အိမ်ဝယ်လျှင် အိမ်ရှင်အမျိုးသမီးကို ချစ်ရေးဆိုနိုင်မည့် အစီအစဉ် (အိမ်ခြံမြေလောက ဖြစ်ရပ်ဆန်းများ)

အိမ်ဝယ်လျှင် အိမ်ရှင်အမျိုးသမီးကို ချစ်ရေးဆိုနိုင်မည့် အစီအစဉ် (အိမ်ခြံမြေလောက ဖြစ်ရပ်ဆန်းများ) - Property News in Myanmar from iMyanmarHouse.com
3 Sep 2020 1:16 pm တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားတွင် နေအိမ်အရောင်းကြော်ငြာတစ်ခုမှာ အွန်လိုင်းအသုံးပြုသူများအကြား များစွာဂယက်ရိုက်ခဲ့ဖူးသည်။

အိမ်ပိုင်ရှင်အမျိုးသမီးက ထူးခြားသည့် ကမ်းလှမ်းမှုဖြင့် နေအိမ်ရောင်းချလာခြင်းဖြစ်ပြီး နေအိမ်ဝယ်ယူမည့်သူသည် သူမကိုပါ ပိုင်ဆိုင်ခွင့်ရမည့် အခွင့်အရေးဖြစ်သည်။

နေအိမ်ကို ဝယ်ယူချိန်တွင် မိမိကို ချစ်ရေးဆိုပြီး လက်ထပ်ပါရန် တောင်းဆိုနိုင်သည်ဟု ဆိုသည်။

အင်တာနက်တွင် ကြော်ငြာခဲ့သောကြော်ငြာအရ နေအိမ်မှာ တစ်ထပ်နေအိမ်ဖြစ်ပြီး အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်း၊ ကားရပ်နားရန်နေရာနှင့် ငါးကန်တစ်ခုတို့ ပါဝင်သည်ဟု ဆိုသည်။

ကြော်ငြာတွင် ဖော်ပြထားသောဓာတ်ပုံအရ နေအိမ်ရောင်းချသူ ဝီနာလီယာသည် နေအိမ်ရှေ့တွင် ကားတစ်စီးဘေး၌ မှီကာ ရပ်နေပုံကို ပြသထားသည်။ လီယာသည် အသက် ၄၀ အရွယ် မုဆိုးမတစ်ဦးဖြစ်ပြီး အလှပြင်ဆိုင်ပိုင်ရှင်တစ်ဦးလည်း ဖြစ်သည်။ အမှန်တကယ်ဝယ်ယူလိုသူများသာ ဆက်သွယ်ရန်နှင့် ဈေးနှုန်းညှိနှိုင်းမပေးဟု ကြော်ငြာတွင် ဖော်ပြထားသည်။

ရောင်းချမည့်နေအိမ်မှာ ဂျာဗားကျွန်းပေါ်ရှိ Sleman မြို့တွင် တည်ရှိကာ ခေါ်ဈေးမှာ အင်ဒိုနီးရှား ရူပီးယားငွေ ၉၉၉ သန်း (ကန်ဒေါ်လာ ၇၅၀၀၀ ) ခန့် ဖြစ်သည်။

လီယာ၏ ကြော်ငြာမှာ အင်ဒိုနီးရှား လူမှုကွန်ရက်အသုံးပြုသူများအကြား တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။

နာမည်ကျော် အွန်လိုင်းဖိုရမ်တစ်ခုဖြစ်သော Kaskus တွင် Boldies99 အမည်ဖြင့် အွန်လိုင်းအသုံးပြုသူတစ်ဦးက “ဉာဏ်သိပ်ကောင်းတယ်။ အိမ်ရောင်းလိုက်တာတောင် သူက အိမ်ရှင်ဆက်ဖြစ်နေဦးမှာ” ဟု ရေးသားခဲ့သည်။

ထိုသို့ကြော်ငြာလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည်တို့အပေါ် များစွာအံ့အားသင့်မိကြောင်း လီယာက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

တွေ့ဆုံမေးမြန်းခန်းပြုလုပ်ရန် သတင်းထောက်များ အလုံးအရင်းရောက်လာသကဲ့သို့ ရှေးရိုးစွဲ မွတ်စလင်အများစု နေထိုင်ရာနိုင်ငံဖြစ်ရာ ရဲတပ်ဖွဲ့မှပင်လျှင် စုံစမ်းမေးမြန်းရန် ရောက်ရှိလာကြကြောင်း လီယာက ပြောပြသည်။

“ဒါဟာ မသင့်လျော်တဲ့ ကြော်ငြာတစ်ခုဖြစ်တယ်လို့ ယူဆပြီး သတင်းကို အတည်ပြုနိုင်ဖို့အတွက် ရဲတပ်ဖွဲ့က ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်မရဲ့စိတ်ကူး မဟုတ်ပါဘူးလို့ သူတို့ကို ရှင်းပြခဲ့ပါတယ်”

“အိမ်ခြံမြေအကျိုးဆောင်အဖြစ် လုပ်ကိုင်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို အိမ်ဝယ်ချင်တဲ့ အိမ်ထောင်မရှိ (ဒါမှမဟုတ်) မုဆိုးဖိုတစ်ယောက်ယောက် မရှိဘူးလားလို့ စုံစမ်းခဲ့ပါတယ်။ အိမ်တစ်လုံး ဝယ်ချင်နေပြီး အိမ်ထောင်လည်းပြုချင်နေတဲ့သူမျိုးပေါ့။ ကျွန်မက မုဆိုးမဆိုတာလည်း သူ့ကို အသိပေးမှာပါ” ဟု လီယာက ဆိုသည်။

လီယာထံသို့ အိမ်ဝယ်ရန် လာရောက်သူတစ်ဦးသာရှိခဲ့ပြီး အဆိုပါတစ်ဦးနှင့်စပ်လျဉ်းသည့် အချက်အလက်များကိုမူ မသိရချေ။

ဈေးကွက်တင်ပေးသည့် အိမ်ခြံမြေအကျိုးဆောင် ဒိုင်ယန် ပါနာ ဒါဂန်တာရာက ပြောကြားရာတွင်မူ ဝယ်လက်အနေဖြင့် လီယာကို မဖြစ်မနေ လက်ထပ်ရမည်ဟု သတ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားသည်။

“မနေ့ မနက်ကတည်းက ဖုန်းတွေဝင်လာတာဆိုတာ အဆက်မပြတ်ပဲ။ ဘယ်နှစ်ယောက်လဲဆိုတာ ရေတွက်လို့တောင် မရဘူး။ ရာနဲ့ချီပြီးရှိနိုင်တယ်” ဟု ဒါဂန်တာရာက တိုင်းမ်မဂ္ဂဇင်းသို့ ပြောကြားသည်။

“အိမ်ကိုပဲ ဝယ်ချင်တယ်လိုလည်း ဝယ်လို့ရပါတယ်” ဟု ဒါဂန်တာရာက ပြောကြားသည်။

(မှတ်ချက်- လွန်ခဲ့သော ၅ နှစ်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်ဖြစ်ပြီး အိမ်မြေလောက ထူးခြားဆန်းပြားဖြစ်ရပ်တစ်ခုအဖြစ် လေ့လာနိုင်ရန် တင်ပြအပ်ပါသည်)

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: House for Sale in Indonesia - With Free Wife ( independent, ndtv, rappler )

 

 [Zawgyi]

အိမ္ဝယ္လွ်င္ အိမ္ရွင္အမ်ဳိးသမီးကို ခ်စ္ေရးဆိုႏိုင္မည့္ အစီအစဥ္ (အိမ္ျခံေျမေလာက ျဖစ္ရပ္ဆန္းမ်ား)

အင္ဒိုနီးရွားတြင္ ေနအိမ္အေရာင္းေၾကာ္ျငာတစ္ခုမွာ အြန္လိုင္းအသံုးျပဳသူမ်ားအၾကား မ်ားစြာဂယက္ရိုက္ခဲ့ဖူးသည္။

အိမ္ပိုင္ရွင္အမ်ဳိးသမီးက ထူးျခားသည့္ ကမ္းလွမ္းမႈျဖင့္ ေနအိမ္ေရာင္းခ်လာျခင္းျဖစ္ျပီး ေနအိမ္ဝယ္ယူမည့္သူသည္ သူမကိုပါ ပိုင္ဆိုင္ခြင့္ရမည့္ အခြင့္အေရးျဖစ္သည္။

ေနအိမ္ကို ဝယ္ယူခ်ိန္တြင္ မိမိကို ခ်စ္ေရးဆိုျပီး လက္ထပ္ပါရန္ ေတာင္းဆိုႏိုင္သည္ဟု ဆိုသည္။

အင္တာနက္တြင္ ေၾကာ္ျငာခဲ့ေသာေၾကာ္ျငာအရ ေနအိမ္မွာ တစ္ထပ္ေနအိမ္ျဖစ္ျပီး အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္း၊ ကားရပ္နားရန္ေနရာႏွင့္ ငါးကန္တစ္ခုတို႔ ပါဝင္သည္ဟု ဆိုသည္။

ေၾကာ္ျငာတြင္ ေဖာ္ျပထားေသာဓာတ္ပံုအရ ေနအိမ္ေရာင္းခ်သူ ဝီနာလီယာသည္ ေနအိမ္ေရွ႕တြင္ ကားတစ္စီးေဘး၌ မွီကာ ရပ္ေနပံုကို ျပသထားသည္။ လီယာသည္ အသက္ ၄၀ အရြယ္ မုဆိုးမတစ္ဦးျဖစ္ျပီး အလွျပင္ဆိုင္ပိုင္ရွင္တစ္ဦးလည္း ျဖစ္သည္။ အမွန္တကယ္ဝယ္ယူလိုသူမ်ားသာ ဆက္သြယ္ရန္ႏွင့္ ေစ်းႏႈန္းညွိႏႈိင္းမေပးဟု ေၾကာ္ျငာတြင္ ေဖာ္ျပထားသည္။

ေရာင္းခ်မည့္ေနအိမ္မွာ ဂ်ာဗားကၽြန္းေပၚရွိ Sleman ျမိဳ႕တြင္ တည္ရွိကာ ေခၚေစ်းမွာ အင္ဒိုနီးရွား ရူပီးယားေငြ ၉၉၉ သန္း (ကန္ေဒၚလာ ၇၅၀၀၀ ) ခန္႔ ျဖစ္သည္။

လီယာ၏ ေၾကာ္ျငာမွာ အင္ဒိုနီးရွား လူမႈကြန္ရက္အသံုးျပဳသူမ်ားအၾကား တမဟုတ္ခ်င္း ပ်ံ ႔ႏွံ႔သြားခဲ့သည္။

နာမည္ေက်ာ္ အြန္လိုင္းဖိုရမ္တစ္ခုျဖစ္ေသာ Kaskus တြင္ Boldies99 အမည္ျဖင့္ အြန္လိုင္းအသံုးျပဳသူတစ္ဦးက “ဥာဏ္သိပ္ေကာင္းတယ္။ အိမ္ေရာင္းလိုက္တာေတာင္ သူက အိမ္ရွင္ဆက္ျဖစ္ေနဦးမွာ” ဟု ေရးသားခဲ့သည္။

ထိုသို႔ေၾကာ္ျငာလိုက္ျခင္းေၾကာင့္ ျဖစ္ေပၚလာသည္တို႔အေပၚ မ်ားစြာအံ့အားသင့္မိေၾကာင္း လီယာက ေအအက္ဖ္ပီ သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

ေတြ႔ဆံုေမးျမန္းခန္းျပဳလုပ္ရန္ သတင္းေထာက္မ်ား အလံုးအရင္းေရာက္လာသကဲ့သုိ႔ ေရွးရိုးစြဲ မြတ္စလင္အမ်ားစု ေနထိုင္ရာႏိုင္ငံျဖစ္ရာ ရဲတပ္ဖြဲ႔မွပင္လွ်င္ စံုစမ္းေမးျမန္းရန္ ေရာက္ရွိလာၾကေၾကာင္း လီယာက ေျပာျပသည္။

“ဒါဟာ မသင့္ေလ်ာ္တဲ့ ေၾကာ္ျငာတစ္ခုျဖစ္တယ္လို႔ ယူဆျပီး သတင္းကို အတည္ျပဳႏိုင္ဖုိ႔အတြက္ ရဲတပ္ဖြဲ႔က ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက ကၽြန္မရဲ ႔စိတ္ကူး မဟုတ္ပါဘူးလို႔ သူတို႔ကို ရွင္းျပခဲ့ပါတယ္”

“အိမ္ျခံေျမအက်ဳိးေဆာင္အျဖစ္ လုပ္ကိုင္ေနတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို အိမ္ဝယ္ခ်င္တဲ့ အိမ္ေထာင္မရွိ (ဒါမွမဟုတ္) မုဆိုးဖိုတစ္ေယာက္ေယာက္ မရွိဘူးလားလို႔ စံုစမ္းခဲ့ပါတယ္။ အိမ္တစ္လံုး ဝယ္ခ်င္ေနျပီး အိမ္ေထာင္လည္းျပဳခ်င္ေနတဲ့သူမ်ဳိးေပါ့။ ကၽြန္မက မုဆိုးမဆိုတာလည္း သူ႔ကို အသိေပးမွာပါ” ဟု လီယာက ဆိုသည္။

လီယာထံသို႔ အိမ္ဝယ္ရန္ လာေရာက္သူတစ္ဦးသာရွိခဲ့ျပီး အဆိုပါတစ္ဦးႏွင့္စပ္လ်ဥ္းသည့္ အခ်က္အလက္မ်ားကိုမူ မသိရေခ်။

ေစ်းကြက္တင္ေပးသည့္ အိမ္ျခံေျမအက်ဳိးေဆာင္ ဒိုင္ယန္ ပါနာ ဒါဂန္တာရာက ေျပာၾကားရာတြင္မူ ဝယ္လက္အေနျဖင့္ လီယာကို မျဖစ္မေန လက္ထပ္ရမည္ဟု သတ္မွတ္ထားျခင္းမရွိေၾကာင္း ေျပာၾကားသည္။

“မေန႔ မနက္ကတည္းက ဖုန္းေတြဝင္လာတာဆိုတာ အဆက္မျပတ္ပဲ။ ဘယ္ႏွစ္ေယာက္လဲဆိုတာ ေရတြက္လို႔ေတာင္ မရဘူး။ ရာနဲ႔ခ်ီျပီးရွိႏိုင္တယ္” ဟု ဒါဂန္တာရာက တိုင္းမ္မဂၢဇင္းသို႔ ေျပာၾကားသည္။

“အိမ္ကိုပဲ ဝယ္ခ်င္တယ္လိုလည္း ဝယ္လို႔ရပါတယ္” ဟု ဒါဂန္တာရာက ေျပာၾကားသည္။

(မွတ္ခ်က္- လြန္ခဲ့ေသာ ၅ ႏွစ္က ျဖစ္ပြားခဲ့ေသာ ျဖစ္ရပ္ျဖစ္ျပီး အိမ္ေျမေလာက ထူးျခားဆန္းျပားျဖစ္ရပ္တစ္ခုအျဖစ္ ေလ့လာႏိုင္ရန္ တင္ျပအပ္ပါသည္)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: House for Sale in Indonesia - With Free Wife ( independent, ndtv, rappler )

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service