ကူးစက်မှု ၁၀ ဆ ပိုမိုပြင်းထန်သော သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုး မလေးရှားတွင် တွေ့ရှိ

ကူးစက်မှု ၁၀ ဆ ပိုမိုပြင်းထန်သော သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်မျိုး မလေးရှားတွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
17 Aug 2020 11:37 am တွင် တင်ခဲ့သည်
1846 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မလေးရှားတွင် Sars- CoV-2 သန္ဓေပြောင်းဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါဗိုင်းရပ်စ်သည် ဝူဟန်တွင် စတင်တွေ့ရှိခဲ့သည့်မျိုးထက် ၁၀ ဆပိုမိုကူးစက်အား ပြင်းထန်သည်ဟု ဆိုသည်။

D614G ဟု အမည်ပေးထားသည့် သန္ဓေပြောင်းဗိုင်းရပ်စ်သည် မလေးရှားနိုင်ငံ၊ Sivagangga cluster ပျံ့ပွားမှုနေရာမှ ၃ ဦး၊ Ulu Tiram cluster ပျံ့ပွားမှုနေရာမှ ၁ ဦးတို့ထံမှ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အခြား ကိုရိုနာဗိုင်းရပ်စ်မျိုးများနှင့် နှိုင်းယှဉ်လျှင် D614G သန္ဓေပြောင်းဗိုင်းရပ်စ်သည် အသက်ရှူလမ်းကြောင်းတွင် ဗိုင်းရပ်စ်ပုံတူများ ပိုမို ထုတ်လုပ်နိုင်စွမ်းရှိကာ လူတစ်ဦးမှ တစ်ဦးသို့ ထိရောက်သည့်ကူးစက်မှုများ ပိုမိုဖြစ်ပွားစေနိုင်သည်ဟု ဆိုသည်။

G သန္ဓေပြောင်းဟုလည်း ခေါ်ဆိုကြသော D614G ကို ဇန်နဝါရီလအတွင်းက ပထမဆုံး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကတည်းကပင် မူရင်းမျိုးများဖြစ်သော L နှင့် S မျိုးကွဲများကို ဖြတ်ကျော်ကာ အားကောင်းသည့်မျိုးအဖြစ် တည်ရှိနေခဲ့သည်။

မလေးရှားကျန်းမာရေးဌာန အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Noor Hisham Abdullah က ဖေ့စ်ဘုတ်တွင် ရေးသားဖော်ပြခဲ့ရာ၌ D614G သန္ဓေပြောင်းဗိုင်းရပ်စ်ကို ဇူလိုင်လတွင် ပထမဆုံးစတင်တွေ့ရှိခဲ့ခြင်း (မလေးရှားတွင်) ဖြစ်ကြောင်း၊ လေ့လာချက်များအရ မည်သည့်ကာကွယ်ဆေးမဆို အဆိုပါမျိုးကို ကာကွယ်နိုင်ဖွယ်မရှိကြောင်း တွေ့ရသည်ဟု ရေးသားဖော်ပြခဲ့သည်။

“ဒီဗိုင်းရပ်စ်ဟာ လူတစ်ဦးနဲ့ တစ်ဦးကြား ကူးစက်မှု ၁၀ ဆပိုမိုပြင်းထန်တာ တွေ့ရပါတယ်။ အများအပြား ကူးစက်မှုကြီးတွေ ဖြစ်ပေါ်ခဲ့တဲ့ ၂ နေရာကတော့ ပြည်သူ့ကျန်းမာရေးအစီအမံအမျိုးမျိုးနဲ့ ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မလေးရှားမှာ D614G ဗိုင်းရပ်စ်မျိုးကို တွေ့နေရပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ နေဖို့လိုပါတယ်” ဟု ဒေါက်တာ Abdullah က ပြောကြားသည်။

ပြည်သူများအနေဖြင့် အကာအကွယ်အစီအမံများ ရယူကြရန်၊ လူမှုအလှမ်းခွာခြင်း၊ လက်ဆေးခြင်း၊ လူထူထပ်သည့်နေရာများသို့ သွားလာရာတွင် mask တပ်ခြင်းကဲ့သို့ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာကြရန်လည်း ဒေါက်တာ Abdullah က ပြောကြားသည်။

ဗိုင်းရပ်စ်စစ်ဆေးမှုများကို မလေးရှား ဆေးဝါးသုတေသနအင်စတီကျုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ Abdullah က ပြောကြားရာတွင် ယခုစမ်းသပ်တွေ့ရှိမှုသည် ကနဦးတစ်ကြိမ်တွေ့ရှိမှုသာဖြစ်ပြီး အခြားကူးစက်ခံရသူများကို စစ်ဆေးမှုများ ဆက်လက်ပေါ်ထွက်လာဦးမည်ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: '10 times more infectious' D614G coronavirus strain detected in Malaysia (The Star)

 

[Zawgyi]

ကူးစက္မႈ ၁၀ ဆ ပိုမိုျပင္းထန္ေသာ သေႏၶေျပာင္း ကို႐ိုနာဗိုင္းရပ္စ္မ်ိဳး မေလးရွားတြင္ ေတြ႕ရွိ

မေလးရွားတြင္ Sars- CoV-2 သေႏၶေျပာင္းဗိုင္းရပ္စ္ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး အဆိုပါဗိုင္းရပ္စ္သည္ ဝူဟန္တြင္ စတင္ေတြ႕ရွိခဲ့သည့္မ်ိဳးထက္ ၁၀ ဆပိုမိုကူးစက္အား ျပင္းထန္သည္ဟု ဆိုသည္။

D614G ဟု အမည္ေပးထားသည့္ သေႏၶေျပာင္းဗိုင္းရပ္စ္သည္ မေလးရွားႏိုင္ငံ၊ Sivagangga cluster ပ်ံ႕ပြားမႈေနရာမွ ၃ ဦး၊ Ulu Tiram cluster ပ်ံ႕ပြားမႈေနရာမွ ၁ ဦးတို႔ထံမွ စစ္ေဆးေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

အျခား ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ D614G သေႏၶေျပာင္းဗိုင္းရပ္စ္သည္ အသက္ရႉလမ္းေၾကာင္းတြင္ ဗိုင္းရပ္စ္ပုံတူမ်ား ပိုမို ထုတ္လုပ္ႏိုင္စြမ္းရွိကာ လူတစ္ဦးမွ တစ္ဦးသို႔ ထိေရာက္သည့္ကူးစက္မႈမ်ား ပိုမိုျဖစ္ပြားေစႏိုင္သည္ဟု ဆိုသည္။

G သေႏၶေျပာင္းဟုလည္း ေခၚဆိုၾကေသာ D614G ကို ဇန္နဝါရီလအတြင္းက ပထမဆုံး ေပၚေပါက္ခဲ့ျခင္းျဖစ္ၿပီး ထိုအခ်ိန္ကတည္းကပင္ မူရင္းမ်ိဳးမ်ားျဖစ္ေသာ L ႏွင့္ S မ်ိဳးကြဲမ်ားကို ျဖတ္ေက်ာ္ကာ အားေကာင္းသည့္မ်ိဳးအျဖစ္ တည္ရွိေနခဲ့သည္။

မေလးရွားက်န္းမာေရးဌာန အေထြေထြၫႊန္ၾကားေရးမႉး ေဒါက္တာ Noor Hisham Abdullah က ေဖ့စ္ဘုတ္တြင္ ေရးသားေဖာ္ျပခဲ့ရာ၌ D614G သေႏၶေျပာင္းဗိုင္းရပ္စ္ကို ဇူလိုင္လတြင္ ပထမဆုံးစတင္ေတြ႕ရွိခဲ့ျခင္း (မေလးရွားတြင္) ျဖစ္ေၾကာင္း၊ ေလ့လာခ်က္မ်ားအရ မည္သည့္ကာကြယ္ေဆးမဆို အဆိုပါမ်ိဳးကို ကာကြယ္ႏိုင္ဖြယ္မရွိေၾကာင္း ေတြ႕ရသည္ဟု ေရးသားေဖာ္ျပခဲ့သည္။

“ဒီဗိုင္းရပ္စ္ဟာ လူတစ္ဦးနဲ႔ တစ္ဦးၾကား ကူးစက္မႈ ၁၀ ဆပိုမိုျပင္းထန္တာ ေတြ႕ရပါတယ္။ အမ်ားအျပား ကူးစက္မႈႀကီးေတြ ျဖစ္ေပၚခဲ့တဲ့ ၂ ေနရာကေတာ့ ျပည္သူ႔က်န္းမာေရးအစီအမံအမ်ိဳးမ်ိဳးနဲ႔ ထိန္းခ်ဳပ္ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္ မေလးရွားမွာ D614G ဗိုင္းရပ္စ္မ်ိဳးကို ေတြ႕ေနရၿပီျဖစ္တာေၾကာင့္ ျပည္သူေတြအေနနဲ႔ သတိဝီရိယနဲ႔ ေနဖို႔လိုပါတယ္” ဟု ေဒါက္တာ Abdullah က ေျပာၾကားသည္။

ျပည္သူမ်ားအေနျဖင့္ အကာအကြယ္အစီအမံမ်ား ရယူၾကရန္၊ လူမႈအလွမ္းခြာျခင္း၊ လက္ေဆးျခင္း၊ လူထူထပ္သည့္ေနရာမ်ားသို႔ သြားလာရာတြင္ mask တပ္ျခင္းကဲ့သို႔ ထုတ္ျပန္ထားသည့္ စည္းကမ္းခ်က္မ်ားအတိုင္း လိုက္နာၾကရန္လည္း ေဒါက္တာ Abdullah က ေျပာၾကားသည္။

ဗိုင္းရပ္စ္စစ္ေဆးမႈမ်ားကို မေလးရွား ေဆးဝါးသုေတသနအင္စတီက်ဳက လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။ ေဒါက္တာ Abdullah က ေျပာၾကားရာတြင္ ယခုစမ္းသပ္ေတြ႕ရွိမႈသည္ ကနဦးတစ္ႀကိမ္ေတြ႕ရွိမႈသာျဖစ္ၿပီး အျခားကူးစက္ခံရသူမ်ားကို စစ္ေဆးမႈမ်ား ဆက္လက္ေပၚထြက္လာဦးမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: '10 times more infectious' D614G coronavirus strain detected in Malaysia (The Star)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service