ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ် အခုလနောက်ဆုံးပတ် စတင်မယ်

ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ် အခုလနောက်ဆုံးပတ် စတင်မယ် - Property News in Myanmar from iMyanmarHouse.com
21 Aug 2020 1:09 pm တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကိုအခုလနောက်ဆုံးပတ်ကစတင်ပြီး တစ်လကို နှစ်ခေါက်နေ သုံးခေါက်အထိရာသီဥတုပေါ်မူတည် ပြေးဆွဲသွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကပြောပါတယ်။

ဩဂုတ်လနဲ့စက်တင်ဘာလမှာနှစ်ကြိမ်စီနဲ့ ရာသီဥတုကောင်းမွန်တဲ့အောက်တိုဘာလက စတင်ပြီး တစ်လလျှင်သုံးကြိမ်အထိ ပြေးဆွဲသွားဖို့ရည်ရွယ်ထားတယ်လို့ ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ်ပြေးဆွဲနိုင်ရေးလမ်းညွှန်မှာကြားချက်နှင့်စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်း အဝေးမှာထည့်သွင်းပြောကြားခဲ့တာပါ။

ပြေးဆွဲရာမှာ လတ်တလော ပင်လယ်ကမ်းရိုတမ်းသွားနိုင်တဲ့ သင်္ဘောတွေကိုဦးစားပေးရွေးချယ်သွားမှာဖြစ်တာကြောင့်ပုဂ္ဂလိကပိုင်သင်္ဘောလိုင်းတချို့နဲ့ ချိတ်ဆတ်ညှိုနှိုင်းပြေးဆွဲသွားဖို့ရည်ရွယ်ထားတာပါ။

အရင်က ရန်ကုန်ကနေကိုကိုးကျွန်းကို တစ်နှစ်လုံးကိုမှ ခေါက်ရေနှစ်ခေါက်ကနေ သုံးခေါက်လောက်ထိသာ ပြေးဆွဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၆ ရက်နေ့ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကိုကိုးကျွန်းသို့သွားရောက်ခဲ့ရာမှာ အဆင်မပြေမှုတွေရှိနေတာကြောင့် ရေကြောင်းကနေရေယာဉ်တွေပြေးဆွဲပေးဖို့ညွှန်ကြားခဲ့တာပါ။

ခရီးစဉ်တစ်ခေါက်ပြေးဆွဲ ပေးရင် ကျပ်သိန်းနှစ်ရာ ကုန်ကျစရိတ်ရှိတဲ့ ရန်ကုန်ကနေ ကိုကိုးကျွန်း အခမဲ့ သင်္ဘောခရီးစဉ်ကို ရန်ကုန်တိုင်းအစိုးရကလည်းပွင့်လင်းရာသီတွေမှာ ပြေးဆွဲပေးလျှက်ရှိပါတယ်။

ရေမိုင်အားဖြင့်မိုင်၂၆၀ကျော်ကွာဝေးပြီးပင်လယ်ကမ်းရိုးတမ်း ကိုဖြတ်ကာမောင်းနှင်ရတဲ့ ခရီးစဉ်ဖြစ်တာကြောင့် ကုန်ကျစရိတ်များပြားပြီး သွားလာရန်လည်းခက်ခဲတဲ့ခရီးစဉ်ဖြစ်ပါတယ်။

သယ်ယူပို့ဆောင်ရေးပိုင်းမှပိုမိုပြီးအာကောင်းလာရင်တော့ ဒေသရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်းပိုမိုအားကောင်းလာမယ်လို့ဒေသခံတွေကမျှော်လင့်နေကြတာပါ။

ကိုကိုးကျွန်းဟာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ မှနေပြီးတော့ အနောက်တောင်ယွန်းယွန်း ၂၇၀ မိုင်ဝေးတဲ့ ပင်လယ်ပြင်မှာ ထီးထီးတည်ရှိတဲ့ကျွန်း ဖြစ်ပါတယ်။ အလျားအားဖြင့် ၇ မိုင်၊ အနံအားဖြင့် ၁.၂ မိုင်ရှိပါတယ်။ စတုရန်းမိုင်အားဖြင့် ၈.၄ စတုရန်းမိုင်ရှိပါတယ်

ကိုကိုးကျွန်းဟာ ပင်လယ်ထဲမှာထွက်ပေါ်နေတဲ့ ကျွန်းဖြစ်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးမြို့နယ်ထဲမှာတည်ရှိတာပါ။

၁၉၉၀ ခုနှစ် နိုဝင်ဘာလကနေစပြီးတော့ ၂၀၁၀ ခုနှစ် အောက်တိုဘာလထိကတော့ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ကြယ်ငါးပွင့်သ‌င်္ဘောလုပ်ငန်းမှ တောင်ကြီး-ဟားခါး-မြစ်ကြီးနား ကမ်းရိုးတမ်းသ‌င်္ဘောတွေနဲ့ကိုကိုးကျွန်းကိုပြေးဆွဲခဲ့တာတွေလည်းရှိခဲ့ဖူးတာပါ။

၂၀၁၀ ခုနှစ် အောက်တိုဘာလနောက်ပိုင်းမှစပြီးတော့ ကြယ်ငါးပွင့်သ‌င်္ဘောပြေးဆွဲနိုင်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။

ကိုကိုးကျွန်းမှာ အဓိကအားဖြင့် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်တဲ့ဆိပ်ကမ်းကောင်းကောင်းမရှိတာကြောင့်တည်ဆောက်ဖို့လည်းပြင်ဆင်နေပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္-ကိုကိုးကြၽန္းခရီးစဥ္ အခုလေနာက္ဆုံးပတ္ စတင္မယ္

ရန္ကုန္-ကိုကိုးကြၽန္းသေဘၤာခရီးစဥ္ကိုအခုလေနာက္ဆုံးပတ္ကစတင္ၿပီး တစ္လကို ႏွစ္ေခါက္ေန သုံးေခါက္အထိရာသီဥတုေပၚမူတည္ ေျပးဆြဲသြားမယ္လို႔ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီး ဌာနျပည္ေထာင္စုဝန္ႀကီးဦးသန္႔စင္ေမာင္ကေျပာပါတယ္။

ဩဂုတ္လနဲ႔စက္တင္ဘာလမွာႏွစ္ႀကိမ္စီနဲ႔ ရာသီဥတုေကာင္းမြန္တဲ့ေအာက္တိုဘာလက စတင္ၿပီး တစ္လလွ်င္သုံးႀကိမ္အထိ ေျပးဆြဲသြားဖို႔ရည္႐ြယ္ထားတယ္လို႔ ျပည္ေထာင္စုဝန္ႀကီးက ရန္ကုန္-ကိုကိုးကြၽန္း သေဘၤာခရီးစဥ္ေျပးဆြဲႏိုင္ေရးလမ္းၫႊန္မွာၾကားခ်က္ႏွင့္စပ္လ်ဥ္းတဲ့ ညႇိႏိႈင္းအစည္း အေဝးမွာထည့္သြင္းေျပာၾကားခဲ့တာပါ။

ေျပးဆြဲရာမွာ လတ္တေလာ ပင္လယ္ကမ္း႐ိုတမ္းသြားႏိုင္တဲ့ သေဘၤာေတြကိုဦးစားေပးေ႐ြးခ်ယ္သြားမွာျဖစ္တာေၾကာင့္ပုဂၢလိကပိုင္သေဘၤာလိုင္းတခ်ိဳ႕နဲ႔ ခ်ိတ္ဆတ္ညိႇဳႏိႈင္းေျပးဆြဲသြားဖို႔ရည္႐ြယ္ထားတာပါ။

အရင္က ရန္ကုန္ကေနကိုကိုးကြၽန္းကို တစ္ႏွစ္လုံးကိုမွ ေခါက္ေရႏွစ္ေခါက္ကေန သံုးေခါက္ေလာက္ထိသာ ေျပးဆြဲႏိုင္ခဲ့တာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ၾသဂုတ္လ ၆ ရက္ေန႔ကႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ကိုကိုးကြၽန္းသို႔သြားေရာက္ခဲ့ရာမွာ အဆင္မေျပမႈေတြ႐ွိေနတာေၾကာင့္ ေရေၾကာင္းကေနေရယာဥ္ေတြေျပးဆြဲေပးဖို႔ၫႊန္ၾကားခဲ့တာပါ။

ခရီးစဥ္တစ္ေခါက္ေျပးဆြဲ ေပးရင္ က်ပ္သိန္းႏွစ္ရာ ကုန္က်စရိတ္႐ွိတဲ့ ရန္ကုန္ကေန ကိုကိုးကြၽန္း အခမဲ့ သေဘၤာခရီးစဥ္ကို ရန္ကုန္တိုင္းအစိုးရကလည္းပြင့္လင္းရာသီေတြမွာ ေျပးဆြဲေပးလွ်က္႐ွိပါတယ္။

ေရမိုင္အားျဖင့္မိုင္၂၆၀ေက်ာ္ကြာေဝးၿပီးပင္လယ္ကမ္း႐ိုးတမ္း ကိုျဖတ္ကာေမာင္းႏွင္ရတဲ့ ခရီးစဥ္ျဖစ္တာေၾကာင့္ ကုန္က်စရိတ္မ်ားျပားၿပီး သြားလာရန္လည္းခက္ခဲတဲ့ခရီးစဥ္ျဖစ္ပါတယ္။

သယ္ယူပို႔ေဆာင္ေရးပိုင္းမွပိုမိုၿပီးအာေကာင္းလာရင္ေတာ့ ေဒသရဲ႕ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြလည္းပိုမိုအားေကာင္းလာမယ္လို႔ေဒသခံေတြကေမွ်ာ္လင့္ေနၾကတာပါ။

ကိုကိုးကြၽန္းဟာ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကုန္ၿမိဳ႕ မွေနၿပီးေတာ့ အေနာက္ေတာင္ယြန္းယြန္း ၂၇၀ မိုင္ေဝးတဲ့ ပင္လယ္ျပင္မွာ ထီးထီးတည္႐ွိတဲ့ကြၽန္း ျဖစ္ပါတယ္။ အလ်ားအားျဖင့္ ၇ မိုင္၊ အနံအားျဖင့္ ၁.၂ မိုင္႐ွိပါတယ္။ စတုရန္းမိုင္အားျဖင့္ ၈.၄ စတုရန္းမိုင္႐ွိပါတယ္

ကိုကိုးကြၽန္းဟာ ပင္လယ္ထဲမွာထြက္ေပၚေနတဲ့ ကြၽန္းျဖစ္ေပမယ့္ ရန္ကုန္တိုင္းေဒသႀကီးၿမိဳ႕နယ္ထဲမွာတည္႐ွိတာပါ။

၁၉၉၀ ခုႏွစ္ ႏိုဝင္ဘာလကေနစၿပီးေတာ့ ၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလထိကေတာ့ ပို႔ေဆာင္ေရးဝန္ႀကီးဌာန ျမန္မာ့ၾကယ္ငါးပြင့္သ‌ေဘၤာလုပ္ငန္းမွ ေတာင္ႀကီး-ဟားခါး-ျမစ္ႀကီးနား ကမ္း႐ိုးတမ္းသ‌ေဘၤာေတြနဲ႔ကိုကိုးကြၽန္းကိုေျပးဆြဲခဲ့တာေတြလည္း႐ွိခဲ့ဖူးတာပါ။

၂၀၁၀ ခုႏွစ္ ေအာက္တိုဘာလေနာက္ပိုင္းမွစၿပီးေတာ့ ၾကယ္ငါးပြင့္သ‌ေဘၤာေျပးဆြဲႏိုင္ျခင္းမ႐ွိေတာ့ဘူးလို႔သိရပါတယ္။

ကိုကိုးကြၽန္းမွာ အဓိကအားျဖင့္ သေဘၤာၾကီးမ်ား ဆိုက္ကပ္ႏိုင္တဲ့ဆိပ္ကမ္းေကာင္းေကာင္းမ႐ွိတာေၾကာင့္တည္ေဆာက္ဖို႔လည္းျပင္ဆင္ေနပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service