နိုင်ငံဝန်ထမ်းများကို အစိုးရက ချေးငွေနှစ်လစာ အတိုးမဲ့ပေး

နိုင်ငံဝန်ထမ်းများကို အစိုးရက ချေးငွေနှစ်လစာ အတိုးမဲ့ပေး - Property News in Myanmar from iMyanmarHouse.com
3 Sep 2020 10:45 am တွင် တင်ခဲ့သည်
12986 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ငံ့ဝန်ထမ်းများကို အစိုးရက လစာ၏ ၂ လစာကို အတိုးမဲ့ချေးငွေအဖြစ် ထုတ်ချေးသွားမည် ဖြစ်သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ကုစားနိုင်ရန် အမြဲတမ်းနိုင်ငံ ဝန်ထမ်းများကို လစာ နှစ်လစာ ကြိုတင်ထုတ်ပေးပြီး အတိုးမဲ့ချေးငွေဖြစ်သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အတိုးမဲ့ချေးငွေသည် နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) အားလုံး အကျုံးဝင်မည် ဖြစ်ပြီး ချေးငွေကို ဆိုင်းငံ့ကာလ ၆ သတ်မှတ်နှင့် ပြန်ဆပ်ကာလ ၁ နှစ် သတ်မှတ်ကာ ထုတ်ချေးပေးသွားမည် ဖြစ်သည်။

ယခုအစိုးရ ထုတ်ချေးမည့် ချေးငွေယူမည့်သူများကို စတင်စာရင်းကောက်နေပြီး အောက်တိုဘာလ ၁ ရက်မှ စတင်မည့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်မှာ စတင်ထုတ်ပေးမည်ဟုဆိုသည်။

အဆိုပါ အတိုးမဲ့ချေးငွေကို နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) အားလုံးကို ထုတ်ချေးမည် ဖြစ်သော်လည်း ထိုချေးငွေကို မိမိဆန္ဒသဘောအရ မချေးယူလိုသည့် ဝန်ထမ်းများ ရှိနိုင်ခြင်းကြောင့် ထုတ်ချေးမည့် ဘတ်ဂျက်ပမာဏကို တိုင်းနှင့် ပြည်နယ်များမှ စာရင်းများ တက်လာသည့် အချိန်မှသာသိနိုင်မည်ဖြစ်သည်။

သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနများသည် စာရင်းများကောက်ယူကာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အတည်ပြုချက်ရယူပြီးပါက ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန (ရုံးချုပ်) သို့ ယခု စက်တင်ဘာလ ၁၁ ရက်တွင် နောက်ဆုံးထား၍ ပေးပို့ရမည် ဖြစ်သည်။

ယင်းနောက် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန(ရုံးချုပ်) က စာရင်းပေါင်းချုပ်ကာ စိစစ်ဆောင်ရွက်ပြီး စီးပွားရေးရာကော်မတီနှင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြကာ အတည်ပြုပြီးပါက အစီအစဉ်ကို စတင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ယခု အစိုးရဝန်ထမ်းများကို အတိုးမဲ့ချေးငွေ ထုတ်ချေးပေးသည့် အစီအစဉ်သည် အစိုးရကရေးဆွဲထားသော COVID 19 စီးပွားရေး ကုစားမှုအစီအစဉ် (CERP) ၏ အစိတ်အပိုင်းတခုလည်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနပေါင်း၂၅ ခု အထိရှိပြီး ယင်းဝန်ကြီးဌာနများတွင် အလုပ်လုပ်ကိုင်နေသော အစိုးရဝန်ထမ်းဦးရေသည် ၁ ဒသမ ၂ သန်းခန့် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အရပ်ဖက် အမြဲတမ်းနိုင်ငံဝန်ထမ်းအရာရှိ ၉၇၀၀ ကျော်နှင့် အမှုထမ်း ၉၂၀၀၀၀ ကျော်ရှိသည်ဟု ဝန်ထမ်းရွေးချယ်လေ့ကျင့်ဌာနက သိရသည်။

 

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ႏိုင္ငံဝန္ထမ္းမ်ားကို အစိုးရက ေခ်းေငြႏွစ္လစာ အတိုးမဲ့ေပး

ႏိုင္ငံ့ဝန္ထမ္းမ်ားကို အစိုးရက လစာ၏ ၂ လစာကို အတိုးမဲ့ေခ်းေငြအျဖစ္ ထုတ္ေခ်းသြားမည္ ျဖစ္သည္ဟု စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ကိုဗစ္ကပ္ေရာဂါေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ သက္ေရာက္မႈမ်ားကို ကုစားႏိုင္ရန္ အၿမဲတမ္းႏိုင္ငံ ဝန္ထမ္းမ်ားကို လစာ ႏွစ္လစာ ႀကိဳတင္ထုတ္ေပးၿပီး အတိုးမဲ့ေခ်းေငြျဖစ္သည္ဟု စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အဆိုပါ အတိုးမဲ့ေခ်းေငြသည္ ႏိုင္ငံ့ဝန္ထမ္း(အၿမဲတမ္း) အားလုံး အက်ံဳးဝင္မည္ ျဖစ္ၿပီး ေခ်းေငြကို ဆိုင္းငံ့ကာလ ၆ သတ္မွတ္ႏွင့္ ျပန္ဆပ္ကာလ ၁ ႏွစ္ သတ္မွတ္ကာ ထုတ္ေခ်းေပးသြားမည္ ျဖစ္သည္။

ယခုအစိုးရ ထုတ္ေခ်းမည့္ ေခ်းေငြယူမည့္သူမ်ားကို စတင္စာရင္းေကာက္ေနၿပီး ေအာက္တိုဘာလ ၁ ရက္မွ စတင္မည့္ ၂၀၂၀- ၂၀၂၁ ဘ႑ာႏွစ္မွာ စတင္ထုတ္ေပးမည္ဟုဆိုသည္။

အဆိုပါ အတိုးမဲ့ေခ်းေငြကို ႏိုင္ငံ့ဝန္ထမ္း(အၿမဲတမ္း) အားလုံးကို ထုတ္ေခ်းမည္ ျဖစ္ေသာ္လည္း ထိုေခ်းေငြကို မိမိဆႏၵသေဘာအရ မေခ်းယူလိုသည့္ ဝန္ထမ္းမ်ား ႐ွိႏိုင္ျခင္းေၾကာင့္ ထုတ္ေခ်းမည့္ ဘတ္ဂ်က္ပမာဏကို တိုင္းႏွင့္ ျပည္နယ္မ်ားမွ စာရင္းမ်ား တက္လာသည့္ အခ်ိန္မွသာသိႏိုင္မည္ျဖစ္သည္။

သက္ဆိုင္ရာတိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ား႐ွိ ရသုံးမွန္းေျခ ေငြစာရင္းဦးစီးဌာနမ်ားသည္ စာရင္းမ်ားေကာက္ယူကာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရမ်ား၏ အတည္ျပဳခ်က္ရယူၿပီးပါက ရသုံးမွန္းေျခေငြစာရင္း ဦးစီးဌာန (႐ုံးခ်ဳပ္) သို႔ ယခု စက္တင္ဘာလ ၁၁ ရက္တြင္ ေနာက္ဆုံးထား၍ ေပးပို႔ရမည္ ျဖစ္သည္။

ယင္းေနာက္ ရသုံးမွန္းေျခ ေငြစာရင္းဦးစီးဌာန(႐ုံးခ်ဳပ္) က စာရင္းေပါင္းခ်ဳပ္ကာ စိစစ္ေဆာင္႐ြက္ၿပီး စီးပြားေရးရာေကာ္မတီႏွင့္ ျပည္ေထာင္စု အစိုးရအဖြဲ႕သို႔ တင္ျပကာ အတည္ျပဳၿပီးပါက အစီအစဥ္ကို စတင္ ေဆာင္႐ြက္သြားမည္ ျဖစ္သည္။

ယခု အစိုးရဝန္ထမ္းမ်ားကို အတိုးမဲ့ေခ်းေငြ ထုတ္ေခ်းေပးသည့္ အစီအစဥ္သည္ အစိုးရကေရးဆြဲထားေသာ COVID 19 စီးပြားေရး ကုစားမႈအစီအစဥ္ (CERP) ၏ အစိတ္အပိုင္းတခုလည္း ျဖစ္ေၾကာင္း သိရသည္။

လက္႐ွိ ျမန္မာႏိုင္ငံတြင္ ဝန္ႀကီးဌာနေပါင္း၂၅ ခု အထိ႐ွိၿပီး ယင္းဝန္ႀကီးဌာနမ်ားတြင္ အလုပ္လုပ္ကိုင္ေနေသာ အစိုးရဝန္ထမ္းဦးေရသည္ ၁ ဒသမ ၂ သန္းခန္႔ ႐ွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ အရပ္ဖက္ အၿမဲတမ္းႏိုင္ငံဝန္ထမ္းအရာ႐ွိ ၉၇၀၀ ေက်ာ္ႏွင့္ အမႈထမ္း ၉၂၀၀၀၀ ေက်ာ္႐ွိသည္ဟု ဝန္ထမ္းေ႐ြးခ်ယ္ေလ့က်င့္ဌာနက သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service