တရုတ်နိုင်ငံရှိ ဂျပန်လုပ်ငန်းများ မြန်မာအပါအဝင် အာဆီယံကို ပြောင်းရွှေ့မည်ဖြစ်၍ စက်မှုဇုန်များအတွက် မြေယာများ အသင့်ပြင်ထားသင့်ဟုဆို

တရုတ်နိုင်ငံရှိ ဂျပန်လုပ်ငန်းများ မြန်မာအပါအဝင် အာဆီယံကို ပြောင်းရွှေ့မည်ဖြစ်၍ စက်မှုဇုန်များအတွက် မြေယာများ အသင့်ပြင်ထားသင့်ဟုဆို - Property News in Myanmar from iMyanmarHouse.com
18 Aug 2020 12:01 pm တွင် တင်ခဲ့သည်
1838 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်-တရုတ် တင်းမာမူများကြောင့် တရုတ်နိုင်ငံရှိ ဂျပန်စီးပွားရေးလုပ်ငန်းများသည် မြန်မာအပါအဝင် အာဆီယံနိုင်ငံများကို ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု ဂျပန်အပြည်ပြည်ဆိုင်ကုန်သွယ်ရေးအဖွဲ့ (JETRO)က ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထိုကြောင့်မြန်မာနိုင်ငံတွင်လည်း ထိုလုပ်ငန်းများကို ဆွဲဆောင်ရန်အတွက် မြေယာအပါအဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်အောင်ပြင်ဆင်ထားသည်ဟု စီးပွားရေးလုပ်ငန်းများက ဆိုသည်။

တရုတ်နိုင်ငံရှိ ဂျပန်စီးပွားရေးလုပ်ငန်းများသည် နောက်သုံးနှစ်အတွင်း ဗီယက်နမ်နိုင်ငံကို ၄၁ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံကို ၃၆ ဒသမ ၃ ရာခိုင်နှုန်းပြောင်းရွှေ့ချင်ကြသည်ဟုဆိုသည်။ မြန်မာနိုင်ငံကို မြေယာနှင့် အခြား အခြေခံအဆောက်အဦးလိုအပ်ချက်ကြောင့် ပြောင်းရွှေ့ရန် စိတ်ဝင်စားမှုနည်းနေသေးသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

၂၀၁၈ ကတည်းပင် အမေရိကန်-တရုတ် တင်းမာမှုကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းများက အာဆီယံနိုင်ငံများကို ရွှေ့ပြောင်းချင်ခြင်းဖြစ်သည်ဟုဆိုသည်။

အာဆီယံ နိုင်ငံများမှာ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူးနိုင်းနိုင်ငံတို့ဖြစ်သည်။

Keidanten ၏ ဂျပန်-မြန်မာစီးပွားရေးကော်မတီဥက္ကဋ္ဌ ကင်ဘိုဘာယာရှီက ကိုဗစ်ကပ် ရောဂါကြောင့် ကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံးရွှေ့ပြောင်းရန်ရှိနေပြီး မြန်မာနိုင်ငံသည် ဂျပန်စက်ရုံများ လာရောက်အခြေစိုက်ရန် နေရာကောင်းဖြစ်နေသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင်လည်း ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်ရန် မော်လမြိုင်တွင် အထူးစီးပွားဇုန်တစ်ခုကို တည်ထောင်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကဆိုထားသည်။

ထိုစီမံကိန်းကို ဂျပန်နိုင်ငံက အထူးစိတ်ဝင်စားပြီး မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ် ထိုစီမံကိန်းအတွက် ညှိနှိုင်းမည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ဧပြီ ကစတင်ပြီး ဂျပန်စီးပွားရေးလုပ် ငန်း ၃၄ ခုကို ခွင့်ပြုပေးခဲ့ပြီး ထိုလုပ်ငန်းများက အလုပ်အကိုင် ခြောက်သိန်းခွဲကျော်ကို ဖန်တီးနိုင်ခဲ့သည်ဟုပြောသည်။

ထို့စီမံကိန်းသည် မြန်မာနိုင်ငံကို မဟာမဲခေါင်ဒေသ အရှေ့အနောက် စီးပွားရေးစင်္ကြံကိုချိတ်ဆက်မည်ဖြစ်ပြီး ထိုအတွက် မွန်ပြည်နယ်အနောက်ကမ်းရိုးတစ်လျှောက်တွင် အထူးစီးပွားရေးဇုန်များကို ဖိတ်ခေါ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ပြောသည်။

“အထူးစီးပွားရေးဇုန်ဆိုရင် အခု ရှိနေပြီးသား ဇုန်တွေထက် ပိုကြီးမားပါတယ်။ ဒါတွေကို လုပ်ကိုင်မယ့် လုပ်ငန်းရှင်ကို မကြာခင် တင်ဒါ ခေါ်ယူသွားမယ်” ဟု ဝန်ကြီးကပြောသည်။

ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် စက်မှုဇုန်များအပြင် မြန်မာနိုင်ငံရှိ ပြည်တွင်း ဈေးကွက်ကို စိတ်ဝင်စားခြင်း၊ မြန်မာနိုင်ငံတွင် ထုတ်လုပ်၍ ပြည်ပဈေးကွက်သို့ တင်ပို့ခြင်းစသည့် လုပ်ငန်းများကို စိတ်ဝင်စားမှုရှိကြောင်း၊ လက်ရှိတွင် မြန်မာတွင် လုပ်ကိုင်နေသည့် ဂျပန် စက်ရုံပေါင်း ၄၂၀ ကျော်အထိရှိနေကာ ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် စက်ရုံမှစ၍ ကားအစိတ်အပိုင်းထုတ်လုပ်သည့် စက်ရုံများ အထိရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တ႐ုတ္ႏိုင္ငံ႐ွိ ဂ်ပန္လုပ္ငန္းမ်ား ျမန္မာအပါအဝင္ အာဆီယံကို ေျပာင္းေ႐ႊ႕မည္ျဖစ္၍ စက္မႈဇုန္မ်ားအတြက္ ေျမယာမ်ား အသင့္ျပင္ထားသင့္ဟုဆို

အေမရိကန္-တ႐ုတ္ တင္းမာမူမ်ားေၾကာင့္ တ႐ုတ္ႏိုင္ငံ႐ွိ ဂ်ပန္စီးပြားေရးလုပ္ငန္းမ်ားသည္ ျမန္မာအပါအဝင္ အာဆီယံႏိုင္ငံမ်ားကို ေ႐ႊ႕ေျပာင္းရန္ စီစဥ္ေနသည္ဟု ဂ်ပန္အျပည္ျပည္ဆိုင္ကုန္သြယ္ေရးအဖြဲ႕ (JETRO)က ထုတ္ျပန္ေသာ အစီရင္ခံစာတြင္ေဖာ္ျပထားသည္။

ထိုေၾကာင့္ျမန္မာႏိုင္ငံတြင္လည္း ထိုလုပ္ငန္းမ်ားကို ဆြဲေဆာင္ရန္အတြက္ ေျမယာအပါအဝင္ စီးပြားေရးလုပ္ငန္းမ်ား လုပ္ကိုင္ႏိုင္ေအာင္ျပင္ဆင္ထားသည္ဟု စီးပြားေရးလုပ္ငန္းမ်ားက ဆိုသည္။

တ႐ုတ္ႏိုင္ငံ႐ွိ ဂ်ပန္စီးပြားေရးလုပ္ငန္းမ်ားသည္ ေနာက္သုံးႏွစ္အတြင္း ဗီယက္နမ္ႏိုင္ငံကို ၄၁ ရာခိုင္ႏႈန္း၊ ထိုင္းႏိုင္ငံကို ၃၆ ဒသမ ၃ ရာခိုင္ႏႈန္းေျပာင္းေ႐ႊ႕ခ်င္ၾကသည္ဟုဆိုသည္။ ျမန္မာႏိုင္ငံကို ေျမယာႏွင့္ အျခား အေျခခံအေဆာက္အဦးလိုအပ္ခ်က္ေၾကာင့္ ေျပာင္းေ႐ႊ႕ရန္ စိတ္ဝင္စားမႈနည္းေနေသးသည္ဟု လုပ္ငန္း႐ွင္မ်ားက ဆိုသည္။

၂၀၁၈ ကတည္းပင္ အေမရိကန္-တ႐ုတ္ တင္းမာမႈေၾကာင့္ ဂ်ပန္စီးပြားေရးလုပ္ငန္းမ်ားက အာဆီယံႏိုင္ငံမ်ားကို ေ႐ႊ႕ေျပာင္းခ်င္ျခင္းျဖစ္သည္ဟုဆိုသည္။

အာဆီယံ ႏိုင္ငံမ်ားမွာ ထိုင္း၊ ဗီယက္နမ္၊ ကေမ႓ာဒီးယား၊ လာအို၊ ျမန္မာ၊ စင္ကာပူ၊ မေလး႐ွား၊ အင္ဒိုနီး႐ွား၊ ဖိလစ္ပိုင္ႏွင့္ ဘ႐ူးႏိုင္းႏိုင္ငံတို႔ျဖစ္သည္။

Keidanten ၏ ဂ်ပန္-ျမန္မာစီးပြားေရးေကာ္မတီဥကၠ႒ ကင္ဘိုဘာယာ႐ွီက ကိုဗစ္ကပ္ ေရာဂါေၾကာင့္ ကုန္ထုတ္လုပ္မႈ ကြင္းဆက္တစ္ခုလုံးေ႐ႊ႕ေျပာင္းရန္႐ွိေနၿပီး ျမန္မာႏိုင္ငံသည္ ဂ်ပန္စက္႐ုံမ်ား လာေရာက္အေျခစိုက္ရန္ ေနရာေကာင္းျဖစ္ေနသည္ဟုဆိုသည္။

ျမန္မာႏိုင္ငံတြင္လည္း ဂ်ပန္ႏိုင္ငံမွ စီးပြားေရးလုပ္ငန္းမ်ားကို ဆြဲေဆာင္ရန္ ေမာ္လၿမိဳင္တြင္ အထူးစီးပြားဇုန္တစ္ခုကို တည္ေထာင္မည္ဟု အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကဆိုထားသည္။

ထိုစီမံကိန္းကို ဂ်ပန္ႏိုင္ငံက အထူးစိတ္ဝင္စားၿပီး ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံအမတ္ ထိုစီမံကိန္းအတြက္ ညႇိႏိႈင္းမည္ဟုဆိုသည္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၆ ဧၿပီ ကစတင္ၿပီး ဂ်ပန္စီးပြားေရးလုပ္ ငန္း ၃၄ ခုကို ခြင့္ျပဳေပးခဲ့ၿပီး ထိုလုပ္ငန္းမ်ားက အလုပ္အကိုင္ ေျခာက္သိန္းခြဲေက်ာ္ကို ဖန္တီးႏိုင္ခဲ့သည္ဟုေျပာသည္။

ထို႔စီမံကိန္းသည္ ျမန္မာႏိုင္ငံကို မဟာမဲေခါင္ေဒသ အေ႐ွ႕အေနာက္ စီးပြားေရးစႀကႍကိုခ်ိတ္ဆက္မည္ျဖစ္ၿပီး ထိုအတြက္ မြန္ျပည္နယ္အေနာက္ကမ္း႐ိုးတစ္ေလွ်ာက္တြင္ အထူးစီးပြားေရးဇုန္မ်ားကို ဖိတ္ေခၚသြားမည္ဟု ျပည္ေထာင္စုဝန္ႀကီး ဦးေသာင္းထြန္း ေျပာသည္။

“အထူးစီးပြားေရးဇုန္ဆိုရင္ အခု ႐ွိေနၿပီးသား ဇုန္ေတြထက္ ပိုႀကီးမားပါတယ္။ ဒါေတြကို လုပ္ကိုင္မယ့္ လုပ္ငန္း႐ွင္ကို မၾကာခင္ တင္ဒါ ေခၚယူသြားမယ္” ဟု ဝန္ႀကီးကေျပာသည္။

ဂ်ပန္ စီးပြားေရး လုပ္ငန္း႐ွင္မ်ား အေနျဖင့္ စက္မႈဇုန္မ်ားအျပင္ ျမန္မာႏိုင္ငံ႐ွိ ျပည္တြင္း ေဈးကြက္ကို စိတ္ဝင္စားျခင္း၊ ျမန္မာႏိုင္ငံတြင္ ထုတ္လုပ္၍ ျပည္ပေဈးကြက္သို႔ တင္ပို႔ျခင္းစသည့္ လုပ္ငန္းမ်ားကို စိတ္ဝင္စားမႈ႐ွိေၾကာင္း၊ လက္႐ွိတြင္ ျမန္မာတြင္ လုပ္ကိုင္ေနသည့္ ဂ်ပန္ စက္႐ုံေပါင္း ၄၂၀ ေက်ာ္အထိ႐ွိေနကာ ေခါက္ဆြဲေျခာက္ ထုတ္လုပ္သည့္ စက္႐ုံမွစ၍ ကားအစိတ္အပိုင္းထုတ္လုပ္သည့္ စက္႐ုံမ်ား အထိ႐ွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service