ကန်ဒေါ်လာ ၁၇ ဘီလီယံတန်ကြေးရှိ ရတနာများပါသော ရှေးခေတ်ကုန်တင်ရွက်သင်္ဘောကြီး ရှာဖွေတွေ့ရှိ

ကန်ဒေါ်လာ ၁၇ ဘီလီယံတန်ကြေးရှိ ရတနာများပါသော ရှေးခေတ်ကုန်တင်ရွက်သင်္ဘောကြီး ရှာဖွေတွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
20 Aug 2020 12:23 pm တွင် တင်ခဲ့သည်
7014 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၂၀၁၅ ခုနှစ်အတွင်း စက်ရုပ် ရေငုပ်သင်္ဘော (မောင်းသူမဲ့) တစ်စင်းဖြင့် ကာရစ်ဘီယံပင်လယ်အတွင်း ကုန်တင်ရွက်သင်္ဘောကြီး တစ်စင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါရွက်သင်္ဘောကြီးတွင် ကန်ဒေါ်လာ ၁၇ ဘီလီယံတန်ကြေးရှိသည်ဟု ခန့်မှန်းရသည့် ရတနာများ ပါဝင်နေသည်ဟု ဆိုသည်။

လှေကြီး၏ အမည်မှာ ဆန်ဂျို့စ် (San Jose) ဟု အမည်ရပြီး လွန်ခဲ့သောနှစ်ပေါင်း ၃၁၀ က နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

ယခုရှာဖွေတွေ့ရှိခဲ့သော ရွက်သင်္ဘောကြီးကို သင်္ဘောပျက်များ၏ holy grail ဟု အမည်ပေးထားသည်။ holy grail မှာ ယေရှုခရစ်၏ နောက်ဆုံးညစာစားပွဲတွင် အသုံးပြုခဲ့သော ပန်းကန်ခွက်ယောက်ကို ဆိုလိုခြင်း ဖြစ်သည်။ ဆန်ဂျို့စ် ရွက်သင်္ဘောကြီးကို ပိုင်ဆိုင်ခဲ့သည်မှာ စပိန်ရေတပ်မှဖြစ်သည်။

စစ်ပွဲအတွင်း ကိုလံဘီယာနိုင်ငံ၊ ကာတာဂျီနာ ကမ်းလွန်ပင်လယ်ပြင်တွင် ဗြိတိသျှ ရေတပ်သင်္ဘောများက နှစ်မြှုပ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

နစ်မြှုပ်ခဲ့သည်မှာ ၁၇၀၈ ခုနှစ်တွင်ဖြစ်ပြီး ယနေ့ခေတ်တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၇ ဘီလီယံ တန်ကြေးရှိသော ရွှေ၊ ငွေနှင့် မြတို့ သယ်ဆောင်သွားရင်း နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

Woods Hole Oceanographic Institute မှ သုတေသန အင်ဂျင်နီယာ ဂျက်ဖ်ကေလီက ၂၀၁၅ ခုနှစ်အတွင်းက ထုတ်ဖော်ပြောကြား ခဲ့ရာတွင် သူသည် ကာရစ်ဘီယံ ပင်လယ်အတွင်း စက်ရုပ် ရေငုပ်သင်္ဘောဖြစ်သော Remus 6000 ကို အသုံးပြုပြီး ရွက်သင်္ဘောကြီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

Remus 6000 သည် ရေအနက် ၄ မိုင်နီးပါးအထိ အာရုံခံ ကိရိယာများ ၊ ကင်မရာများတပ်ဆင်ကာ ရေငုပ်နိုင်စွမ်းရှိပြီး သမုဒ္ဒရာ ကြမ်းပြင်သို့ နစ်မြှုပ်သွားသည့် သင်္ဘောများကို ရှာဖွေနိုင်စွမ်းရှိသည်။

ဂျက်ဖ်ကေလီတို့အဖွဲ့သည် သမုဒ္ဒရာကြမ်းပြင်တွင် လင်းပိုင်တံဆိပ် ကြေးအမြှောက်ကြီးများ ၆၂ လက် ရှာဖွေတွေ့ရှိခဲ့ရာ အဆိုပါသင်္ဘောမှာ စပိန်သင်္ဘောအဖြစ် အတည်ပြုခဲ့ကြသည်။

ထိုသို့ တွေ့ရှိချိန်တွင် ၁၀ မိနစ်ခန့် ထိုင်ပြုံးနေမိခဲ့ကြောင်း ဂျက်ဖ်ကေလီက ၂၀၁၈ ခုနှစ်အတွင်းတွင် ပြောကြားခဲ့ဖူးသည်။ ထိုအချိန်က ရွက်သင်္ဘောကြီးကို ရှာဖွေပြီဖြစ်ကြောင်း သိလိုက်သူမှာ ကမ္ဘာပေါ်တွင် သူတစ်ဦးတည်းသာ ရှိသည်။

ရွက်သင်္ဘောသည် ပင်လယ်ရေပြင်အောက် ပေ ၂၀၀၀ အနက်တွင် တည်ရှိနေခြင်းဖြစ်သည်။ သင်္ဘောကြီးတွင် ပါဝင်သည့်ပစ္စည်းများ၏ တန်ကြေးမည်မျှရှိသည်ကို ၎င်းတို့အဖွဲ့ သိလိုက်ရချိန်တွင် တည်နေရာ အတိအကျကို လျှို့ဝှက်ထားခဲ့ကြသည်။

ဂျက်ဖ်ကေလီတို့အဖွဲ့သည် ကိုလံဘီယာအစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်မှုများလည်း ပြုလုပ်ခဲ့ကြသည်။ ရွက်သင်္ဘောကြီးတွင် ရှေးဟောင်း လဘက်ရည်ခွက်များ၊ ကြွေထည်ပစ္စည်းများနှင့် အခြားလက်မှုပစ္စည်းများစွာလည်း တွေ့ရှိခဲ့ကြသည်။

လူသားတစ်ဦးကို စေလွှတ်ရန် အန္တရာယ်အလွန်များသည့် ပင်လယ်ရေအနက်များတွင် စက်ရုပ် ရေငုပ်သင်္ဘောက အဓိက အခရာဖြစ်ခဲ့ကြောင်း ဂျက်ဖ်ကေလီက ပြောကြားသည်။

ယခုအခါ ရွက်သင်္ဘောကြီးကို ကိုလံဘီယာနှင့် စပိန်အစိုးရတို့အကြား ပိုင်ဆိုင်မှုအငြင်းပွားလျက်ရှိကြသည်။

အဆိုပါ နှစ်နိုင်ငံလုံးက ၎င်းတို့သာ ပိုင်ရှင်အစစ်အမှန်ဖြစ်သည်ဟု အသီးသီး ပြောဆိုနေကြသည်။

ရှာဖွေတွေ့ရှိခဲ့သည့်အဖွဲ့က ပြောကြားရာတွင်မူ ၎င်းတို့သည် စူးစမ်းလေ့လာရေးသမားများသာဖြစ်ပြီး ရတနာမုဆိုးများ မဟုတ်ကြောင်း ပြောကြားကာ ရတနာများ ပိုင်ဆိုင်ခွင့် တောင်းဆိုထားခြင်း မရှိချေ။

လက်ရှိအချိန်ထိမူ ရွက်သင်္ဘောကြီးမှာ ပင်လယ်ရေအောက်တွင်သာ တည်ရှိနေဆဲ ဖြစ်သည်။

ဆန်ဂျို့စ် ရွက်သင်္ဘောကြီးသည် ပနားမားနိုင်ငံ၊ Portobelo ဆိပ်ကမ်းမြို့မှ ၁၇၀၈ ခုနှစ်၊ မေလကုန်ပိုင်းတွင် ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How the ‘holy grail of shipwrecks’ was found — with $17 billion in booty (marketwatch , War History)

 

[Zawgyi]

ကန္ေဒၚလာ ၁၇ ဘီလီယံတန္ေၾကးရွိ ရတနာမ်ားပါေသာ ေရွးေခတ္ကုန္တင္ရြက္သေဘၤာၾကီး ရွာေဖြေတြ႔ရွိ

၂၀၁၅ ခုႏွစ္အတြင္း စက္ရုပ္ ေရငုပ္သေဘၤာ (ေမာင္းသူမဲ့) တစ္စင္းျဖင့္ ကာရစ္ဘီယံပင္လယ္အတြင္း ကုန္တင္ရြက္သေဘၤာၾကီး တစ္စင္းကို ရွာေဖြေတြ႔ရွိခဲ့ျပီး အဆိုပါရြက္သေဘၤာၾကီးတြင္ ကန္ေဒၚလာ ၁၇ ဘီလီယံတန္ေၾကးရွိသည္ဟု ခန္႔မွန္းရသည့္ ရတနာမ်ား ပါဝင္ေနသည္ဟု ဆိုသည္။

ေလွၾကီး၏ အမည္မွာ ဆန္ဂ်ဳိ ႔စ္ (San Jose) ဟု အမည္ရျပီး လြန္ခဲ့ေသာႏွစ္ေပါင္း ၃၁၀ က နစ္ျမဳပ္သြားခဲ့ျခင္း ျဖစ္သည္။

ယခုရွာေဖြေတြ႔ရွိခဲ့ေသာ ရြက္သေဘၤာၾကီးကို သေဘၤာပ်က္မ်ား၏ holy grail ဟု အမည္ေပးထားသည္။ holy grail မွာ ေယရႈခရစ္၏ ေနာက္ဆံုးညစာစားပြဲတြင္ အသံုးျပဳခဲ့ေသာ ပန္းကန္ခြက္ေယာက္ကို ဆိုလိုျခင္း ျဖစ္သည္။ ဆန္ဂ်ဳိ ႔စ္ ရြက္သေဘၤာၾကီးကို ပိုင္ဆိုင္ခဲ့သည္မွာ စပိန္ေရတပ္မွျဖစ္သည္။

စစ္ပြဲအတြင္း ကိုလံဘီယာႏိုင္ငံ၊ ကာတာဂ်ီနာ ကမ္းလြန္ပင္လယ္ျပင္တြင္ ျဗိတိသွ် ေရတပ္သေဘၤာမ်ားက ႏွစ္ျမွဳပ္ျခင္းကို ခံခဲ့ရျခင္း ျဖစ္သည္။

နစ္ျမွဳပ္ခဲ့သည္မွာ ၁၇၀၈ ခုႏွစ္တြင္ျဖစ္ျပီး ယေန႔ေခတ္တန္ဖိုးအားျဖင့္ ကန္ေဒၚလာ ၁၇ ဘီလီယံ တန္ေၾကးရွိေသာ ေရႊ၊ ေငြႏွင့္ ျမတို႔ သယ္ေဆာင္သြားရင္း နစ္ျမဳပ္ခဲ့ျခင္း ျဖစ္သည္။

Woods Hole Oceanographic Institute မွ သုေတသန အင္ဂ်င္နီယာ ဂ်က္ဖ္ေကလီက ၂၀၁၅ ခုႏွစ္အတြင္းက ထုတ္ေဖာ္ေျပာၾကား ခဲ့ရာတြင္ သူသည္ ကာရစ္ဘီယံ ပင္လယ္အတြင္း စက္ရုပ္ ေရငုပ္သေဘၤာျဖစ္ေသာ Remus 6000 ကို အသံုးျပဳျပီး ရြက္သေဘၤာၾကီးကို ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

Remus 6000 သည္ ေရအနက္ ၄ မိုင္နီးပါးအထိ အာရံုခံ ကိရိယာမ်ား ၊ ကင္မရာမ်ားတပ္ဆင္ကာ ေရငုပ္ႏိုင္စြမ္းရွိျပီး သမုဒၵရာ ၾကမ္းျပင္သို႔ နစ္ျမွဳပ္သြားသည့္ သေဘၤာမ်ားကို ရွာေဖြႏိုင္စြမ္းရွိသည္။

ဂ်က္ဖ္ေကလီတို႔အဖြဲ႔သည္ သမုဒၵရာၾကမ္းျပင္တြင္ လင္းပိုင္တံဆိပ္ ေၾကးအေျမွာက္ၾကီးမ်ား ၆၂ လက္ ရွာေဖြေတြ႔ရွိခဲ့ရာ အဆိုပါသေဘၤာမွာ စပိန္သေဘၤာအျဖစ္ အတည္ျပဳခဲ့ၾကသည္။

ထိုသို႔ ေတြ႔ရွိခ်ိန္တြင္ ၁၀ မိနစ္ခန္႔ ထိုင္ျပံဳးေနမိခဲ့ေၾကာင္း ဂ်က္ဖ္ေကလီက ၂၀၁၈ ခုႏွစ္အတြင္းတြင္ ေျပာၾကားခဲ့ဖူးသည္။ ထိုအခ်ိန္က ရြက္သေဘၤာၾကီးကို ရွာေဖြျပီျဖစ္ေၾကာင္း သိလိုက္သူမွာ ကမၻာေပၚတြင္ သူတစ္ဦးတည္းသာ ရွိသည္။

ရြက္သေဘၤာသည္ ပင္လယ္ေရျပင္ေအာက္ ေပ ၂၀၀၀ အနက္တြင္ တည္ရွိေနျခင္းျဖစ္သည္။ သေဘၤာၾကီးတြင္ ပါဝင္သည့္ပစၥည္းမ်ား၏ တန္ေၾကးမည္မွ်ရွိသည္ကို ၎တို႔အဖြဲ႔ သိလိုက္ရခ်ိန္တြင္ တည္ေနရာ အတိအက်ကို လွ်ိဳ ႔ဝွက္ထားခဲ့ၾကသည္။

ဂ်က္ဖ္ေကလီတို႔အဖြဲ႔သည္ ကိုလံဘီယာအစိုးရႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္မႈမ်ားလည္း ျပဳလုပ္ခဲ့ၾကသည္။ ရြက္သေဘၤာၾကီးတြင္ ေရွးေဟာင္း လဘက္ရည္ခြက္မ်ား၊ ေၾကြထည္ပစၥည္းမ်ားႏွင့္ အျခားလက္မႈပစၥည္းမ်ားစြာလည္း ေတြ႔ရွိခဲ့ၾကသည္။

လူသားတစ္ဦးကို ေစလႊတ္ရန္ အႏၱရာယ္အလြန္မ်ားသည့္ ပင္လယ္ေရအနက္မ်ားတြင္ စက္ရုပ္ ေရငုပ္သေဘၤာက အဓိက အခရာျဖစ္ခဲ့ေၾကာင္း ဂ်က္ဖ္ေကလီက ေျပာၾကားသည္။

ယခုအခါ ရြက္သေဘၤာၾကီးကို ကိုလံဘီယာႏွင့္ စပိန္အစိုးရတို႔အၾကား ပိုင္ဆိုင္မႈအျငင္းပြားလ်က္ရွိၾကသည္။

အဆိုပါ ႏွစ္ႏိုင္ငံလံုးက ၎တို႔သာ ပိုင္ရွင္အစစ္အမွန္ျဖစ္သည္ဟု အသီးသီး ေျပာဆိုေနၾကသည္။

ရွာေဖြေတြ႔ရွိခဲ့သည့္အဖြဲ႔က ေျပာၾကားရာတြင္မူ ၎တို႔သည္ စူးစမ္းေလ့လာေရးသမားမ်ားသာျဖစ္ျပီး ရတနာမုဆိုးမ်ား မဟုတ္ေၾကာင္း ေျပာၾကားကာ ရတနာမ်ား ပိုင္ဆိုင္ခြင့္ ေတာင္းဆိုထားျခင္း မရွိေခ်။

လက္ရွိအခ်ိန္ထိမူ ရြက္သေဘၤာၾကီးမွာ ပင္လယ္ေရေအာက္တြင္သာ တည္ရွိေနဆဲ ျဖစ္သည္။

ဆန္ဂ်ဳိ ႔စ္ ရြက္သေဘၤာၾကီးသည္ ပနားမားႏိုင္ငံ၊ Portobelo ဆိပ္ကမ္းျမိဳ ႔မွ ၁၇၀၈ ခုႏွစ္၊ ေမလကုန္ပိုင္းတြင္ ထြက္ခြာခဲ့ျခင္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How the ‘holy grail of shipwrecks’ was found — with $17 billion in booty (marketwatch , War History)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service