မင်္ဂလာဈေးတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီး

မင်္ဂလာဈေးတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီး - Property News in Myanmar from iMyanmarHouse.com
3 Sep 2020 11:56 am တွင် တင်ခဲ့သည်
808 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက မင်္ဂလာဈေးကြီးပြန်လည်တည်ဆောက်နေမှု ရာခိုင်နှုန်းအားဖြင့် ငါးဆယ်ကျော်ပြီးစီးသွားပြီလို့ သိရပါတယ်။

၎င်းမင်္ဂလာဈေးကြီးကို ဆန်းမြတ်ထွန်းကုမ္ပဏီက ပုဂ္ဂလိကနှင့် အကျိူးတူ ပူးပေါင်းဆောက်ရွက်ကာ PPP(public-private partnership)စနစ်နဲ့ ၁၅ ထပ်ရှိတဲ့ အဆောက်အအုံကြီးအဖြစ် ပြန်လည်တည်ဆောက်နေတာဟာဆိုရင်တော့ ယခုဆိုရင် ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီ လို့ သိရပါတယ်။

မင်္ဂလာဈေးကြီးက မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာတည်ရှိပြီး လက်ကားရောင်းဝယ်ရေးမှာ အချက်အချာကျတဲ့ ဈေးတစ်ခု ဖြစ်ပါတယ်။ ကံမကောင်းစွာဖြင့် မင်္ဂလာဈေးကြီးက မီးဘေးနှစ်ကြိမ်သင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့သည် မင်္ဂလာဈေးတည်ဆောက်ရာတွင် အကျိုးအမြတ်ခွဲဝေမှုအဖြစ် ကုမ္ပဏီမှ ၅၈၇၁၂၄ စတုရန်းပေ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ၅၂၄၁၉၇ စတုရန်းပေရရှိမည်ဖြစ်ကြောင်း၊ စာချုပ်အကျိုးသက်ရောက်သည့် နေ့မှ လပေါင်း ၃၀ အတွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်မင်္ဂလာဈေးသည် Basement နှစ်ထပ်နှင့် ၁၃ လွှာပါဝင်မည်ဖြစ်ပြီး ဈေးဆိုင်ခန်း၊ ကားပါကင်၊ ရုံးခန်း၊ ဂိုဒေါင်၊ ဘဏ် စသည်တို့ပါဝင်မည်ဖြစ်ကြောင်း၊ Basement နှစ်ထပ်တွင် ယာဉ် ၃၄၈ စီးရပ်နားနိုင်သည့် ကားပါကင်ပါရှိမည်ဖြစ်ကြောင်း၊ အဆောက်အအုံတစ်ခုလုံးတွင် ယာဉ် ၆၉၉ စီးအထိ ရပ်နားနိုင်ပြီး ပစ္စည်းသိုလှောင်ရန်နေရာများ၊ မီးဘေးအန္တရာယ်ကာကွယ်ရန် အစီအမံများပါဝင်ကြောင်း သိရသည်။

မီးလောင်ခဲ့သည့် မင်္ဂလာဈေးအသစ် ပြန်လည်တည်ဆောက်ရာတွင် ခေတ်ကာလနှင့်အညီ စနစ်တကျ စီးပွားရေး အဆောက်အဦးတစ်ခုဖြစ်ပေါ်လာရေးအတွက် မြန်မာနိုင်ငံ ဗိသုကာကောင်စီမှ အဆောက်အဦးတွင်ပါဝင်ရမည့် လမ်းညွှန်ချက်များကို ထည့်သွင်းပြီး ဒီဇိုင်းပြိုင်ပွဲပြုလုပ်ခဲ့ကာ Amenity Design Group ၏ ၁၅ ထပ် RC အဆောက်အအုံကို ဒီဇိုင်းအဖြစ်ရွေးချယ်ခဲ့ပြီး EOI အဆိုပြုလွှာခေါ်ယူခဲ့ရာ တင်သွင်းသူ ခုနစ်ဦးအနက် ငါးဦး၏အဆိုပြုလွှာကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တင်ဒါအဆိုပြုလွှာခေါ်ယူရာ တင်ဒါအဆိုပြုလွှာဝယ်ယူသူ သုံးဦးအနက် ဆန်းမြတ်ထွန်းဆောက်လုပ်ရေးကုမ္ပဏီသာ proposal တင်သွင်းခဲ့ကြောင်း၊ proposal တင်သွင်းခဲ့သည့် ဆန်းမြတ်ထွန်းကုမ္ပဏီအား နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက်များဖြင့် စိစစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၇/၂၀၁၈ ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဈေးမှာ ဆိုင်ခန်းပေါင်း ၄၀၀၀ကျော်ရှိပြီး ၂၀၁၀ ခုနှစ်မှာ တစ်ကြိမ် မီးဘေးသင့်ခဲ့ပြီး ၂၀၁၆ မှာတော့ ဒုတိယအကြိမ် ထပ်မံလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မမျှော်လင့်ထားတဲ့ Covid-19ကူးစက်ရောဂါကြောင့် လုပ်ငန်းဆောင်ရွက်မှုကို နှေးကွေးသွားစေပြီး မျှော်မှန်းထားတဲ့ရက်ထက် ၁နှစ်လောက်ထိ (၂၀၂၁ ခုနှစ်ရဲ့ ပထမ ၆ လပိုင်းလောက်ထိ) နောက်ကျနိုင်ပါတယ်။

ထိုအဆောက်အအုံကြီး ဆောက်လုပ်ပြီးစီးသွားတဲ့အခါမှာလည်း ယခင်မူလ မီးမလောင်ခင်က ဆိုင်ခန်းပိုင်ရှင်တွေကို နိုင်ငံတော်က ငွေကြေးကောက်ခံခြင်းမပြုလုပ်ပဲ ဆိုင်ခန်းတွေကို အလကားပြန်လည်ပေးအပ်သွားမယ်လို့လဲ သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]



၎င်းမင်္ဂလာဈေးကြီးကို ဆန်းမြတ်ထွန်းကုမ္ပဏီက ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောက်ရွက်ကာ PPP(public-private partnership)စနစ်နဲ့ ၁၅ ထပ်ရှိတဲ့ အဆောက်အအုံကြီးအဖြစ် ပြန်လည်တည်ဆောက်နေတာဟာဆိုရင်တော့ ယခုဆိုရင် ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီ လို့ သိရပါတယ်။











 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service