Sputnik V ကိုဗစ်ကာကွယ်ဆေးသတင်းကြောင့် လေကြောင်းနှင့် ခရီးသွားကုမ္ပဏီများ ရှယ်ယာဈေးထိုးတက်

Sputnik V ကိုဗစ်ကာကွယ်ဆေးသတင်းကြောင့် လေကြောင်းနှင့် ခရီးသွားကုမ္ပဏီများ ရှယ်ယာဈေးထိုးတက် - Property News in Myanmar from iMyanmarHouse.com
14 Aug 2020 1:13 pm တွင် တင်ခဲ့သည်
898 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဟူသော သတင်းကြောင့် အမေရိကန်လေယာဉ် ကုမ္ပဏီကြီး Boeing နှင့် အခြားသော ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီတို့၏ ရှယ်ယာဈေးများ အင်္ဂါနေ့တွင် ထိုးတက်သွားခဲ့သည်။

Sputnik V ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ရက်သတ္တ ၂ ပတ်အတွင်း စတင်ထုတ်လုပ်တော့မည်ဟု ရုရှားနိုင်ငံက ကြေညာခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လအတွင်း လေယာဉ် အသစ်မှာယူမှု မရှိခဲ့ကြောင်း၊ 737 Max လေယာဉ် ၄၃ စင်းမှာယူထားမှုကိုလည်း ဖောက်သည်တို့က ဖျက်သိမ်းမှုများရှိခဲ့ကြောင်း Boeing က ထုတ်ပြန်သည်။

ပြီးခဲ့သောလအတွင်း Boeing သည် လေယာဉ် ၄ စင်းသာ တင်ပို့ခဲ့ရရာ 787 Dreamliner ၂ စင်း၊ 777 ၁ စင်းနှင့် 767 ကုန်တင်လေယာဉ် ၁ စင်းတို့ ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဒုတိယ ၃ လပတ်ကာလအတွင်း စုစုပေါင်း ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဂျက်လေယာဉ် အစင်း ၂၀ သာ တင်ပို့ခဲ့ရရာ ၁၉၇၇ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားရာတွင် Sputnik V ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်ရာတွင် ကြီးမားသည့် ကိုယ်ခံအားကို ပေးစွမ်းနိုင်ကြောင်း၊ မိမိ၏ သမီးဖြစ်သူလည်း ကာကွယ်ဆေး ထိုးထားခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

ရုရှားကျန်းမာရေးဌာနအကြီးအကဲတို့က အဆိုပါကာကွယ်ဆေးကို အောက်တိုဘာလတွင် စတင်ဖြန့်ဖြူးနိုင်ရန် စီစဉ်နေသည်။

ရုရှားနိုင်ငံသည် ကာကွယ်ဆေးတစ်ခုအတွက် လိုအပ်သည့် စမ်းသပ်ချက်ဖြစ်သော လူထောင်ပေါင်းများစွာ ပါဝင်သည့် အဆင့် ၃ စမ်းသပ်ချက်ကို မပြုလုပ်ဘဲ ယခုကဲ့သို့ ထုတ်လုပ်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ထုတ်ပြန်ရာတွင် အဆိုပါကာကွယ်ဆေးသည် ကာကွယ်ဆေးစမ်းသပ်မှုဆိုင်ရာ နိုင်ငံတကာစည်းမျဉ်းများကို လိုက်နာမှု ရှိ၊ မရှိ ရုရှားနှင့် ဆွေးနွေးနေကြောင်း ထုတ်ပြန်ထားသည်။

WHO က ထုတ်ပြန်ထားသော လက်ရှိ အဆင့် ၃ စမ်းသပ်မှု ပြုလုပ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ၆ ခုတွင် ရုရှား၏ Sputnik V ပါဝင်ခြင်း မရှိချေ။

ကမ္ဘာတစ်ဝန်းတွင် စမ်းသပ်ဆဲအဆင့်သာရှိသေးသည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပေါင်း ၁၀၀ ကျော်ရှိသည်။

ရုရှား၏ ကာကွယ်ဆေးနှင့် စပ်လျဉ်းပြီး ကမ္ဘာ့ဆေးပညာအသိုက်အဝန်းက သတိပေးမှုများရှိနေသည့်တိုင် Boeing နှင့် အခြားသော ခရီးသွားလုပ်ငန်းများ၏ ရှယ်ယာဈေးများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ဂျက်အင်ဂျင်ထုတ်လုပ်သည့် General Electric (GE) နှင့် Raytheon Technologies (RTX) တို့၏ ရှယ်ယာဈေးများမှာ ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၀ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့သည်။

Delta Air Lines (DAL) ၏ ရှယ်ယာဈေးမှာလည်း ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

Royal Caribbean Cruises (RCL) ၏ ၃ လပတ်အစီရင်ခံစာတွင် ဖော်ပြရာ၌ ၂၀၂၁ တွင် ထွက်ရှိမည့် ခရီးစဉ်များအတွက် ကြိုတင်စာရင်းပေးသွင်းမှုများ အလွန်များပြားခဲ့သည်ဟု ဆိုသည်။

Royal Caribbean ၏ ရှယ်ယာဈေးနှုန်းများမှာ ပြီးခဲ့သော အင်္ဂါနေ့က ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: More Boeing Orders Canceled; Aviation Stocks Mixed Amid 'Sputnik V' Risk (Investor’s Business Daily)

[Zawgyi]

Sputnik V ကိုဗစ္ကာကြယ္ေဆးသတင္းေၾကာင့္ ေလေၾကာင္းႏွင့္ ခရီးသြားကုမၸဏီမ်ား ရွယ္ယာေစ်းထိုးတက္

ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ျပီဟူေသာ သတင္းေၾကာင့္ အေမရိကန္ေလယာဥ္ ကုမၸဏီၾကီး Boeing ႏွင့္ အျခားေသာ ခရီးသြားလုပ္ငန္းဆိုင္ရာ ကုမၸဏီတို႔၏ ရွယ္ယာေစ်းမ်ား အဂၤ ါေန႔တြင္ ထိုးတက္သြားခဲ့သည္။

Sputnik V ဟု အမည္ေပးထားေသာ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ထုတ္လုပ္ႏိုင္ျပီျဖစ္ျပီး ရက္သတၱ ၂ ပတ္အတြင္း စတင္ထုတ္လုပ္ေတာ့မည္ဟု ရုရွားႏိုင္ငံက ေၾကညာခဲ့ျခင္း ျဖစ္သည္။

ဇူလိုင္လအတြင္း ေလယာဥ္ အသစ္မွာယူမႈ မရွိခဲ့ေၾကာင္း၊ 737 Max ေလယာဥ္ ၄၃ စင္းမွာယူထားမႈကိုလည္း ေဖာက္သည္တို႔က ဖ်က္သိမ္းမႈမ်ားရွိခဲ့ေၾကာင္း Boeing က ထုတ္ျပန္သည္။

ျပီးခဲ့ေသာလအတြင္း Boeing သည္ ေလယာဥ္ ၄ စင္းသာ တင္ပို႔ခဲ့ရရာ 787 Dreamliner ၂ စင္း၊ 777 ၁ စင္းႏွင့္ 767 ကုန္တင္ေလယာဥ္ ၁ စင္းတို႔ ျဖစ္သည္။

၂၀၂၀ ျပည့္ႏွစ္၊ ဒုတိယ ၃ လပတ္ကာလအတြင္း စုစုေပါင္း ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ဂ်က္ေလယာဥ္ အစင္း ၂၀ သာ တင္ပို႔ခဲ့ရရာ ၁၉၇၇ ခုႏွစ္ေနာက္ပိုင္း အနိမ့္ဆံုး ျဖစ္ခဲ့သည္။

ရုရွားသမၼတ ဗလာဒီမာ ပူတင္က ေျပာၾကားရာတြင္ Sputnik V ကာကြယ္ေဆးသည္ ကိုရိုနာဗိုင္းရပ္စ္ကို ရင္ဆိုင္ရာတြင္ ၾကီးမားသည့္ ကိုယ္ခံအားကို ေပးစြမ္းႏိုင္ေၾကာင္း၊ မိမိ၏ သမီးျဖစ္သူလည္း ကာကြယ္ေဆး ထိုးထားခဲ့ျပီျဖစ္ေၾကာင္း ေျပာၾကားသည္။

ရုရွားက်န္းမာေရးဌာနအၾကီးအကဲတို႔က အဆိုပါကာကြယ္ေဆးကို ေအာက္တိုဘာလတြင္ စတင္ျဖန္႔ျဖဴးႏိုင္ရန္ စီစဥ္ေနသည္။

ရုရွားႏိုင္ငံသည္ ကာကြယ္ေဆးတစ္ခုအတြက္ လိုအပ္သည့္ စမ္းသပ္ခ်က္ျဖစ္ေသာ လူေထာင္ေပါင္းမ်ားစြာ ပါဝင္သည့္ အဆင့္ ၃ စမ္းသပ္ခ်က္ကို မျပဳလုပ္ဘဲ ယခုကဲ့သို႔ ထုတ္လုပ္ရန္ စီစဥ္ေနျခင္းလည္း ျဖစ္သည္။

ကမၻာ့က်န္းမာေရးအဖြဲ႔ၾကီး (WHO) က ထုတ္ျပန္ရာတြင္ အဆိုပါကာကြယ္ေဆးသည္ ကာကြယ္ေဆးစမ္းသပ္မႈဆိုင္ရာ ႏိုင္ငံတကာစည္းမ်ဥ္းမ်ားကို လိုက္နာမႈ ရွိ၊ မရွိ ရုရွားႏွင့္ ေဆြးေႏြးေနေၾကာင္း ထုတ္ျပန္ထားသည္။

WHO က ထုတ္ျပန္ထားေသာ လက္ရွိ အဆင့္ ၃ စမ္းသပ္မႈ ျပဳလုပ္ေနသည့္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ၆ ခုတြင္ ရုရွား၏ Sputnik V ပါဝင္ျခင္း မရွိေခ်။

ကမၻာတစ္ဝန္းတြင္ စမ္းသပ္ဆဲအဆင့္သာရွိေသးသည့္ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးေပါင္း ၁၀၀ ေက်ာ္ရွိသည္။

ရုရွား၏ ကာကြယ္ေဆးႏွင့္ စပ္လ်ဥ္းျပီး ကမၻာ့ေဆးပညာအသိုက္အဝန္းက သတိေပးမႈမ်ားရွိေနသည့္တိုင္ Boeing ႏွင့္ အျခားေသာ ခရီးသြားလုပ္ငန္းမ်ား၏ ရွယ္ယာေစ်းမ်ား ျမင့္တက္လာခဲ့ျခင္း ျဖစ္သည္။

ဂ်က္အင္ဂ်င္ထုတ္လုပ္သည့္ General Electric (GE) ႏွင့္ Raytheon Technologies (RTX) တို႔၏ ရွယ္ယာေစ်းမ်ားမွာ ၀ ဒသမ ၉ ရာခိုင္ႏႈန္းႏွင့္ ၀ ဒသမ ၁ ရာခိုင္ႏႈန္း အသီးသီးျမင့္တက္ခဲ့သည္။

Delta Air Lines (DAL) ၏ ရွယ္ယာေစ်းမွာလည္း ၁ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

Royal Caribbean Cruises (RCL) ၏ ၃ လပတ္အစီရင္ခံစာတြင္ ေဖာ္ျပရာ၌ ၂၀၂၁ တြင္ ထြက္ရွိမည့္ ခရီးစဥ္မ်ားအတြက္ ၾကိဳတင္စာရင္းေပးသြင္းမႈမ်ား အလြန္မ်ားျပားခဲ့သည္ဟု ဆိုသည္။

Royal Caribbean ၏ ရွယ္ယာေစ်းႏႈန္းမ်ားမွာ ျပီးခဲ့ေသာ အဂၤ ါေန႔က ၂ ဒသမ ၄ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: More Boeing Orders Canceled; Aviation Stocks Mixed Amid 'Sputnik V' Risk (Investor’s Business Daily)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service