အိမ်ပုံစံတူဆောက်သူကို တရားစွဲကာ လျော်ကြေးတောင်းသူ

အိမ်ပုံစံတူဆောက်သူကို တရားစွဲကာ လျော်ကြေးတောင်းသူ - Property News in Myanmar from iMyanmarHouse.com
2 Sep 2020 12:23 pm တွင် တင်ခဲ့သည်
879 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်၏ မြို့တော်ဖြစ်သော တိုရွန်တိုမြို့၊ Forest Hill အရပ်တွင်နေထိုင်သော မိသားစုတစ်စုသည် ၎င်းတို့၏ နေအိမ်နှင့် မိုင်ဝက်ခန့် (၈၅၀ မီတာ) အကွာအဝေးတွင် နေထိုင်သူတို့က နေအိမ်ပြန်လည်ပြုပြင်မွမ်းမံရာတွင် မိမိတို့၏ နေအိမ်ပုံစံအတိုင်း ဆောက်လုပ်ခဲ့သောကြောင့်ဆိုကာ တရားစွဲဆိုခဲ့သည့်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

ပုံစံတူဆောက်လုပ်လိုက်ခြင်းကြောင့် မိမိတို့၏ နေအိမ်တန်ဖိုးကျဆင်းသွားစေသည်ဟုဆိုပြီး လျော်ကြေးငွေအဖြစ် ကန်ဒေါ်လာ ၂ ဒသမ ၅ သန်း တောင်းခံခဲ့သည်။

နေအိမ်ပုံစံတူ ဆောက်လုပ်မှုဖြင့် တရားစွဲခံရသူများမှာ အဲရစ်ခ် ကာရှန်ဘလတ်ထ်နှင့် ဘာဘရာ အန်းတို့ စုံတွဲဖြစ်သည်။

တရားစွဲသည့် ဇနီးမောင်နှံမှာ ဂျေဆင် ချက်ပ်နစ်ခ်နှင့် ဂျိုဒီတို့ဖြစ်ကြသည်။

ချက်ပ်နစ်ခ်တို့ စုံတွဲက ပြောကြားရာတွင် အဲရစ်ခ်တို့သည် မိမိတို့၏ နေအိမ်ပုံစံကို သိသိသာသာ အတုခိုးကာ ဆောက်လုပ်ထားကြောင်း၊ ကျောက်ဆစ်လက်ရာများတွင် အပြာရောင်သုတ်ထားခြင်းကအစ တူညီနေကြောင်း ပြောကြားသည်။

ချက်ပ်နစ်ခ်တို့စုံတွဲက လျော်ကြေးအဖြစ် တောင်းခံထားသည်မှာ နစ်နာကြေးအဖြစ် ဒေါ်လာ ၁ ဒသမ ၅ သန်း၊ မူပိုင်ခွင့်ချိုးဖောက်မှု အတွက် ဒေါ်လာ ၂၀၀၀၀ နှင့် စံနမူနာပြဒဏ်ကြေးအဖြစ် ဒေါ်လာ ၁ သန်း တောင်းခံခဲ့သည့်အပြင် နေအိမ်ပုံစံ ပြောင်းလဲပေးရန်လည်း တောင်းဆိုထားသည်။

ချက်ပ်နစ်ခ်တို့စုံတွဲက ပြောကြားရာတွင် ဗိသုကာဖြင့် ဒီဇိုင်းရေးဆွဲဆောက်လုပ်ထားသော မိမိတို့၏ နေအိမ်သည် Forest Hill ဒေသတခွင်တွင် လူသိများကျော်ကြားကာ အများက အားကျအထင်ကြီးရသည့် နေအိမ်တစ်လုံးဖြစ်ကြောင်း၊ အဓိကအားဖြင့် နေအိမ်၏ တမူထူးခြားမှုကြောင့်ဖြစ်ကြောင်း ၊ ဘာဘရာတို့စုံတွဲသည် နေအိမ်တန်ဖိုးတက်စေရန် ရည်ရွယ်ကာ မိမိတို့နေအိမ်ပုံစံအတိုင်း တုပလာခြင်းကြောင့် မိမိတို့၏ နေအိမ်မှာ တန်ဖိုးကျဆင်းခဲ့ရကြောင်း ပြောကြားသည်။

အမှုအတွက် မိသားစု ၂ ခုလုံးက နေအိမ်ဓာတ်ပုံများ တင်ပြခဲ့ကြသည်။ ချက်ပ်နစ်ခ်တို့က ပြောကြားရာတွင် ယေဘုယျသွင်ပြင်အပြင် အသေးစိတ်လက်ရာများပါ တူညီနေကြောင်း ပြောကြားသည်။

ပြတင်းပေါက်များ၊ မီးခိုးခေါင်းတိုင်များနှင့် အမိုးခုံးတံခါးများ အစရှိသည်တို့မှာ မယုံနိုင်ဖွယ် တူညီနေကြောင်း ချက်ပ်နစ်ခ်တို့ စုံတွဲက ပြောကြားပြီး ဘာဘရာတို့ ပြောကြားသည်မှာမူ မိမိတို့သည် တူးဒေါ်ဗိသုကာဟန်အတိုင်း ဆောက်လုပ်ခဲ့ခြင်းသာဖြစ်ပြီး မိမိတို့တွင် အမှားမရှိကြောင်း ပြောကြားသည်။

တိုရွန်တို အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခု၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျေဆင် ချက်ပ်နစ်ခ်က ပြောကြားရာတွင် အိမ်နီးချင်းများ၏ နေအိမ်ပြန်လည်မွမ်းမံချိန်တွင် မွမ်းမံမှုများလက်ခံဆောင်ရွက်ပေးနေသည့် ကန်ထရိုက်တာက နေအိမ်သို့ အလည်အပတ်ရောက်ရှိလာခဲ့ပြီး အနီးရှိနေအိမ်တွင် မိမိနေအိမ်ပုံစံအတိုင်း ဆောက်လုပ်ပေးနေရကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။

ချက်ပ်နစ်က အိမ်နီးချင်းနေအိမ်တွင် အပြာရောင်ပြတင်းတပ်ဆင်ချိန်မှသာ သတိထားမိခဲ့ပြီးနောက် မိမိနေအိမ်ပုံစံ မူပိုင်ခွင့်ကို ချိုးဖောက်နေမှုများ ရပ်ဆိုင်းရန် သတိပေးစာ ပေးပို့ခဲ့သော်လည်း ဘာဘရာတို့က လိုက်နာခဲ့ခြင်း မရှိ။

ဘာဘရာတို့သည် နေအိမ်ကို ယင်းသို့ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့သော်လည်း နေထိုင်ခဲ့ခြင်းမရှိဘဲ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် ပြန်လည်ရောင်းချလိုက်သည်။

ရောင်းချလိုက်သည့် ဈေးနှုန်းမှာ နေအိမ်ဝယ်ယူခဲ့သည့်ဈေးထက် ဒေါ်လာ ၂ သန်းနီးပါး မြင့်မားနေသည်။

တရားလိုတို့က ဘာဘရာတို့အား အတုယူမှီငြမ်းဆောက်လုပ်ခဲ့သည့် နေအိမ်ဓာတ်ပုံ ပြသရန် တောင်းခံခဲ့သည်။ ၎င်းတို့အနေဖြင့် မိမိနေအိမ်ကို အတုခိုးဆောက်လုပ်ခြင်းမဟုတ်လျှင် မည်သည့်နေအိမ်ကို အတုယူဆောက်လုပ်သည်ကို သက်သေပြရန် တောင်းခံခြင်းဖြစ်သည်။

ဘာဘရာတို့က ပြသလာသည့်ဓာတ်ပုံမှာ နာမည်ကျော် ရုပ်ရှင်ကားတစ်ခုအတွင်းမှ ရဲတိုက်တစ်လုံးပုံဖြစ်နေသည်ဟု ဆိုသည်။

တရားရုံးစာရွက်စာတမ်းများတွင် ဖော်ပြချက်အရ တရားပြိုင်တို့သည် ၎င်းတို့တင်ပြသည့် နေအိမ်ဓာတ်ပုံ၏ တည်နေရာလိပ်စာကို မသိကြကြောင်း၊ အဆိုပါနေအိမ်ပုံမှာ အွန်လိုင်းမှ တွေ့ခဲ့ခြင်း (သို့မဟုတ်) ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားများအတွင်းမှ ရဲတိုက်တစ်လုံးပုံ ဖြစ်ကြောင်း ဖော်ပြထားသည်။

အမှုကို ၃ နှစ်ကြာရင်ဆိုင်ပြီးနောက် တရားရုံးပြင်ပတွင် ပမာဏမသိရသော လျော်ကြေးငွေဖြင့် အမှုကြေအေးခဲ့ကြသည်ဟု ဆိုသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Toronto couple sue neighbors for copying their $5.8million Tudor-style home (dailymail)

 

[Zawgyi]

အိမ္ပံုစံတူေဆာက္သူကို တရားစြဲကာ ေလ်ာ္ေၾကးေတာင္းသူ

ကေနဒါႏိုင္ငံ၊ အြန္ေတရီယိုျပည္နယ္၏ ျမိဳ ႔ေတာ္ျဖစ္ေသာ တိုရြန္တိုျမိဳ ႔၊ Forest Hill အရပ္တြင္ေနထုိင္ေသာ မိသားစုတစ္စုသည္ ၎တို႔၏ ေနအိမ္ႏွင့္ မိုင္ဝက္ခန္႔ (၈၅၀ မီတာ) အကြာအေဝးတြင္ ေနထုိင္သူတို႔က ေနအိမ္ျပန္လည္ျပဳျပင္မြမ္းမံရာတြင္ မိမိတို႔၏ ေနအိမ္ပံုစံအတိုင္း ေဆာက္လုပ္ခဲ့ေသာေၾကာင့္ဆိုကာ တရားစြဲဆိုခဲ့သည့္ျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့သည္။

ပံုစံတူေဆာက္လုပ္လိုက္ျခင္းေၾကာင့္ မိမိတို႔၏ ေနအိမ္တန္ဖိုးက်ဆင္းသြားေစသည္ဟုဆိုျပီး ေလ်ာ္ေၾကးေငြအျဖစ္ ကန္ေဒၚလာ ၂ ဒသမ ၅ သန္း ေတာင္းခံခဲ့သည္။

ေနအိမ္ပံုစံတူ ေဆာက္လုပ္မႈျဖင့္ တရားစြဲခံရသူမ်ားမွာ အဲရစ္ခ္ ကာရွန္ဘလတ္ထ္ႏွင့္ ဘာဘရာ အန္းတို႔ စံုတြဲျဖစ္သည္။

တရားစြဲသည့္ ဇနီးေမာင္ႏွံမွာ ေဂ်ဆင္ ခ်က္ပ္နစ္ခ္ႏွင့္ ဂ်ဳိဒီတို႔ျဖစ္ၾကသည္။

ခ်က္ပ္နစ္ခ္တို႔ စံုတြဲက ေျပာၾကားရာတြင္ အဲရစ္ခ္တို႔သည္ မိမိတို႔၏ ေနအိမ္ပံုစံကို သိသိသာသာ အတုခိုးကာ ေဆာက္လုပ္ထားေၾကာင္း၊ ေက်ာက္ဆစ္လက္ရာမ်ားတြင္ အျပာေရာင္သုတ္ထားျခင္းကအစ တူညီေနေၾကာင္း ေျပာၾကားသည္။

ခ်က္ပ္နစ္ခ္တို႔စံုတြဲက ေလ်ာ္ေၾကးအျဖစ္ ေတာင္းခံထားသည္မွာ နစ္နာေၾကးအျဖစ္ ေဒၚလာ ၁ ဒသမ ၅ သန္း၊ မူပိုင္ခြင့္ခ်ဳိးေဖာက္မႈ အတြက္ ေဒၚလာ ၂၀၀၀၀ ႏွင့္ စံနမူနာျပဒဏ္ေၾကးအျဖစ္ ေဒၚလာ ၁ သန္း ေတာင္းခံခဲ့သည့္အျပင္ ေနအိမ္ပံုစံ ေျပာင္းလဲေပးရန္လည္း ေတာင္းဆိုထားသည္။

ခ်က္ပ္နစ္ခ္တို႔စံုတြဲက ေျပာၾကားရာတြင္ ဗိသုကာျဖင့္ ဒီဇိုင္းေရးဆြဲေဆာက္လုပ္ထားေသာ မိမိတို႔၏ ေနအိမ္သည္ Forest Hill ေဒသတခြင္တြင္ လူသိမ်ားေက်ာ္ၾကားကာ အမ်ားက အားက်အထင္ၾကီးရသည့္ ေနအိမ္တစ္လံုးျဖစ္ေၾကာင္း၊ အဓိကအားျဖင့္ ေနအိမ္၏ တမူထူးျခားမႈေၾကာင့္ျဖစ္ေၾကာင္း ၊ ဘာဘရာတို႔စံုတြဲသည္ ေနအိမ္တန္ဖိုးတက္ေစရန္ ရည္ရြယ္ကာ မိမိတို႔ေနအိမ္ပံုစံအတိုင္း တုပလာျခင္းေၾကာင့္ မိမိတို႔၏ ေနအိမ္မွာ တန္ဖိုးက်ဆင္းခဲ့ရေၾကာင္း ေျပာၾကားသည္။

အမႈအတြက္ မိသားစု ၂ ခုလံုးက ေနအိမ္ဓာတ္ပံုမ်ား တင္ျပခဲ့ၾကသည္။ ခ်က္ပ္နစ္ခ္တို႔က ေျပာၾကားရာတြင္ ေယဘုယ်သြင္ျပင္အျပင္ အေသးစိတ္လက္ရာမ်ားပါ တူညီေနေၾကာင္း ေျပာၾကားသည္။

ျပတင္းေပါက္မ်ား၊ မီးခိုးေခါင္းတိုင္မ်ားႏွင့္ အမိုးခံုးတံခါးမ်ား အစရွိသည္တို႔မွာ မယံုႏိုင္ဖြယ္ တူညီေနေၾကာင္း ခ်က္ပ္နစ္ခ္တို႔ စံုတြဲက ေျပာၾကားျပီး ဘာဘရာတို႔ ေျပာၾကားသည္မွာမူ မိမိတို႔သည္ တူးေဒၚဗိသုကာဟန္အတိုင္း ေဆာက္လုပ္ခဲ့ျခင္းသာျဖစ္ျပီး မိမိတို႔တြင္ အမွားမရိွေၾကာင္း ေျပာၾကားသည္။

တိုရြန္တို အေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈ ကုမၸဏီတစ္ခု၏ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ ေဂ်ဆင္ ခ်က္ပ္နစ္ခ္က ေျပာၾကားရာတြင္ အိမ္နီးခ်င္းမ်ား၏ ေနအိမ္ျပန္လည္မြမ္းမံခ်ိန္တြင္ မြမ္းမံမႈမ်ားလက္ခံေဆာင္ရြက္ေပးေနသည့္ ကန္ထရိုက္တာက ေနအိမ္သို႔ အလည္အပတ္ေရာက္ရွိလာခဲ့ျပီး အနီးရွိေနအိမ္တြင္ မိမိေနအိမ္ပံုစံအတိုင္း ေဆာက္လုပ္ေပးေနရေၾကာင္း ေျပာၾကားခဲ့သည္ဟုဆိုသည္။

ခ်က္ပ္နစ္က အိမ္နီးခ်င္းေနအိမ္တြင္ အျပာေရာင္ျပတင္းတပ္ဆင္ခ်ိန္မွသာ သတိထားမိခဲ့ျပီးေနာက္ မိမိေနအိမ္ပံုစံ မူပိုင္ခြင့္ကို ခ်ဳိးေဖာက္ေနမႈမ်ား ရပ္ဆိုင္းရန္ သတိေပးစာ ေပးပို႔ခဲ့ေသာ္လည္း ဘာဘရာတို႔က လိုက္နာခဲ့ျခင္း မရွိ။

ဘာဘရာတို႔သည္ ေနအိမ္ကို ယင္းသို႔ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ေသာ္လည္း ေနထိုင္ခဲ့ျခင္းမရွိဘဲ ၂၀၁၅ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္း ကန္ေဒၚလာ ၃ ဒသမ ၅ သန္းျဖင့္ ျပန္လည္ေရာင္းခ်လိုက္သည္။

ေရာင္းခ်လိုက္သည့္ ေစ်းႏႈန္းမွာ ေနအိမ္ဝယ္ယူခဲ့သည့္ေစ်းထက္ ေဒၚလာ ၂ သန္းနီးပါး ျမင့္မားေနသည္။

တရားလိုတို႔က ဘာဘရာတို႔အား အတုယူမီွျငမ္းေဆာက္လုပ္ခဲ့သည့္ ေနအိမ္ဓာတ္ပံု ျပသရန္ ေတာင္းခံခဲ့သည္။ ၎တို႔အေနျဖင့္ မိမိေနအိမ္ကို အတုခိုးေဆာက္လုပ္ျခင္းမဟုတ္လွ်င္ မည္သည့္ေနအိမ္ကို အတုယူေဆာက္လုပ္သည္ကို သက္ေသျပရန္ ေတာင္းခံျခင္းျဖစ္သည္။

ဘာဘရာတို႔က ျပသလာသည့္ဓာတ္ပံုမွာ နာမည္ေက်ာ္ ရုပ္ရွင္ကားတစ္ခုအတြင္းမွ ရဲတိုက္တစ္လံုးပံုျဖစ္ေနသည္ဟု ဆိုသည္။

တရားရံုးစာရြက္စာတမ္းမ်ားတြင္ ေဖာ္ျပခ်က္အရ တရားျပိဳင္တို႔သည္ ၎တို႔တင္ျပသည့္ ေနအိမ္ဓာတ္ပံု၏ တည္ေနရာလိပ္စာကို မသိၾကေၾကာင္း၊ အဆိုပါေနအိမ္ပံုမွာ အြန္လိုင္းမွ ေတြ႔ခဲ့ျခင္း (သို႔မဟုတ္) ဂ်ိမ္းစ္ဘြန္းရုပ္ရွင္ကားမ်ားအတြင္းမွ ရဲတိုက္တစ္လံုးပံု ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

အမႈကို ၃ ႏွစ္ၾကာရင္ဆိုင္ျပီးေနာက္ တရားရံုးျပင္ပတြင္ ပမာဏမသိရေသာ ေလ်ာ္ေၾကးေငြျဖင့္ အမႈေၾကေအးခဲ့ၾကသည္ဟု ဆိုသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Toronto couple sue neighbors for copying their $5.8million Tudor-style home (dailymail)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service