ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အငှားအိမ်ရာများ ဆက်လက် တည်ဆောက်လျက်ရှိ

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အငှားအိမ်ရာများ ဆက်လက် တည်ဆောက်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
18 Aug 2020 11:01 am တွင် တင်ခဲ့သည်
1167 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ငံတော်မှ ဝင်ငွေနည်း ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် အငှားအိမ်ရာများ ဆက်လက် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ် မြေတိုင်းရပ်ကွက် ၇၃၊ မြနန္ဒာလမ်းတွင် ရန်ကုန်တိုင်း ဒေသကြီး၏ နိုင်ငံ့ဝန်ထမ်းများ အတွက် အငှားအိမ်ရာ တိုက် ၆ လုံးအား စက်တင်ဘာလတွင် ပြီးစီးရန် လျာထား ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ယင်းနေရာ၌ တစ်တိုက်လျှင် တစ်လွှာ၊ ၈ ခန်းဖြင့် ၅ ထပ်တိုက် ၈ ခုအား တည်ဆောက်လျက်ရှိပြီး ယခု ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ တိုက် ၆ လုံးကို ဆက်လက်တည်ဆောက်နေခြင်းဖြစ်ရာ COVID-19 ရောဂါကြောင့် ဧပြီလတွင် လုပ်ငန်းရပ်နားခဲ့ပြီး ဇွန်လပိုင်းတွင် တည်ဆောက်မှု ပြန်လည် စတင်ခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၁၅ ရက်တွင် လုပ်ငန်းများ တစ်ပြိုင်နက်တည်း ပြီးစီးရန် ရည်ရွယ်ထားကြောင်း အဆိုပါ အိမ်ရာများတာဝန်ယူတည်ဆောက်နေသည့် Super Golden King ဆောက်လုပ်ရေး ကုမ္ပဏီမှအင်ဂျင်နီယာ ဒေါ်အေးအေးနိုင်က ဩဂုတ် ၁၅ ရက်တွင် ပြောသည်။

“ကျွန်မတို့အခု တည်ဆောက်နေတဲ့ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို စက်တင်ဘာ ၁၅ ရက်ဘတ်ဂျက်အပြီး တည်ဆောက်နေပါတယ်။ မိမိနိုင်ငံရဲ့ဝန်ထမ်းများ နေထိုင်မှာ ဖြစ်တဲ့အတွက် စေတနာထားပြီး ဌာနက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းမီအောင် တည်ဆောက်ထားတာပါ။ ပထမပိုင်း အခက်အခဲရှိပေမယ့် အခုအားလုံး အဆင်ပြေပါတယ်” ဟု ၎င်းကပြောသည်။

ယင်းတိုက်ခန်းများ၏ ပုံစံမှာတူညီပြီး တိုက်တစ်တိုက်လျှင် ၉၆ ပေ x ၄၇ ပေ အကျယ်၊ အမြင့် ၄၆ ပေရှိ၍ တစ်ခန်းလျှင် ပေ ၂၀ ပတ်လည်အကျယ်ဖြင့် သန့်စင်ခန်းနှင့် ဘေဇင်ပါရှိလျက် အခန်းအပြင်တွင် အရှည် ၁၀ ပေနှင့် အနံ ၄ ပေရှိ သော ဝရံတာတစ်ခုလည်းပါရှိကြောင်း သိရသည်။

ရှစ်ခန်းတွဲ ၅ ထပ်တိုက် တစ်လွှာလျှင် အခန်း ၈ ခန်း ပါရှိသောကြောင့် တစ်တိုက်လျှင် အခန်း ၄၀ ပါရှိ၍ တိုက် ၈ တိုက်ဖြစ်သည့်အတွက် ဝန်ထမ်းပေါင်း ၃၂၀ နေထိုင်နိုင်ကာ ဆက်လက် တည်ဆောက်နေသော ၈ ခန်းတွဲ ၅ ထပ်တိုက် ၆ လုံးပြီးစီးပါက နိုင်ငံ့ဝန်ထမ်း ၂၄၀ ဦး နေထိုင်နိုင်မည် ဖြစ်သောကြောင့် တိုက် ၁၄ လုံးတွင် စုစုပေါင်း ၅၆၀ ဦးနေထိုင်နိုင်မည် ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတည်ဆောက်ခြင်း စီမံကိန်းအား နိုင်ငံတော်၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်လျက် ရှိသည်။

ထိုအိမ်ရာ တည်ဆောက်မှုတွင် ရေနှင့် လျှပ်စစ်မီးကဏ္ဍ တစ်ဆက်တည်းပါရှိပြီး တည်ဆောက်မှု ပြီးစီးပါက အိမ်ရာဧရိယာအား အုတ်အပြည့်နှင့် ခြံစည်းရိုး ကာရံခြင်း၊ အိမ်ရာဝင်းအလယ် Main လမ်းမ မြေသားလမ်းနှင့် Box Culvert တည်ဆောက်ခြင်း၊ Car Parking ပြုလုပ်ခြင်း၊ မြေသားလမ်း ပြုလုပ်ခြင်းနှင့် ရေမြောင်း ပြုလုပ်ခြင်းတို့ကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အစိုးရအနေဖြင့် ဝင်ငွေနည်းပါးသော ပြည်သူများနှင့် အငြိမ်းစား ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းများနည်းတူ ခံစားခွင့်ရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အခန်းပေါင်း တစ်သောင်းကျော်ကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ အိမ်ခန်းပေါင်း ၆၀၀၀ ကျော်၊ မန္တလေးတွင် အိမ်ခန်းပေါင်း ၃၀၀၀ ကျော်နှင့် နေပြည်တော်တွင် အိမ်ခန်းပေါင်း ၇၀၀ ကျော်ကို တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ တည်ဆောက်ခြင်းသည် COVID-19 ကာလ၌ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ စီးပွားရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဝင်ငွေနည်း ပြည်သူများ နေထိုင်မှုအဆင်ပြေစေရန် နိုင်ငံတော်မှ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္တြင္ အငွားအိမ္ရာမ်ား ဆက္လက္ တည္ေဆာက္လ်က္႐ွိ

ႏိုင္ငံေတာ္မွ ဝင္ေငြနည္း ျပည္သူမ်ား၊ အၿငိမ္းစား ဝန္ထမ္းမ်ားႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္တြင္ အငွားအိမ္ရာမ်ား ဆက္လက္ တည္ေဆာက္လ်က္႐ွိေၾကာင္း သိရသည္။

အဆိုပါ ၿမိဳ႕နယ္ ေျမတိုင္းရပ္ကြက္ ၇၃၊ ျမနႏၵာလမ္းတြင္ ရန္ကုန္တိုင္း ေဒသႀကီး၏ ႏိုင္ငံ့ဝန္ထမ္းမ်ား အတြက္ အငွားအိမ္ရာ တိုက္ ၆ လုံးအား စက္တင္ဘာလတြင္ ၿပီးစီးရန္ လ်ာထား ေဆာက္႐ြက္လ်က္႐ွိေၾကာင္း သိရသည္။

လက္႐ွိတြင္ ယင္းေနရာ၌ တစ္တိုက္လွ်င္ တစ္လႊာ၊ ၈ ခန္းျဖင့္ ၅ ထပ္တိုက္ ၈ ခုအား တည္ေဆာက္လ်က္႐ွိၿပီး ယခု ၂၀၂၀ ျပည့္ႏွစ္၊ မတ္လမွစ၍ တိုက္ ၆ လုံးကို ဆက္လက္တည္ေဆာက္ေနျခင္းျဖစ္ရာ COVID-19 ေရာဂါေၾကာင့္ ဧၿပီလတြင္ လုပ္ငန္းရပ္နားခဲ့ၿပီး ဇြန္လပိုင္းတြင္ တည္ေဆာက္မႈ ျပန္လည္ စတင္ခဲ့ျခင္းျဖစ္ကာ စက္တင္ဘာ ၁၅ ရက္တြင္ လုပ္ငန္းမ်ား တစ္ၿပိဳင္နက္တည္း ၿပီးစီးရန္ ရည္႐ြယ္ထားေၾကာင္း အဆိုပါ အိမ္ရာမ်ားတာဝန္ယူတည္ေဆာက္ေနသည့္ Super Golden King ေဆာက္လုပ္ေရး ကုမၸဏီမွအင္ဂ်င္နီယာ ေဒၚေအးေအးႏိုင္က ဩဂုတ္ ၁၅ ရက္တြင္ ေျပာသည္။

“ကြၽန္မတို႔အခု တည္ေဆာက္ေနတဲ့ ႏိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာကို စက္တင္ဘာ ၁၅ ရက္ဘတ္ဂ်က္အၿပီး တည္ေဆာက္ေနပါတယ္။ မိမိႏိုင္ငံရဲ႕ဝန္ထမ္းမ်ား ေနထိုင္မွာ ျဖစ္တဲ့အတြက္ ေစတနာထားၿပီး ဌာနက သတ္မွတ္ထားတဲ့ စံခ်ိန္စံၫႊန္းမီေအာင္ တည္ေဆာက္ထားတာပါ။ ပထမပိုင္း အခက္အခဲ႐ွိေပမယ့္ အခုအားလုံး အဆင္ေျပပါတယ္” ဟု ၎ကေျပာသည္။

ယင္းတိုက္ခန္းမ်ား၏ ပုံစံမွာတူညီၿပီး တိုက္တစ္တိုက္လွ်င္ ၉၆ ေပ x ၄၇ ေပ အက်ယ္၊ အျမင့္ ၄၆ ေပ႐ွိ၍ တစ္ခန္းလွ်င္ ေပ ၂၀ ပတ္လည္အက်ယ္ျဖင့္ သန္႔စင္ခန္းႏွင့္ ေဘဇင္ပါ႐ွိလ်က္ အခန္းအျပင္တြင္ အ႐ွည္ ၁၀ ေပႏွင့္ အနံ ၄ ေပ႐ွိ ေသာ ဝရံတာတစ္ခုလည္းပါ႐ွိေၾကာင္း သိရသည္။

႐ွစ္ခန္းတြဲ ၅ ထပ္တိုက္ တစ္လႊာလွ်င္ အခန္း ၈ ခန္း ပါ႐ွိေသာေၾကာင့္ တစ္တိုက္လွ်င္ အခန္း ၄၀ ပါ႐ွိ၍ တိုက္ ၈ တိုက္ျဖစ္သည့္အတြက္ ဝန္ထမ္းေပါင္း ၃၂၀ ေနထိုင္ႏိုင္ကာ ဆက္လက္ တည္ေဆာက္ေနေသာ ၈ ခန္းတြဲ ၅ ထပ္တိုက္ ၆ လုံးၿပီးစီးပါက ႏိုင္ငံ့ဝန္ထမ္း ၂၄၀ ဦး ေနထိုင္ႏိုင္မည္ ျဖစ္ေသာေၾကာင့္ တိုက္ ၁၄ လုံးတြင္ စုစုေပါင္း ၅၆၀ ဦးေနထိုင္ႏိုင္မည္ ျဖစ္သည္။

ႏိုင္ငံ့ဝန္ထမ္း အငွားအိမ္ရာတည္ေဆာက္ျခင္း စီမံကိန္းအား ႏိုင္ငံေတာ္၏ လမ္းၫႊန္မႈ၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ႀကီးၾကပ္မႈျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရး ဦးစီးဌာနမွ တည္ေဆာက္လ်က္ ႐ွိသည္။

ထိုအိမ္ရာ တည္ေဆာက္မႈတြင္ ေရႏွင့္ လွ်ပ္စစ္မီးက႑ တစ္ဆက္တည္းပါ႐ွိၿပီး တည္ေဆာက္မႈ ၿပီးစီးပါက အိမ္ရာဧရိယာအား အုတ္အျပည့္ႏွင့္ ျခံစည္း႐ိုး ကာရံျခင္း၊ အိမ္ရာဝင္းအလယ္ Main လမ္းမ ေျမသားလမ္းႏွင့္ Box Culvert တည္ေဆာက္ျခင္း၊ Car Parking ျပဳလုပ္ျခင္း၊ ေျမသားလမ္း ျပဳလုပ္ျခင္းႏွင့္ ေရေျမာင္း ျပဳလုပ္ျခင္းတို႔ကို ဆက္လက္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အစိုးရအေနျဖင့္ ဝင္ေငြနည္းပါးေသာ ျပည္သူမ်ားႏွင့္ အၿငိမ္းစား ဝန္ထမ္းမ်ားအား ႏိုင္ငံ့ဝန္ထမ္းမ်ားနည္းတူ ခံစားခြင့္ရ႐ွိႏိုင္ေရးအတြက္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္တို႔တြင္ အခန္းေပါင္း တစ္ေသာင္းေက်ာ္ကို အေကာင္အထည္ေဖာ္ တည္ေဆာက္လ်က္႐ွိရာ ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၌ အိမ္ခန္းေပါင္း ၆၀၀၀ ေက်ာ္၊ မႏၲေလးတြင္ အိမ္ခန္းေပါင္း ၃၀၀၀ ေက်ာ္ႏွင့္ ေနျပည္ေတာ္တြင္ အိမ္ခန္းေပါင္း ၇၀၀ ေက်ာ္ကို တည္ေဆာက္လ်က္႐ွိေၾကာင္း သိရသည္။

ယခုကဲ့သို႔ တည္ေဆာက္ျခင္းသည္ COVID-19 ကာလ၌ ျပည္သူမ်ား အလုပ္အကိုင္ အခြင့္အလမ္းမ်ား ရ႐ွိေစရန္၊ စီးပြားေရး လုပ္ငန္းမ်ား အ႐ွိန္အဟုန္မပ်က္ တိုးတက္ေစရန္ႏွင့္ ႏိုင္ငံ့ဝန္ထမ္းမ်ားႏွင့္ ဝင္ေငြနည္း ျပည္သူမ်ား ေနထိုင္မႈအဆင္ေျပေစရန္ ႏိုင္ငံေတာ္မွ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service