တရုတ်ပြည်တွင် သိပ္ပံပညာရှင်တစ်ဦးကို မြို့တော်ဝန်အဖြစ် ခန့်အပ်
တရုတ်ပြည်တွင် သိပ္ပံပညာရှင်တစ်ဦးကို မြို့တော်ဝန်အဖြစ် ခန့်အပ် - Property News in Myanmar from iMyanmarHouse.com
20 Aug 2020 11:58 am တွင် တင်ခဲ့သည်
681 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်တောင်ပိုင်း စီးပွားရေးအချက်အခြာဒေသဖြစ်သော ကွမ်တုံပြည်နယ်တွင် နာမည်ကျော် semiconductor materials သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဝမ်ရှီအား လက်ထောက်မြို့တော်ဝန်အဖြစ် ခန့်အပ်လိုက်ကြောင်း Nanfang Daily သတင်းစာတွင် ဖော်ပြသည်။
ဝမ်ရှီသည် တရုတ်ပြည် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြီးခဲ့သောနှစ်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး တရုတ် သိပ္ပံအကယ်ဒမီတွင် ၂၀၀၉ ခုနှစ်ကတည်းက အဖွဲ့ဝင်ဖြစ်ခဲ့သည်။
ဝမ်ရှီသည် 6G (မိုဘိုင်းကွန်ရက် ဆဌမမျိုးဆက်) နည်းပညာသုတေသနကိုလည်း ဦးဆောင်ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်။
၂၀၁၉ ခုနှစ် ၊ နိုဝင်ဘာလအတွင်း 6G နည်းပညာကို လေ့လာမှုကို တရုတ်ပြည်တွင် တရားဝင်စတင်ခဲ့ရာ 6G နည်းပညာအတွက် ရုံး ၂ ရပ် ဖွဲ့စည်းခဲ့သည်။ ထိုသို့ဖွဲ့စည်းမှုကို ဝမ်ရှီက ဦးဆောင်မှုပေးခဲ့ပြီး မူဝါဒချမှတ်ပေးနိုင်သည့် အစိုးရအဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ သိပ္ပံပညာရှင် ၃၇ ဦး ပါဝင်ခဲ့သည်။
အချို့က ခန့်မှန်းထားရာတွင် 6G ကွန်ရက်၏ မြန်နှုန်းမှာ တစ်စက္ကန့်လျှင် 1TB အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
သိပ္ပံပညာရှင် ဝမ်ရှီသည် တရုတ်ပြည်၏ ပထမဆုံး Silicon on Insulator (SOI) wafers ကို ထုတ်လုပ်မည့်အဖွဲ့ကို ဦးဆောင်ခဲ့ဖူးသည်။
၂၀၁၃ ခုနှစ်အတွင်း ဝမ်ရှီနှင့် Semiconductor Manufacturing International တည်ထောင်သူ ကျန်းရူရှီးန်တို့သည် ရှန်ဟိုင်းမြို့တွင် ၁၂ လက်မ silicon wafers များ ထုတ်လုပ်မည့်စက်ရုံတည်ထောင်ရန် ကြိုးပမ်းခဲ့ကြသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: China's Guangdong Names Chip Scientist as Deputy Governor (yicaiglobal)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
INNO CITY
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service