Covid-19 စည်းမျဉ်းမလိုက်နာသူများကို လူသေခေါင်းထဲ ဝင်အိပ်ခိုင်းကာ အပြစ်ပေး

Covid-19 စည်းမျဉ်းမလိုက်နာသူများကို လူသေခေါင်းထဲ ဝင်အိပ်ခိုင်းကာ အပြစ်ပေး - Property News in Myanmar from iMyanmarHouse.com
5 Sep 2020 11:00 am တွင် တင်ခဲ့သည်
3217 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Covid-19 စည်းမျဉ်းမလိုက်နာသူများကို တမူထူးဆန်းသည့် နည်းလမ်းများဖြင့် အပြစ်ပေးခြင်းဖြင့် နာမည်ကျော်နေသည့် အင်ဒိုနီးရှားနိုင်ငံတွင် ယခုအခါ အပြစ်ပေးနည်းသစ်တစ်ခု အသုံးပြုလာပြန်သည်။

ဂျကာတာမြို့တော်တွင် mask မတပ်သူများကို အပြစ်ပေးသည့် နည်းလမ်းသစ်တစ်မျိုး ဖော်ထုတ်အသုံးပြုလာခြင်း ဖြစ်သည်။

ဂျကာတာမြို့တော်အရှေ့ပိုင်း ကာလီဆာရီခရိုင်ခွဲ၊ ပါဆာရီဘိုအရပ်ရှိ အာဏာပိုင်များသည် စည်းကမ်းမလိုက်နာသူ များစွာကို လူသေခေါင်းတစ်ခုထဲဝင်ပြီး လှဲအိပ်စေကာ မိမိတို့၏ အမှားကို ပြန်လည်ချင့်ချိန်သုံးသပ်စေသည်ဟု ဆိုသည်။

မူလက အပြစ်ပေးသည့်နည်းလမ်းဖြစ်သော လူမှုရေးပြစ်ဒဏ်ပေးခြင်း (အများပြည်သူဆိုင်ရာနေရာများ သန့်ရှင်းရေးလုပ်စေသည့် နည်းလမ်းပါဝင်) နေရာတွင် ယခုနည်းလမ်းကို ရွေးချယ်စရာတစ်ခုအဖြစ် ထည့်သွင်းလာခြင်းလည်း ဖြစ်သည်။

“လူမှုရေးပြစ်ဒဏ်အတွက် တန်းစီနေကြရတဲ့ လူတွေက အတန်းလိုက်ကြီးဖြစ်နေတယ်။ ဒါကြောင့် ပါဆာရီဘိုက အရာရှိတွေက လူသေခေါင်းတစ်ခုကို အသုံးပြုလာခဲ့ပါတယ်။ စည်းကမ်းမလိုက်နာတဲ့သူတွေကို ကျွန်တော်တို့က မေးပါတယ်။ လူသေခေါင်းထဲဝင်မလား (ဒါမှမဟုတ်) လူမှုရေးပြစ်ဒဏ်ခံယူမလားလို့ မေးပါတယ်” ဟု ဂျကာတာအရှေ့ပိုင်းအုပ်ချုပ်ရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ ဘူဒီ နိုဗီယန်က ပြောကြားသည်။

၁ မှ ၁၀၀ အထိ ရေတွက်ပေးနေသည့် အချိန်အတွင်း စည်းကမ်းချိုးဖောက်သူတို့ကို ခေါင်းထဲတွင် မိမိလုပ်ရပ်ကို ပြန်လည်သုံးသပ်စေ ကြောင်း၊ စည်းကမ်းမလိုက်နာခြင်းကြောင့် covid-19 ကူးစက်ခံရလျှင် လူသေခေါင်းအစစ်ထဲသို့ ရောက်သွားနိုင်သည်ကို သုံးသပ်စေ ကြောင်း နိုဗီယန်က ဆက်လက်ပြောကြားသည်။

လက်ရှိစည်းမျဉ်းများအရ ဂျကာတာတွင် အများပြည်သူအတွင်းသွားလာရာတွင် mask မတပ်ဆင်ပါက အင်ဒိုနီးရှား ရူပီးယားငွေ ၂၅၀၀၀၀ (ကန်ဒေါ်လာ ၁၆ ဒသမ ၉၀) ဒဏ်ငွေ (သို့မဟုတ်) လူမှုရေးပြစ်ဒဏ် မိနစ် ၆၀ ပြစ်ဒဏ်ကျခံရမည် ဖြစ်သည်။

ပါဆာရီဘိုဒေသတွင် လူသေခေါင်းဖြင့် အပြစ်ပေးမှုကို ရက်အနည်းငယ်ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ဂျကာတာတစ်မြို့လုံးတွင် ယခုနည်းလမ်းကို အသုံးပြုကြရန် တိုက်တွန်းကြောင်း၊ ဤနည်းလမ်းဖြင့် ပြည်သူများကို mask မတပ်ဆင်မှုများ မရှိစေရန် ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းလည်း နိုဗီယန်က ပြောကြားသည်။

ဂျကာတာတွင် လူသေခေါင်းဖြင့် သတိပေးခြင်းမှာ ပါဆာရီဘိုတွင်သာမဟုတ်။ အခြားသောနေရာများစွာတွင်လည်း လူသေခေါင်းများ ထောင်ကာ အခေါင်းပေါ်တွင် ထိုဒေသ၏ covid-19 ကူးစက်ခံရသူနှင့် သေဆုံးသူစာရင်းအချက်အလက်များ ရေးသားဖော်ပြကာ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သတိပေးကြသည်။

အင်ဒိုနီးရှားတွင် ယခင်ကလည်း covid-19 စည်းမျဉ်းမလိုက်နာသူများကို သရဲခြောက်သည့်နေအိမ်ကြီးများတွင် quarantine ဝင်စေကာ အပြစ်ပေးခဲ့ဖူးသည်။ အဆိုပါသတင်းကို iMaynmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: No mask in Jakarta? Lie in this coffin and think about your deadly life choices (coconuts)

 

[Zawgyi]

Covid-19 စည္းမ်ဥ္းမလိုက္နာသူမ်ားကို လူေသေခါင္းထဲ ဝင္အိပ္ခိုင္းကာ အျပစ္ေပး

Covid-19 စည္းမ်ဥ္းမလိုက္နာသူမ်ားကို တမူထူးဆန္းသည့္ နည္းလမ္းမ်ားျဖင့္ အျပစ္ေပးျခင္းျဖင့္ နာမည္ေက်ာ္ေနသည့္ အင္ဒိုနီးရွားႏိုင္ငံတြင္ ယခုအခါ အျပစ္ေပးနည္းသစ္တစ္ခု အသုံးျပဳလာျပန္သည္။

ဂ်ကာတာၿမိဳ႕ေတာ္တြင္ mask မတပ္သူမ်ားကို အျပစ္ေပးသည့္ နည္းလမ္းသစ္တစ္မ်ိဳး ေဖာ္ထုတ္အသုံးျပဳလာျခင္း ျဖစ္သည္။

ဂ်ကာတာၿမိဳ႕ေတာ္အေရွ႕ပိုင္း ကာလီဆာရီခ႐ိုင္ခြဲ၊ ပါဆာရီဘိုအရပ္ရွိ အာဏာပိုင္မ်ားသည္ စည္းကမ္းမလိုက္နာသူ မ်ားစြာကို လူေသေခါင္းတစ္ခုထဲဝင္ၿပီး လွဲအိပ္ေစကာ မိမိတို႔၏ အမွားကို ျပန္လည္ခ်င့္ခ်ိန္သုံးသပ္ေစသည္ဟု ဆိုသည္။

မူလက အျပစ္ေပးသည့္နည္းလမ္းျဖစ္ေသာ လူမႈေရးျပစ္ဒဏ္ေပးျခင္း (အမ်ားျပည္သူဆိုင္ရာေနရာမ်ား သန႔္ရွင္းေရးလုပ္ေစသည့္ နည္းလမ္းပါဝင္) ေနရာတြင္ ယခုနည္းလမ္းကို ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ထည့္သြင္းလာျခင္းလည္း ျဖစ္သည္။

“လူမႈေရးျပစ္ဒဏ္အတြက္ တန္းစီေနၾကရတဲ့ လူေတြက အတန္းလိုက္ႀကီးျဖစ္ေနတယ္။ ဒါေၾကာင့္ ပါဆာရီဘိုက အရာရွိေတြက လူေသေခါင္းတစ္ခုကို အသုံးျပဳလာခဲ့ပါတယ္။ စည္းကမ္းမလိုက္နာတဲ့သူေတြကို ကြၽန္ေတာ္တို႔က ေမးပါတယ္။ လူေသေခါင္းထဲဝင္မလား (ဒါမွမဟုတ္) လူမႈေရးျပစ္ဒဏ္ခံယူမလားလို႔ ေမးပါတယ္” ဟု ဂ်ကာတာအေရွ႕ပိုင္းအုပ္ခ်ဳပ္ေရးအဖြဲ႕မွ အႀကီးအကဲျဖစ္သူ ဘူဒီ ႏိုဗီယန္က ေျပာၾကားသည္။

၁ မွ ၁၀၀ အထိ ေရတြက္ေပးေနသည့္ အခ်ိန္အတြင္း စည္းကမ္းခ်ိဳးေဖာက္သူတို႔ကို ေခါင္းထဲတြင္ မိမိလုပ္ရပ္ကို ျပန္လည္သုံးသပ္ေစ ေၾကာင္း၊ စည္းကမ္းမလိုက္နာျခင္းေၾကာင့္ covid-19 ကူးစက္ခံရလွ်င္ လူေသေခါင္းအစစ္ထဲသို႔ ေရာက္သြားႏိုင္သည္ကို သုံးသပ္ေစ ေၾကာင္း ႏိုဗီယန္က ဆက္လက္ေျပာၾကားသည္။

လက္ရွိစည္းမ်ဥ္းမ်ားအရ ဂ်ကာတာတြင္ အမ်ားျပည္သူအတြင္းသြားလာရာတြင္ mask မတပ္ဆင္ပါက အင္ဒိုနီးရွား ႐ူပီးယားေငြ ၂၅၀၀၀၀ (ကန္ေဒၚလာ ၁၆ ဒသမ ၉၀) ဒဏ္ေငြ (သို႔မဟုတ္) လူမႈေရးျပစ္ဒဏ္ မိနစ္ ၆၀ ျပစ္ဒဏ္က်ခံရမည္ ျဖစ္သည္။

ပါဆာရီဘိုေဒသတြင္ လူေသေခါင္းျဖင့္ အျပစ္ေပးမႈကို ရက္အနည္းငယ္ဆက္လက္က်င့္သုံးသြားမည္ျဖစ္ေၾကာင္း၊ ဂ်ကာတာတစ္ၿမိဳ႕လုံးတြင္ ယခုနည္းလမ္းကို အသုံးျပဳၾကရန္ တိုက္တြန္းေၾကာင္း၊ ဤနည္းလမ္းျဖင့္ ျပည္သူမ်ားကို mask မတပ္ဆင္မႈမ်ား မရွိေစရန္ ကာကြယ္ေပးႏိုင္မည္ျဖစ္ေၾကာင္းလည္း ႏိုဗီယန္က ေျပာၾကားသည္။

ဂ်ကာတာတြင္ လူေသေခါင္းျဖင့္ သတိေပးျခင္းမွာ ပါဆာရီဘိုတြင္သာမဟုတ္။ အျခားေသာေနရာမ်ားစြာတြင္လည္း လူေသေခါင္းမ်ား ေထာင္ကာ အေခါင္းေပၚတြင္ ထိုေဒသ၏ covid-19 ကူးစက္ခံရသူႏွင့္ ေသဆုံးသူစာရင္းအခ်က္အလက္မ်ား ေရးသားေဖာ္ျပကာ မည္မွ် ေၾကာက္မက္ဖြယ္ေကာင္းေၾကာင္း သတိေပးၾကသည္။

အင္ဒိုနီးရွားတြင္ ယခင္ကလည္း covid-19 စည္းမ်ဥ္းမလိုက္နာသူမ်ားကို သရဲေျခာက္သည့္ေနအိမ္ႀကီးမ်ားတြင္ quarantine ဝင္ေစကာ အျပစ္ေပးခဲ့ဖူးသည္။ အဆိုပါသတင္းကို iMaynmarHouse.com ဝက္ဘ္ဆိုက္ႀကီးတြင္ ေဖာ္ျပခဲ့ၿပီး ျဖစ္ပါသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: No mask in Jakarta? Lie in this coffin and think about your deadly life choices (coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service