တိုးပွားလာတဲ့လူဦးရေအတွက် အရေးတကြီးလိုအပ်နေတဲ့ အိမ်ရာတွေ

တိုးပွားလာတဲ့လူဦးရေအတွက် အရေးတကြီးလိုအပ်နေတဲ့ အိမ်ရာတွေ - Property News in Myanmar from iMyanmarHouse.com
21 Aug 2020 12:36 pm တွင် တင်ခဲ့သည်
744 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးကဏ္ဍကို ပြပါဆိုရင် အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍကို ပြိုင်ဘက်မရှိ ဖော်ပြရမှာ ဖြစ် ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရအိမ်ရာကဏ္ဍတွင် တစ်ဒေါ်လာ ရင်းတိုင်း တခြားစီးပွားရေးကဏ္ဍတွင် နှစ်ဒေါ်လာရင်းနှီးမှု တိုးပွား စေကြောင်း သိရှိရပါတယ်။ အလုပ်အကိုင်ပေးရာမှာလည်း လူနေအိမ်ဆောက်လုပ်ရာမှာ အ လုပ်သမားတစ်ဦးခန့်တိုင်း အခြား ဆက်စပ်ကဏ္ဍမှာ နှစ်ဦးအလုပ် တိုးပွားရရှိစေတယ်လို့ ဆိုပြန်ပါတယ်။

အိမ်တစ်လုံးဆောက်ရင် ဗိသုကာ၊ မြို့ပြ၊ လျှပ်စစ်၊ ရေ ပေးရေး အင်ဂျင်နီယာကြီးငယ် တွေ အလုပ်ရသလို လက်သမား၊ ပန်းရန်၊ သံချည်သံကွေး၊ ပိုက်ဆက်၊ အဝီစိတွင်းတူး၊ လမ်းခင်း၊ မြေတူးမြေဖို့ လုပ်သားတွေ တိုက်ရိုက်အလုပ်ရသလို ဆက်စပ်နေတဲ့ သယ်ယူပို့ဆောင်ရေးလုပ်သား၊ အုတ်ဖုတ်လုပ်သား၊ သစ်ခွဲလုပ်သား၊ သဲတူး၊ ကျောက်သယ် လုပ်သားတွေလည်း အလုပ်အကိုင်ရတာ အများကြီးပါပဲ။

လုပ်ငန်းအရ ပြောရရင် အုတ်သဲကျောက်လုပ်ငန်း၊ သံရည်ကျိုလုပ်ငန်း၊ သံချောင်းအရောင်းအဝယ်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုနဲ့ အရောင်းလုပ်ငန်း၊ အမိုးသွပ်ပြားထုတ်လုပ်မှုနဲ့ အရောင်း၊ ရေပိုက်ထုတ်လုပ်မှုနဲ့ အရောင်း၊ သစ်အရောင်း၊ အခြား ဆောက်လုပ်ရေးပစ္စည်း အရောင်းဆိုင်လုပ်ငန်းများ၊ ပရိဘောဂလုပ်ငန်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်း အစရှိတဲ့ လုပ်ငန်းများမှာ အလုပ်အကိုင်တွေ တသီတတန်းကြီး လမ်းပွင့်သွားစေကြောင်း တွေ့ရှိနိုင်ပါတယ်။

ဒါကြောင့် အထက်ပါ ကမ္ဘာ့ဘဏ်ရဲ့အဆိုကို အကြွင်းမဲ့ ထောက်ခံရမှာ ဖြစ်ပါတယ်။ နောက်ပြီး အိမ်ရာဆောက်လုပ်မှုစီမံကိန်းလို့ ဆိုလိုက်ရင် အမိုးအကာပါတဲ့ အဆောက်အအုံများ ကွက်ကွက်မျှ ကြည့်၍မရဘဲ ဆက်စပ်တဲ့ အခြေခံအဆောက်အအုံတွေ၊ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းတွေ တည်ဆောက်မှုလုပ်ငန်းများလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းပမာဏတွေအလိုက် အလုပ်အကိုင်တွေက တိုး၍တိုး၍ လာပြန်ပါတယ်။

ကမ္ဘာပေါ်မှာ လူသားတွေ အိုးအိမ်ဆောက်လုပ်ပြီး မိသားစု နဲ့ နေထိုင်ခဲ့တာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၁၈,၀၀၀ ခန့်ကလို့ သိရပါတယ်။

ယခုဆိုရင် နှစ်ပေါင်း နှစ်သောင်းကျော်ရှိခဲ့ပါပြီ။ ဒါပေမဲ့ ယနေ့အထိ အိုးအိမ်နဲ့ အခြေတကျမနေနိုင်သေးတဲ့ လူသား ပေါင်းများစွာရှိနေသေးတာ ဝမ်းနည်းစရာပါပဲ။ မျက်မှောက်ကာလ ကမ္ဘာ့လူဦးရေ ခုနစ်ဘီလီယံ ကျော်မှာ အိုးအိမ်မဲ့ပြည်သူ စုစုပေါင်း တစ်ဘီလီယံကျော်ရှိ ကြောင်း စာရေးဆရာ သုတေသီ Robert Neuwirth ရဲ့ လေ့လာ တွေ့ရှိချက်အရ သိရှိရပါတယ်။ ဒါဟာ လူခုနစ်ဦးမှာ တစ်ဦး အိုး အိမ်မဲ့ဖြစ်နေတယ်လို့ ပြဆိုနေပါ တယ်။ ၂၀၃၀ ပြည့်နှစ်ကို ရောက်ရင် လူသုံးဦးမှာ တစ်ဦး အိုးအိမ်မဲ့ဖြစ်မယ်၊ တစ်နည်းအားဖြင့် ကျူး ကျော်ဖြစ်မယ်လို့ သိရပြန်ပါတယ်။

ရန်ကုန် မြို့မှာ ၂၀၀၀ ပြည့်နှစ်က လူဦးရေ ၃ ဒသမ ၅၅ သန်းခန့် ရှိတယ်လို့ ကုလသမဂ္ဂ ခန့်မှန်းခြေစာရင်း အရ သိရှိရပါတယ်။ ယခုနှစ် ပေါင်း ၂၀ နီးပါးကြာတဲ့အခါ ရန်ကုန် လူဦးရေဟာ ၅ ဒသမ ၃ သန်းခန့်ရှိလာပါတယ်။

တိုးပွားတဲ့ လူဦးရေ နှစ်သန်းခန့်အတွက် အိမ်ရာ ငါးသိန်းခန့် အနည်းဆုံးလိုအပ်မှာ ဖြစ်ပါတယ်။ တည်ဆောက်ပြီးတဲ့ မြို့သစ်တွေမှာ ထပ်မံချထားမှုနဲ့ ပုဂ္ဂလိကကဏ္ဍက ဆောက်လုပ်တဲ့ အိမ်ရာတွေ၊ အစိုးရအိမ်ရာ တွေ အသစ်တိုးပွားမှုဟာ နှစ်သိန်းထက် မပိုပါဘူး။

ထပ်မံလိုအပ်တဲ့ အိမ်ရာသုံးသိန်းပြည့်မီဖို့ နှစ်စဉ် အိမ်ခန်း အနည်းဆုံး ၂၀,၀၀၀ ခန့် ဆောက်လုပ်ခဲ့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မူလအိမ်ငှားနေသူတွေ၊ ကျူးကျော်အိမ်ရာနေသူတွေအတွက် အိမ်ရာတွေ မပါဝင်ပါဘူး။

ယနေ့ ကျူးကျော်အိမ်ရာနေ အိမ်ထောင်စုပေါင်း ၁ ဒသမ ၅ သိန်းရှိကြောင်း သိရတဲ့အတွက် ဝင်ငွေနည်းပြည်သူတွေအတွက် အိမ်ရာလိုအပ်ချက်ပမာဏဟာ ကြောက်ခမန်းလိလိ ဘယ်လောက်များ ပြားနေတယ်ဆိုတာကို ခန့်မှန်းနိုင်ပါပြီ။

မြန်မာနိုင်ငံမှာ သုံးသိန်းမှ ငါးသိန်းအထိဝင်တဲ့ ဝင်ငွေအုပ်စုမှ လူဦးရေ ၁၃ ဒသမ ၉ ရာခိုင်နှုန်းအတွက်သာလျှင် အိမ်ရာတွေကို ဘဏ်ချေးငွေစနစ်နဲ့ ဖြည့်ဆည်းပေးနိုင်သေးကြောင်း တွေ့ရှိရပါတယ်။ ဒါဟာလည်း လက်ရှိ အစိုးရလက်ထက်မှာ လက်လှမ်းမီအောင် နည်းမျိုးစုံနဲ့ တိုးချဲ့ဆောင်ရွက်ပေးမှုရဲ့ အကျိုး ကျေးဇူးဖြစ်ပါတယ်။ ဒါပေမဲ့ ကျူးကျော်အိမ်ရာနေ ပြည်သူတွေအထဲမှာ လစဉ်ဝင်ငွေ တစ်သိန်းမှ သုံးသိန်းအထိသာ ဝင်ငွေရှိတဲ့ ပြည်သူတွေအတွက် လက်လှမ်းမီတဲ့ အိမ်ရာတွေ များစွာဆောက်လုပ်ပေးဖို့ လိုအပ်ပါသေးတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]
















နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service