ဂျက်ကီချန်း၏ ပေကျင်းက ဇိမ်ခံတိုက်ခန်း ၂ ခု စက်တင်ဘာ ၂၈ တွင် လေလံတင်ရောင်းတော့မည်

ဂျက်ကီချန်း၏ ပေကျင်းက ဇိမ်ခံတိုက်ခန်း ၂ ခု စက်တင်ဘာ ၂၈ တွင် လေလံတင်ရောင်းတော့မည် - Property News in Myanmar from iMyanmarHouse.com
1 Sep 2020 12:22 pm တွင် တင်ခဲ့သည်
1229 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်းတွင် အက်ရှင်သရုပ်ဆောင် ဂျက်ကီချန်းတို့မိသားစု ပြီးခဲ့သောဆယ်စုနှစ်တစ်ခုလုံး နေထိုင်ခဲ့သည့် တန်ဖိုးကြီး ဇိမ်ခံလူနေတိုက်ခန်း ၂ ခန်းကို လေလံတင်ရောင်းချရန် စီစဉ်လာပြီး ပိုင်ဆိုင်မှု အငြင်းပွားနေချိန်တွင် ရောင်းချလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်မကြီးမှ သတင်းမီဒီယာတို့၏ ရေးသားဖော်ပြချက်အရ ပေကျင်းမြို့လယ် Dongcheng ခရိုင်ရှိ အဆိုပါအခန်း ၂ ခန်းကို တပေါင်းတည်း အနေဖြင့် လေလံတင်ရောင်းချမည်ဖြစ်ပြီး ကြမ်းခင်းဈေးမှာ ယွမ်ငွေ ၇၁ ဒသမ ၉ သန်း (ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း) သတ်မှတ်ထားသည်။

တရုတ်အင်တာနက် ထိပ်သီးကုမ္ပဏီကြီး NetEase ၏ လက်အောက်မှ သတင်းဌာနတစ်ခုဖြစ်သော Qingliu ၏ ဖော်ထုတ်တင်ပြချက် အရ အဆိုပါလူနေခန်းများကို လေလံဝက်ဘ်ဆိုက်တစ်ခုတွင် အရောင်းတင်ထားပြီး ဂျက်ကီချန်းတို့မိသားစုသည် အဆိုပါအခန်းတွင် ၂၀၀၇ ခုနှစ်မှ စတင်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အခန်းများ၏ စုစုပေါင်း အကျယ်အဝန်းမှာ ၁၂၁၇ စတုရန်းမီတာရှိပြီး အိပ်ခန်း ၆ ခန်း၊ ဧည့်ခန်းနေရာ ၃ ခုပါဝင်ကာ ကာလပေါက်ဈေး ယွမ် သန်း ၁၀၀ (ကန်ဒေါ်လာ ၁၄ ဒသမ ၆ သန်း) ခန့်ရှိသည်ဟု ဆိုသည်။

တည်နေရာမှာ ပေကျင်း၏ ဒုတိယပတ်လမ်းအတွင်းရှိ လူနေအိမ်ရာဝန်းတစ်ခုအတွင်းမှ Dongzhimen Inner လမ်းပေါ်တွင် တည်ရှိသည်။

စက်တင်ဘာလ ၂၈ ရက်တွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး တနင်္ဂနွေနေ့အထိ အချက်အလက်များအရ လူပေါင်း ၆၀၀ ခန့် စာရင်းပေးသွင်းထားသည်ဟု သိရသည်။

Qingliu Studio ၏ ထုတ်ပြန်ချက်အရ အိမ်ခြံမြေ developer ဖြစ်သော Bejing Yulia Real Estate က ယခုအခန်းများကို ဂျက်ကီချန်းထံ ၂၀၀၇ နှစ်ကုန်ပိုင်းက ယွမ်ငွေ ၃၃ ဒသမ ၆ သန်းဝန်းကျင် (ကန်ဒေါ်လာ ၄ ဒသမ ၉ သန်း) ဖြင့် ရောင်းချပေးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နေအိမ်တန်ဖိုးကျသင့်ငွေအနက် အချို့ကို ဂျက်ကီချန်းက Yulia Real Estate အတွက် ကြော်ငြာပေးခဲ့ရသည့် ကြော်ငြာခဖြင့် ခုနှိမ်ခဲ့ခြင်းလည်း ဖြစ်သည်။

ဂျက်ကီချန်းနှင့် သူ၏ မိသားစုသည် အဆိုပါလူနေခန်းများတွင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်ခဲ့သော်လည်း Yulia က နေအိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို ဂျက်ကီချန်းထံ တရားဝင်လွှဲပြောင်းပေးခဲ့ခြင်းမရှိဟု ဆိုသည်။

အခြားသော ပေကျင်းအခြေစိုက် အိမ်ခြံမြေ developer ဖြစ်သည့် Tenhong Real Estate Group က အကြွေးကိစ္စနှင့် စပ်လျဉ်းပြီး Yulia ကို တရားစွဲဆိုခြင်းပြုလုပ်ခဲ့ရာ တရားရုံးက ဂျက်ကီချန်းဝယ်ယူထားခဲ့သည့် နေအိမ်ခန်းများ အပါအဝင် Yulia ၏ အခြားသော ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် အမိန့်ချမှတ်ခဲ့သည်။

ဂျက်ကီချန်းနေထိုင်သော ပေကျင်းရှိ နေအိမ်များသည် ဂျက်ကီချန်း၏ သားဖြစ်သူ ဂျေဆီချန်းကို ဆေးခြောက်များဖြင့် ဖမ်းမိချိန်တွင် သတင်းစာမျက်နှာပေါ်သို့ ရောက်လာခဲ့ဖူးသေးသည်။

၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်း ဂျေဆီချန်းသည် ဟောင်ကောင်ရုပ်ရှင်မင်းသား ကိုချန်တောင်း (Ko Chen tung) နှင့်အတူ မူးယစ်ဆေး အလွဲသုံးမှုဖြင့် ဖမ်းဆီးခံခဲ့ရရာ တရုတ်ပြည်၏ နာမည်အကြီးဆုံး မှုခင်းသတင်းတစ်ပုဒ်ဖြစ်ခဲ့သည်။

ဂျေဆီချန်းသည် ဆေးခြောက်သုံးစွဲမှု၊ အခြားသူများကို မူးယစ်ဆေးအလွဲသုံးရန် နေရာထိုင်ခင်းပေးမှုတို့ဖြင့် ထောင်ဒဏ် ၆ လ ချမှတ် ခံခဲ့ရပြီး ဟောင်ကောင်ရုပ်ရှင်မင်းသားမှာမူ ၁၄ ရက်ထိန်းသိမ်းခံခဲ့ရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Action star Jackie Chan’s luxury downtown Beijing homes put up for auction (SCMP)

 

[Zawgyi]

ဂ်က္ကီခ်န္း၏ ေပက်င္းက ဇိမ္ခံတိုက္ခန္း ၂ ခု စက္တင္ဘာ ၂၈ တြင္ ေလလံတင္ေရာင္းေတာ့မည္

တရုတ္ႏိုင္ငံ၏ ျမဳိ ႔ေတာ္ေပက်င္းတြင္ အက္ရွင္သရုပ္ေဆာင္ ဂ်က္ကီခ်န္းတို႔မိသားစု ျပီးခဲ့ေသာဆယ္စုႏွစ္တစ္ခုလံုး ေနထိုင္ခဲ့သည့္ တန္ဖိုးၾကီး ဇိမ္ခံလူေနတိုက္ခန္း ၂ ခန္းကို ေလလံတင္ေရာင္းခ်ရန္ စီစဥ္လာျပီး ပိုင္ဆိုင္မႈ အျငင္းပြားေနခ်ိန္တြင္ ေရာင္းခ်လာျခင္း ျဖစ္သည္ဟု ဆိုသည္။

ျပည္မၾကီးမွ သတင္းမီဒီယာတို႔၏ ေရးသားေဖာ္ျပခ်က္အရ ေပက်င္းျမိဳ ႔လယ္ Dongcheng ခရိုင္ရွိ အဆိုပါအခန္း ၂ ခန္းကို တေပါင္းတည္း အေနျဖင့္ ေလလံတင္ေရာင္းခ်မည္ျဖစ္ျပီး ၾကမ္းခင္းေစ်းမွာ ယြမ္ေငြ ၇၁ ဒသမ ၉ သန္း (ကန္ေဒၚလာ ၁၀ ဒသမ ၅ သန္း) သတ္မွတ္ထားသည္။

တရုတ္အင္တာနက္ ထိပ္သီးကုမၸဏီၾကီး NetEase ၏ လက္ေအာက္မွ သတင္းဌာနတစ္ခုျဖစ္ေသာ Qingliu ၏ ေဖာ္ထုတ္တင္ျပခ်က္ အရ အဆိုပါလူေနခန္းမ်ားကို ေလလံဝက္ဘ္ဆိုက္တစ္ခုတြင္ အေရာင္းတင္ထားျပီး ဂ်က္ကီခ်န္းတို႔မိသားစုသည္ အဆိုပါအခန္းတြင္ ၂၀၀၇ ခုႏွစ္မွ စတင္ေနထိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

အခန္းမ်ား၏ စုစုေပါင္း အက်ယ္အဝန္းမွာ ၁၂၁၇ စတုရန္းမီတာရွိျပီး အိပ္ခန္း ၆ ခန္း၊ ဧည့္ခန္းေနရာ ၃ ခုပါဝင္ကာ ကာလေပါက္ေစ်း ယြမ္ သန္း ၁၀၀ (ကန္ေဒၚလာ ၁၄ ဒသမ ၆ သန္း) ခန္႔ရွိသည္ဟု ဆိုသည္။

တည္ေနရာမွာ ေပက်င္း၏ ဒုတိယပတ္လမ္းအတြင္းရွိ လူေနအိမ္ရာဝန္းတစ္ခုအတြင္းမွ Dongzhimen Inner လမ္းေပၚတြင္ တည္ရွိသည္။

စက္တင္ဘာလ ၂၈ ရက္တြင္ ေလလံတင္ေရာင္းခ်မည္ျဖစ္ျပီး တနဂၤေႏြေန႔အထိ အခ်က္အလက္မ်ားအရ လူေပါင္း ၆၀၀ ခန္႔ စာရင္းေပးသြင္းထားသည္ဟု သိရသည္။

Qingliu Studio ၏ ထုတ္ျပန္ခ်က္အရ အိမ္ျခံေျမ developer ျဖစ္ေသာ Bejing Yulia Real Estate က ယခုအခန္းမ်ားကို ဂ်က္ကီခ်န္းထံ ၂၀၀၇ ႏွစ္ကုန္ပိုင္းက ယြမ္ေငြ ၃၃ ဒသမ ၆ သန္းဝန္းက်င္ (ကန္ေဒၚလာ ၄ ဒသမ ၉ သန္း) ျဖင့္ ေရာင္းခ်ေပးခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။

ေနအိမ္တန္ဖိုးက်သင့္ေငြအနက္ အခ်ဳိ ႔ကို ဂ်က္ကီခ်န္းက Yulia Real Estate အတြက္ ေၾကာ္ျငာေပးခဲ့ရသည့္ ေၾကာ္ျငာချဖင့္ ခုႏွိမ္ခဲ့ျခင္းလည္း ျဖစ္သည္။

ဂ်က္ကီခ်န္းႏွင့္ သူ၏ မိသားစုသည္ အဆိုပါလူေနခန္းမ်ားတြင္ ဆယ္စုႏွစ္တစ္ခုေက်ာ္ ေနထိုင္ခဲ့ေသာ္လည္း Yulia က ေနအိမ္ပိုင္ဆိုင္မႈ စာရြက္စာတမ္းမ်ားကို ဂ်က္ကီခ်န္းထံ တရားဝင္လႊဲေျပာင္းေပးခဲ့ျခင္းမရွိဟု ဆိုသည္။

အျခားေသာ ေပက်င္းအေျခစိုက္ အိမ္ျခံေျမ developer ျဖစ္သည့္ Tenhong Real Estate Group က အေၾကြးကိစၥႏွင့္ စပ္လ်ဥ္းျပီး Yulia ကို တရားစြဲဆိုျခင္းျပဳလုပ္ခဲ့ရာ တရားရံုးက ဂ်က္ကီခ်န္းဝယ္ယူထားခဲ့သည့္ ေနအိမ္ခန္းမ်ား အပါအဝင္ Yulia ၏ အျခားေသာ ပိုင္ဆိုင္မႈမ်ားကို သိမ္းဆည္းရန္ အမိန္႔ခ်မွတ္ခဲ့သည္။

ဂ်က္ကီခ်န္းေနထိုင္ေသာ ေပက်င္းရွိ ေနအိမ္မ်ားသည္ ဂ်က္ကီခ်န္း၏ သားျဖစ္သူ ေဂ်ဆီခ်န္းကို ေဆးေျခာက္မ်ားျဖင့္ ဖမ္းမိခ်ိန္တြင္ သတင္းစာမ်က္ႏွာေပၚသို႔ ေရာက္လာခဲ့ဖူးေသးသည္။

၂၀၁၄ ခုႏွစ္၊ ၾသဂုတ္လအတြင္း ေဂ်ဆီခ်န္းသည္ ေဟာင္ေကာင္ရုပ္ရွင္မင္းသား ကိုခ်န္ေတာင္း (Ko Chen tung) ႏွင့္အတူ မူးယစ္ေဆး အလြဲသံုးမႈျဖင့္ ဖမ္းဆီးခံခဲ့ရရာ တရုတ္ျပည္၏ နာမည္အၾကီးဆံုး မႈခင္းသတင္းတစ္ပုဒ္ျဖစ္ခဲ့သည္။

ေဂ်ဆီခ်န္းသည္ ေဆးေျခာက္သံုးစဲြမႈ၊ အျခားသူမ်ားကို မူးယစ္ေဆးအလြဲသံုးရန္ ေနရာထိုင္ခင္းေပးမႈတို႔ျဖင့္ ေထာင္ဒဏ္ ၆ လ ခ်မွတ္ ခံခဲ့ရျပီး ေဟာင္ေကာင္ရုပ္ရွင္မင္းသားမွာမူ ၁၄ ရက္ထိန္းသိမ္းခံခဲ့ရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Action star Jackie Chan’s luxury downtown Beijing homes put up for auction (SCMP)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service