‌တောင်ငူရှိ မြေဧက ၆၅၀၀ ခန့်ရှိသည့် ကေတုမတီဥယျာဉ်မြို့တော်စီမံကိန်းပြန်စမည်ဟုဆို

‌တောင်ငူရှိ မြေဧက ၆၅၀၀ ခန့်ရှိသည့် ကေတုမတီဥယျာဉ်မြို့တော်စီမံကိန်းပြန်စမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
26 Aug 2020 10:29 am တွင် တင်ခဲ့သည်
2735 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြေဧက ၆၅၀၀ ခန့်တွင် ကေတုမတီစက်မှုဥယျာဉ်မြို့တော်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရေး ဆောင်ရွက်မည်ဟု ကေတုမတီ ဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီက ဩဂုတ် ၂၅ ရက်တွင်ထုတ်ပြန်သည်။

ထိုအတွက် လူမှုပတ်ဝန်းကျင်နှင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို စစ်တမ်းကောက်ယူမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းကို စီမံကိန်းသက်ရောက်သည့် ဧရိယာတစ်လုံးတွင်ဆောင်ရွက်မည်ဖြစ်၍ ဒေသခံပြည်သူလူထုကို စက်တင်ဘာ ၄ ရက်တွင် တွေ့ဆုံရှင်းပြမည်ဖြစ်ကြောင်း ကုမ္ပဏီကထုတ်ပြန်သည်။

ထိုစီမံကိန်းကို တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာနှင့် မြောက်ရေကြည်ကျေးရွာအနီးတွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကေတီမတုဖွံ့ဖြိုးရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီကဆိုသည်။

ထိုစီမံကိန်းကို ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅၂ အနားတွင် CB ဘဏ်ဥက္ကဌဦးခင်မောင်အေးပိုင်ဆိုင်သည့် ကုမ္ပဏီက ၂၀၁၅ ကတည်းက ဆောင်ရွက်နေခြင်းဖြစ်သည်။

ယင်းစီမံကိန်း စတင်အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရနှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) တို့၏ခွင့်ပြုချက်သာကျန်ရှိတော့ပြီး MIC မှ ခွင့်ပြုချက်ရပါကအများပြည်သူသို့ အစုရှယ်ယာများ စတင်ရောင်းချမည်ဖြစ်ကြောင်း၊ ၂၀၁၅ အောက်တိုဘာအတွင်း စီမံကိန်း စတင်နိုင်မည်ဖြစ်ကြောင်း ယင်းအများပိုင် ကုမ္ပဏီဥက္ကဋ္ဌဦးခင်မောင်အေးက ပြောကြားခဲ့သည်။

မြေ ၆,၄၇၃ ဧကတွင် တည်ဆောက်မည့် ကေတုမတီစက်မှုဥယျာဉ် မြို့တော်စီမံကိန်းကို ကန့်ကွက်သည့် တောင်သူလယ်သမားပါတီ နှင့် စက်မှုဇုန်တည်ဆောက်မည့် ကုမ္ပဏီအကြား ၂၀၁၅ ကတည်းပင် ပြေလည်မှုမရှိခဲ့သည့် စီမံကိန်းဖြစ်သည်။

အဆိုပါစက်မှုဇုန် စီမံကန်းကို စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင်ဆိုင်သည့် KMA Groups ကုမ္ပဏီ၊ တောင်ငူဒေသခံ ကေတုမတီကုမ္ပဏီနှင့် ကေတုသစ္စာ ကုမ္ပဏီနှစ်ခု ပူးပေါင်းထားသည့် ကေတုမတီ အများပိုင်ကုမ္ပဏီလိမိတက်က မြေလွတ်မြေရိုင်းများ လုပ်ကိုင်ခွင့် စတင်လျှောက်ထားရာမှစ၍ တောင်သူလယ်သမားပါတီ ဦးဆောင်သည့် ဒေသခံတောင်သူများက ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

စီမံကိန်းအတွက် လယ်မြေ များ၊ မြေလွတ်မြေရိုင်းများ ဝယ်ယူစဉ်က ပွဲစားများ၏ ဈေးနှိမ် ခေါင်းပုံ ဖြတ်မှုများကြောင့် တောင်သူများထိခိုက်နစ်နာခဲ့ရသည်ဟုဒေသခံများက ဆိုသည်။

ကေတုမတီ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရန်အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ တခုတည်ထောင်ပြီး အစုရှယ်ယာ တစုလျှင် ငွေကျပ် ၁ သောင်းနှုန်းဖြင့် ရောင်းချရန် သတ်မှတ်ထားကြောင်း၊ အဆိုပါ စီမံကိန်းသည် ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကေတုမတီ စက်မှုဥယျာဉ်မြို့တော် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါက်တာဘဆွေက ဇန်နဝါရီ ၈ ရက်တွင် ပြုလုပ်သည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် ပြောဆိုခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

‌ေတာင္ငူ႐ွိ ေျမဧက ၆၅၀၀ ခန္႔႐ွိသည့္ ေကတုမတီဥယ်ာဥ္ၿမိဳ႕ေတာ္စီမံကိန္းျပန္စမည္ဟုဆို

ေျမဧက ၆၅၀၀ ခန္႔တြင္ ေကတုမတီစက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္စီမံကိန္းကို ျပန္လည္အေကာင္အထည္ေဖာ္ေရး ေဆာင္႐ြက္မည္ဟု ေကတုမတီ ဖြံ႕ျဖိဳးေရးအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီက ဩဂုတ္ ၂၅ ရက္တြင္ထုတ္ျပန္သည္။

ထိုအတြက္ လူမႈပတ္ဝန္းက်င္ႏွင့္သဘာဝပတ္ဝန္းက်င္ထိခိုက္မႈမ်ားကို စစ္တမ္းေကာက္ယူမည္ျဖစ္ၿပီး ထိုသို႔ေဆာင္႐ြက္ျခင္းကို စီမံကိန္းသက္ေရာက္သည့္ ဧရိယာတစ္လုံးတြင္ေဆာင္႐ြက္မည္ျဖစ္၍ ေဒသခံျပည္သူလူထုကို စက္တင္ဘာ ၄ ရက္တြင္ ေတြ႕ဆုံ႐ွင္းျပမည္ျဖစ္ေၾကာင္း ကုမၸဏီကထုတ္ျပန္သည္။

ထိုစီမံကိန္းကို ေတာင္ငူၿမိဳ႕နယ္၊ ေနပူကုန္းေက်း႐ြာႏွင့္ ေျမာက္ေရၾကည္ေက်း႐ြာအနီးတြင္ အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း ေကတီမတုဖြံ႕ၿဖိဳးေရးအမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီကဆိုသည္။

ထိုစီမံကိန္းကို ရန္ကုန္-မႏၲေလးအျမန္လမ္း မိုင္တိုင္ ၁၅၂ အနားတြင္ CB ဘဏ္ဥကၠဌဦးခင္ေမာင္ေအးပိုင္ဆိုင္သည့္ ကုမၸဏီက ၂၀၁၅ ကတည္းက ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ယင္းစီမံကိန္း စတင္အေကာင္အထည္ေဖာ္ရန္ ျပည္ေထာင္စုအစိုးရႏွင့္ ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္(MIC) တို႔၏ခြင့္ျပဳခ်က္သာက်န္႐ွိေတာ့ၿပီး MIC မွ ခြင့္ျပဳခ်က္ရပါကအမ်ားျပည္သူသို႔ အစု႐ွယ္ယာမ်ား စတင္ေရာင္းခ်မည္ျဖစ္ေၾကာင္း၊ ၂၀၁၅ ေအာက္တိုဘာအတြင္း စီမံကိန္း စတင္ႏိုင္မည္ျဖစ္ေၾကာင္း ယင္းအမ်ားပိုင္ ကုမၸဏီဥကၠ႒ဦးခင္ေမာင္ေအးက ေျပာၾကားခဲ့သည္။

ေျမ ၆,၄၇၃ ဧကတြင္ တည္ေဆာက္မည့္ ေကတုမတီစက္မႈဥယ်ာဥ္ ၿမိဳ႕ေတာ္စီမံကိန္းကို ကန္႔ကြက္သည့္ ေတာင္သူလယ္သမားပါတီ ႏွင့္ စက္မႈဇုန္တည္ေဆာက္မည့္ ကုမၸဏီအၾကား ၂၀၁၅ ကတည္းပင္ ေျပလည္မႈမ႐ွိခဲ့သည့္ စီမံကိန္းျဖစ္သည္။

အဆိုပါစက္မႈဇုန္ စီမံကန္းကို စီဘီဘဏ္ဥကၠ႒ ဦးခင္ေမာင္ေအးပိုင္ဆိုင္သည့္ KMA Groups ကုမၸဏီ၊ ေတာင္ငူေဒသခံ ေကတုမတီကုမၸဏီႏွင့္ ေကတုသစၥာ ကုမၸဏီႏွစ္ခု ပူးေပါင္းထားသည့္ ေကတုမတီ အမ်ားပိုင္ကုမၸဏီလိမိတက္က ေျမလြတ္ေျမ႐ိုင္းမ်ား လုပ္ကိုင္ခြင့္ စတင္ေလွ်ာက္ထားရာမွစ၍ ေတာင္သူလယ္သမားပါတီ ဦးေဆာင္သည့္ ေဒသခံေတာင္သူမ်ားက ကန္႔ကြက္ဆႏၵထုတ္ေဖာ္မႈမ်ား ျပဳလုပ္ခဲ့သည္။

စီမံကိန္းအတြက္ လယ္ေျမ မ်ား၊ ေျမလြတ္ေျမ႐ိုင္းမ်ား ဝယ္ယူစဥ္က ပြဲစားမ်ား၏ ေဈးႏွိမ္ ေခါင္းပုံ ျဖတ္မႈမ်ားေၾကာင့္ ေတာင္သူမ်ားထိခိုက္နစ္နာခဲ့ရသည္ဟုေဒသခံမ်ားက ဆိုသည္။

ေကတုမတီ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ တည္ေဆာက္ရန္အတြက္ ေကတုမတီ ဖြံ႕ၿဖိဳးတိုးတက္ေရး အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီ တခုတည္ေထာင္ၿပီး အစု႐ွယ္ယာ တစုလွ်င္ ေငြက်ပ္ ၁ ေသာင္းႏႈန္းျဖင့္ ေရာင္းခ်ရန္ သတ္မွတ္ထားေၾကာင္း၊ အဆိုပါ စီမံကိန္းသည္ ေဒသအတြင္း စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ရန္ႏွင့္ အလုပ္အကိုင္အခြင့္အလမ္းမ်ား တိုးတက္ရ႐ွိရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း ေကတုမတီ စက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္ ျဖစ္ေျမာက္ေရး ေကာ္မတီအဖြဲ႕ဝင္ ေဒါက္တာဘေဆြက ဇန္နဝါရီ ၈ ရက္တြင္ ျပဳလုပ္သည့္ ျပည္သူ႕ဆႏၵခံယူပြဲတြင္ ေျပာဆိုခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service