ပေကျင်းတွင် ဒေသခံများ Mask မတပ်ဘဲ သွားလာနိုင်ပြီ

ပေကျင်းတွင် ဒေသခံများ Mask မတပ်ဘဲ သွားလာနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
22 Aug 2020 10:45 am တွင် တင်ခဲ့သည်
964 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသွားလာရာတွင် နှာခေါင်းစည်း Mask များ တပ်ဆင်ရန် လိုအပ်ချက်ကို မြို့တော်ကျန်းမာရေးအာဏာပိုင်များက ဖယ်ရှားလိုက်ပြီဖြစ်သည်။

ယင်းသည် မြို့တော်ပေကျင်းတွင် ၁၃ ရက်ဆက်တိုက် COVID-19 ကူးစက်မှုသစ်များ မရှိခဲ့ပြီးနောက် COVID-19 ရောဂါကာကွယ်ရေးစည်းမျဥ်းများအား နောက်ထပ်ဖြေလျှော့မှုတစ်ခုဖြစ်သည်။

အစိုးရမှ ထို့သို့ဖြေလျှော့ပေးခဲ့သည်တိုင် ပြည်သူအမြောက်အမြားက နှာခေါင်းစည်းများကို သောကြာနေ့ (ဩဂုတ် ၂၁) တွင် ဆက်လက်ဝတ်ဆင်ခဲ့ကြသည်။

နှာခေါင်းစည်းက သူတို့အား ဘေးကင်းလုံခြုံသည်ဟု ခံစားရစေသည်ဟု အချို့က ဆိုပြီး အချို့ကလည်း နှာခေါင်းစည်းတပ်ဆင်စေသည့် ပတ်ဝန်းကျင်လူမှုရေးဖိအားမှုကြောင့် တပ်ဆင်ခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။

“ကျွန်မက Mask ကို အချိန်မရွေး ချွတ်နိုင်တယ်လို့ ထင်ပေမဲ့ ဒါကို သူများ လက်ခံ၊ မခံဆိုတာကို ကြည့်ဖို့ လိုပါမယ်။ ဘာလို့ဆို ကျွန်မက Mask မတပ်ထားတာကို တွေ့ပြီး သူတို့တွေ လန့်မှာကို ကျွန်မစိုးရိမ်ပါတယ်” ဟု အသက် ၂၄ နှစ်ရှိ ပေကျင်းဒေသခံအမျိုးသမီးတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

Lockdown နှစ်ကြိမ်ချခဲ့ပြီးနောက် ပုံမှန်အခြေအနေသို့ များစွာပြန်လည်ရောက်ရှိလာသည့် ပေကျင်းတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့်ပတ်သက်၍ ဒုတိယအကြိမ်စည်းမျဥ်းဖြေလျှော့မှုဖြစ်သည်။

ပေကျင်းကူးစက်ရောထိန်းချုပ်ရေးဌာနသည် ယခင်ကတည်း ဧပြီလနှောင်းတုန်းကလည်း ထိုကဲ့သို့ပင် ဒေသခံများအနေဖြင့် နှာခေါင်းစည်းမတပ်ဘဲ သွားလာနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ဖူးသည်။

သို့သော်လည်း မြို့တော်‌‌တောင်ပိုင်းရှိ လက္ကားဈေးတစ်ခုတွင် ကူးစက်မှုတစ်‌ကျော့ပြန်ဖြစ်ပွားသဖြင့် ဇွန်တွင် စည်းမျဥ်းများ ပြန်လည်ပြောင်းလဲခဲ့သည်။

တရုတ်ပြည်မကြီးတွင် အောင်‌အောင်မြင်မြန်ထိန်းချုပ်နိုင်ပြီးနောက် ပြည်တွင်းကူးစက်မှုမရှိသည်မှာ ငါးရက်ရှိပြီဖြစ်သည်။

နှာခေါင်းစည်းတပ်ခြင်း၊ home quarantine ဝင်ခြင်းနှင့် လူအမြောက်အမြားမှ ရောဂါစစ်ဆေးမှုခံယူခြင်းတို့ အပါအဝင် တင်းကျပ်သောစည်းမျဥ်းများကြောင့်ယခုကဲ့သို့အောင်အောင်မြင်မြင်ထိန်းချုပ်လာနိုင်ခြင်းဖြစ်ကြောင်း ကျွမ်းကျင်းသူများက ဆိုသည်။

ဩဂုတ် ၂၀ တွင် ပြည်မကြီး၌ ပြည်ပမှပြန်လာသည့် ကူးစက်ခံရသူ ၂၂ ဦး ရှိခဲ့ပြီး နိုင်ငံသားမဟုတ်သူအများစုအား ပေးမဝင်သေးဘဲ ပြည်မကြီးနယ်စပ်များကို ပိတ်ထားဆဲဖြစ်သည်။

တရုတ်တွင် ရောဂါစဖြစ်ကတည်းက ကူးစက်ခံရသူဦးရေ ၈၄,၉၁၇ ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Beijing says residents can go mask-free as China COVID-19 cases hit new lows (reuters)

 

[Zawgyi]

ေပက်င္းတြင္ ေဒသခံမ်ား Mask မတပ္ဘဲ သြားလာႏိုင္ၿပီ

တ႐ုတ္ႏိုင္ငံ ၿမိဳ႕ေတာ္ေပက်င္းတြင္ ျပည္သူမ်ားအေနျဖင့္ ေနအိမ္ျပင္ပသြားလာရာတြင္ ႏွာေခါင္းစည္း Mask မ်ား တပ္ဆင္ရန္ လိုအပ္ခ်က္ကို ၿမိဳ႕ေတာ္က်န္းမာေရးအာဏာပိုင္မ်ားက ဖယ္ရွားလိုက္ၿပီျဖစ္သည္။

ယင္းသည္ ၿမိဳ႕ေတာ္ေပက်င္းတြင္ ၁၃ ရက္ဆက္တိုက္ COVID-19 ကူးစက္မႈသစ္မ်ား မရွိခဲ့ၿပီးေနာက္ COVID-19 ေရာဂါကာကြယ္ေရးစည္းမ်ဥ္းမ်ားအား ေနာက္ထပ္ေျဖေလွ်ာ့မႈတစ္ခုျဖစ္သည္။

အစိုးရမွ ထို႔သို႔ေျဖေလွ်ာ့ေပးခဲ့သည္တိုင္ ျပည္သူအေျမာက္အျမားက ႏွာေခါင္းစည္းမ်ားကို ေသာၾကာေန႔ (ဩဂုတ္ ၂၁) တြင္ ဆက္လက္ဝတ္ဆင္ခဲ့ၾကသည္။

ႏွာေခါင္းစည္းက သူတို႔အား ေဘးကင္းလုံၿခဳံသည္ဟု ခံစားရေစသည္ဟု အခ်ိဳ႕က ဆိုၿပီး အခ်ိဳ႕ကလည္း ႏွာေခါင္းစည္းတပ္ဆင္ေစသည့္ ပတ္ဝန္းက်င္လူမႈေရးဖိအားမႈေၾကာင့္ တပ္ဆင္ျခင္းျဖစ္သည္ဟု ဆိုခဲ့ၾကသည္။

“ကြၽန္မက Mask ကို အခ်ိန္မေ႐ြး ခြၽတ္ႏိုင္တယ္လို႔ ထင္ေပမဲ့ ဒါကို သူမ်ား လက္ခံ၊ မခံဆိုတာကို ၾကည့္ဖို႔ လိုပါမယ္။ ဘာလို႔ဆို ကြၽန္မက Mask မတပ္ထားတာကို ေတြ႕ၿပီး သူတို႔ေတြ လန႔္မွာကို ကြၽန္မစိုးရိမ္ပါတယ္” ဟု အသက္ ၂၄ ႏွစ္ရွိ ေပက်င္းေဒသခံအမ်ိဳးသမီးတစ္ဦးက ႐ိုက္တာသတင္းဌာနသို႔ ေျပာၾကားခဲ့သည္။

Lockdown ႏွစ္ႀကိမ္ခ်ခဲ့ၿပီးေနာက္ ပုံမွန္အေျခအေနသို႔ မ်ားစြာျပန္လည္ေရာက္ရွိလာသည့္ ေပက်င္းတြင္ ႏွာေခါင္းစည္းတပ္ဆင္ျခင္းႏွင့္ပတ္သက္၍ ဒုတိယအႀကိမ္စည္းမ်ဥ္းေျဖေလွ်ာ့မႈျဖစ္သည္။

ေပက်င္းကူးစက္ေရာထိန္းခ်ဳပ္ေရးဌာနသည္ ယခင္ကတည္း ဧၿပီလေႏွာင္းတုန္းကလည္း ထိုကဲ့သို႔ပင္ ေဒသခံမ်ားအေနျဖင့္ ႏွာေခါင္းစည္းမတပ္ဘဲ သြားလာႏိုင္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ဖူးသည္။

သို႔ေသာ္လည္း ၿမိဳ႕ေတာ္‌‌ေတာင္ပိုင္းရွိ လကၠားေဈးတစ္ခုတြင္ ကူးစက္မႈတစ္‌ေက်ာ့ျပန္ျဖစ္ပြားသျဖင့္ ဇြန္တြင္ စည္းမ်ဥ္းမ်ား ျပန္လည္ေျပာင္းလဲခဲ့သည္။

တ႐ုတ္ျပည္မႀကီးတြင္ ေအာင္‌ေအာင္ျမင္ျမန္ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ ျပည္တြင္းကူးစက္မႈမရွိသည္မွာ ငါးရက္ရွိၿပီျဖစ္သည္။

ႏွာေခါင္းစည္းတပ္ျခင္း၊ home quarantine ဝင္ျခင္းႏွင့္ လူအေျမာက္အျမားမွ ေရာဂါစစ္ေဆးမႈခံယူျခင္းတို႔ အပါအဝင္ တင္းက်ပ္ေသာစည္းမ်ဥ္းမ်ားေၾကာင့္ယခုကဲ့သို႔ေအာင္ေအာင္ျမင္ျမင္ထိန္းခ်ဳပ္လာႏိုင္ျခင္းျဖစ္ေၾကာင္း ကြၽမ္းက်င္းသူမ်ားက ဆိုသည္။

ဩဂုတ္ ၂၀ တြင္ ျပည္မႀကီး၌ ျပည္ပမွျပန္လာသည့္ ကူးစက္ခံရသူ ၂၂ ဦး ရွိခဲ့ၿပီး ႏိုင္ငံသားမဟုတ္သူအမ်ားစုအား ေပးမဝင္ေသးဘဲ ျပည္မႀကီးနယ္စပ္မ်ားကို ပိတ္ထားဆဲျဖစ္သည္။

တ႐ုတ္တြင္ ေရာဂါစျဖစ္ကတည္းက ကူးစက္ခံရသူဦးေရ ၈၄,၉၁၇ ရွိၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Beijing says residents can go mask-free as China COVID-19 cases hit new lows (reuters)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
အသက် ၉၆ နှစ်အရွယ်ရောက်မှ ဘွဲ့ရတဲ့ ဂင်းနက်စ် စံချိန်တင် ဂျပန်အဘိုးအို
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွားရေးအကျပ်ဆိုက်ကာ လုံးချင်းစံအိမ်မှ တိုက်ခန်းကျဉ်းလေးသို့ ပြောင်းရွှေ့လိုက်ရ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀ ခုတ်လှဲမှုနဲ့ ဘရာဇီးအစိုးရက ဒေါ်လာ ၂၇၅ သန်း ဒဏ်ငွေချမှတ်ခဲ့ရပုံ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမှုဖွင့်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တွေ့ရှိမှု ဂယက်ရိုက်နေ...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါးလုံးအဝတ်တန်းများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ တွေ့နေရ...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service