Mask မတပ်သည့် သတို့သားကို ရဲက မင်္ဂလာပွဲတွင်ပင် ဒိုက်ထိုးခိုင်း

Mask မတပ်သည့် သတို့သားကို ရဲက မင်္ဂလာပွဲတွင်ပင် ဒိုက်ထိုးခိုင်း - Property News in Myanmar from iMyanmarHouse.com
1 Sep 2020 12:14 pm တွင် တင်ခဲ့သည်
999 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားနိုင်ငံ၊ အရှေ့ဂျာဗားပြည်နယ်၊ ပါဆူရူယန်ဒေသ (Pasuruan) ၊ ရန်ဒူဂေါင် (Randugong) ကျေးရွာတွင် သတို့သားတစ်ဦးသည် မင်္ဂလာဆောင်ကျင်းပနေစဉ် mask မတပ်ဆင်ခဲ့ခြင်း၏ နောက်ဆက်တွဲရလဒ်ကိုခံစားခဲ့ရသည်။

သတို့သမီးနှင့် ဧည့်သည်များရှေ့တွင် သတို့သားဖြစ်သူ ဆိုလီဟူဒင်ကို မင်္ဂလာပွဲလာရောက်စစ်ဆေးသည့် ရဲအရာရှိတစ်ဦးက ဒိုက်ထိုးခိုင်းကာ ပြစ်ဒဏ်ပေးခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့လာသောဗွီဒီယိုဖိုင်တွင် တွေ့မြင်ရချက်အရ ရဲအရာရှိတစ်ဦးသည် မင်္ဂလာစုံတွဲရှိရာ စင်မြင့်ဆီသို့ ချဉ်းကပ်သွားခဲ့သည်ကို တွေ့ရသည်။ ယင်းနောက် သတို့သား၏ နေ့ထူးနေ့မြတ်တစ်ခုဖြစ်နေသောကြောင့် ဒိုက်ထိုးစေခြင်းအားဖြင့် ပြစ်ဒဏ်သက်ညှာခဲ့သည်ဟု ယူဆရသည်။

ဗွီဒီယိုထဲတွင် တွေ့ရသည်မှာ သတို့သမီးဖြစ်သူ ဒိုင်ယန် မာစီသာသည် သတို့သားလောင်း ဒိုက်ထိုးနေပုံကို ကြည့်ကာ ဧည့်ပရိသတ်များနှင့်အတူ ရယ်မောနေခဲ့သည်ကို တွေ့ရသည်။

ဒိုက်ထိုးအပြီးတွင် ရဲအရာရှိက ဆိုလီဟူဒင်ကို mask တစ်ခု တပ်ဆင်ပေးခဲ့သည်ကိုလည်း တွေ့ရသည်။

အဆိုပါရဲအရာရှိ၏ အမည်မှာ ဟာရစ် ကာနီယာဝမ်ဖြစ်ပြီး ၎င်းကရှင်းပြသည်မှာ ကျေးရွာအတွင်းကျင်းပသည့် မည်သည့်ပွဲလမ်းမျိုးသို့မဆို သက်ဆိုင်ရာ အာဏာပိုင်များ လာရောက်စစ်ဆေးကာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ချမှတ်ထားသည့် စည်းမျဉ်းများ လိုက်နာမှု ရှိစေရန် ကြပ်မတ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။

“သတို့သားဟာ mask တပ်ဆင်မထားတာကြောင့် ကျွန်တော်က ဒီလိုအပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါက သူ့ကို အပြစ်ပေး အရေးယူတာမျှသာ မဟုတ်ပါဘူး။ အဓိကရည်ရွယ်တာက ပြည်သူတွေကို အသိပညာပေးဖို့ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး covid 19 ကူးစက်ခံရခြင်းက ရှောင်ရှားနိုင်ဖို့အတွက် mask တွေ တပ်ဆင်လာကြမှာ ဖြစ်ပါတယ်” ဟု ဟာရစ်က ပြောကြားသည်။

ဟာရစ်၏ ပြောပြချက်အရ မင်္ဂလာစုံတွဲ၏ မိသားစုများက မင်္ဂလာအခမ်းအနားကျင်းပရန် တရားဝင်ခွင့်ပြုချက် တောင်းခံခဲ့ကြောင်း၊ မင်္ဂလာ အခမ်းအနားတွင်လည်း ကျန်းမာရေးဆိုင်ရာ သတ်မှတ်ထားသည့်စည်းမျဉ်း စည်းကမ်းများကို လိုက်နာခဲ့ကြသည်ကို တွေ့ရကြောင်း၊ လူမှုအလှမ်းခွာခြင်း၊ ဧည့်ပရိသတ်ပမာဏ ကန့်သတ်ထားခြင်းနှင့် လက်ဆေးရန်နေရာ ထားရှိခြင်းတို့ ပါဝင်ကြောင်း ပြောကြားသည်။

ရဲအရာရှိက ဆိုလီဟူဒင်အား ဒိုက်ထိုးခိုင်းသည့် ဗွီဒီယိုဖိုင်ကို အင်စတာဂရမ် လူမှုကွန်ရက်တွင် https://www.instagram.com/p/CEalKpLgD4b/ လင့်ခ်မှတဆင့် ကြည့်ရှုနိုင်ပါသည်။

သို့သော် မင်္ဂလာပွဲလာ ဧည့်ပရိသတ်များစွာမှာ mask တပ်ဆင်ထားခြင်းမရှိသောကြောင့် ၎င်းတို့ကို mask တစ်ခုစီ ထုတ်ပေးခဲ့ရကြောင်းလည်း ဟာရစ်က ပြောကြားသည်။

ယခုဖြစ်ရပ်သည် အနာဂတ်တွင် ဆိုလီဟူဒင်အဖို့ မြေးမြစ်များကို ပြန်လည်ပြောပြရမည့် ပုံပြင်တစ်ပုဒ်သဖွယ် ဖြစ်လာလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Police tells groom to drop and do 3 push-ups for not wearing a mask at his wedding (Coconuts)

 

[Zawgyi]

Mask မတပ္သည့္ သတို႔သားကို ရဲက မဂၤလာပြဲတြင္ပင္ ဒိုက္ထိုးခိုင္း

အင္ဒိုနီးရွားႏိုင္ငံ၊ အေရွ ႔ဂ်ာဗားျပည္နယ္၊ ပါဆူရူယန္ေဒသ (Pasuruan) ၊ ရန္ဒူေဂါင္ (Randugong) ေက်းရြာတြင္ သတို႔သားတစ္ဦးသည္ မဂၤလာေဆာင္က်င္းပေနစဥ္ mask မတပ္ဆင္ခဲ့ျခင္း၏ ေနာက္ဆက္တြဲရလဒ္ကိုခံစားခဲ့ရသည္။

သတို႔သမီးႏွင့္ ဧည့္သည္မ်ားေရွ ႔တြင္ သတို႔သားျဖစ္သူ ဆိုလီဟူဒင္ကို မဂၤလာပြဲလာေရာက္စစ္ေဆးသည့္ ရဲအရာရွိတစ္ဦးက ဒိုက္ထုိးခိုင္းကာ ျပစ္ဒဏ္ေပးခဲ့သည္။

လူမႈကြန္ရက္တြင္ ပ်ံ ႔ႏွံ႔လာေသာဗီြဒီယိုဖိုင္တြင္ ေတြ႔ျမင္ရခ်က္အရ ရဲအရာရွိတစ္ဦးသည္ မဂၤလာစံုတြဲရွိရာ စင္ျမင့္ဆီသို႔ ခ်ဥ္းကပ္သြားခဲ့သည္ကို ေတြ႔ရသည္။ ယင္းေနာက္ သတို႔သား၏ ေန႔ထူးေန႔ျမတ္တစ္ခုျဖစ္ေနေသာေၾကာင့္ ဒိုက္ထုိးေစျခင္းအားျဖင့္ ျပစ္ဒဏ္သက္ညွာခဲ့သည္ဟု ယူဆရသည္။

ဗြီဒီယိုထဲတြင္ ေတြ႔ရသည္မွာ သတို႔သမီးျဖစ္သူ ဒိုင္ယန္ မာစီသာသည္ သတို႔သားေလာင္း ဒိုက္ထုိးေနပံုကို ၾကည့္ကာ ဧည့္ပရိသတ္မ်ားႏွင့္အတူ ရယ္ေမာေနခဲ့သည္ကို ေတြ႔ရသည္။

ဒိုက္ထုိးအျပီးတြင္ ရဲအရာရွိက ဆိုလီဟူဒင္ကို mask တစ္ခု တပ္ဆင္ေပးခဲ့သည္ကိုလည္း ေတြ႔ရသည္။

အဆိုပါရဲအရာရွိ၏ အမည္မွာ ဟာရစ္ ကာနီယာဝမ္ျဖစ္ျပီး ၎ကရွင္းျပသည္မွာ ေက်းရြာအတြင္းက်င္းပသည့္ မည္သည့္ပြဲလမ္းမ်ဳိးသို႔မဆို သက္ဆိုင္ရာ အာဏာပိုင္မ်ား လာေရာက္စစ္ေဆးကာ ကိုရိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရးအတြက္ ခ်မွတ္ထားသည့္ စည္းမ်ဥ္းမ်ား လိုက္နာမႈ ရွိေစရန္ ၾကပ္မတ္သြားမည္ျဖစ္ေၾကာင္း ရွင္းျပသည္။

“သတို႔သားဟာ mask တပ္ဆင္မထားတာေၾကာင့္ ကၽြန္ေတာ္က ဒီလိုအျပစ္ေပးခဲ့တာျဖစ္ပါတယ္။ ဒါက သူ႔ကို အျပစ္ေပး အေရးယူတာမွ်သာ မဟုတ္ပါဘူး။ အဓိကရည္ရြယ္တာက ျပည္သူေတြကို အသိပညာေပးဖို႔ျဖစ္ပါတယ္။ ျပည္သူေတြအေနနဲ႔ စည္းမ်ဥ္းေတြကို လိုက္နာျပီး covid 19 ကူးစက္ခံရျခင္းက ေရွာင္ရွားႏိုင္ဖို႔အတြက္ mask ေတြ တပ္ဆင္လာၾကမွာ ျဖစ္ပါတယ္” ဟု ဟာရစ္က ေျပာၾကားသည္။

ဟာရစ္၏ ေျပာျပခ်က္အရ မဂၤလာစံုတြဲ၏ မိသားစုမ်ားက မဂၤလာအခမ္းအနားက်င္းပရန္ တရားဝင္ခြင့္ျပဳခ်က္ ေတာင္းခံခဲ့ေၾကာင္း၊ မဂၤလာ အခမ္းအနားတြင္လည္း က်န္းမာေရးဆိုင္ရာ သတ္မွတ္ထားသည့္စည္းမ်ဥ္း စည္းကမ္းမ်ားကို လိုက္နာခဲ့ၾကသည္ကို ေတြ႔ရေၾကာင္း၊ လူမႈအလွမ္းခြာျခင္း၊ ဧည့္ပရိသတ္ပမာဏ ကန္႔သတ္ထားျခင္းႏွင့္ လက္ေဆးရန္ေနရာ ထားရွိျခင္းတို႔ ပါဝင္ေၾကာင္း ေျပာၾကားသည္။

ရဲအရာရွိက ဆိုလီဟူဒင္အား ဒိုက္ထိုးခိုင္းသည့္ ဗြီဒီယိုဖိုင္ကို အင္စတာဂရမ္ လူမႈကြန္ရက္တြင္ https://www.instagram.com/p/CEalKpLgD4b/ လင့္ခ္မွတဆင့္ ၾကည့္ရႈႏိုင္ပါသည္။

သို႔ေသာ္ မဂၤလာပြဲလာ ဧည့္ပရိသတ္မ်ားစြာမွာ mask တပ္ဆင္ထားျခင္းမရွိေသာေၾကာင့္ ၎တို႔ကို mask တစ္ခုစီ ထုတ္ေပးခဲ့ရေၾကာင္းလည္း ဟာရစ္က ေျပာၾကားသည္။

ယခုျဖစ္ရပ္သည္ အနာဂတ္တြင္ ဆိုလီဟူဒင္အဖို႔ ေျမးျမစ္မ်ားကို ျပန္လည္ေျပာျပရမည့္ ပံုျပင္တစ္ပုဒ္သဖြယ္ ျဖစ္လာလိမ့္မည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Police tells groom to drop and do 3 push-ups for not wearing a mask at his wedding (Coconuts)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service