ဩဂုတ်၌ ၂ သန်းနီးပါး ကူးစက်ခံရပြီး COVID-19 ကူးစက်ဖြစ်ပွားမှုတွင် အိန္ဒိယစံချိန်တင်

ဩဂုတ်၌ ၂ သန်းနီးပါး ကူးစက်ခံရပြီး COVID-19 ကူးစက်ဖြစ်ပွားမှုတွင် အိန္ဒိယစံချိန်တင် - Property News in Myanmar from iMyanmarHouse.com
2 Sep 2020 12:00 pm တွင် တင်ခဲ့သည်
935 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယတွင် ဩဂုတ်လအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ သန်း နီးပါး ရှိခဲ့သဖြင့် အိန္ဒိယသည် ၎င်းဗိုင်းရပ်စ်ကပ်ဘေးစတင်ခဲ့ကတည်းက တစ်လအတွင်း ကူးစက်မှုနှုန်းစံချိန်တင်အမြင့်မားဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီဖြစ်သည်။

ဩဂုတ်လအတွင်း အိန္ဒိယတွင် ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည်လည်း ၂၈,၈၅၉ ဖြင့် ဇူလိုင်လကထက် ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အစိုးရထုတ်ပြန်ချက်များအရ အိန္ဒိယတွင် ဩဂုတ်လအတွင်း ကူးစက်ခံရသူဦးရေ ၁,၉၈၇,၇၀၅ ဦး ရှိခဲ့ပြီး COVID-19 ကာလအတွင်း တစ်လအတွင်းအမြင့်ဆုံးစံချိန်ဖြစ်သော အမေရိကန်၏ဇူလိုင်လ ကူးစက်ခံရသူဦးရေ ၁,၉၀၄,၄၆၂ ထက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်၊

သေဆုံးသူဦးရေတွင်မူ ဩဂုတ်တွင် အမေရိကန်နှင့် ဘရာဇီးတို့က အိန္ဒိယထက် ပိုမိုမြင့်မားခဲ့သည်။ ၃၀ ရက်နေ့အထိ ဩဂုတ်လအတွင်း အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင် သေဆုံးသူ ၃၁,၀၀၀ နီးပါး ရှိခဲ့ပြီး ဘရာဇီးတွင် ၂၉,၅၆၅ ရှိခဲ့ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းအသက်ဆုံးရှုံးမှုများတွင် အမေရိကန် (၁ ဒသမ ၈၇ သန်း) နှင့် ဘရာဇီး (၁ ဒသမ ၂ သန်း) တို့ပြီးလျှင် အိန္ဒိယ (၆၅,၃၇၃) က တတိယအမြင့်မားဆုံးနိုင်ငံဖြစ်သည်။

ဩဂုတ် ၃၁ သည် အိန္ဒိယတွင် ကူးစက်မှုသစ် ၆၅,၉၆၈ ဖြင့် သီတင်းပတ်တစ်ပတ်အတွင်း ကူးစက်မှုအနည်းဆုံးနေ့ဖြစ်ခဲ့သည်။ သေဆုံးမှုနှုန်းတွင်လည်း ၈၂၄ ဦးဖြင့် ဩဂုတ် ၃ နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။

လက်ရှိတွင် မဟာရက်ရှ်ထရာ၊ အန်ဒရာပရာဒက်ရှ်နှင့် ကာနာတာကာပြည်နယ်တို့၌ ကူးစက်မှုအများဆုံးဖြစ်သည်။

ဩဂုတ် ၃၀ ၏ ကူးစက်မှုသစ် ၄၅ ဒသမ ၇ ရခိုင်နှုန်းမှာ ထိုပြည်နယ်များမှဖြစ်ပြီး သေဆုံးမှုသစ် ၅၀ ရာခိုင်နှုန်းမှာလည်း ထိုပြည်နယ်များမှ ဖြစ်သည်။

ယင်းအနက် မဟာရက်ရှ်ထရာက ၂၁ ရာခိုင်နှုန်းနီးပါးနှင့် ၃၀ ရာခိုင်နှုန်းကျော်ဖြင့် ထိုနေ့အတွက် စံချိန်တင်ခဲ့သည်။ မဟာရက်ရှ်ထရာပြည်နယ်သည် ကူးစက်နိုင်ခြေနှုန်းတွင်လည်း ၂၀ ရာခိုင်နှုန်းအထက်ဖြင့် စံချိန်တင်အမြင့်မားဆုံးပြည်နယ်ဖြစ်သည်။

အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃ ဒသမ ၆ သန်းကျော်၊ ၎င်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၄၅,၀၀ ဦးခန့် ရှိပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်မှ စုဆောင်းရရှိသည့် အချက်အလက်များအရ သိရသည်။

ထိုအရေအတွက်သည် အလွန်လျင်မြန်စွာ မြင့်တက်လာခြင်းဖြစ်သည်။ အိန္ဒိယတွင် ကူးစက်ခံရသူဦးရေသည် ၆ လခန့်အတွင်း ၁ သန်းသို့ မြင့်တက်လာခဲ့ခြင်းဖြစ်ကာ နောက်ထပ်သုံးပတ်အကြာတွင် ၂ သန်းနှင့် နောက်ထပ် ၁၆ ရက်အကြာတွင် ၃ သန်း ပြည့်သွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nearly 2mn cases reported in Aug, India sets global Covid record (TOI)

 

[Zawgyi]

ဩဂုတ္၌ ၂ သန္းနီးပါး ကူးစက္ခံရၿပီး COVID-19 ကူးစက္ျဖစ္ပြားမႈတြင္ အိႏၵိယစံခ်ိန္တင္

အိႏၵိယတြင္ ဩဂုတ္လအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂ သန္း နီးပါး ႐ွိခဲ့သျဖင့္ အိႏၵိယသည္ ၎ဗိုင္းရပ္စ္ကပ္ေဘးစတင္ခဲ့ကတည္းက တစ္လအတြင္း ကူးစက္မႈႏႈန္းစံခ်ိန္တင္အျမင့္မားဆုံးႏိုင္ငံ ျဖစ္လာခဲ့ၿပီျဖစ္သည္။

ဩဂုတ္လအတြင္း အိႏၵိယတြင္ ထိုဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရသည္လည္း ၂၈,၈၅၉ ျဖင့္ ဇူလိုင္လကထက္ ၅၀ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

အစိုးရထုတ္ျပန္ခ်က္မ်ားအရ အိႏၵိယတြင္ ဩဂုတ္လအတြင္း ကူးစက္ခံရသူဦးေရ ၁,၉၈၇,၇၀၅ ဦး ႐ွိခဲ့ၿပီး COVID-19 ကာလအတြင္း တစ္လအတြင္းအျမင့္ဆုံးစံခ်ိန္ျဖစ္ေသာ အေမရိကန္၏ဇူလိုင္လ ကူးစက္ခံရသူဦးေရ ၁,၉၀၄,၄၆၂ ထက္ ေက်ာ္လြန္ခဲ့ျခင္းျဖစ္သည္၊

ေသဆုံးသူဦးေရတြင္မူ ဩဂုတ္တြင္ အေမရိကန္ႏွင့္ ဘရာဇီးတို႔က အိႏၵိယထက္ ပိုမိုျမင့္မားခဲ့သည္။ ၃၀ ရက္ေန႔အထိ ဩဂုတ္လအတြင္း အေမရိကန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင္ ေသဆုံးသူ ၃၁,၀၀၀ နီးပါး ႐ွိခဲ့ၿပီး ဘရာဇီးတြင္ ၂၉,၅၆၅ ႐ွိခဲ့ေၾကာင္း သိရသည္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမ႓ာတစ္ဝန္းအသက္ဆုံး႐ႈံးမႈမ်ားတြင္ အေမရိကန္ (၁ ဒသမ ၈၇ သန္း) ႏွင့္ ဘရာဇီး (၁ ဒသမ ၂ သန္း) တို႔ၿပီးလွ်င္ အိႏၵိယ (၆၅,၃၇၃) က တတိယအျမင့္မားဆုံးႏိုင္ငံျဖစ္သည္။

ဩဂုတ္ ၃၁ သည္ အိႏၵိယတြင္ ကူးစက္မႈသစ္ ၆၅,၉၆၈ ျဖင့္ သီတင္းပတ္တစ္ပတ္အတြင္း ကူးစက္မႈအနည္းဆုံးေန႔ျဖစ္ခဲ့သည္။ ေသဆုံးမႈႏႈန္းတြင္လည္း ၈၂၄ ဦးျဖင့္ ဩဂုတ္ ၃ ေနာက္ပိုင္း အနိမ့္ဆုံးျဖစ္ခဲ့သည္။

လက္႐ွိတြင္ မဟာရက္႐ွ္ထရာ၊ အန္ဒရာပရာဒက္႐ွ္ႏွင့္ ကာနာတာကာျပည္နယ္တို႔၌ ကူးစက္မႈအမ်ားဆုံးျဖစ္သည္။

ဩဂုတ္ ၃၀ ၏ ကူးစက္မႈသစ္ ၄၅ ဒသမ ၇ ရခိုင္ႏႈန္းမွာ ထိုျပည္နယ္မ်ားမွျဖစ္ၿပီး ေသဆုံးမႈသစ္ ၅၀ ရာခိုင္ႏႈန္းမွာလည္း ထိုျပည္နယ္မ်ားမွ ျဖစ္သည္။

ယင္းအနက္ မဟာရက္႐ွ္ထရာက ၂၁ ရာခိုင္ႏႈန္းနီးပါးႏွင့္ ၃၀ ရာခိုင္ႏႈန္းေက်ာ္ျဖင့္ ထိုေန႔အတြက္ စံခ်ိန္တင္ခဲ့သည္။ မဟာရက္႐ွ္ထရာျပည္နယ္သည္ ကူးစက္ႏိုင္ေျခႏႈန္းတြင္လည္း ၂၀ ရာခိုင္ႏႈန္းအထက္ျဖင့္ စံခ်ိန္တင္အျမင့္မားဆုံးျပည္နယ္ျဖစ္သည္။

အိႏၵိယတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၃ ဒသမ ၆ သန္းေက်ာ္၊ ၎ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၆၄၅,၀၀ ဦးခန္႔ ႐ွိၿပီျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံ ဂြၽန္ေဟာ့ကင္းတကၠသိုလ္မွ စုေဆာင္းရ႐ွိသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ထိုအေရအတြက္သည္ အလြန္လ်င္ျမန္စြာ ျမင့္တက္လာျခင္းျဖစ္သည္။ အိႏၵိယတြင္ ကူးစက္ခံရသူဦးေရသည္ ၆ လခန္႔အတြင္း ၁ သန္းသို႔ ျမင့္တက္လာခဲ့ျခင္းျဖစ္ကာ ေနာက္ထပ္သုံးပတ္အၾကာတြင္ ၂ သန္းႏွင့္ ေနာက္ထပ္ ၁၆ ရက္အၾကာတြင္ ၃ သန္း ျပည့္သြားခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nearly 2mn cases reported in Aug, India sets global Covid record (TOI)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service