ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံသား လက်ချောင်းများအားလုံးနီးပါး ဖြတ်တောက်လိုက်ရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံသား လက်ချောင်းများအားလုံးနီးပါး ဖြတ်တောက်လိုက်ရ - Property News in Myanmar from iMyanmarHouse.com
6 Sep 2020 12:57 pm တွင် တင်ခဲ့သည်
20859 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် Covid 19 ကူးစက်ခံရသူတစ်ဦးဖြစ်သော ဂရက်ဒ် ဂါးရ်ဖီး (Gregg Garfield) သည် ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်သော်လည်း လက်ချောင်းများ အားလုံးနီးပါး ဖြတ်တောက်လိုက်ရသည်။

ထိုသို့ Covid 19 ဖြင့်ဆက်နွှယ်ကာ လက်ချောင်းအားလုံးနီးပါး ဆုံးရှုံးခဲ့ရသော ဂါးရ်ဖီးက ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်ပြည်သူများ ပေါ့ပေါ့တန်တန် သဘောမထားကြရန် သတိပေးလိုက်သည်။

အသက် ၅၄ နှစ်အရွယ်ရှိ ဂါးရ်ဖီးသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အီတလီရှိ အဲလ်ပ်တောင်တန်းသို့ မိတ်ဆွေများနှင့်အတူ နှင်းလျှောစီးရန် ခရီးထွက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံခဲ့ရခြင်းဖြစ်ရာ ကယ်လီဖိုးနီးယားပြည်နယ်၏ အစောဆုံး Covid 19 လူနာများတွင် ပါဝင်ခဲ့သည်။

အီတလီသို့ ခရီးထွက်ခဲ့သည့် အဖွဲ့ဝင် ၁၃ ဦးလုံးတွင် Covid 19 စမ်းသပ်တွေ့ရှိခဲ့ပြီး ဂါးရ်ဖီးမှာ ရောဂါအပြင်းထန်ဆုံး ခံစားခဲ့ရသူဖြစ်ကာ ဆရာဝန်များက အသက်ရှင်ရန် ၁ ရာခိုင်နှုန်းသာရှိသည်ဟု သတ်မှတ်ထားခဲ့ခြင်း ခံရသည်။

“ဆေးပညာအရပြောရရင် ကျွန်တော်အခုလို အသက်ရှင်နေဖို့ အခွင့်အလမ်းမရှိခဲ့ပါဘူး။ MRSA ကူးစက်ရောဂါ၊ အပြင်းဖျား၊ ကျောက်ကပ်အလုပ်မလုပ်ခြင်း၊ အသည်းအလုပ်မလုပ်ခြင်း၊ အဆုပ်သွေးကြောပိတ်ခြင်း (pulmonary embolsim)နဲ့ အဆုပ်အလုပ်မလုပ်ခြင်း ၄ မျိုးခံစားခဲ့ရတာ ဖြစ်ပါတယ် ”

(MRSA သည် ကမ္ဘာတစ်ဝန်းတွင် များစွာကူးစက်ဖြစ်ပွားမှုရှိသော ရောဂါတစ်မျိုးဖြစ်ပြီး သာမန် ပဋိဇီဝဆေးများဖြင့် ကုသ၍ မရနိုင်။ အရေပြားနှင့် နှာခေါင်းတွင်ရှိနေသည့် Staphylococcus ဘက်တီးရီးယားတို့သည် ကူးစက်မှုဖြစ်လာပြီး သာမန် ပဋိဇီဝဆေးများကို ခုခံလာကာ MRSA ကူးစက်ရောဂါအကြီးစားဖြစ်လာခြင်းဖြစ်သည်။ အထူးသဖြင့် သက်ကြီးပိုင်းများကို ပိုမိုခြိမ်းခြောက်လေ့ရှိသည်။ အသက်အရွယ်အရ ကူးစက်ရောဂါများကို ခုခံနိုင်စွမ်းနည်းပါးရာမှ MRSA ကူးစက်ခံရခြင်း ဖြစ်သည်။)

ကယ်လီဖိုးနီးယားတောင်ပိုင်း လော့စ်အိန်ဂျလိခရိုင်၊ ဘားဘန့်ခ်မြို့၊ Providence St. Joseph ဆေးရုံတွင် Patient Zero အဖြစ် သတ်မှတ်ခံခဲ့ရသော ဂါးရ်ဖီးသည် ဆေးရုံတွင် ၆၄ ရက်ခန့် ကုသမှုခံယူခဲ့ရပြီး ထိုကာလ၏ ထက်ဝက်နီးပါးတွင် အသက်ရှူစက်ဖြင့် နေထိုင်ခဲ့ရသည်။

ဆေးရုံမှ ဆင်းခွင့်ရခဲ့သော်လည်း လက်ချောင်းများအားလုံးနီးပါး ဖြတ်တောက်ခဲ့ရပြီး အထူးသဖြင့် ဘယ်လက်၏ လက်ချောင်းများ ဖြစ်သည်။

“ကျွန်တော် ရှင်သန်မှု ရခဲ့ပါပြီ။ ကျွန်တော် ဒါကို အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော့်လက်တွေကတော့ အရင်အတိုင်း ဘယ်တော့မှ မရနိုင်တော့ပါဘူး။ ကျွန်တော့်မှာ လက်ချောင်းတွေ မရှိတော့ပါဘူး” ဟု ဂါးရ်ဖီးက ပြောကြားသည်။

ဂါးရ်ဖီးနှင့် သူ၏ချစ်သူမိန်းကလေး အေ-ဂျေ ဂျွန်ဆင်တို့က အမေရိကန်ပြည်သူများ၊ အထူးသဖြင့် Covid 19 ကူးစက်မှု စံချိန်တင်နေသော ကယ်လီဖိုးနီးယားပြည်နယ်မှ ပြည်သူများကို ဂရုစိုက်ကြရန်နှင့် mask များ တပ်ဆင်ကြရန် တိုက်တွန်းခဲ့ကြသည်။

ဂါးရ်ဖီးသည် သူ၏လက်ချောင်းများကို ပြန်လည်ခွဲစိတ်ပြုပြင်မှု ၆ အနည်းဆုံး ၆ ကြိမ်ပြုလုပ်သွားရန် စီစဉ်ထားပြီး ညာဘက်လက်တွင် လက်ချောင်းအတုများ တပ်ဆင်သွားဖွယ်ရှိသည်။

ဂါးရ်ဖီး၏ ဆေးရုံတက်စရိတ်မှာ ကန်ဒေါ်လာ ၂ သန်းခန့် ကျသင့်ခဲ့သည်ဟု သိရသည်။ အဆိုပါဆေးရုံစရိတ်ကို ကျန်းမာရေးအာမခံမှ ပေးချေသွားမည်ဖြစ်သော်လည်း လက်အတုတပ်ဆင်မှုအတွက်မူ ပါဝင်ခြင်းမရှိချေ။

ထို့ကြောင့် သူ၏ ညီဖြစ်သူက ဂါးရ်ဖီး၏ လက်တု တပ်ဆင်နိုင်ရေးအတွက် GoFundMe ဝက်ဘ်ဆိုက်တွင် ရန်ပုံငွေ အလှူခံစုဆောင်းလျက်ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: California Man Loses Most of His Fingers Due to Coronavirus: ‘This Could Happen to You’ (People)

 

[Zawgyi]

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္ႏိုင္ငံသား လက္ေခ်ာင္းမ်ားအားလံုးနီးပါး ျဖတ္ေတာက္လုိက္ရ

အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ Covid 19 ကူးစက္ခံရသူတစ္ဦးျဖစ္ေသာ ဂရက္ဒ္ ဂါးရ္ဖီး (Gregg Garfield) သည္ ေရာဂါသက္သာေပ်ာက္ကင္းသြားျပီျဖစ္ေသာ္လည္း လက္ေခ်ာင္းမ်ား အားလံုးနီးပါး ျဖတ္ေတာက္လိုက္ရသည္။

ထိုသို႔ Covid 19 ျဖင့္ဆက္ႏႊယ္ကာ လက္ေခ်ာင္းအားလံုးနီးပါး ဆံုးရံႈးခဲ့ရေသာ ဂါးရ္ဖီးက ကိုရိုနာဗိုင္းရပ္စ္ကို အေမရိကန္ျပည္သူမ်ား ေပါ့ေပါ့တန္တန္ သေဘာမထားၾကရန္ သတိေပးလိုက္သည္။

အသက္ ၅၄ ႏွစ္အရြယ္ရွိ ဂါးရ္ဖီးသည္ ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း အီတလီရွိ အဲလ္ပ္ေတာင္တန္းသို႔ မိတ္ေဆြမ်ားႏွင့္အတူ ႏွင္းေလွ်ာစီးရန္ ခရီးထြက္ခဲ့ျပီး ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျခင္းခံခဲ့ရျခင္းျဖစ္ရာ ကယ္လီဖိုးနီးယားျပည္နယ္၏ အေစာဆံုး Covid 19 လူနာမ်ားတြင္ ပါဝင္ခဲ့သည္။

အီတလီသို႔ ခရီးထြက္ခဲ့သည့္ အဖြဲ႔ဝင္ ၁၃ ဦးလံုးတြင္ Covid 19 စမ္းသပ္ေတြ႔ရွိခဲ့ျပီး ဂါးရ္ဖီးမွာ ေရာဂါအျပင္းထန္ဆံုး ခံစားခဲ့ရသူျဖစ္ကာ ဆရာဝန္မ်ားက အသက္ရွင္ရန္ ၁ ရာခိုင္ႏႈန္းသာရွိသည္ဟု သတ္မွတ္ထားခဲ့ျခင္း ခံရသည္။

“ေဆးပညာအရေျပာရရင္ ကၽြန္ေတာ္အခုလို အသက္ရွင္ေနဖို႔ အခြင့္အလမ္းမရွိခဲ့ပါဘူး။ MRSA ကူးစက္ေရာဂါ၊ အျပင္းဖ်ား၊ ေက်ာက္ကပ္အလုပ္မလုပ္ျခင္း၊ အသည္းအလုပ္မလုပ္ျခင္း၊ အဆုပ္ေသြးေၾကာပိတ္ျခင္း (pulmonary embolsim)နဲ႔ အဆုပ္အလုပ္မလုပ္ျခင္း ၄ မ်ဳိးခံစားခဲ့ရတာ ျဖစ္ပါတယ္ ”

(MRSA သည္ ကမၻာတစ္ဝန္းတြင္ မ်ားစြာကူးစက္ျဖစ္ပြားမႈရွိေသာ ေရာဂါတစ္မ်ဳိးျဖစ္ျပီး သာမန္ ပဋိဇီဝေဆးမ်ားျဖင့္ ကုသ၍ မရႏိုင္။ အေရျပားႏွင့္ ႏွာေခါင္းတြင္ရွိေနသည့္ Staphylococcus ဘက္တီးရီးယားတို႔သည္ ကူးစက္မႈျဖစ္လာျပီး သာမန္ ပဋိဇီဝေဆးမ်ားကို ခုခံလာကာ MRSA ကူးစက္ေရာဂါအၾကီးစားျဖစ္လာျခင္းျဖစ္သည္။ အထူးသျဖင့္ သက္ၾကီးပိုင္းမ်ားကို ပိုမိုျခိမ္းေျခာက္ေလ့ရွိသည္။ အသက္အရြယ္အရ ကူးစက္ေရာဂါမ်ားကို ခုခံႏိုင္စြမ္းနည္းပါးရာမွ MRSA ကူးစက္ခံရျခင္း ျဖစ္သည္။)

ကယ္လီဖိုးနီးယားေတာင္ပိုင္း ေလာ့စ္အိန္ဂ်လိခရိုင္၊ ဘားဘန္႔ခ္ျမိဳ ႔၊ Providence St. Joseph ေဆးရံုတြင္ Patient Zero အျဖစ္ သတ္မွတ္ခံခဲ့ရေသာ ဂါးရ္ဖီးသည္ ေဆးရံုတြင္ ၆၄ ရက္ခန္႔ ကုသမႈခံယူခဲ့ရျပီး ထိုကာလ၏ ထက္ဝက္နီးပါးတြင္ အသက္ရွဴစက္ျဖင့္ ေနထုိင္ခဲ့ရသည္။

ေဆးရံုမွ ဆင္းခြင့္ရခဲ့ေသာ္လည္း လက္ေခ်ာင္းမ်ားအားလံုးနီးပါး ျဖတ္ေတာက္ခဲ့ရျပီး အထူးသျဖင့္ ဘယ္လက္၏ လက္ေခ်ာင္းမ်ား ျဖစ္သည္။

“ကၽြန္ေတာ္ ရွင္သန္မႈ ရခဲ့ပါျပီ။ ကၽြန္ေတာ္ ဒါကို အေကာင္းဆံုးျဖတ္သန္းႏိုင္ခဲ့ပါျပီ။ ဒါေပမယ့္ ကၽြန္ေတာ့္လက္ေတြကေတာ့ အရင္အတိုင္း ဘယ္ေတာ့မွ မရႏိုင္ေတာ့ပါဘူး။ ကၽြန္ေတာ့္မွာ လက္ေခ်ာင္းေတြ မရွိေတာ့ပါဘူး” ဟု ဂါးရ္ဖီးက ေျပာၾကားသည္။

ဂါးရ္ဖီးႏွင့္ သူ၏ခ်စ္သူမိန္းကေလး ေအ-ေဂ် ဂၽြန္ဆင္တို႔က အေမရိကန္ျပည္သူမ်ား၊ အထူးသျဖင့္ Covid 19 ကူးစက္မႈ စံခ်ိန္တင္ေနေသာ ကယ္လီဖိုးနီးယားျပည္နယ္မွ ျပည္သူမ်ားကို ဂရုစိုက္ၾကရန္ႏွင့္ mask မ်ား တပ္ဆင္ၾကရန္ တိုက္တြန္းခဲ့ၾကသည္။

ဂါးရ္ဖီးသည္ သူ၏လက္ေခ်ာင္းမ်ားကို ျပန္လည္ခြဲစိတ္ျပဳျပင္မႈ ၆ အနည္းဆံုး ၆ ၾကိမ္ျပဳလုပ္သြားရန္ စီစဥ္ထားျပီး ညာဘက္လက္တြင္ လက္ေခ်ာင္းအတုမ်ား တပ္ဆင္သြားဖြယ္ရွိသည္။

ဂါးရ္ဖီး၏ ေဆးရံုတက္စရိတ္မွာ ကန္ေဒၚလာ ၂ သန္းခန္႔ က်သင့္ခဲ့သည္ဟု သိရသည္။ အဆိုပါေဆးရံုစရိတ္ကို က်န္းမာေရးအာမခံမွ ေပးေခ်သြားမည္ျဖစ္ေသာ္လည္း လက္အတုတပ္ဆင္မႈအတြက္မူ ပါဝင္ျခင္းမရွိေခ်။

ထို႔ေၾကာင့္ သူ၏ ညီျဖစ္သူက ဂါးရ္ဖီး၏ လက္တု တပ္ဆင္ႏိုင္ေရးအတြက္ GoFundMe ဝက္ဘ္ဆိုက္တြင္ ရန္ပံုေငြ အလွဴခံစုေဆာင္းလ်က္ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: California Man Loses Most of His Fingers Due to Coronavirus: ‘This Could Happen to You’ (People)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service