လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်၏ ၁ ဒသမ ၅ ရာခိုင်နှုန်းကို လွှတ်တော်က ဖြတ်တောက်

လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်၏ ၁ ဒသမ ၅ ရာခိုင်နှုန်းကို လွှတ်တော်က ဖြတ်တောက် - Property News in Myanmar from iMyanmarHouse.com
28 Aug 2020 11:15 am တွင် တင်ခဲ့သည်
682 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၂၀-၂၁ အစိုးရဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်တောင်းခံမှုကို လွှတ်တော်က ၁ ဒသမ ၅ ရာခိုင်နှုန်ဖြတ်တောက်လိုက်သည်။

လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရကတောင်းခံထားသည့် အသုံးစရိတ် ကျပ်ဘီလီယံ ၃၄,၆၅၀ ကျော်အနက် ကျပ်ဘီလီယံ ၅၂၀ ကျော် ဖြတ် တောက်လျှော့ချရန် ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ယခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင်မည့် ဘဏ္ဍာနှစ်သစ်အတွက် ပြည်ထောင်စု၏ ရငွေ၊ သုံးငွေဆိုင်ရာ ပြဋ္ဌာန်း ချက်များပါဝင်သည့် ဘဏ္ဍာငွေ အရ၊ အသုံးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က ယမန်နေ့တွင် အတည်ပြုခြင်းဖြစ်သည်။

ယမန်နေ့ အတည်ပြုချက်အရ ဝန်ကြီးဌာနများအနက် ဆောက်လုပ်ရေးဝန်ကြီးဌာနက အများဆုံး ဖြတ်တောက်ခံရသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာနကလာမည့် ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်စုစုပေါင်း ကျပ် ဘီလီယံ ၁,၅၀၀ ကျော် တောင်းခံထားပြီး လွှတ်တော်က ကျပ်ဘီလီယံ ၃၂၀ ကျော် ဖြတ်တောက်ခဲ့သည်။ ယင်းသည် စုစုပေါင်းဖြတ် တောက်ငွေ၏ ထက်ဝက်ကျော်ပမာဏဖြစ်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လာမည့်ဘဏ္ဍာနှစ် အတွင်းဆောင်ရွက်ရန် စီစဉ်ထားသည့် စီမံကိန်းအချို့ ဆောင်ရွက်နိုင်တော့မည်မဟုတ်၍ ဘတ်ဂျက်အများဆုံး ဖြတ်တောက်လျှော့ချခံရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

‘‘တချို့ စီမံကိန်းကြီးတွေမဆောက်ဖြစ်တော့လို့ သူတို့ကိုယ်တိုင်ပဲ (အသုံးစရိတ်) ဖြတ်ဖို့ လွှတ်တော်ကို တင်ပြတာတွေရှိတယ်’’ ဟု ၎င်းကရှင်းပြသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကျပ် ၆၁ ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ကျပ် ၃၄ ဘီလီယံကျော်ဖြင့် တတိယအများဆုံး ဖြတ်တောက်ခံရသည်။

ပညာရေး ဝန်ကြီးဌာန၏ လျာထားအသုံးစရိတ်မှ ကျပ် ၂၁ ဘီလီယံကျော် ဖြတ်တောက်ခံရပြီး စတုတ္ထအများဆုံးဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက မူလ တောင်းခံထားသည့် အသုံးစရိတ် မှာ ကျပ် ဘီလီယံ ၂,၉၀၀ နီးပါး ဖြစ်သည်။ အသုံးစရိတ်ကျပ် ဘီလီယံ ၁,၄၀၀ ကျော် တောင်းခံထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျပ် နှစ်ဘီလီယံကျော် ဖြတ်တောက်ခံရသည်။

ကာကွယ်ရေးဝန်ကြီးကမူ ကျပ်နှစ်သန်းကျော်သာ ဖြတ် တောက်ခံရပြီး ဝန်ကြီးဌာနများ အနက် ဖြတ်တောက်ခံရသည့် ပမာဏအနည်းဆုံးဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနသည် လာမည့်ဘဏ္ဍာနှစ်အတွက် အသုံးစရိတ် ကျပ်ဘီလီယံ ၃,၄၀၀ ကျော်ဖြင့် တတိယအများဆုံး တောင်းခံထားသည့်ဝန်ကြီးဌာန ဖြစ်သည်။

အသုံးစရိတ်တောင်းခံမှုအများဆုံးမှာ စီမံကိန်း၊ ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာနဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယအများဆုံး တောင်းခံထားသည်။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် မူလလျာထားချက်မှ ၁၄ ဘီလီယံကျော်၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ရှစ်ဘီလီယံကျော် အသီးသီး ဖြတ်တောက်ခံရသည်။

၂၀၂၀-၂၁ ဘဏ္ဍာနှစ် ရငွေ၊ သုံးငွေလျာထားချက်များသည် လက်ရှိအစိုးရအဖွဲ့နှင့် လွှတ်တော်က နောက်ဆုံးအကြိမ် အဖြစ် ရေးဆွဲပြဋ္ဌာန်းသော ဘတ်ဂျက်ဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအသုံးစရိတ် စုစုပေါင်း ကျပ်ဘီလီယံ ၃၁,၀၀၀ ကျော်ဖြစ်ရာ လာမည့်နှစ်တွင် အသုံးစရိတ်ပိုမိုတိုးမြင့်လာခြင်း ဖြစ်သည်။

လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရအသုံးစရိတ်လျာထားချက် တွင် ကိုဗစ်ကာလနှင့် ကပ်ရောဂါအလွန်ကာလတို့၌ နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးကုစားမှု၊ စီးပွားရေးပြန်လည်ထူထောင်မှု အစီအစဉ်တို့အတွက် ဦးစားပေးသုံးစွဲမည့် အသုံးစရိတ်များလည်း ပါဝင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုငျ်မန္မာဟောက္စ်ဒေါ့ကြန်း) မွ အထူးရေးသားဖောျ်ပသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လာမည့္ဘ႑ာႏွစ္အတြက္ အစိုးရအသုံးစရိတ္၏ ၁ ဒသမ ၅ ရာခိုင္ႏႈန္းကို လႊတ္ေတာ္က ျဖတ္ေတာက္

၂၀၂၀-၂၁ အစိုးရဘ႑ာႏွစ္အတြက္ အစိုးရအသုံးစရိတ္ေတာင္းခံမႈကို လႊတ္ေတာ္က ၁ ဒသမ ၅ ရာခိုင္ႏႈန္ျဖတ္ေတာက္လိုက္သည္။

လာမည့္ ဘ႑ာႏွစ္အတြက္ အစိုးရကေတာင္းခံထားသည့္ အသုံးစရိတ္ က်ပ္ဘီလီယံ ၃၄,၆၅၀ ေက်ာ္အနက္ က်ပ္ဘီလီယံ ၅၂၀ ေက်ာ္ ျဖတ္ ေတာက္ေလွ်ာ့ခ်ရန္ ျပည္ေထာင္စုလႊတ္ေတာ္က ဆုံးျဖတ္လိုက္ျခင္းျဖစ္သည္။

ယခုႏွစ္ ေအာက္တိုဘာ ၁ ရက္တြင္ စတင္မည့္ ဘ႑ာႏွစ္သစ္အတြက္ ျပည္ေထာင္စု၏ ရေငြ၊ သုံးေငြဆိုင္ရာ ျပ႒ာန္းခ်က္မ်ားပါဝင္သည့္ ဘ႑ာေငြအရ၊ အသုံးဆိုင္ရာ ဥပေဒၾကမ္းကို လႊတ္ေတာ္က ယမန္ေန႔တြင္ အတည္ျပဳျခင္းျဖစ္သည္။

ယမန္ေန႔ အတည္ျပဳခ်က္အရ ဝန္ႀကီးဌာနမ်ားအနက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက အမ်ားဆုံး ျဖတ္ေတာက္ခံရသည္။ ေဆာက္လုပ္ေရးဝန္ႀကီး ဌာနကလာမည့္ ဘ႑ာႏွစ္အတြက္ ဘတ္ဂ်က္စုစုေပါင္း က်ပ္ ဘီလီယံ ၁,၅၀၀ ေက်ာ္ ေတာင္းခံထားၿပီး လႊတ္ေတာ္က က်ပ္ဘီလီယံ ၃၂၀ ေက်ာ္ ျဖတ္ေတာက္ခဲ့သည္။ ယင္းသည္ စုစုေပါင္းျဖတ္ ေတာက္ေငြ၏ ထက္ဝက္ေက်ာ္ပမာဏျဖစ္သည္။

ေဆာက္လုပ္ေရး ဝန္ႀကီးဌာနအေနျဖင့္ လာမည့္ဘ႑ာႏွစ္ အတြင္းေဆာင္႐ြက္ရန္ စီစဥ္ထားသည့္ စီမံကိန္းအခ်ိဳ႕ ေဆာင္႐ြက္ႏိုင္ေတာ့မည္မဟုတ္၍ ဘတ္ဂ်က္အမ်ားဆုံး ျဖတ္ေတာက္ေလွ်ာ့ခ်ခံရျခင္းျဖစ္ေၾကာင္း ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လိႈင္ဝင္းက ေျပာသည္။

‘‘တခ်ိဳ႕ စီမံကိန္းႀကီးေတြမေဆာက္ျဖစ္ေတာ့လို႔ သူတို႔ကိုယ္တိုင္ပဲ (အသုံးစရိတ္) ျဖတ္ဖို႔ လႊတ္ေတာ္ကို တင္ျပတာေတြ႐ွိတယ္’’ ဟု ၎က႐ွင္းျပသည္။

ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက က်ပ္ ၆၁ ဘီလီယံေက်ာ္ျဖင့္ ဒုတိယအမ်ားဆုံး၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက က်ပ္ ၃၄ ဘီလီယံေက်ာ္ျဖင့္ တတိယအမ်ားဆုံး ျဖတ္ေတာက္ခံရသည္။

ပညာေရး ဝန္ႀကီးဌာန၏ လ်ာထားအသုံးစရိတ္မွ က်ပ္ ၂၁ ဘီလီယံေက်ာ္ ျဖတ္ေတာက္ခံရျပီး စတုတၳအမ်ားဆုံးျဖစ္သည္။ ပညာေရးဝန္ႀကီးဌာနက မူလ ေတာင္းခံထားသည့္ အသုံးစရိတ္မွာ က်ပ္ ဘီလီယံ ၂,၉၀၀ နီးပါး ျဖစ္သည္။ အသုံးစရိတ္က်ပ္ ဘီလီယံ ၁,၄၀၀ ေက်ာ္ ေတာင္းခံထားသည့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက က်ပ္ ႏွစ္ဘီလီယံေက်ာ္ ျဖတ္ေတာက္ခံရသည္။

ကာကြယ္ေရးဝန္ႀကီးကမူ က်ပ္ႏွစ္သန္းေက်ာ္သာ ျဖတ္ ေတာက္ခံရၿပီး ဝန္ႀကီးဌာနမ်ား အနက္ ျဖတ္ေတာက္ခံရသည့္ ပမာဏအနည္းဆုံးျဖစ္သည္။ ကာကြယ္ေရးဝန္ႀကီးဌာနသည္ လာမည့္ဘ႑ာႏွစ္အတြက္ အသုံးစရိတ္ က်ပ္ဘီလီယံ ၃,၄၀၀ ေက်ာ္ျဖင့္ တတိယအမ်ားဆုံး ေတာင္းခံထားသည့္ဝန္ႀကီးဌာန ျဖစ္သည္။

အသုံးစရိတ္ေတာင္းခံမႈအမ်ားဆုံးမွာ စီမံကိန္း၊ ဘ႑ာေရး ႏွင့္စက္မႈဝန္ႀကီးဌာနျဖစ္ၿပီး လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဒုတိယအမ်ားဆုံး ေတာင္းခံထားသည္။ စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနသည္ မူလလ်ာထားခ်က္မွ ၁၄ ဘီလီယံေက်ာ္၊လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ႐ွစ္ဘီလီယံေက်ာ္ အသီးသီး ျဖတ္ေတာက္ခံရသည္။

၂၀၂၀-၂၁ ဘ႑ာႏွစ္ ရေငြ၊ သုံးေငြလ်ာထားခ်က္မ်ားသည္ လက္႐ွိအစိုးရအဖြဲ႕ႏွင့္ လႊတ္ေတာ္က ေနာက္ဆုံးအႀကိမ္ အျဖစ္ ေရးဆြဲျပ႒ာန္းေသာ ဘတ္ဂ်က္ျဖစ္သည္။ လက္႐ွိဘ႑ာႏွစ္တြင္ ျပည္ေထာင္စုအသုံးစရိတ္ စုစုေပါင္း က်ပ္ဘီလီယံ ၃၁,၀၀၀ ေက်ာ္ျဖစ္ရာ လာမည့္ႏွစ္တြင္ အသုံးစရိတ္ပိုမိုတိုးျမင့္လာျခင္း ျဖစ္သည္။

လာမည့္ ဘ႑ာႏွစ္အတြက္ အစိုးရအသုံးစရိတ္လ်ာထားခ်က္ တြင္ ကိုဗစ္ကာလႏွင့္ ကပ္ေရာဂါအလြန္ကာလတို႔၌ ႏိုင္ငံေတာ္က ခ်မွတ္ထားေသာ စီးပြားေရးကုစားမႈ၊ စီးပြားေရးျပန္လည္ထူေထာင္မႈ အစီအစဥ္တို႔အတြက္ ဦးစားေပးသုံးစြဲမည့္ အသုံးစရိတ္မ်ားလည္း ပါဝင္ေၾကာင္း စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက ႐ွင္းလင္းထားသည္။

 

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service