ကိုဗစ်ဒုတိယအသုတ်ချေးငွေ ရန်ကုန်ကလျှောက်ထားမှုနည်း

ကိုဗစ်ဒုတိယအသုတ်ချေးငွေ ရန်ကုန်ကလျှောက်ထားမှုနည်း - Property News in Myanmar from iMyanmarHouse.com
21 Aug 2020 1:22 pm တွင် တင်ခဲ့သည်
1115 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အစိုးရက ဒုတိယအကြိမ်ထုတ်ချေးမယ့် ကိုဗစ်ချေးငွေကို ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက လျှောက်ထားမှုအများဆုံးဖြစ်တယ်လို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကနေသိရပါတယ်။

တစ်နိုင်ငံလုံးက ချေးငွေလျှောက်လွှာစောင်ရေတစ်သောင်းကျော်ရှိပြီး ရန်ကုန်တိုင်းကလျှောက်ထားမှုက ၂၅ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းမှာ တိုင်းနဲ့ပြည်နယ်က လျှောက်လွှာတွေလို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းကပြောပါတယ်။

ရန်ကုန်ကလျှောက်ထားရာမှာ စားသောက်ကုန်လုပ်ငန်း၊သွင်းကုန်အစားထိုးလုပ်ငန်း၊ပို့ကုန်လုပ်ငန်းစဉ်တစ်လျှောက်ပါဝင်တဲ့လုပ်ငန်းတွေအများဆုံးဖြစ်ပြီး တိုင်းနဲ့ပြည်နယ်လျှောက်လွှာအများစုက စိုက်ပျိုးရေး မွေးမြူရေးနဲ့ ရေလုပ်ငန်းနဲ့သက်ဆိုင်တဲ့ ချေးငွေလျှောက်လွှာတွေဖြစ်နိုင်တယ်လို့ ဦးအေးဝင်းကပြောပါတယ်။

ဒုတိယအကြိမ် ချေးငွေလျှောက်ထားမှုကို ဇူလိုင်လ ၂၉ ရက်နေ့ကနေ သြဂုတ်လ ၁၀ ရက်နေ့ထိလျှောက်ထားခွင့်ပြုခဲ့တာပါ။

ပြည်နယ်နဲ့တိုင်းအချို့ကလျှောက်လွှာတွေက စာရွက်စာတမ်းပြည့်စုံမှုအားနည်းနေပေမယ့် လျောက်လွှာပယ်ချတာမျိုးမလုပ်ဘဲ ပြန်ဆက်သွယ်ပြီး အချိန်ကာလတစ်ခုသတ်မှတ်ပေးပြီး တင်ပြခွင့်ပေးသွားဖို့ကို စီစဉ်ထားတယ်လို့သိရပါတယ်။

စီမံကိန်း၊ဘဏာရေးနှင့် စက်မှုဝန်ကြီးဌာနက ဒုတိယအကြိမ် ကျပ်ဘီလျံ ၁၀၀ ချေးငွေထုတ်ချေးပေးမှာဖြစ်ပြီး ပို့ကုန်လုပ်ငန်း၊ စိုက်ပျိုးရေး၊မွေးမြူရေး နဲ့ ရေထွက်လုပ်ငန်း၊ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ဦးစားပေးထုတ်ချေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပထမအကြိမ် ကျပ်ဘီလျံ ၁၀၀ ကိုတော့ ကိုဗစ်သက်ရောက်မှုတွေကြောင့် ထိခိုက်မှုခံခဲ့ရတဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ၊ အထည်ချုပ်နဲ့ CMP ကဏ္ဍနဲ့ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍ တွေကိုအဓိကထားထုတ်ချေးခဲ့ပါတယ်။

ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများကို ကျားကန်နိုင်ရန် အစိုးရက အနိမ့်ဆုံးချေးငွေ ကျပ်သိန်း ၃၀ မှစတင်ကာ ကျပ်သန်း ၆၅၀ အထိ ထုတ်ချေးပေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။

သို့သော် ချေးငွေပမာဏမှာ နည်းပါးလွန်းသဖြင့် လုပ်ငန်းအတွက် အထောက်အကူမရနိုင်၍ ခွင့်ပြုချေးငွေ ပြန်အပ်လိုက်ကြောင်း ခရီးသွားလုပ်ငန်းတစ်ခု၏ ယနေ့နံနက်ထုတ်ပြန်ချက်ကြောင့် အစိုးရ၏ချေးငွေလုပ်ငန်းစဉ်အပေါ် ဝေဖန်မှုများလည်းရှိနေသည်။ ယနေ့အချိန်ထိ လုပ်ငန်း ၂၀၁ ခုအတွက် ချေးငွေကျပ် ၁၀ ဘီလျံခန့် ခွင့်ပြုခဲ့ပြီး လုပ်သား ထောင်နှင့်ချီရှိသည့် လက်ခစား အထည်ချုပ်လုပ်ငန်းတစ်ခုကို ကျပ်သန်း ၆၅၀ အထိ ထုတ်ချေးပေးထားကြောင်း၊ အနိမ့်ဆုံးပေးအပ်သည့် ချေးငွေပမာဏမှာ ကျပ်သိန်း ၃၀ ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကပြောသည်။

“စိစစ်ပြီးထောက်ခံလာတာကို ကျွန်တော်(ကော်မတီအဆင့်က) တစ်ပြားမှမလျှော့ဘူး။ အဲဒီအတိုင်းပဲ ထုတ်ခွင့်ပေးလိုက်တာ” ဟု ၎င်းကပြောဆိုသည်။

ချေးငွေလျှောက်ထားမှုများကို အဆင့်သုံးခုဖြင့် စိစစ်နေခြင်းဖြစ်ကြောင်း ကိုဗစ်နိုင်တင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေး လုပ်ငန်းကော်မတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]


















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service