အင်ဒိုနီးရှားတွင် အိမ်ဝယ်လျှင် မိန်းမပါ အခမဲ့ရမည်

အင်ဒိုနီးရှားတွင် အိမ်ဝယ်လျှင် မိန်းမပါ အခမဲ့ရမည် - Property News in Myanmar from iMyanmarHouse.com
26 Aug 2020 11:35 am တွင် တင်ခဲ့သည်
2782 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် နေအိမ်ကို အရောင်းဈေးကွက်တင်ရာတွင် နည်းလမ်းသစ်တစ်ခုဖြင့် ချဉ်းကပ်လာရာ အင်ဒိုနီးရှားနိုင်ငံသားများအကြား ဂယက်ရိုက်ကျော်ကြားခဲ့သည်။

သူမ၏ အရောင်းဈေးကွက်တင်ပုံမှာ သင့်တစ်သက်တွင် တစ်ကြိမ်သာ တွေ့ရနိုင်သော ရောင်းချပုံမျိုးဖြစ်ပြီး နေအိမ်ဝယ်လက်အဖြစ် သူမ ရွေးချယ်လိုက်သူသည် သူမ၏ ခင်ပွန်းဖြစ်လာမည် ဖြစ်သည်။

နေအိမ်ဝယ်လျှင် ဇနီးပါ အခမဲ့ရမည့် အစီအစဉ်ပင်။

အင်ဒိုနီးရှား သတင်းဝက်ဘ်ဆိုက် Tribunnews တွင် ဖော်ပြချက်အရ နေအိမ်ရောင်းချသည့် အမျိုးသမီးမှာ အသက် ၃၁ နှစ် အရွယ်ရှိပြီး အေယု နိုဗီ အက်စ်တီယာနာဟု အမည်ရကာ အနောက် ဘန်ဒေါင်းပြည်နယ်တွင်နေထိုင်ပြီး အိမ်ထောင်မရှိသော ကလေးမိခင်တစ်ဦး ဖြစ်သည်။

Tribunnews သို့ အက်စ်တီယာနာက ပြောကြားရာတွင် “ကျွန်မရဲ့ လုပ်ငန်းကို အရင်းအနှီးထည့်ဖို့နဲ့ ကလေးတွေအတွက် စုဆောင်းငွေ ရနိုင်ဖို့ အိမ်ရောင်းလိုတာ ဖြစ်ပါတယ်။ ဝယ်လက်ဟာ ကျွန်မနဲ့ တွဲလို့ရမယ့်သူမျိုးဖြစ်မယ်ဆိုရင် သူဟာ ဘာကြောင့် ကျွန်မခင်ပွန်း ဖြစ်မလာရမှာလဲ” ဟု ဆိုသည်။

သို့သော် အက်စ်တီယာနာက သူ၏ အနာဂတ်ခင်ပွန်းဖြစ်လာမည့် ဝယ်လက်နှင့် စပ်လျဉ်းပြီး စည်းမျဉ်းတစ်ခု သတ်မှတ်ထားရာ ဝယ်လက်သည် အိမ်ထောင်မရှိသူ၊ တာဝန်ယူမှုရှိသူတစ်ဦး ဖြစ်ရမည်ဟု ဆိုသည်။

ယခုကဲ့သို့ ဈေးကွက်တင်သည့် စိတ်ကူးသည် အိမ်နီးချင်းဖြစ်သူထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း အက်စ်တီယာနာက ပြောကြားသည်။

“ဒီစိတ်ကူးက အိမ်နီးချင်းဆီက ရတာပါ။ ကျွန်မက အိမ်ရောင်းချင်မှတော့ ခင်ပွန်းကိုပါ ဘာကြောင့် တပြိုင်တည်းမရှာနိုင်ရမှာလဲလို့ သူက ပြောပါတယ်။ ပထမတော့ ကျွန်မရှက်နေမိတယ်။ ဒါပေမယ့် သေချာစဉ်းစားကြည့်မိပြီး ဘာကြောင့် ကြိုးစားမကြည့်ရမှာလဲလို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အက်စ်တီယာနာက ဆိုသည်။

အက်စ်တီယာနာတွင် ကလေး ၂ ဦးရှိပြီး ပြီးခဲ့သည့် ယခုနှစ် မေလကမှ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းထားခြင်းဖြစ်ကာ အိမ်ထောင်သက် ၄ နှစ်အကြာတွင် ကွာရှင်းခဲ့ခြင်းလည်း ဖြစ်သည်။ ကွာရှင်းပြတ်စဲခဲ့သည့် အကြောင်းရင်းကိုမူ အက်စ်တီယာနာက ထုတ်ဖော်ပြောကြားခြင်း မရှိချေ။

အက်စ်တီယာနာက သူမနှင့် ကလေးများကို စောင့်ရှောက် လက်ခံပေးမည့်သူတစ်ဦးကို လိုလားနေသည်။

သူမ၏ နေအိမ်မှာ ၅၂ စတုရန်းမီတာရှိပြီး ရောင်းဈေးမှာ အင်ဒိုနီးရှား ရူပီးယား သန်း ၂၅၀ ဈေးခေါ်ထားပြီး ဈေးနှုန်းမှာ ညှိနှိုင်းနိုင်သည်ဟု ဆိုသည်။

သြဂုတ်လ ၂၆ ရက် ငွေလဲနှုန်းအရ မြန်မာကျပ်ငွေအားဖြင့် သိန်း ၂၃၀ ဝန်းကျင် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Buy House, Get Free Wife: Woman Finding A New Owner For Her House & Her Heart (buzzooks, sammyboy)

 

[Zawgyi]

အင္ဒိုနီးရွားတြင္ အိမ္ဝယ္လွ်င္ မိန္းမပါ အခမဲ့ရမည္

အင္ဒိုနီးရွားႏိုင္ငံတြင္ အမ်ဳိးသမီးတစ္ဦးသည္ ေနအိမ္ကို အေရာင္းေစ်းကြက္တင္ရာတြင္ နည္းလမ္းသစ္တစ္ခုျဖင့္ ခ်ဥ္းကပ္လာရာ အင္ဒိုနီးရွားႏိုင္ငံသားမ်ားအၾကား ဂယက္ရိုက္ေက်ာ္ၾကားခဲ့သည္။

သူမ၏ အေရာင္းေစ်းကြက္တင္ပံုမွာ သင့္တစ္သက္တြင္ တစ္ၾကိမ္သာ ေတြ႔ရႏိုင္ေသာ ေရာင္းခ်ပံုမ်ဳိးျဖစ္ျပီး ေနအိမ္ဝယ္လက္အျဖစ္ သူမ ေရြးခ်ယ္လိုက္သူသည္ သူမ၏ ခင္ပြန္းျဖစ္လာမည္ ျဖစ္သည္။

ေနအိမ္ဝယ္လွ်င္ ဇနီးပါ အခမဲ့ရမည့္ အစီအစဥ္ပင္။

အင္ဒိုနီးရွား သတင္းဝက္ဘ္ဆိုက္ Tribunnews တြင္ ေဖာ္ျပခ်က္အရ ေနအိမ္ေရာင္းခ်သည့္ အမ်ဳိးသမီးမွာ အသက္ ၃၁ ႏွစ္ အရြယ္ရွိျပီး ေအယု ႏိုဗီ အက္စ္တီယာနာဟု အမည္ရကာ အေနာက္ ဘန္ေဒါင္းျပည္နယ္တြင္ေနထိုင္ျပီး အိမ္ေထာင္မရွိေသာ ကေလးမိခင္တစ္ဦး ျဖစ္သည္။

Tribunnews သို႔ အက္စ္တီယာနာက ေျပာၾကားရာတြင္ “ကၽြန္မရဲ႕ လုပ္ငန္းကို အရင္းအႏွီးထည့္ဖို႔နဲ႔ ကေလးေတြအတြက္ စုေဆာင္းေငြ ရႏိုင္ဖို႔ အိမ္ေရာင္းလိုတာ ျဖစ္ပါတယ္။ ဝယ္လက္ဟာ ကၽြန္မနဲ႔ တြဲလို႔ရမယ့္သူမ်ဳိးျဖစ္မယ္ဆိုရင္ သူဟာ ဘာေၾကာင့္ ကၽြန္မခင္ပြန္း ျဖစ္မလာရမွာလဲ” ဟု ဆိုသည္။

သို႔ေသာ္ အက္စ္တီယာနာက သူ၏ အနာဂတ္ခင္ပြန္းျဖစ္လာမည့္ ဝယ္လက္ႏွင့္ စပ္လ်ဥ္းျပီး စည္းမ်ဥ္းတစ္ခု သတ္မွတ္ထားရာ ဝယ္လက္သည္ အိမ္ေထာင္မရွိသူ၊ တာဝန္ယူမႈရွိသူတစ္ဦး ျဖစ္ရမည္ဟု ဆိုသည္။

ယခုကဲ့သို႔ ေစ်းကြက္တင္သည့္ စိတ္ကူးသည္ အိမ္နီးခ်င္းျဖစ္သူထံမွ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း အက္စ္တီယာနာက ေျပာၾကားသည္။

“ဒီစိတ္ကူးက အိမ္နီးခ်င္းဆီက ရတာပါ။ ကၽြန္မက အိမ္ေရာင္းခ်င္မွေတာ့ ခင္ပြန္းကိုပါ ဘာေၾကာင့္ တျပိဳင္တည္းမရွာႏိုင္ရမွာလဲလို႔ သူက ေျပာပါတယ္။ ပထမေတာ့ ကၽြန္မရွက္ေနမိတယ္။ ဒါေပမယ့္ ေသခ်ာစဥ္းစားၾကည့္မိျပီး ဘာေၾကာင့္ ၾကိဳးစားမၾကည့္ရမွာလဲလို႔ ဆံုးျဖတ္ခဲ့ပါတယ္” ဟု အက္စ္တီယာနာက ဆိုသည္။

အက္စ္တီယာနာတြင္ ကေလး ၂ ဦးရွိျပီး ျပီးခဲ့သည့္ ယခုႏွစ္ ေမလကမွ ခင္ပြန္းျဖစ္သူႏွင့္ ကြာရွင္းထားျခင္းျဖစ္ကာ အိမ္ေထာင္သက္ ၄ ႏွစ္အၾကာတြင္ ကြာရွင္းခဲ့ျခင္းလည္း ျဖစ္သည္။ ကြာရွင္းျပတ္စဲခဲ့သည့္ အေၾကာင္းရင္းကိုမူ အက္စ္တီယာနာက ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေခ်။

အက္စ္တီယာနာက သူမႏွင့္ ကေလးမ်ားကို ေစာင့္ေရွာက္ လက္ခံေပးမည့္သူတစ္ဦးကို လိုလားေနသည္။

သူမ၏ ေနအိမ္မွာ ၅၂ စတုရန္းမီတာရွိျပီး ေရာင္းေစ်းမွာ အင္ဒိုနီးရွား ရူပီးယား သန္း ၂၅၀ ေစ်းေခၚထားျပီး ေစ်းႏႈန္းမွာ ညိွႏႈိင္းႏိုင္သည္ဟု ဆိုသည္။

ၾသဂုတ္လ ၂၆ ရက္ ေငြလဲႏႈန္းအရ ျမန္မာက်ပ္ေငြအားျဖင့္ သိန္း ၂၃၀ ဝန္းက်င္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Buy House, Get Free Wife: Woman Finding A New Owner For Her House & Her Heart (buzzooks, sammyboy)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service