ဂျပန်က မြန်မာနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ချေးပေးမယ်

ဂျပန်က မြန်မာနိုင်ငံကို ကန်ဒေါ်လာ သန်း ၃၀၀ နီးပါး ချေးပေးမယ် - Property News in Myanmar from iMyanmarHouse.com
3 Sep 2020 12:18 pm တွင် တင်ခဲ့သည်
632 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုဗစ်ကာလ အကျပ်အတည်းတွေဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကို ဂျပန်ယန်း ၃၀ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂၈၀ခန့်) တန်ဖိုးရှိတဲ့ အရေးပေါ်ထောက်ပံ့ချေးငွေပေးမယ်လို့ ဂျပန်နိုင်ငံကသဘောတူညီလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန တို့က စက်တင်ဘာ ၁ရက်နေ့က အရေးပေါ်အထောက်အပံ့နဲ့ ပတ်သတ်တဲ့စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။

အခုချေးငွေဟာ ဘက်ဂျက်အထောက်အပံ့အနေနဲ့ပေးမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ covid-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်အပါအဝင် covid-19 နဲ့ပတ်သက်တဲ့ စီးပွားရေးစီမံချက်တွေကို ပံ့ပိုးကူညီမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချေးငွေနဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး အခြေခံအဆောက်အအုံတွေအတွက် သင့်တင့်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ဖန်တီးနိုင်ဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေနဲ့ ဖွံ့ဖြိုးတိုးတတ်စေဖို့နဲ့ လူမှုရေးစီးပွားရေး အခြေနေတွေ သက်ဝင်လှုပ်ရှားလာစေဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါဆိုင်ရာ အကျပ်အတည်းတွေ တုံ့ပြန်ဆောင်ရွက်ဖို့အတွက် အရေးပေါ်အထောက်အပံ့ချေးငွေကိုတော့ ချေးငွေကာလနှစ် ၄၀( ဆိုင်းငံ့ကာလ ၁၀နှစ်အပါအဝင်) နဲ့အတိုးနှုန်း နှစ်စဉ် ဝ.၀၁ ရာခိုင်နှုန်းသတ်မှတ်ထားတာပါ။

ဂျပန်နိုင်ငံအနေနဲ့ Covid-19 ရောဂါ တိုက်ဖျက်ရေးမှာသာမက မြန်မာနိုင်ငံရဲံ ကဏ္ဍအသီးသီးမှာပါ ထောက်ပံ့ကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကထုတ်ပြန်ကြေညာထားပါတယ်။ ရန်ကုန်မြို့ပြ ရေဆိုးစွန့်ပစ် ရေးစီမံကိန်းအတွက် ဒေါ်လာသန်း ၄၂၁(ယန်း ၄၅ ဒသမ ၉ ဘီလီယံ)သုံးစွဲမည်ဖြစ်သည်။

ဒုတိယအများဆုံးချေးငွေတွင်ပါဝင်သော တိုင်းနှင့်ပြည်နယ် ငါးခု အခြေခံအဆောက်အအုံစီမံကိန်းဖွံ့ဖြိုးရေး ဒေါ်လာ ၃၅၄ သန်းကျော် (ယန်း ၃၈ ဒသမ၆ ဘီလီယံကျော်) သုံးစွဲရန် လျာထားသည်။ ချင်း၊ ရခိုင်၊ ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့၌ လျှပ်စစ်ဓာတ်အား၊ ရေပေး ဝေရေးနှင့် တံတားဆောက်လုပ်ခြင်းစသော အခြေခံအဆောက်အအုံများဆောင်ရွက်ရန် ငွေချေး ခြင်းဖြစ်သည်။

မြို့ပြသယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုစီမံကိန်းသည် ချေးငွေ တတိယအများဆုံးရရှိမည့် စီမံကိန်းဖြစ်ပြီး ရန်ကုန်တိုင်းကို အဓိကရည်ရွယ်ထားသည်။ ချေးငွေကန်ဒေါ်လာ သန်း ၂၂၀ (ယန်း ၂၄ ဘီလီယံကျော်)ကို ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး၌ သုံးစွဲမည်ဖြစ်သည်။

ရန်ကုန်၊ မန္တလေး ဓာတ်အားဖြန့်ဖြူးရေးစီမံကိန်းက ချေးငွေရ ရှိမှု အနည်းဆုံးဖြစ်ပြီး ကန်ဒေါ်လာ၁၁၂ သန်း (ယန်း ၁၂ ဒသမ ၂ ဘီလီယံကျော်) သုံးစွဲမည်ဖြစ်သည်။

အခြေခံအဆောက်အအုံအတွက် ဂျပန်နိုင်ငံ၏ ချေးငွေရယူ ဆောင်ရွက်ခြင်းက ကောင်းမွန်သော်လည်း ငွေကြေးများ ပြည်တွင်းဈေးကွက်အတွင်း ဝင်လာပါက ငွေဖောင်းပွမှုကို သတိထားသင့်သည်ဟု စီးပွားရေးပညာရှင် ဦးဇော်ဖေဝင်းက ပြောသည်။

ဂျပန်နိုင်ငံမှ ODA ချေးငွေသည် ၁၀ နှစ်ခန့် အတိုးနှင့်အရင်း ပြန်လည်ပေးဆပ်ရန်မလိုသော ချေးငွေအမျိုးအစားဖြစ်ပြီး ချေးငွေသက်တမ်း နှစ် ၄၀ ဖြစ်သည်။ ကျန် နှစ် ၃၀ တွင် ချေးငွေအတွက် အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်း ပေးဆပ်ရမည်ဖြစ် ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဂ်ပန္က ျမန္မာႏိုင္ငံကို ကန္ေဒၚလာ သန္း ၃၀၀ နီးပါး ေခ်းေပးမယ္

ကိုဗစ္ကာလ အက်ပ္အတည္းေတြေျဖ႐ွင္းဖို႔အတြက္ ျမန္မာႏိုင္ငံကို ဂ်ပန္ယန္း ၃၀ဘီလီယံ (အေမရိကန္ ေဒၚလာ သန္း ၂၈၀ခန္႔) တန္ဖိုး႐ွိတဲ့ အေရးေပၚေထာက္ပံ့ေခ်းေငြေပးမယ္လို႔ ဂ်ပန္ႏိုင္ငံကသေဘာတူညီလိုက္ပါတယ္။

ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီးနဲ႔ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန တို႔က စက္တင္ဘာ ၁ရက္ေန႔က အေရးေပၚအေထာက္အပံ့နဲ႔ ပတ္သတ္တဲ့စာခြၽန္လႊာကို လက္မွတ္ေရးထိုးခဲ့တာပါ။

အခုေခ်းေငြဟာ ဘက္ဂ်က္အေထာက္အပံ့အေနနဲ႔ေပးမွာျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ covid-19 စီးပြားေရးထိခိုက္မႈ သက္သာေရးစီမံခ်က္အပါအဝင္ covid-19 နဲ႔ပတ္သက္တဲ့ စီးပြားေရးစီမံခ်က္ေတြကို ပံ့ပိုးကူညီမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေခ်းေငြနဲ႔ ျမန္မာႏိုင္ငံရဲ႕ ရင္းႏွီးျမႇပ္ႏွံမႈ၊ ကုန္သြယ္ေရးနဲ႔ ဘ႑ာေရး အေျခခံအေဆာက္အအုံေတြအတြက္ သင့္တင့္ေကာင္းမြန္တဲ့ပတ္ဝန္းက်င္ဖန္တီးႏိုင္ဖို႔အတြက္ လိုအပ္တဲ့ မူဝါဒေတြနဲ႔ ဖြံ႕ၿဖိဳးတိုးတတ္ေစဖို႔နဲ႔ လူမႈေရးစီးပြားေရး အေျခေနေတြ သက္ဝင္လႈပ္႐ွားလာေစဖို႔ရည္႐ြယ္ထားတယ္လို႔ ဆိုပါတယ္။

ကိုဗစ္ေရာဂါဆိုင္ရာ အက်ပ္အတည္းေတြ တုံ႔ျပန္ေဆာင္႐ြက္ဖို႔အတြက္ အေရးေပၚအေထာက္အပံ့ေခ်းေငြကိုေတာ့ ေခ်းေငြကာလႏွစ္ ၄၀( ဆိုင္းငံ့ကာလ ၁၀ႏွစ္အပါအဝင္) နဲ႔အတိုးႏႈန္း ႏွစ္စဥ္ ဝ.၀၁ ရာခိုင္ႏႈန္းသတ္မွတ္ထားတာပါ။

ဂ်ပန္ႏိုင္ငံအေနနဲ႔ Covid-19 ေရာဂါ တိုက္ဖ်က္ေရးမွာသာမက ျမန္မာႏိုင္ငံရဲံ က႑အသီးသီးမွာပါ ေထာက္ပံ့ကူညီေပးသြားမယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံ႐ုံးကထုတ္ျပန္ေၾကညာထားပါတယ္။ ရန္ကုန္ၿမိဳ႕ျပ ေရဆိုးစြန္႔ပစ္ ေရးစီမံကိန္းအတြက္ ေဒၚလာသန္း ၄၂၁(ယန္း ၄၅ ဒသမ ၉ ဘီလီယံ)သုံးစြဲမည္ျဖစ္သည္။

ဒုတိယအမ်ားဆုံးေခ်းေငြတြင္ပါဝင္ေသာ တိုင္းႏွင့္ျပည္နယ္ ငါးခု အေျခခံအေဆာက္အအုံစီမံကိန္းဖြံ႕ၿဖိဳးေရး ေဒၚလာ ၃၅၄ သန္းေက်ာ္ (ယန္း ၃၈ ဒသမ၆ ဘီလီယံေက်ာ္) သုံးစြဲရန္ လ်ာထားသည္။ ခ်င္း၊ ရခိုင္၊ ကရင္၊ မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းတို႔၌ လွ်ပ္စစ္ဓာတ္အား၊ ေရေပး ေဝေရးႏွင့္ တံတားေဆာက္လုပ္ျခင္းစေသာ အေျခခံအေဆာက္အအုံမ်ားေဆာင္႐ြက္ရန္ ေငြေခ်း ျခင္းျဖစ္သည္။

ၿမိဳ႕ျပသယ္ယူပို႔ေဆာင္ေရး ဖြံ႕ၿဖိဳးမႈစီမံကိန္းသည္ ေခ်းေငြ တတိယအမ်ားဆုံးရ႐ွိမည့္ စီမံကိန္းျဖစ္ၿပီး ရန္ကုန္တိုင္းကို အဓိကရည္႐ြယ္ထားသည္။ ေခ်းေငြကန္ေဒၚလာ သန္း ၂၂၀ (ယန္း ၂၄ ဘီလီယံေက်ာ္)ကို ရန္ကုန္ၿမိဳ႕ ယာဥ္ေၾကာပိတ္ဆို႔မႈေျဖ႐ွင္းေရးႏွင့္ ယာဥ္အႏၲရာယ္ကင္း႐ွင္းေရး၌ သုံးစြဲမည္ျဖစ္သည္။

ရန္ကုန္၊ မႏၲေလး ဓာတ္အားျဖန္႔ျဖဴးေရးစီမံကိန္းက ေခ်းေငြရ ႐ွိမႈ အနည္းဆုံးျဖစ္ၿပီး ကန္ေဒၚလာ၁၁၂ သန္း (ယန္း ၁၂ ဒသမ ၂ ဘီလီယံေက်ာ္) သုံးစြဲမည္ျဖစ္သည္။

အေျခခံအေဆာက္အအုံအတြက္ ဂ်ပန္ႏိုင္ငံ၏ ေခ်းေငြရယူ ေဆာင္႐ြက္ျခင္းက ေကာင္းမြန္ေသာ္လည္း ေငြေၾကးမ်ား ျပည္တြင္းေဈးကြက္အတြင္း ဝင္လာပါက ေငြေဖာင္းပြမႈကို သတိထားသင့္သည္ဟု စီးပြားေရးပညာ႐ွင္ ဦးေဇာ္ေဖဝင္းက ေျပာသည္။

ဂ်ပန္ႏိုင္ငံမွ ODA ေခ်းေငြသည္ ၁၀ ႏွစ္ခန္႔ အတိုးႏွင့္အရင္း ျပန္လည္ေပးဆပ္ရန္မလိုေသာ ေခ်းေငြအမ်ိဳးအစားျဖစ္ၿပီး ေခ်းေငြသက္တမ္း ႏွစ္ ၄၀ ျဖစ္သည္။ က်န္ ႏွစ္ ၃၀ တြင္ ေခ်းေငြအတြက္ အတိုးႏႈန္း သုည ဒသမ ၀၁ ရာခိုင္ႏႈန္း ေပးဆပ္ရမည္ျဖစ္ ေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service