သက်သတ်လွတ်စားသူများသာ နေထိုင်ရသည့် ရုရှားက လူနေအိမ်ရာ (သို့မဟုတ်) ဗေဒကျေးရွာ

သက်သတ်လွတ်စားသူများသာ နေထိုင်ရသည့် ရုရှားက လူနေအိမ်ရာ (သို့မဟုတ်) ဗေဒကျေးရွာ - Property News in Myanmar from iMyanmarHouse.com
28 Aug 2020 11:52 am တွင် တင်ခဲ့သည်
1024 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အကယ်၍ သင်သည် သက်သတ်လွတ်စားသူတစ်ဦးဖြစ်ပြီး သားငါးများချက်ပြုတ်သည့်အနံ့ကို မခံနိုင်သူဆိုပါက ရုရှားနိုင်ငံရှိ သက်သတ်လွတ်သမားများသာ နေထိုင်ခွင့်ပြုသည့် လူနေအိမ်ရာသို့ ပြောင်းရွှေ့နေထိုင်နိုင်ပြီ ဖြစ်သည်။

အဆိုပါလူနေအိမ်ရာကို ဗေဒကျေးရွာဟု အမည်ပေးထားပြီး ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ဆင်ခြေဖုံးဒေသတွင် တည်ရှိသည်။

ကျန်းမာရေးလိုက်စားကာ ကိုယ်ကျင့်တရားများစောင့်ထိန်းကြသည့် လူမှုအသိုက်အဝန်းတွင် နေထိုင်လိုသူများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။

ဗေဒကျေးရွာတွင် လူနေခန်းတစ်ခန်း ဝယ်ယူ (သို့မဟုတ်) ငှားရမ်းနေထိုင်လိုသူများတွင် ရှိရမည့် အရေးကြီးဆုံး အရည်အချင်းမှာ သက်သတ်လွတ်စားသူဖြစ်ရမည် ဖြစ်သည်။

အခန်းဝယ်ယူ၊ ငှားရမ်းမည့်သူကို ဗေဒကျေးရွာမှ အရောင်းကိုယ်စားလှယ်တို့က တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကာ သက်သတ်လွတ် စားသူ အမှန်တကယ်ဟုတ်၊ မဟုတ် စစ်ဆေးမည် ဖြစ်သည်။

သားငါးစားသူဆိုပါက လူနေခန်း ဝယ်ယူ၊ ငှားရမ်းရန် လျှောက်ထားသည့်လျှောက်လွှာကို ငြင်းပယ်မည် ဖြစ်သည်။

သို့သော် သက်သတ်လွတ်စားသူဖြစ်သည့်တိုင် နေအိမ်ခန်း ဝယ်ယူခွင့် ရရှိဦးမည်မဟုတ်ဘဲ အခြားသော လိုအပ်ချက်များလည်း ရှိနေသေးသည်။

ဗေဒကျေးရွာတွင် ဆေးလိပ်သောက်ခြင်းနှင့် အရက်သေစာ သောက်စားခြင်းကိုလည်း ခွင့်မပြုချေ။

ထို့ကြောင့် သက်သတ်လွတ်စားသူဖြစ်ရမည့်အပြင် ဆေးလိပ်၊အရက် မသောက်သုံးသူလည်း ဖြစ်ရန်လိုအပ်သည်။

“ဒီအိမ်ရာဝန်းရဲ့ အဓိကအချက်ကတော့ စိတ်တူကိုယ်တူရှိသူတွေနဲ့အတူ ရှင်သန်နေထိုင်နိုင်မယ့် အခွင့်အလမ်းဖြစ်ပါတယ်။ ခင်ဗျားဟာ သက်သတ်လွတ်စားသူတစ်ဦးဆိုရင် ဗေဒကျေးရွာက ကြိုဆိုပါတယ်” ဟု ဗေဒကျေးရွာ၏ မန်နေဂျာ မာယာ ပိုဒလစ်စကာယာက ရုရှားသတင်းဌာနတစ်ခုဖြစ်သော TASS သို့ ပြောကြားသည်။

ဗေဒကျေးရွာသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးနေမည့် အသိုက်အဝန်းတစ်ခုဖြစ်လာရန်နှင့် နေထိုင်သူတို့သည် စွမ်းအင်၊ ရေ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် စားနပ်ရိက္ခာထုတ်လုပ်မှုတို့တွင် ကိုယ့်အားကိုယ်ကိုးနိုင်ရန် ရည်မှန်းထားသည်။

ဗေဒကျေးရွာတွင် ယောဂစင်တာ၊ အားကစားလေ့ကျင့်ခန်းမ၊ Spa ၊ ဈေးဆိုင်များ၊ နေ့ထိန်းကလေးကျောင်း၊ စာသင်ကျောင်း အစရှိသည်တို့နှင့်အတူ သက်သတ်လွတ်စားသောက်ဆိုင်တစ်ခုလည်း ပါဝင်သည်။

အိမ်ရာဝန်းတွင် မိသားစုပေါင်း ၂၁၀ နေထိုင်နိုင်သည်ဟု ဆိုသည်။

ဗေဒကျေးရွာသည် ရုရှားနိုင်ငံ၏ ပထမဆုံး သက်သတ်လွတ်ကျေးရွာဖြစ်သော်လည်း ကမ္ဘာတွင်မူ ပထမဆုံးကား မဟုတ်ချေ။

အိန္ဒိယနိုင်ငံတွင် ၂၀၁၂ ခုနှစ်က ချင်းနိုင်မြို့၌ လူနေအိမ်ရာဝန်းတစ်ခု တည်ထောင်ခဲ့ဖူးရာ ဝယ်လက်များသည် သက်သတ်လွတ်စားသူ ဖြစ်ရမည်ဟူသော သတ်မှတ်ချက် ထားရှိသည်။

အချို့ကမူ ဗေဒကျေးရွာကို ကမ္ဘာပေါ်တွင် လူနေထိုင်ရန် ပျင်းရိဖွယ်အကောင်းဆုံးနေရာဟု သတ်မှတ်ထားကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: In ice cold Russia, an apartment complex has turned vegetarian; this Veda Village will astound you (Financial Express, plantbasednews)

 

[Zawgyi]

သက္သတ္လြတ္စားသူမ်ားသာ ေနထိုင္ရသည့္ ရုရွားက လူေနအိမ္ရာ (သို႔မဟုတ္) ေဗဒေက်းရြာ

အကယ္၍ သင္သည္ သက္သတ္လြတ္စားသူတစ္ဦးျဖစ္ျပီး သားငါးမ်ားခ်က္ျပဳတ္သည့္အနံ႔ကို မခံႏိုင္သူဆိုပါက ရုရွားႏိုင္ငံရွိ သက္သတ္လြတ္သမားမ်ားသာ ေနထိုင္ခြင့္ျပဳသည့္ လူေနအိမ္ရာသို႔ ေျပာင္းေရႊ ႔ေနထုိင္ႏိုင္ျပီ ျဖစ္သည္။

အဆိုပါလူေနအိမ္ရာကို ေဗဒေက်းရြာဟု အမည္ေပးထားျပီး ရုရွားႏိုင္ငံ၊ စိန္႔ပီတာစဘတ္ျမိဳ ႔ ဆင္ေျခဖံုးေဒသတြင္ တည္ရွိသည္။

က်န္းမာေရးလိုက္စားကာ ကိုယ္က်င့္တရားမ်ားေစာင့္ထိန္းၾကသည့္ လူမႈအသိုက္အဝန္းတြင္ ေနထိုင္လိုသူမ်ားအတြက္ ရည္ရြယ္သည္ဟု ဆိုသည္။

ေဗဒေက်းရြာတြင္ လူေနခန္းတစ္ခန္း ဝယ္ယူ (သို႔မဟုတ္) ငွားရမ္းေနထုိင္လိုသူမ်ားတြင္ ရွိရမည့္ အေရးၾကီးဆံုး အရည္အခ်င္းမွာ သက္သတ္လြတ္စားသူျဖစ္ရမည္ ျဖစ္သည္။

အခန္းဝယ္ယူ၊ ငွားရမ္းမည့္သူကို ေဗဒေက်းရြာမွ အေရာင္းကိုယ္စားလွယ္တို႔က ေတြ႔ဆံုေမးျမန္းမႈမ်ား ျပဳလုပ္ကာ သက္သတ္လြတ္ စားသူ အမွန္တကယ္ဟုတ္၊ မဟုတ္ စစ္ေဆးမည္ ျဖစ္သည္။

သားငါးစားသူဆိုပါက လူေနခန္း ဝယ္ယူ၊ ငွားရမ္းရန္ ေလွ်ာက္ထားသည့္ေလွ်ာက္လႊာကို ျငင္းပယ္မည္ ျဖစ္သည္။

သို႔ေသာ္ သက္သတ္လြတ္စားသူျဖစ္သည့္တိုင္ ေနအိမ္ခန္း ဝယ္ယူခြင့္ ရရွိဦးမည္မဟုတ္ဘဲ အျခားေသာ လိုအပ္ခ်က္မ်ားလည္း ရွိေနေသးသည္။

ေဗဒေက်းရြာတြင္ ေဆးလိပ္ေသာက္ျခင္းႏွင့္ အရက္ေသစာ ေသာက္စားျခင္းကိုလည္း ခြင့္မျပဳေခ်။

ထို႔ေၾကာင့္ သက္သတ္လြတ္စားသူျဖစ္ရမည့္အျပင္ ေဆးလိပ္၊အရက္ မေသာက္သံုးသူလည္း ျဖစ္ရန္လိုအပ္သည္။

“ဒီအိမ္ရာဝန္းရဲ ႔ အဓိကအခ်က္ကေတာ့ စိတ္တူကိုယ္တူရိွသူေတြနဲ႔အတူ ရွင္သန္ေနထိုင္ႏိုင္မယ့္ အခြင့္အလမ္းျဖစ္ပါတယ္။ ခင္ဗ်ားဟာ သက္သတ္လြတ္စားသူတစ္ဦးဆိုရင္ ေဗဒေက်းရြာက ၾကိဳဆိုပါတယ္” ဟု ေဗဒေက်းရြာ၏ မန္ေနဂ်ာ မာယာ ပိုဒလစ္စကာယာက ရုရွားသတင္းဌာနတစ္ခုျဖစ္ေသာ TASS သို႔ ေျပာၾကားသည္။

ေဗဒေက်းရြာသည္ စဥ္ဆက္မျပတ္ဖြံ႔ျဖိဳးေနမည့္ အသိုက္အဝန္းတစ္ခုျဖစ္လာရန္ႏွင့္ ေနထိုင္သူတုိ႔သည္ စြမ္းအင္၊ ေရ၊ စြန္႔ပစ္ပစၥည္းစီမံခန္႔ခြဲမႈႏွင့္ စားနပ္ရိကၡာထုတ္လုပ္မႈတို႔တြင္ ကိုယ့္အားကိုယ္ကိုးႏိုင္ရန္ ရည္မွန္းထားသည္။

ေဗဒေက်းရြာတြင္ ေယာဂစင္တာ၊ အားကစားေလ့က်င့္ခန္းမ၊ Spa ၊ ေစ်းဆိုင္မ်ား၊ ေန႔ထိန္းကေလးေက်ာင္း၊ စာသင္ေက်ာင္း အစရွိသည္တို႔ႏွင့္အတူ သက္သတ္လြတ္စားေသာက္ဆိုင္တစ္ခုလည္း ပါဝင္သည္။

အိမ္ရာဝန္းတြင္ မိသားစုေပါင္း ၂၁၀ ေနထိုင္ႏိုင္သည္ဟု ဆိုသည္။

ေဗဒေက်းရြာသည္ ရုရွားႏိုင္ငံ၏ ပထမဆံုး သက္သတ္လြတ္ေက်းရြာျဖစ္ေသာ္လည္း ကမၻာတြင္မူ ပထမဆံုးကား မဟုတ္ေခ်။

အိႏိၵယႏိုင္ငံတြင္ ၂၀၁၂ ခုႏွစ္က ခ်င္းႏိုင္ျမိဳ ႔၌ လူေနအိမ္ရာဝန္းတစ္ခု တည္ေထာင္ခဲ့ဖူးရာ ဝယ္လက္မ်ားသည္ သက္သတ္လြတ္စားသူ ျဖစ္ရမည္ဟူေသာ သတ္မွတ္ခ်က္ ထားရွိသည္။

အခ်ဳိ ႔ကမူ ေဗဒေက်းရြာကို ကမၻာေပၚတြင္ လူေနထိုင္ရန္ ပ်င္းရိဖြယ္အေကာင္းဆံုးေနရာဟု သတ္မွတ္ထားၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: In ice cold Russia, an apartment complex has turned vegetarian; this Veda Village will astound you (Financial Express, plantbasednews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
The Rich Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service