ရန်ကုန်တိုင်းအစိုးရရောင်းချသည့် မြေကွက်များတွင် ၆၉ ကွက်သာ အမှန်တကယ်ငွေလာသွင်းလာဟု ဆို

ရန်ကုန်တိုင်းအစိုးရရောင်းချသည့် မြေကွက်များတွင် ၆၉ ကွက်သာ အမှန်တကယ်ငွေလာသွင်းလာဟု ဆို - Property News in Myanmar from iMyanmarHouse.com
1 Sep 2020 10:39 am တွင် တင်ခဲ့သည်
553 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်တိုင်းအစိုးရက ရောင်းချသည့်မြေကွက် ၁၉၇ ကွက်တွင် ၆၉ ကွက်သာ ငွေသွင်းပြီး စုစုပေါင်း ကျပ် ၅ ဒသမ ၈ ဘီလီယံရရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊စိုက်ပျိုးရေး၊ မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချမည့်မြေကွက်(၅၀၀)ကျော်အတွက် မြေကွက်ရောင်းချမူများနှင့် ရငွေသုံးဆွဲမူများကို လွှတ်တော်တွင် ဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းအစိုးရ၏ ပထမအကြိမ်ရောင်းချခဲ့သော မြေကွက်စုစုပေါင်းမှာ (၁၉၇)ကွက်ဖြစ်ပြီး ရောင်းချရရန်ငွေမှာ ကျပ် ၁၇ ဘီလီယံဖြစ်ရမည်ဖြစ်သော်လည်း ဩဂုတ်လ ၆ ရက်အထိ အထက်ပါပမာဏသာ ငွေလာသွင်းသည်ဟု ဝန်ကြီးကဆိုသည်။

မြေကွက်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေများ မြေစီမံခန့်ခွဲမှုကော်မတီကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးဆောင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဝန်ကြီးက ဆိုသည်။

ထိုမြေကွက်များအတွက် လျှောက်လွှာရောင်းချရာတွင် ပထမအကြိမ်တွင် လျှောက်လွှာအစောင် တစ်သောင်းခွဲအတွက် ကျပ်သိန်း ၁၅၀၀ကျော်ရရှိခဲ့သည်ဟုဆိုသည်။

ငွေပေးသွင်းခြင်းမရှိသေးသည့် ကျန်မြေကွက်များကို ဇူလှိုင်လကုန်တွင်နောက်ဆုံးပေးသွင်းရန်နှင့် ထိုရက်တွင် ပထမအကြိမ်ရောင်းချမူကို စာရင်းချုပ်ပိတ်သိမ်းခဲ့သည်ဟု ဝန်ကြီးကပြောသည်။

ဒုတိယအကြိမ်ရောင်းချမူကို ၂၀၂၀ ဖေဖော်ဝါရီလတွင်ဆောင်ရွက်ခဲ့ပြီး မတ် ၃ရက်တွင် နောက်ဆုံးထားတင်ပြရန် စီစဉ်ခဲ့သည်ဟု ဝန်ကြီးကဆိုသည်။ထိုအကြိမ်တွင် လျှောက်လွှာရောင်းချခြင်းမပြုခဲ့ဟုဆိုသည်။

အဆိုပြုလျှောက်လွှာများကို ဖွဲ့စည်းထားရှိသော ကော်မတီကစိစစ်၍ အချက်အလက်ပြည့်စုံသော မြေကွက်ဝယ်ယူခွင့်လျှောက်လွှာများ၏ မြေပြင်တည်ရှိမှုဧရိယာများ၊ နှုန်းထားများနှင့်ကျသင့်ငွေများ စိစစ်ဆောင်ရွက်ခဲ့သည်ဟု ၎င်းကဆိုသည်။ မြေကွက်ဝယ်ယူခွင့်ရရှိသူ ပြည်သူများသည် ကျသင့်ငွေကို ဩဂုတ်လနောက်ဆုံးပေးသွင်းရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် မြေကွက်ရောင်းချမှုများမှာ ရရှိသည့် ငွေကြေးများကို စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေ လျော်ကြေးငွေပေးအပ်မှုတွင် အသုံးပြုလျက်ရှိသည်ဟု ဝန်ကြီးကဆိုသည်။

လက်ရှိတွင်မြေယာလျှော်ကြေးအတွက်ကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၆ ဒသမ ၉ ဘီလီယံ၊ ၂၀၁၉-၂၀ တွင် ကျပ် ၉ ဒသမ ၉ ဘီလီယံပေးလျှော်ခဲ့သည်ဟုဆိုသည်။ ထိုကြောင့် စုစုပေါင်း ကျပ် ၁၅ ဘီလီယံပေးလျှော်ခဲ့ပြီး ကျပ် ၈၃ ဘီလီယံပေးလျှော်ရန်ကျန်ရှိသည်ဟု ဝန်ကြီးကပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္တိုင္းအစိုးရေရာင္းခ်သည့္ ေျမကြက္မ်ားတြင္ ၆၉ ကြက္သာ အမွန္တကယ္ေငြလာသြင္းလာဟု ဆို

ရန္ကုန္တိုင္းအစိုးရက ေရာင္းခ်သည့္ေျမကြက္ ၁၉၇ ကြက္တြင္ ၆၉ ကြက္သာ ေငြသြင္းၿပီး စုစုေပါင္း က်ပ္ ၅ ဒသမ ၈ ဘီလီယံရ႐ွိသည္ဟု ရန္ကုန္တိုင္းေဒသႀကီး၊စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊သစ္ေတာႏွင့္စြမ္းအင္ဝန္ႀကီး ဦးဟံထြန္းကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ အစီအစဥ္ျဖင့္ ေရာင္းခ်မည့္ေျမကြက္(၅၀၀)ေက်ာ္အတြက္ ေျမကြက္ေရာင္းခ်မူမ်ားႏွင့္ ရေငြသုံးဆြဲမူမ်ားကို လႊတ္ေတာ္တြင္ ဝန္ႀကီးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တိုင္းအစိုးရ၏ ပထမအႀကိမ္ေရာင္းခ်ခဲ့ေသာ ေျမကြက္စုစုေပါင္းမွာ (၁၉၇)ကြက္ျဖစ္ၿပီး ေရာင္းခ်ရရန္ေငြမွာ က်ပ္ ၁၇ ဘီလီယံျဖစ္ရမည္ျဖစ္ေသာ္လည္း ဩဂုတ္လ ၆ ရက္အထိ အထက္ပါပမာဏသာ ေငြလာသြင္းသည္ဟု ဝန္ႀကီးကဆိုသည္။

ေျမကြက္ေရာင္းခ်ျခင္းႏွင့္စပ္လ်ဥ္း၍ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က စီမံခန္႔ခြဲပိုင္ခြင့္ ႐ွိေသာေျမမ်ား ေျမစီမံခန္႔ခြဲမႈေကာ္မတီကို ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးဦးေဆာင္၍ ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ျခင္းျဖစ္သည္ဟုဝန္ႀကီးက ဆိုသည္။

ထိုေျမကြက္မ်ားအတြက္ ေလွ်ာက္လႊာေရာင္းခ်ရာတြင္ ပထမအႀကိမ္တြင္ ေလွ်ာက္လႊာအေစာင္ တစ္ေသာင္းခြဲအတြက္ က်ပ္သိန္း ၁၅၀၀ေက်ာ္ရ႐ွိခဲ့သည္ဟုဆိုသည္။

ေငြေပးသြင္းျခင္းမ႐ွိေသးသည့္ က်န္ေျမကြက္မ်ားကို ဇူလိႈင္လကုန္တြင္ေနာက္ဆုံးေပးသြင္းရန္ႏွင့္ ထိုရက္တြင္ ပထမအႀကိမ္ေရာင္းခ်မူကို စာရင္းခ်ဳပ္ပိတ္သိမ္းခဲ့သည္ဟု ဝန္ႀကီးကေျပာသည္။

ဒုတိယအႀကိမ္ေရာင္းခ်မူကို ၂၀၂၀ ေဖေဖာ္ဝါရီလတြင္ေဆာင္႐ြက္ခဲ့ၿပီး မတ္ ၃ရက္တြင္ ေနာက္ဆုံးထားတင္ျပရန္ စီစဥ္ခဲ့သည္ဟု ဝန္ႀကီးကဆိုသည္။ထိုအႀကိမ္တြင္ ေလွ်ာက္လႊာေရာင္းခ်ျခင္းမျပဳခဲ့ဟုဆိုသည္။

အဆိုျပဳေလွ်ာက္လႊာမ်ားကို ဖြဲ႕စည္းထား႐ွိေသာ ေကာ္မတီကစိစစ္၍ အခ်က္အလက္ျပည့္စုံေသာ ေျမကြက္ဝယ္ယူခြင့္ေလွ်ာက္လႊာမ်ား၏ ေျမျပင္တည္႐ွိမႈဧရိယာမ်ား၊ ႏႈန္းထားမ်ားႏွင့္က်သင့္ေငြမ်ား စိစစ္ေဆာင္႐ြက္ခဲ့သည္ဟု ၎ကဆိုသည္။ ေျမကြက္ဝယ္ယူခြင့္ရ႐ွိသူ ျပည္သူမ်ားသည္ က်သင့္ေငြကို ဩဂုတ္လေနာက္ဆုံးေပးသြင္းရမည္ျဖစ္သည္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရသည္ ေျမကြက္ေရာင္းခ်မႈမ်ားမွာ ရ႐ွိသည့္ ေငြေၾကးမ်ားကို စည္ပင္သာယာနယ္နိမိတ္အတြင္း႐ွိ သိမ္းဆည္းခံလယ္ယာေျမ ေလ်ာ္ေၾကးေငြေပးအပ္မႈတြင္ အသုံးျပဳလ်က္႐ွိသည္ဟု ဝန္ႀကီးကဆိုသည္။

လက္႐ွိတြင္ေျမယာေလွ်ာ္ေၾကးအတြက္ကို ၂၀၁၈-၁၉ ဘ႑ာႏွစ္တြင္ က်ပ္ ၆ ဒသမ ၉ ဘီလီယံ၊ ၂၀၁၉-၂၀ တြင္ က်ပ္ ၉ ဒသမ ၉ ဘီလီယံေပးေလွ်ာ္ခဲ့သည္ဟုဆိုသည္။ ထိုေၾကာင့္ စုစုေပါင္း က်ပ္ ၁၅ ဘီလီယံေပးေလွ်ာ္ခဲ့ၿပီး က်ပ္ ၈၃ ဘီလီယံေပးေလွ်ာ္ရန္က်န္႐ွိသည္ဟု ဝန္ႀကီးကေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
imyanmarmarket
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service