အိမ်နီးချင်းများကို ခြောက်ခြားစေသည့် ဘီလာရုစ်က အိမ်ကြီး

အိမ်နီးချင်းများကို ခြောက်ခြားစေသည့် ဘီလာရုစ်က အိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
26 Aug 2020 1:21 pm တွင် တင်ခဲ့သည်
46985 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘီလာရုစ်နိုင်ငံ၏ မြို့တော် မင့်စ် (Minsk) မြို့မှ ၅ ကီလိုမီတာ အကွာရှိ ရာတွမ်ကာမြို့ (Ratomka) တွင် အလွန်ခြောက်ခြားဖွယ် သွင်ပြင်ရှိသော နေအိမ်ကြီးတစ်လုံးတည်ရှိပြီး ဒေသခံများမှာ နေအိမ်ဘေးမှပင် ဖြတ်သန်းမသွားရဲကြ ။ အထူးသဖြင့် ညဘက်များတွင် ဖြစ်သည်။

ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ခြံစည်းရိုးမှ တိုးထွက်နေသည့် အရိုးစုလက်ကြီးများ၊ အိမ်ခေါင်မိုးတွင် အလှဆင်သည့်သဖွယ် ထားရှိသော မကောင်းဆိုးရွား အရုပ်ကြီးများ၊ အမိုးခုံးတွင် စီရရီတွေ့ရသည့် များစွာသော အမည်းရောင် လူဦးခေါင်းခွံများ အစရှိသည်တို့ဖြင့် အဆိုပါစံအိမ်ကြီးသည် ရှုမြင်ရသူတို့အတွက် ခြောက်ခြားဖွယ်အတိဖြစ်နေသည်။

အဆိုပါစံအိမ်ကို ဆောက်လုပ်ခဲ့သည်မှာ အတန်ကြာခဲ့ပြီဖြစ်သော်လည်း မကြာသေးမီကာလများတွင် လူပြောသူပြောများလာခဲ့သည်။

ရဲရင့်ပြောင်မြောက်သည့် မွမ်းမံမှုများအတွက် အိမ်ရှင်ကို ချီးကျူးကြသူများစွာရှိသော်လည်း အနီးဝန်းကျင်တွင် နေထိုင်သူတို့ကမူ ခြောက်ခြားဖွယ်အလွန်ကောင်းသည်ဟု ကန့်ကွက်မှုများ ရှိလာသည်။

ဒေသခံအချို့က အာဏာပိုင်များထံ သွားရောက်တိုင်တန်းမှုများပင် ရှိသည်။

မကောင်းဆိုးရွားရုပ်ကြီးများနှင့် လူဦးခေါင်းခွံများသည် ကလေးများကို ကြောက်လန့်စေကြောင်း၊ အမှောင်ထဲတွင် အိမ်အနီးမှ ဖြတ်သန်းသွားပါက လူကြီးများကိုပင် ခြောက်ခြားစေကြောင်း တိုင်တန်းကြသည်။

အိမ်ပိုင်ရှင်က လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုခန့်ကတည်းက စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သော်လည်း ဆောက်လုပ်နေဆဲတွင် အခြားဒေသသို့ ၈ နှစ်ခန့် ထွက်သွားခဲ့သည်။

ယင်းနောက်လွန်ခဲ့သော ၂ နှစ်ခန့်ကမှ ပြန်ရောက်လာကာ ဆောက်လုပ်မှုလုပ်ငန်းများ ပြန်လည်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ နေအိမ်မှာ အပြီးသတ်သွားပြီဖြစ်ပြီး ယခင်ထက်ပင် ပိုမိုခြောက်ခြားဖွယ်ကောင်းသည့် မွမ်းမံမှုများ ပြုလုပ်ထားသည်။

“အလုပ်က သူငယ်ချင်းတွေကို ပြဖို့အတွက် ဒီအိမ်ကြီးကို ကျွန်မဖုန်းနဲ့ ဓာတ်ပုံတွေရိုက်ထားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြန်ဖျက်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မဖုန်းထဲမှာ ဒီလိုကျက်သရေမရှိတဲ့ဟာတွေ မထားချင်လို့ပါ” ဟု ရာတွမ်ကာ မြို့သူတစ်ဦးဖြစ်သူ မာရီယာ နီကိုလဲ့ဗ်နာက ပြောကြားသည်။

“အဝေးကနေကြည့်ရင်တော့ အိမ်ကြီးက လှတယ်လို့ထင်ရတယ်။ ကျွန်မရဲ့ မြေးမလေးဆိုရင် ပုံပြင်ထဲက ရဲတိုက်ကြီးလို့တောင် ပြောနေတယ်။ ဒါပေမယ့် အနားကိုလည်း ရောက်သွားရော ခြံစည်းရိုးကနေထွက်လာတဲ့ လက်ကြီးတွေနဲ့ အမိုးပေါ်က မကောင်းဆိုးရွားတွေကိုမြင်ပြီး ကျွန်မ ခြောက်ခြားသွားမိတယ်။ နောက်ပိုင်းတော့ အဲဒီအိမ်ကြီးဘေးကို မြေးမလေးကိုခေါ်ပြီး ဘယ်တော့မှ လမ်းလျှောက်မထွက်တော့ပါဘူး။ ညဘက်ဆိုရင် လူကြီးတွေအတွက်တောင် ကြောက်ဖို့ကောင်းပါတယ်” ဟု မာရီယာက ပြောကြားသည်။

ဘေးချင်းကပ်နေအိမ်တွင် နေထိုင်သော အိမ်နီးချင်းတစ်ဦးက ပြောကြားရာတွင် နေအိမ်ကြီး၏ သွင်ပြင်မှာ ခြောက်ခြားဖွယ်ကောင်းလှ ကြောင်း၊ အမိုးပေါ်မှ မကောင်းဆိုးရွားရုပ်များနှင့် အမည်းရောင် လူဦးခေါင်းခွံများမှာ သင်္ချိုင်းရာတစ်ခုသဖွယ်ဖြစ်နေကြောင်း ပြောကြား သည်။

အဆိုပါ အရုပ်များအနက်တစ်ခုမှာ မိမိ၏ နေအိမ်ပြတင်းဆီသို့ လေးမြှားတို့ဖြင့် ချိန်ရွယ်ထားသည့်အသွင်ရှိနေသည်မှာ စိတ်မသက်သာဖွယ်ရာပင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Scariest House In Belarus Has Neighbors On Edge (designyoutrust )

 

[Zawgyi]

 

အိမ္နီးခ်င္းမ်ားကို ေျခာက္ျခားေစသည့္ ဘီလာရုစ္က အိမ္ၾကီး

ဘီလာရုစ္ႏိုင္ငံ၏ ျမိဳ႕ေတာ္ မင့္စ္ (Minsk) ျမိဳ ႔မွ ၅ ကီလိုမီတာ အကြာရွိ ရာတြမ္ကာျမိဳ႕ (Ratomka) တြင္ အလြန္ေျခာက္ျခားဖြယ္ သြင္ျပင္ရွိေသာ ေနအိမ္ၾကီးတစ္လံုးတည္ရွိျပီး ေဒသခံမ်ားမွာ ေနအိမ္ေဘးမွပင္ ျဖတ္သန္းမသြားရဲၾက ။ အထူးသျဖင့္ ညဘက္မ်ားတြင္ ျဖစ္သည္။

ေက်ာက္တံုးမ်ားျဖင့္ ျပဳလုပ္ထားေသာ ျခံစည္းရုိးမွ တိုးထြက္ေနသည့္ အရိုးစုလက္ၾကီးမ်ား၊ အိမ္ေခါင္မိုးတြင္ အလွဆင္သည့္သဖြယ္ ထားရွိေသာ မေကာင္းဆိုးရြား အရုပ္ၾကီးမ်ား၊ အမိုးခံုးတြင္ စီရရီေတြ႔ရသည့္ မ်ားစြာေသာ အမည္းေရာင္ လူဦးေခါင္းခြံမ်ား အစရွိသည္တို႔ျဖင့္ အဆိုပါစံအိမ္ၾကီးသည္ ရႈျမင္ရသူတို႔အတြက္ ေျခာက္ျခားဖြယ္အတိျဖစ္ေနသည္။

အဆိုပါစံအိမ္ကို ေဆာက္လုပ္ခဲ့သည္မွာ အတန္ၾကာခဲ့ျပီျဖစ္ေသာ္လည္း မၾကာေသးမီကာလမ်ားတြင္ လူေျပာသူေျပာမ်ားလာခဲ့သည္။

ရဲရင့္ေျပာင္ေျမာက္သည့္ မြမ္းမံမႈမ်ားအတြက္ အိမ္ရွင္ကို ခ်ီးက်ဴးၾကသူမ်ားစြာရွိေသာ္လည္း အနီးဝန္းက်င္တြင္ ေနထိုင္သူတို႔ကမူ ေျခာက္ျခားဖြယ္အလြန္ေကာင္းသည္ဟု ကန္႔ကြက္မႈမ်ား ရွိလာသည္။

ေဒသခံအခ်ဳိ ႔က အာဏာပိုင္မ်ားထံ သြားေရာက္တိုင္တန္းမႈမ်ားပင္ ရွိသည္။

မေကာင္းဆိုးရြားရုပ္ၾကီးမ်ားႏွင့္ လူဦးေခါင္းခြံမ်ားသည္ ကေလးမ်ားကို ေၾကာက္လန္႔ေစေၾကာင္း၊ အေမွာင္ထဲတြင္ အိမ္အနီးမွ ျဖတ္သန္းသြားပါက လူၾကီးမ်ားကိုပင္ ေျခာက္ျခားေစေၾကာင္း တိုင္တန္းၾကသည္။

အိမ္ပိုင္ရွင္က လြန္ခဲ့ေသာ ဆယ္စုႏွစ္ တစ္ခုခန္႔ကတည္းက စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေသာ္လည္း ေဆာက္လုပ္ေနဆဲတြင္ အျခားေဒသသို႔ ၈ ႏွစ္ခန္႔ ထြက္သြားခဲ့သည္။

ယင္းေနာက္လြန္ခဲ့ေသာ ၂ ႏွစ္ခန္႔ကမွ ျပန္ေရာက္လာကာ ေဆာက္လုပ္မႈလုပ္ငန္းမ်ား ျပန္လည္ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။

ယခုအခါ ေနအိမ္မွာ အျပီးသတ္သြားျပီျဖစ္ျပီး ယခင္ထက္ပင္ ပိုမိုေျခာက္ျခားဖြယ္ေကာင္းသည့္ မြမ္းမံမႈမ်ား ျပဳလုပ္ထားသည္။

“အလုပ္က သူငယ္ခ်င္းေတြကို ျပဖို႔အတြက္ ဒီအိမ္ၾကီးကို ကၽြန္မဖုန္းနဲ႔ ဓာတ္ပံုေတြရိုက္ထားခဲ့တယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ျပန္ဖ်က္လိုက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္မဖုန္းထဲမွာ ဒီလိုက်က္သေရမရွိတဲ့ဟာေတြ မထားခ်င္လို႔ပါ” ဟု ရာတြမ္ကာ ျမိဳ႕သူတစ္ဦးျဖစ္သူ မာရီယာ နီကိုလဲ့ဗ္နာက ေျပာၾကားသည္။

“အေဝးကေနၾကည့္ရင္ေတာ့ အိမ္ၾကီးက လွတယ္လို႔ထင္ရတယ္။ ကၽြန္မရဲ႕ ေျမးမေလးဆိုရင္ ပံုျပင္ထဲက ရဲတိုက္ၾကီးလို႔ေတာင္ ေျပာေနတယ္။ ဒါေပမယ့္ အနားကိုလည္း ေရာက္သြားေရာ ျခံစည္းရိုးကေနထြက္လာတဲ့ လက္ၾကီးေတြနဲ႔ အမိုးေပၚက မေကာင္းဆိုးရြားေတြကိုျမင္ျပီး ကၽြန္မ ေျခာက္ျခားသြားမိတယ္။ ေနာက္ပိုင္းေတာ့ အဲဒီအိမ္ၾကီးေဘးကို ေျမးမေလးကိုေခၚျပီး ဘယ္ေတာ့မွ လမ္းေလွ်ာက္မထြက္ေတာ့ပါဘူး။ ညဘက္ဆိုရင္ လူၾကီးေတြအတြက္ေတာင္ ေၾကာက္ဖို႔ေကာင္းပါတယ္” ဟု မာရီယာက ေျပာၾကားသည္။

ေဘးခ်င္းကပ္ေနအိမ္တြင္ ေနထိုင္ေသာ အိမ္နီးခ်င္းတစ္ဦးက ေျပာၾကားရာတြင္ ေနအိမ္ၾကီး၏ သြင္ျပင္မွာ ေျခာက္ျခားဖြယ္ေကာင္းလွ ေၾကာင္း၊ အမိုးေပၚမွ မေကာင္းဆိုးရြားရုပ္မ်ားႏွင့္ အမည္းေရာင္ လူဦးေခါင္းခြံမ်ားမွာ သခၤ်ဳိင္းရာတစ္ခုသဖြယ္ျဖစ္ေနေၾကာင္း ေျပာၾကား သည္။

အဆိုပါ အရုပ္မ်ားအနက္တစ္ခုမွာ မိမိ၏ ေနအိမ္ျပတင္းဆီသို႔ ေလးျမွားတို႔ျဖင့္ ခ်ိန္ရြယ္ထားသည့္အသြင္ရွိေနသည္မွာ စိတ္မသက္သာဖြယ္ရာပင္ျဖစ္ေၾကာင္း ၎က ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Scariest House In Belarus Has Neighbors On Edge (designyoutrust )

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service