သံလွင်မြစ်ကူးကြိုးတံတားအတွက် ဩစတြီးယားနိုင်ငံမှ ယူရို ၈ သန်းကျော်ချေးယူမည်

သံလွင်မြစ်ကူးကြိုးတံတားအတွက် ဩစတြီးယားနိုင်ငံမှ ယူရို ၈ သန်းကျော်ချေးယူမည် - Property News in Myanmar from iMyanmarHouse.com
27 Aug 2020 12:14 pm တွင် တင်ခဲ့သည်
1829 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သံလွင်မြစ်ကူးတံတား (တာဆန်း) ကြိုးတံတား တည်ဆောက်ခြင်း စီမံကိန်းအတွက် သြစတြီးယားနိုင်ငံ Uni-Credit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရို ၈ ဒသမ ၄ သန်း ရယူရန် သြဂုတ် ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတက ပေးပို့ သော သံလွင်မြစ်ကူးတံတား (တာဆန်း) ကြိုးတံတားတည်ဆောက်ခြင်း စီမံကိန်းအတွက် သြစတြီးယားနိုင်ငံ UniCredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရို ၈ ဒသမ ၄ သန်း ရယူရေးနှင့်ပတ်သက်၍ စီမံကိန်း၊ ဘဏ္ဍာရေး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်နိုင်ပါက တောင်ကြီး -လင်းခေး-မိုင်းပန်-မိုင်းတုံ-တာချီလိတ် ကားလမ်းသည် တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ် ကားလမ်းထက် ၅၂ မိုင် လမ်းအကွာအဝေး လျော့နည်းသွားပြီး ခရီးသွားလာချိန်လျှော့ချနိုင်ကာ တောင်ကြီးမှ တာချီလိတ်သို့ နေ့ချင်းရောက်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

တာဆန်းတံတားသည် နယ်စပ်ဒေသအခြေနေအရ ဘက်စုံအသုံးပြုနိုင်မည့် အဓိကကျသည့် လမ်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မ တနိုင်ငံသို့ လျင်မြန်စွာဆက်သွယ်သွားလာနိုင်မည် ဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

သြစတြီးယားနိုင်ငံ Uni-Credit Bank ၏ ချေးငွေဆိုင်ရာ စည်းကမ်းချက်များမှာ ချေးငွေ သက်တမ်း ၂၈ နှစ် ခြောက်လဖြစ် ပြီး ဆိုင်းငံ့ကာလ ၁၄ နှစ်နှင့် ပြန်ဆပ်ကာလ ၁၄ နှစ် ခြောက်လဖြစ်ကာ အတိုးနှုန်းမှာ သုညရာခိုင်နှုန်းဖြစ်၍ အာမခံကြေး တစ်နှစ်လျှင် သုည ဒသမ ၉ ရာ ခိုင်နှုန်း တစ်နှစ်လျှင် လေးကြိမ်ခွဲ၍ ပေးဆပ်ရန်၊ စီမံခန့်ခွဲမှုစရိတ် သုည ဒသမ ၆၅ ရာခိုင်နှုန်းတို့ ဖြစ်သည်။ ယင်းချေးငွေသည် သက်သာသောချေးငွေအမျိုးအစားတွင်ပါဝင်သည်။

‘‘ချေးငွေအသုံးစရိတ်များမှာ ပစ္စည်းဝယ်ယူမှုဆိုင်ရာ အသုံးစရိတ်များဖြစ်၍ တန်ရာတန်ဖိုးဖြစ်ရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက် စီမံကိန်းတိုးတက်မှု အစီရင်ခံစာများကို ပုံမှန်တင်ပြရန်လိုအပ်ပါတယ်’’ ဟု ဦးမောင်မောင်ဝင်းကပြောသည်။

စီမံကိန်းကို အဓိကတာဝန်ယူ အကောင်အထည်ဖော်မည့် ဌာနမှာ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာနဖြစ်ပြီး ယခုနှစ် ဇွန်လ ၃၀ ရက်အထိ စာရင်းအရ စာချုပ်ချုပ်ဆိုထားသည့် ပြည်ပချေးငွေစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၀၄ ဘီလီယံဖြစ်ပြီး ထုတ်ယူသုံး စွဲငွေပမာဏမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၁၁ ဘီလီယံ ဖြစ်သည်။

ယင်းချေးငွေအတွက် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် သြဂုတ် ၂၈ ရက် နောက်ဆုံးထား နာမည်စာရင်းပေးသွင်းရန် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

သံလြင္ျမစ္ကူးႀကိဳးတံတားအတြက္ ဩစႀတီးယားႏိုင္ငံမွ ယူ႐ို ၈သန္းေက်ာ္ေခ်းယူမည္

သံလြင္ျမစ္ကူးတံတား (တာဆန္း) ႀကိဳးတံတား တည္ေဆာက္ျခင္း စီမံကိန္းအတြက္ ၾသစႀတီးယားႏိုင္ငံ Uni-Credit Bank ထံမွ အတိုးမဲ့ေခ်းေငြ ယူ႐ို ၈ ဒသမ ၄ သန္း ရယူရန္ ၾသဂုတ္ ၂၄ ရက္က ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပခဲ့သည္။

ႏိုင္ငံေတာ္သမၼတက ေပးပို႔ ေသာ သံလြင္ျမစ္ကူးတံတား (တာဆန္း) ႀကိဳးတံတားတည္ေဆာက္ျခင္း စီမံကိန္းအတြက္ ၾသစႀတီးယားႏိုင္ငံ UniCredit Bank ထံမွ အတိုးမဲ့ေခ်းေငြ ယူ႐ို ၈ ဒသမ ၄ သန္း ရယူေရးႏွင့္ပတ္သက္၍ စီမံကိန္း၊ ဘ႑ာေရး၊ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက လႊတ္ေတာ္သို႔ ႐ွင္းလင္းတင္ျပခဲ့ျခင္းျဖစ္သည္။

ယင္းစီမံကိန္း အေကာင္အထည္ေဖာ္ႏိုင္ပါက ေတာင္ႀကီး -လင္းေခး-မိုင္းပန္-မိုင္းတုံ-တာခ်ီလိတ္ ကားလမ္းသည္ ေတာင္ႀကီး-က်ိဳင္းတုံ-တာခ်ီ လိတ္ ကားလမ္းထက္ ၅၂ မိုင္ လမ္းအကြာအေဝး ေလ်ာ့နည္းသြားၿပီး ခရီးသြားလာခ်ိန္ေလွ်ာ့ခ်ႏိုင္ကာ ေတာင္ႀကီးမွ တာခ်ီလိတ္သို႔ ေန႔ခ်င္းေရာက္မည္ျဖစ္ေၾကာင္း ၎က႐ွင္းျပသည္။

တာဆန္းတံတားသည္ နယ္စပ္ေဒသအေျခေနအရ ဘက္စုံအသုံးျပဳႏိုင္မည့္ အဓိကက်သည့္ လမ္းတစ္ခုျဖစ္ၿပီး ထိုင္းႏိုင္ငံ၊ လာအိုႏိုင္ငံ၊ တ႐ုတ္ျပည္သူ႕သမၼ တႏိုင္ငံသို႔ လ်င္ျမန္စြာဆက္သြယ္သြားလာႏိုင္မည္ ျဖစ္ေၾကာင္း ဦးေမာင္ေမာင္ဝင္းက ဆိုသည္။

ၾသစႀတီးယားႏိုင္ငံ Uni-Credit Bank ၏ ေခ်းေငြဆိုင္ရာ စည္းကမ္းခ်က္မ်ားမွာ ေခ်းေငြ သက္တမ္း ၂၈ ႏွစ္ ေျခာက္လျဖစ္ ၿပီး ဆိုင္းငံ့ကာလ ၁၄ ႏွစ္ႏွင့္ ျပန္ဆပ္ကာလ ၁၄ ႏွစ္ ေျခာက္လျဖစ္ကာ အတိုးႏႈန္းမွာ သုညရာခိုင္ႏႈန္းျဖစ္၍ အာမခံေၾကး တစ္ႏွစ္လွ်င္ သုည ဒသမ ၉ ရာ ခိုင္ႏႈန္း တစ္ႏွစ္လွ်င္ ေလးႀကိမ္ခြဲ၍ ေပးဆပ္ရန္၊ စီမံခန္႔ခြဲမႈစရိတ္ သုည ဒသမ ၆၅ ရာခိုင္ႏႈန္းတို႔ ျဖစ္သည္။ ယင္းေခ်းေငြသည္ သက္သာေသာေခ်းေငြအမ်ိဳးအစားတြင္ပါဝင္သည္။

‘‘ေခ်းေငြအသုံးစရိတ္မ်ားမွာ ပစၥည္းဝယ္ယူမႈဆိုင္ရာ အသုံးစရိတ္မ်ားျဖစ္၍ တန္ရာတန္ဖိုးျဖစ္ေရး ထိန္းသိမ္းၾကပ္မတ္ေဆာင္႐ြက္လ်က္ စီမံကိန္းတိုးတက္မႈ အစီရင္ခံစာမ်ားကို ပုံမွန္တင္ျပရန္လိုအပ္ပါတယ္’’ ဟု ဦးေမာင္ေမာင္ဝင္းကေျပာသည္။

စီမံကိန္းကို အဓိကတာဝန္ယူ အေကာင္အထည္ေဖာ္မည့္ ဌာနမွာ ေဆာက္လုပ္ေရးဝန္ႀကီး ဌာန၊ တံတားဦးစီးဌာနျဖစ္ၿပီး ယခုႏွစ္ ဇြန္လ ၃၀ ရက္အထိ စာရင္းအရ စာခ်ဳပ္ခ်ဳပ္ဆိုထားသည့္ ျပည္ပေခ်းေငြစုစုေပါင္းမွာ အေမရိကန္ေဒၚလာ ၂ ဒသမ ၀၀၄ ဘီလီယံျဖစ္ၿပီး ထုတ္ယူသုံး စြဲေငြပမာဏမွာ အေမရိကန္ေဒၚလာ သုည ဒသမ ၄၁၁ ဘီလီယံ ျဖစ္သည္။

ယင္းေခ်းေငြအတြက္ ေဆြးေႏြးလိုသည့္ ကိုယ္စားလွယ္မ်ား အေနျဖင့္ ၾသဂုတ္ ၂၈ ရက္ ေနာက္ဆုံးထား နာမည္စာရင္းေပးသြင္းရန္ ျပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ျမတ္က ေၾကညာခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service