ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါကြီးကြပ်မှုကို ဂျာမဏီကုမ္ပဏီက အကြံပေးမည်

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါကြီးကြပ်မှုကို ဂျာမဏီကုမ္ပဏီက အကြံပေးမည် - Property News in Myanmar from iMyanmarHouse.com
7 Sep 2020 10:35 am တွင် တင်ခဲ့သည်
1463 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများကိုအတွက် ဆွစ်ယှဉ်ပြိုင် တင်ဒါ(Swiss Challenge)ခေါ်ယူနိုင်ရေး အကြံပေးခြင်းကို ဂျာမဏီအခြေစိုက် Roland Berger Pte. Ltd. က ဆောင်ရွက်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုကုမ္ပဏီကို ဆွစ်ယှဉ်ပြိုင်တင်ဒါ(Swiss Challenge)ခေါ်ယူနိုင်ရေး အကြံပေး ဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ် လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၄ ရက်၌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ နေပြည်တော်နှင့် ရန်ကုန်မြို့တော်ခန်းမတို့၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းက ရန်ကုန်မြို့ အနောက်ဘက်ကမ်းတွင် ခေတ်မီမြို့သစ် ဖော်ဆောင်နိုင်ရေး ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် ခြေလှမ်းသစ်တစ်ရပ်ဖြစ်သည်ဟုဆိုသည်။

ရန်ကုန် မြို့တော်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင်ပါဝင်သည့် လုပ်ငန်းစီမံကိန်းများအနက် စီးပွားဖြစ်ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံအဆောက်အအုံများကို ဉီးစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းနှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကို အလေးထား ဆောင်ရွက်သွားမည်ဟု ဝန်ကြီးကဆိုသည်။

ရန်ကုန်မြို့တော်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာမည်ဟု ဝန်ကြီးကဆိုသည်။ ယခုစီမံကိန်းသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အား ဖြစ်သော ရန်ကုန်မြို့တော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ထိူပြင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

အဆိုပါ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံအဆောက်အအုံများပါဝင်မည် ဖြစ်သည်။

ထို့အတွက် တရုတ်ကုမ္ပဏီက ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) တင်သွင်းမည်ဖြစ်ပြီး ထိုတင်သွင်းသည့် စီမံကိန်းပုံစံကို အခြားကုမ္ပဏီများက ဈေးနှုန်းဝင် ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆွစ်ယှဉ်ပြိုင်တင်ဒါ(Swiss Challenge) ဆိုသည်မှာ ကုမ္ပဏီ တစ်ခုက မိမိလုပ်ကိုင်လိုသည့် စီမံကိန်းတစ်ခုကို အစ၊ အဆုံး အကုန်အကျခံ လေ့လာစစ်တမ်းပြုလုပ်၍ စီမံကိန်းပုံစံထုတ်ပေးရမည်ဖြစ် သည်။ စီမံကိန်းပုံစံထွက်လာပါက အခြားကုမ္ပဏီများနှင့်အတူ ဈေးပြိုင်တင်ဒါ ဝင်ပြိုင်ရမည်ဖြစ်သည်။ အကယ်၍ ၎င်းက တင်ဒါ မအောင်မြင်ပါက တင်ဒါအောင်မြင်သည့်ကုမ္ပဏီက စီမံကိန်းပုံစံထုတ်လုပ်ခဲ့သည့် မူလကုမ္ပဏီကို ကုန်ကျစရိတ် ပြန်လည်ပေးအပ်ရ မည်ဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်အစိုးရပိုင် CCCC ကုမ္ပဏီ ကို လုပ်ကိုင်ခွင့်ပေးမည့်ဟုဆိုထားသော်လည်း အစိုးရဘက်က မူဝါဒပြောင်းလဲလိုက်သဖြင့် စီမံကိန်းကို အပိုင်းလိုက်သာအကောင်အထည်ဖော်တော့မည်ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးရဲမင်းဦး က ပြောကြားထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် စတင်ခဲ့သည့် မြေနေရာရှိ မြေ ဧက ၂၀,၀၀၀ တွင် ပထမအဆင့် စတင် အကောင်အထည်ဖော်မည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

စီမံကိန်းဆောင်ရွက်ခွင့်ရထားသည် တရုတ် CCCC ကုမ္ပဏီကို အမေရိကန်က ဩဂုတ် ၂၆ ရက်တွင် အမည်ပျက်စာရင်းသွင်းခဲ့သည်။

စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဘက်ကမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး အနည်းဆုံးလူဦးရေ သုံးသန်းကျော် နေထိုင်နိုင်မည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း နှစ်သန်းကျော် ဖန်တီးနိုင်ရန်ဖြစ်ကြောင်း၊ မြို့သစ်စီမံကိန်း တည်ဆောက်ပြီးစီးပါက စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းမည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းအတြက္ တင္ဒါႀကီးၾကပ္မႈကို ဂ်ာမဏီကုမၸဏီက အၾကံေပးမည္

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းတြင္ ပါဝင္သည့္ စက္မႈဇုန္ႏွင့္ အေျခခံ အေဆာက္အအုံမ်ားကိုအတြက္ ဆြစ္ယွဥ္ၿပိဳင္ တင္ဒါ(Swiss Challenge)ေခၚယူႏိုင္ေရး အၾကံေပးျခင္းကို ဂ်ာမဏီအေျခစိုက္ Roland Berger Pte. Ltd. က ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုကုမၸဏီကို ဆြစ္ယွဥ္ၿပိဳင္တင္ဒါ(Swiss Challenge)ေခၚယူႏိုင္ေရး အၾကံေပး ဝန္ေဆာင္မႈလုပ္ငန္း အပ္ႏွံစာခ်ဳပ္လက္မွတ္ေရးထိုးပြဲကို စက္တင္ဘာ ၄ ရက္၌ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ႐ုံးအမွတ္(၁)၊ ေနျပည္ေတာ္ႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမတို႔၌ Video Conferencing စနစ္ျဖင့္ ခ်ိတ္ဆက္ က်င္းပခဲ့သည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္းက ရန္ကုန္ၿမိဳ႕ အေနာက္ဘက္ကမ္းတြင္ ေခတ္မီၿမိဳ႕သစ္ေဖာ္ေဆာင္ႏိုင္ေရး ရည္မွန္းခ်က္ကို လက္ေတြ႕ အေကာင္အထည္ေဖာ္ရန္ ေျခလွမ္းသစ္တစ္ရပ္ျဖစ္သည္ဟုဆိုသည္။

ရန္ကုန္ ၿမိဳ႕ေတာ္ၿမိဳ႕ျပ ဖြံ႕ၿဖိဳးတိုးတက္ေရး စီမံကိန္းသစ္တြင္ပါဝင္သည့္ လုပ္ငန္းစီမံကိန္းမ်ားအနက္ စီးပြားျဖစ္ရပ္တည္ႏိုင္စြမ္း႐ွိမႈ ေသခ်ာသည့္ စက္မႈဇုန္ႏွင့္ အေျခခံအေဆာက္အအုံမ်ားကိုဉီးစြာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာတြင္ ႏိုင္ငံတကာစံႏႈန္းႏွင့္အညီ ပြင့္လင္းျမင္သာမႈ၊ တရားမွ်တမႈႏွင့္ ယွဥ္ၿပိဳင္ႏိုင္စြမ္း႐ွိမႈတို႔ကို အေလးထား ေဆာင္႐ြက္သြားမည္ဟု ဝန္ႀကီးကဆိုသည္။

ရန္ကုန္ၿမိဳ႕ေတာ္တြင္ စက္မႈလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးလာသည္ႏွင့္အမွ် ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ပိုမိုဝင္ေရာက္လာမည္ဟု ဝန္ႀကီးကဆိုသည္။ ယခုစီမံကိန္းသည္ ျမန္မာ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ၏ အဓိက ေမာင္းႏွင္အား ျဖစ္ေသာ ရန္ကုန္ၿမိဳ႕ေတာ္၏ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို ပိုမိုခိုင္မာအားေကာင္းေစမည္ျဖစ္သည္ဟု ၎ကဆိုသည္။

ထိူျပင္ အျခားေသာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကိုလည္း အေထာက္အပံ့ျဖစ္ေစမည္ျဖစ္သည္ဟု ၎ကဆိုသည္။

အဆိုပါ စီမံကိန္းတြင္ စက္မႈဇုန္၊ တန္ဖိုးနည္းအိမ္ရာမ်ားႏွင့္ အေထာက္အကူျပဳ အေျခခံအေဆာက္အအုံမ်ားပါဝင္မည္ ျဖစ္သည္။

ထို႔အတြက္ တ႐ုတ္ကုမၸဏီက ဆြစ္ယွဥ္ၿပိဳင္တင္ဒါ (Swiss Challenge) တင္သြင္းမည္ျဖစ္ၿပီး ထိုတင္သြင္းသည့္ စီမံကိန္းပုံစံကို အျခားကုမၸဏီမ်ားက ေဈးႏႈန္းဝင္ ေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။

ဆြစ္ယွဥ္ၿပိဳင္တင္ဒါ(Swiss Challenge) ဆိုသည္မွာ ကုမၸဏီတစ္ခုက မိမိလုပ္ကိုင္လိုသည့္ စီမံကိန္းတစ္ခုကို အစ၊ အဆုံး အကုန္အက်ခံ ေလ့လာစစ္တမ္းျပဳလုပ္၍ စီမံကိန္းပုံစံထုတ္ေပးရမည္ျဖစ္ သည္။ စီမံကိန္းပုံစံထြက္လာပါက အျခားကုမၸဏီမ်ားႏွင့္အတူ ေဈးၿပိဳင္တင္ဒါ ဝင္ၿပိဳင္ရမည္ျဖစ္သည္။ အကယ္၍ ၎က တင္ဒါ မေအာင္ျမင္ပါက တင္ဒါေအာင္ျမင္သည့္ကုမၸဏီက စီမံကိန္းပုံစံထုတ္လုပ္ခဲ့သည့္ မူလကုမၸဏီကို ကုန္က်စရိတ္ ျပန္လည္ေပးအပ္ရမည္ျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို တ႐ုတ္အစိုးရပိုင္ CCCC ကုမၸဏီ ကို လုပ္ကိုင္ခြင့္ေပးမည့္ဟုဆိုထားေသာ္လည္း အစိုးရဘက္က မူဝါဒေျပာင္းလဲလိုက္သျဖင့္ စီမံကိန္းကို အပိုင္းလိုက္သာအေကာင္အထည္ေဖာ္ေတာ့မည္ဟု ရန္ကုန္တိုင္းေဒသႀကီး စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဦးရဲမင္းဦး က ေျပာၾကားထားသည္။

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို ယခင္အစိုးရလက္ထက္တြင္ စတင္ခဲ့သည့္ ေျမေနရာ႐ွိ ေျမ ဧက ၂၀,၀၀၀ တြင္ ပထမအဆင့္ စတင္ အေကာင္အထည္ေဖာ္မည္ဟု ရန္ကုန္တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္ထားသည္။

စီမံကိန္းေဆာင္႐ြက္ခြင့္ရထားသည္ တ႐ုတ္ CCCC ကုမၸဏီကို အေမရိကန္က ဩဂုတ္ ၂၆ ရက္တြင္ အမည္ပ်က္စာရင္းသြင္းခဲ့သည္။

စီမံကိန္းကို ရန္ကုန္ျမစ္အေနာက္ဘက္ကမ္းတြင္ တည္ေဆာက္မည္ျဖစ္ၿပီး အနည္းဆုံးလူဦးေရ သုံးသန္းေက်ာ္ ေနထိုင္ႏိုင္မည့္အျပင္ အလုပ္အကိုင္အခြင့္အလမ္း ႏွစ္သန္းေက်ာ္ ဖန္တီးႏိုင္ရန္ျဖစ္ေၾကာင္း၊ ၿမိဳ႕သစ္စီမံကိန္း တည္ေဆာက္ၿပီးစီးပါက စင္ကာပူႏိုင္ငံထက္ ႏွစ္ဆက်ယ္ဝန္းမည္ျဖစ္ေၾကာင္း အစိုးရက ထုတ္ျပန္ထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service