အိန္ဒိယတွင် တစ်ရက်တည်းဖြင့် လူပေါင်း ၈၅၀၀၀ ကျော် Covid 19 ကူးစက်
အိန္ဒိယတွင် တစ်ရက်တည်းဖြင့် လူပေါင်း ၈၅၀၀၀ ကျော် Covid 19 ကူးစက် - Property News in Myanmar from iMyanmarHouse.com
1 Sep 2020 12:31 pm တွင် တင်ခဲ့သည်
902 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော အိန္ဒိယနိုင်ငံတွင် တစ်ရက်လျှင် လူပေါင်း ၈၅၀၀၀ ကျော် Covid 19 ကူးစက်နေသည်မှာ ၅ ရက်ဆက်တိုက်ရှိခဲ့ရာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံထက်မဆို ကူးစက်မှု အလျင်မြန်ဆုံးဖြစ်နေသည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကမူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူသစ် ၈၅၆၈၇ ဦးရှိခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း တစ်နေ့တည်း အမြင့်မားဆုံး ကူးစက်မှုဖြစ်ရပ်အဖြစ် စံချိန်တင်ခဲ့သည်။
မူလက တစ်နေ့တည်းကူးစက်မှု အမြင့်ဆုံးအဖြစ် အမေရိကန်ပြည်ထောင်စုက ဇူလိုင်လ ၁၆ ရက်တွင် ကူးစက်ခံရသူ ၇၇၂၅၅ ဦးဖြင့် စံချိန်တင်ထားခဲ့သည်။
မကြာသေးမီ သီတင်းပတ်များအတွင်း အိန္ဒိယ၏ ကူးစက်နှုန်းမှာ အလွန်လျင်မြန်လာခဲ့သည်။
အိန္ဒိယတွင် ကူးစက်ခံရသူ တစ်သန်းရောက်ရှိရန် ၆ လနီးပါးကြာမြင့်ခဲ့သည်။ သို့သော် ကူးစက်ခံရသူ ၂ သန်းသို့ ရောက်ရန်မှာမူ ရက်သတ္တ ၃ ပတ်သာကြာမြင့်ခဲ့သည်။ ကူးစက်ခံရသူ ၃ သန်းပမာဏသို့ ရောက်ရှိရန်မှာမူ ၁၆ ရက်သာ ကြာမြင့်ခဲ့သည်။
လက်ရှိအားဖြင့် အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဒသမ ၆ သန်းရှိနေပြီဖြစ်ပြီး ဘရာဇီးကို ဖြတ်ကျော်ကာ အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ်အဆိုးရွားဆုံး ကူးစက်ခံရသည့်နိုင်ငံဖြစ်လာဖွယ် ရှိနေသည်။
ဘရာဇီး၏ ကူးစက်ခံရသူပမာဏမှာ ၃ ဒသမ ၉ သန်းဖြစ်သည်။
သို့သော် အိန္ဒိယတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေနှင့် နှိုင်းယှဉ်ကြည့်လျှင် သေဆုံးသူမှာ နည်းပါးသည်။ စက်တင်ဘာလ ၁ ရက် အချက်အလက်များအရ အိန္ဒိယတွင် သေဆုံးသူဦးရေမှာ ၆၅၄၃၅ ဦးသာရှိပြီး ဘရာဇီးနိုင်ငံမှ လူသေဆုံးမှုပမာဏ၏ ထက်ဝက်ခန့်သာရှိပြီး ရာခိုင်နှုန်းအားဖြင့် သေဆုံးနှုန်းမှာ ၁ ဒသမ ၇၉ ရာခိုင်နှုန်းသာရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကူးစက်မှုများ ဆိုးရွားနေစဉ်တွင်ပင် အိန္ဒိယအစိုးရက lockdown စည်းမျဉ်းပြန်လည် ရုပ်သိမ်းခြင်းများ ဆက်လက်ပြုလုပ်လျက် ရှိနေသည်။
ပြီးခဲ့သော တနင်္ဂနွေနေ့က အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနမှ ကြေညာခဲ့ရာတွင် အိန္ဒိယသည် စက်တင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးမှု အဆင့်နောက်တစ်ခုသို့ တက်လှမ်းမည်ဖြစ်ပြီး unlock 4 ဟု အမည်ပေးထားကြောင်း ကြေညာသည်။
ယခုပြန်လည်ဖွင့်လှစ်ပေးမှုတွင် ရထားများ ပြန်လည်ပြေးဆွဲမှု ပါဝင်ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြသည်။
ယခုစည်းမျဉ်းသစ်များအရ အားကစားပွဲများ၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ အခမ်းအနားများတွင် စက်တင်ဘာလ ၂၁ ရက်မှ စတင်ပြီး လူပေါင်း ၁၀၀ အထက် စုဝေးခြင်းများကို ပြန်လည်ခွင့်ပြုသွားမည်ဖြစ်သည်။ သို့သော် mask တပ်ဆင်ခြင်းနှင့် လူမှု အလှမ်းခွာခြင်းတို့ကိုမူ မဖြစ်မနေ လိုက်နာရမည်ဟု ဆိုသည်။
စာသင်ကျောင်းများနှင့် ကောလိပ်များကိုမူ စက်တင်ဘာ လကုန်အထိ ဆက်ပိတ်ထားဦးမည်ဖြစ်သည်။ သို့သော် သင်ကြားရေး ဝန်ထမ်းများမှ ၅၀ ရာခိုင်နှုန်းခန့်မှာမူ သင်ခန်းစာများကို အွန်လိုင်းမှတဆင့် သင်ကြားပို့ချပေးရေးအတွက် ကျောင်းဝန်းသို့ ပြန်လာရန် ခွင့်ပြုပေးထားမည် ဖြစ်သည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: India presses ahead with reopening as daily coronavirus caseload surges to record-breaking high (CNN)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service