐ွိမႈျဖစ္သည္။

ထိုေခ်းေငြသည္ ျမန္မာႏိုင္ငံ၏ COVID-19 ေရာဂါအတြက္ အေရးေပၚတုန္႔ျပန္မႈအစီအစဥ္တြင္ အဓိကလိုအပ္ခ်က္တခုျဖစ္သည့္ ေဆး႐ုံမ်ား၏ ႀကိဳတင္ျပင္ဆင္ရမည့္ လုပ္ငန္းမ်ားကို အားျဖည့္သြားမည္ျဖစ္ေၾကာင္း၊ ထိုမွတဆင့္ ေရာဂါျပန္႔ပြားမႈကို ေလွ်ာ့ေပးႏိုင္မည္ျဖစ္ၿပီး က်န္းမာေရးဝန္ထမ္းမ်ားအား အကာအကြယ္မ်ား ပိုမိုေပးႏိုင္မည္ ျဖစ္ေၾကာင္း ကမ႓ာ့ဘဏ္၏ ျမန္မာ၊ ကေမ႓ာဒီယားႏွင့္ လာအို ႏိုင္ငံတို႔၏ ႏိုင္ငံဆိုင္ရာ ၫႊန္ၾကားေရးမႉး မစၥမာရီယမ္႐ွာမန္က ယင္း ထုတ္ျပန္ခ်က္တြင္ ေျပာၾကားထားသည္။

ျမန္မာႏိုင္ငံသည္ IMF ထံမွ ေခ်းေငြ ေဒၚလာသန္း ၇၀၀ ကို RCF ႏွင့္ RFIေခါင္းစဥ္ေအာက္မွ ပထမအႀကိမ္ရ႐ွိထားၿပီး ထိုေခ်းေငြမ်ားရယူရန္လည္း ေမလတြင္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳၿပီးျဖစ္သည္။

ျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) က ျမန္မာႏိုင္ငံကို အေရးေပၚေခ်းေငြအျဖစ္ ေခါင္းစဥ္ႏွစ္ခုေအာက္မွ ေဒၚလာသန္း ၃၅၀ ေက်ာ္ ဒုတိယအႀကိမ္ထပ္ေခ်းေပးရန္ ဇြန္လ ၂၆ ရက္တြင္ အတည္ျပဳလိုက္ေၾကာင္း ထုတ္ျပန္သည္။

COVID-19 ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံ၏ ေငြေၾကးလိုအပ္မႈ ကို အေထာက္အကူျပဳရန္အတြက္ ျဖစ္ၿပီး ထိုေခ်းေငြမ်ားသည္ ျမန္ မာအစိုးရ ေဆာင္႐ြက္ေနသည့္ က်န္းမာေရးႏွင့္လူမႈဘဝလုံျခဳံေရးအတြက္ျဖစ္သည္ဟု IMF က ဆိုသည္။

IMF ဒါ႐ိုက္တာအဖြဲ႕က Rapid Credit Facility (RCF) ေခါင္းစဥ္ေအာက္မွ ျမန္မာႏိုင္ငံအတြက္ ေဒၚလာ ၁၁၈ သန္း ေက်ာ္ႏွင့္ Rapid Financing Instrument (RFI) ေခါင္းစဥ္ ေအာက္မွ ေဒၚလာ ၂၃၇ သန္းကိုထုတ္ေခ်းမည္ျဖစ္သည္။

Rapid Credit Facility ဆိုသည္မွာ ဝင္ေငြနည္းတိုင္းျပည္မ်ားအတြက္ ေငြေၾကးဆိုင္ရာအေထာက္အပံ့ျဖစ္သည္။ Rapid Financing Instrument (RFI)ဆိုသည္မွာ IMF အဖြဲ႕ဝင္ႏိုင္ငံမ်ားအတြက္ အေရးေပၚဆိုင္ရာ ေခ်းေငြျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service