မန္တလေးတိုင်းတွင် ခွင့်ပြချက်မရှိဘဲ လယ်မြေများ အကွက်ချရောင်းချမှုများကို ရပ်တန့်ရန် တိုင်းအစိုးရက တားမြစ်

မန္တလေးတိုင်းတွင် ခွင့်ပြချက်မရှိဘဲ လယ်မြေများ အကွက်ချရောင်းချမှုများကို ရပ်တန့်ရန် တိုင်းအစိုးရက တားမြစ် - Property News in Myanmar from iMyanmarHouse.com
21 Aug 2020 10:51 am တွင် တင်ခဲ့သည်
758 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မန္တလေးတိုင်းဒေသကြီး အတွင်း ခွင့်ပြုချက်မရှိဘဲ လယ်မြေများကို အကွက်ချရောင်းချမူများ ရပ်တန့်ရန်နှင့်မရပ်တန့်ပါအရေးယူမည်ဟု မန္တလေးအစိုးရအဖွဲ့က တားမြစ်စာထုတ်ပြန်လိုက်သည်။

ထိုသို့ခွင့်ပြုချက်မရှိဘဲ မြေကွက်များ အကွက်ချရောင်းချနေမှုသည် မန္တလေး ၊ ပြင်ဦးလွင် ၊ ကျောက်ဆည် နှင့် မြင်းခြံခရိုင်တို့တွင် အများဆုံးဖြစ်သည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ ၅ ရက်နေ့စာရင်းများအရ ပြင်ဦးလွင်ခရိုင်တခုတည်းတွင် မြေဧက ၄၈၀ကျော်ရှိပြီး မန္တလေးခရိုင်တွင် ဧက ၁၆၀ကျော်ရှိသည်ဟု တိုင်းအစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်းက ပြောထားသည်။

ထိုသို့ခွင့်ပြုချက်မရဘဲ မြေဧက ၆၀၀ကျော်ကို အကွက်ရိုက်ရောင်းချခြင်း ၊ အဆောက်အဦးဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်းနှင့်မြေဖို့ခြင်းတို့ဆောင်ရွက်၍ လူ ၃၆၀ကျော် သတိပေးစာထုတ်ပြန်ခဲ့ရသည်ဟု ဝန်ကြီးကဆိုထားသည်။ ယခုလို ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်သူများကို သုံးကြိမ်တိုင်တိုင် သတိပေးခြင်းဖြစ်သည်ဟုဆိုသည်။ သုံးကြိမ်ကျော်လွန်၍ လယ်ယာမြေ ဥပဒေအရ အရေးယူထားသူမှာ ၁၀ဦးကျော်ရှိသည်ဟု တိုင်းအစိုးရကဆိုသည်။

လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရဘဲ အခြားနည်း သုံးစွဲခြင်း မပြုရန် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ တွင် ပြဋ္ဌာန်းပြီး ဖြစ်သည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးလှကျော်က လွှတ်တော်တွင်ဆိုထားသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများအနေဖြင့် စနစ်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်မှုမရှိဘဲ လိုက်နာရန် ပျက်ကွက်မည်ဆိုပါက လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ တွင်ပါရှိသော သတ်မှတ်ထားသည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊ လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံများ ဖယ်ရှားခြင်းစသည့် အမိန့်များကိုချမှတ်နိုင်သည်ဟု ဝန်ကြီးကဆိုသည်။

အဆိုပါအမိန့်များကို လိုက်နာခြင်းမရှိပါက လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ တရားရုံးတွင် ဦးတိုက်လျှောက်ထား၍ ပြစ်မှုထင်ရှားပါက လယ်ယာမြေဥပဒေပုဒ်မ ၃၅ တွင် ဖော်ပြပါရှိသည့်အတိုင်း အနည်းဆုံး ခြောက်လမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်ဖြစ်သည်။ ထိုပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားရှိပြီးဖြစ်သည် ဒုဝန်ကြီးကပြောထားသည်။

မန္တလေးမြို့အနီးနှင့်ပြင်ဦးလွင်မြို့အနီးတို့တွင် လယ်မြေများနှင့် ပုံစံ ၇ ရှိပြီးသား လယ်မြေများကို အကွက်ရိုက် ရောင်းချနေမှုများရှိသည်ဟု အိမ်ခြံမြေအကျိူုးဆောင်များကဆိုသည်။ ထိုမြေကွက်များကို ဖေ့ဘုတ်စသည့် အွန်လိုင်းစာမျက်နှာများမှ တဆင့်ရောင်းချမှုများလည်း အများအပြားရှိလာသည်ဟု ၎င်းတို့ကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မႏၲေလးတိုင္းတြင္ ခြင့္ျပခ်က္မ႐ွိဘဲ လယ္ေျမမ်ား အကြက္ခ်ေရာင္းခ်မႈမ်ားကို ရပ္တန္႔ရန္ တိုင္းအစိုးရက တားျမစ္

မႏၲေလးတိုင္းေဒသႀကီး အတြင္း ခြင့္ျပဳခ်က္မ႐ွိဘဲ လယ္ေျမမ်ားကို အကြက္ခ်ေရာင္းခ်မူမ်ား ရပ္တန္႔ရန္ႏွင့္မရပ္တန္႔ပါအေရးယူမည္ဟု မႏၲေလးအစိုးရအဖြဲ႕က တားျမစ္စာထုတ္ျပန္လိုက္သည္။

ထိုသို႔ခြင့္ျပဳခ်က္မ႐ွိဘဲ ေျမကြက္မ်ား အကြက္ခ်ေရာင္းခ်ေနမႈသည္ မႏၲေလး ၊ ျပင္ဦးလြင္ ၊ ေက်ာက္ဆည္ ႏွင့္ ျမင္းျခံခ႐ိုင္တို႔တြင္ အမ်ားဆုံးျဖစ္သည္ဟု မႏၲေလးတိုင္းအစိုးရအဖြဲ႕ထံမွ သိရသည္။

ဩဂုတ္လ ၅ ရက္ေန႔စာရင္းမ်ားအရ ျပင္ဦးလြင္ခ႐ိုင္တခုတည္းတြင္ ေျမဧက ၄၈၀ေက်ာ္႐ွိၿပီး မႏၲေလးခ႐ိုင္တြင္ ဧက ၁၆၀ေက်ာ္႐ွိသည္ဟု တိုင္းအစိုးရအဖြဲ႕ဝင္၊ စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီး ေဒါက္တာ စိုးသန္းက ေျပာထားသည္။

ထိုသို႔ခြင့္ျပဳခ်က္မရဘဲ ေျမဧက ၆၀၀ေက်ာ္ကို အကြက္႐ိုက္ေရာင္းခ်ျခင္း ၊ အေဆာက္အဦးေဆာက္လုပ္ျခင္း၊ လမ္းေဖာက္ျခင္းႏွင့္ေျမဖို႔ျခင္းတို႔ေဆာင္႐ြက္၍ လူ ၃၆၀ေက်ာ္ သတိေပးစာထုတ္ျပန္ခဲ့ရသည္ဟု ဝန္ႀကီးကဆိုထားသည္။ ယခုလို ခြင့္ျပဳခ်က္မ႐ွိဘဲ ေဆာင္႐ြက္သူမ်ားကို သုံးႀကိမ္တိုင္တိုင္ သတိေပးျခင္းျဖစ္သည္ဟုဆိုသည္။ သုံးႀကိမ္ေက်ာ္လြန္၍ လယ္ယာေျမ ဥပေဒအရ အေရးယူထားသူမွာ ၁၀ဦးေက်ာ္႐ွိသည္ဟု တိုင္းအစိုးရကဆိုသည္။

လယ္ယာေျမေပၚတြင္ ခြင့္ျပဳခ်က္မရဘဲ အျခားနည္း သုံးစြဲျခင္း မျပဳရန္ ၂၀၁၂ ခုႏွစ္ လယ္ယာေျမ ဥပေဒပုဒ္မ ၁၂ တြင္ ျပ႒ာန္းၿပီး ျဖစ္သည္ဟု စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ဒုတိယဝန္ႀကီး ဦးလွေက်ာ္က လႊတ္ေတာ္တြင္ဆိုထားသည္။

လယ္ယာေျမလုပ္ပိုင္ခြင့္ ရ႐ွိသူမ်ားအေနျဖင့္ စနစ္ပါ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေဆာင္႐ြက္မႈမ႐ွိဘဲ လိုက္နာရန္ ပ်က္ကြက္မည္ဆိုပါက လယ္ယာေျမ ဥပေဒပုဒ္မ ၁၉ တြင္ပါ႐ွိေသာ သတ္မွတ္ထားသည့္ ဒဏ္ေၾကးေငြ ေပးေဆာင္ေစျခင္း၊ သတ္မွတ္ထားသည့္ နည္းလမ္းအတိုင္း လယ္ယာေျမကို ေဆာင္႐ြက္ေစျခင္း၊ လယ္ယာေျမေပၚမွ ႏွင္ထုတ္ထိုက္သူမ်ားကို ႏွင္ထုတ္ျခင္း၊ လယ္ယာေျမေပၚတြင္ ခြင့္ျပဳခ်က္မရဘဲ ေဆာက္လုပ္ထားသည့္ အေဆာက္အအုံမ်ား ဖယ္႐ွားျခင္းစသည့္ အမိန္႔မ်ားကိုခ်မွတ္ႏိုင္သည္ဟု ဝန္ႀကီးကဆိုသည္။

အဆိုပါအမိန္႔မ်ားကို လိုက္နာျခင္းမ႐ွိပါက လယ္ယာေျမဥပေဒပုဒ္မ ၂၀ အရ တရား႐ုံးတြင္ ဦးတိုက္ေလွ်ာက္ထား၍ ျပစ္မႈထင္႐ွားပါက လယ္ယာေျမဥပေဒပုဒ္မ ၃၅ တြင္ ေဖာ္ျပပါ႐ွိသည့္အတိုင္း အနည္းဆုံး ေျခာက္လမွ အမ်ားဆုံးႏွစ္ႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမည္ျဖစ္သည္။ ထိုျပင္ အနည္းဆုံး က်ပ္သုံးသိန္းမွ အမ်ားဆုံး က်ပ္ငါးသိန္းအထိ ေငြဒဏ္ခ်မွတ္ႏိုင္သည္ဟု ျပ႒ာန္းထား႐ွိၿပီးျဖစ္သည္ ဒုဝန္ႀကီးကေျပာထားသည္။

မႏၲေလးၿမိဳ႕အနီးႏွင့္ျပင္ဦးလြင္ၿမိဳ႕အနီးတို႔တြင္ လယ္ေျမမ်ားႏွင့္ ပုံစံ ၇ ႐ွိၿပီးသား လယ္ေျမမ်ားကို အကြက္႐ိုက္ ေရာင္းခ်ေနမႈမ်ား႐ွိသည္ဟု အိမ္ျခံေျမအက်ိဴုးေဆာင္မ်ားကဆိုသည္။ ထိုေျမကြက္မ်ားကို ေဖ့ဘုတ္စသည့္ အြန္လိုင္းစာမ်က္ႏွာမ်ားမွ တဆင့္ေရာင္းခ်မႈမ်ားလည္း အမ်ားအျပား႐ွိလာသည္ဟု ၎တို႔ကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service