ကျောင်းမတက်ခြင်းက ကလေးများအတွက် COVID ကူးစက်ခံရသည်ထက် ပိုမိုကြီးမားသောအန္တရာယ်ဟုဆို

ကျောင်းမတက်ခြင်းက ကလေးများအတွက် COVID ကူးစက်ခံရသည်ထက် ပိုမိုကြီးမားသောအန္တရာယ်ဟုဆို - Property News in Myanmar from iMyanmarHouse.com
25 Aug 2020 11:12 am တွင် တင်ခဲ့သည်
569 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကလေးများအတွက် ပညာရေးလစ်ဟင်းခြင်းသည် COVID-19 ကူးစက်ခံရသည်ထက် များစွာပိုမိုကြီးမားသော အန္တရာယ်များရှိကြောင်း သတိပေးလျက် နွေရာသီကျောင်းပိတ်ရက်ပြီးနောက် ကလေးများ ကျောင်းပြန်တက်သင့်သည်ဟု ဗြိတိန် ခေါ် ယူကေ (အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နှင့် မြောက်အိုင်ယာလန်) နိုင်ငံ၏ ဆေးကုသမှုဆိုင်ရာအရာရှိချုပ်များက ပြောကြားလိုက်သည်။

အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နှင့် မြောက်အိုင်ယာလန်အစိုးရတို့၏ ထိပ်တန်းကျန်းမာရေးအကြံပေးများ၏ အထက်ဖော်ပြပါ ရှားပါးပူးတွဲထုတ်ပြန်ချက်သည် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ကလေးများ ကျောင်းသို့ပြန်တက်ရေးသည် နိုင်ငံ့ဦးစားပေးကိစ္စတစ်ခုဖြစ်သည်ဟူသော ပြောကြားချက်အား အားဖြည့်ပေးလိုက်ရာကျပေသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားနေစဉ်အတွင်း ကျောင်းတက်ကြရန် ချဉ်းကပ်မှုတွင် ဗြိတိန်အစိုးရ၏ ယုံကြည်ချက်သည် ပြီးခဲ့သည့်သီတင်းပတ်က အထိနာသွားခဲ့သည်။

“ကျောင်းတက်သဖြင့် ရေရှည်တွင် အနည်းအကျဉ်းကသာ COVID-19 ကူးစက်ခံရခြင်း၊ လုံးဝမကူးစက်ခံရခြင်း ဖြစ်မမည်ဖြစ်ပြီး ကျောင်းမတက်သည့်အတွက် ကလေးနှင့် လူငယ်အများအပြားအတွက် ရေရှည်တွင် ကျိန်းသေပေါက်အန္တရာယ်ရှိပါသည်။” ဟု အဆိုပါဆေးကုသမှုဆိုင်ရာအရာရှိချုပ်များက ဩဂုတ် ၂၂ နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့ကြသည်။

ကျောင်းမတက်ရခြင်းက မညီမျှမှုများ တိုးပွားစေကာ အခွင့်အလမ်းများ လျော့နေစေပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများကို ပိုမိုးဆိုးဝါးစေနိုင်ကြောင်း အထောက်အထားများက ပြခဲ့သည်ဟုလည်း ထိုထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ကလေးများတွင် ထိုကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနှုန်းအလွန်နည်းကာ ကူးစက်ခံရပါကလည်း သေဆုံးနှုန်းအလွန့်အလွန်နည်းသည်မှာလည်း အထောက်အထားထင်ထင်ရှားရှားတွေ့ရှိခဲ့ပြီးဖြစ်သည်။

“ဆေးရုံတက်ကုသမှုခံယူရန် လိုအပ်သော ရောဂါလက္ခဏာပြသည့် ကူးစက်မှုများတွင် အသက် ၉ နှစ်နှင့်အောက် ကလေးများက ၀ ဒသမ ၁ ရာခိုင်နှုန်းနှင့် အသက် ၁၀ နှစ်နှင့် ၁၉ နှစ်အကြား ကလေးများက ၀ ဒသမ ၁၀ ရာခိုင်နှုန်းဖြစ်သည်။” ဟုလည်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျွန်ဆင်က COVID-19 ဖြစ်ပွားနေသော်လည်း ဘေးအန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်မည်ဟု အခိုင်အမာဆိုလျက် စက်တင်ဘာတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းသည် လူမှုရေး၊ စီးပွားရေးနှင့် အကျင့်စာရိတ္တဆိုင်ရာ အရေးပါသောအရာတစ်ခုဖြစ်ကြောင်း ပြောကြားထားခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Government health advisers say missing school is greater risk to kids than COVID (reuters)

[Zawgyi]

ေက်ာင္းမတက္ျခင္းက ကေလးမ်ားအတြက္ COVID ကူးစက္ခံရသည္ထက္ ပိုမိုႀကီးမားေသာအႏၲရာယ္ဟုဆို

ကေလးမ်ားအတြက္ ပညာေရးလစ္ဟင္းျခင္းသည္ COVID-19 ကူးစက္ခံရသည္ထက္ မ်ားစြာပိုမိုႀကီးမားေသာ အႏၲရာယ္မ်ား႐ွိေၾကာင္း သတိေပးလ်က္ ေႏြရာသီေက်ာင္းပိတ္ရက္ၿပီးေနာက္ ကေလးမ်ား ေက်ာင္းျပန္တက္သင့္သည္ဟု ၿဗိတိန္ ေခၚ ယူေက (အဂၤလန္၊ စေကာ့တလန္၊ ေဝးလ္ႏွင့္ ေျမာက္အိုင္ယာလန္) ႏိုင္ငံ၏ ေဆးကုသမႈဆိုင္ရာအရာ႐ွိခ်ဳပ္မ်ားက ေျပာၾကားလိုက္သည္။

အဂၤလန္၊ စေကာ့တလန္၊ ေဝးလ္ႏွင့္ ေျမာက္အိုင္ယာလန္အစိုးရတို႔၏ ထိပ္တန္းက်န္းမာေရးအၾကံေပးမ်ား၏ အထက္ေဖာ္ျပပါ ႐ွားပါးပူးတြဲထုတ္ျပန္ခ်က္သည္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္၏ ကေလးမ်ား ေက်ာင္းသို႔ျပန္တက္ေရးသည္ ႏိုင္ငံ့ဦးစားေပးကိစၥတစ္ခုျဖစ္သည္ဟူေသာ ေျပာၾကားခ်က္အား အားျဖည့္ေပးလိုက္ရာက်ေပသည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈျဖစ္ပြားေနစဥ္အတြင္း ေက်ာင္းတက္ၾကရန္ ခ်ဥ္းကပ္မႈတြင္ ၿဗိတိန္အစိုးရ၏ ယုံၾကည္ခ်က္သည္ ၿပီးခဲ့သည့္သီတင္းပတ္က အထိနာသြားခဲ့သည္။

“ေက်ာင္းတက္သျဖင့္ ေရ႐ွည္တြင္ အနည္းအက်ဥ္းကသာ COVID-19 ကူးစက္ခံရျခင္း၊ လုံးဝမကူးစက္ခံရျခင္း ျဖစ္မမည္ျဖစ္ၿပီး ေက်ာင္းမတက္သည့္အတြက္ ကေလးႏွင့္ လူငယ္အမ်ားအျပားအတြက္ ေရ႐ွည္တြင္ က်ိန္းေသေပါက္အႏၲရာယ္႐ွိပါသည္။” ဟု အဆိုပါေဆးကုသမႈဆိုင္ရာအရာ႐ွိခ်ဳပ္မ်ားက ဩဂုတ္ ၂၂ ေႏွာင္းပိုင္းတြင္ ထုတ္ျပန္ခဲ့သည့္ ပူးတြဲထုတ္ျပန္ခ်က္တစ္ရပ္တြင္ ေျပာၾကားခဲ့ၾကသည္။

ေက်ာင္းမတက္ရျခင္းက မညီမွ်မႈမ်ား တိုးပြားေစကာ အခြင့္အလမ္းမ်ား ေလ်ာ့ေနေစၿပီး ႐ုပ္ပိုင္းဆိုင္ရာႏွင့္ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးျပႆနာမ်ားကို ပိုမိုးဆိုးဝါးေစႏိုင္ေၾကာင္း အေထာက္အထားမ်ားက ျပခဲ့သည္ဟုလည္း ထိုထုတ္ျပန္ခ်က္တြင္ ‌ေဖာ္ျပထားသည္။

ကေလးမ်ားတြင္ ထိုကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရႏႈန္းအလြန္နည္းကာ ကူးစက္ခံရပါကလည္း ေသဆုံးႏႈန္းအလြန္႔အလြန္နည္းသည္မွာလည္း အေထာက္အထားထင္ထင္႐ွား႐ွားေတြ႕႐ွိခဲ့ၿပီးျဖစ္သည္။

“ေဆး႐ုံတက္ကုသမႈခံယူရန္ လိုအပ္ေသာ ေရာဂါလကၡဏာျပသည့္ ကူးစက္မႈမ်ားတြင္ အသက္ ၉ ႏွစ္ႏွင့္ေအာက္ ကေလးမ်ားက ၀ ဒသမ ၁ ရာခိုင္ႏႈန္းႏွင့္ အသက္ ၁၀ ႏွစ္ႏွင့္ ၁၉ ႏွစ္အၾကား ကေလးမ်ားက ၀ ဒသမ ၁၀ ရာခိုင္ႏႈန္းျဖစ္သည္။” ဟုလည္း ထိုထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ဂြၽန္ဆင္က COVID-19 ျဖစ္ပြားေနေသာ္လည္း ေဘးအႏၲရာယ္ကင္းစြာ ေဆာင္႐ြက္ႏိုင္မည္ဟု အခိုင္အမာဆိုလ်က္ စက္တင္ဘာတြင္ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ျခင္းသည္ လူမႈေရး၊ စီးပြားေရးႏွင့္ အက်င့္စာရိတၱဆိုင္ရာ အေရးပါေသာအရာတစ္ခုျဖစ္ေၾကာင္း ေျပာၾကားထားခဲ့သည္ဟု သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Government health advisers say missing school is greater risk to kids than COVID (reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
18th Property and Car Expo
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service