ရန်ကုန်ဘတ်စ်ကားကုမ္ပဏီ YBPC က ရှယ်ယာ သိန်း ၇၅၀၀ ဖိုးပြန်ဝယ်မည်

ရန်ကုန်ဘတ်စ်ကားကုမ္ပဏီ YBPC က ရှယ်ယာ သိန်း ၇၅၀၀ ဖိုးပြန်ဝယ်မည် - Property News in Myanmar from iMyanmarHouse.com
13 Aug 2020 11:28 am တွင် တင်ခဲ့သည်
1238 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (YBPC) ကုမ္ပဏီက အများပြည်သူကို ရောင်းချသည့် ရှယ်ယာများသို့ မူလအရင်းအတိုင်း တစ်စုလျှင် ကျပ်တစ်သိန်းဖြင့် ကျပ်သိန်း ၇,၅၀၀ ဖိုးခန့် ပြန်လည်ဝယ်ယူမည်ဟု အဆိုပါ ကုမ္ပဏီဒါရိုက်တာအဖွဲ့က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ရှယ်ယာဝယ်ယူရာတွင်လည်း ရှယ်ယာပိုင်ဆိုင်မှုရာခိုင်နှုန်းအလိုက် ဝယ်ယူမည်ဖြစ်ပြီး ထို့အတွက် ကုမ္ပဏီအထွေထွေအစည်းအဝေးကျင်းပပြီး အတည်ပြုမည်ဖြစ်ကာ အထွေထွေအစည်းအဝေးကို လာမည့် စက်တင်ဘာတွင် ကျင်းပရန် ရည်ရွယ်ထားသည်။ အစုရှယ်ယာ တစ်စုမှ ၁,၀၀၀ အထိပိုင်ဆိုင်ပြီး ရောင်းချလိုသည့်အစုရှယ်ယာရှင်များကုမ္ပဏီက သတ်မှတ်သော လျှောက်လွှာပုံစံများဖြည့်၍ရောင်းချရန် အဆိုပြုလွှာတင်နိုင်ပြီး အစုရှယ်ယာတစ်စုပိုင်ဆိုင်သည့် အစုရှယ်ယာရှင်များ ရာနှုန်းပြည့် ပြန်လည်ဝယ်ယူမည်ဖြစ်သည်။

အစုရှယ်ယာ ၁၀ အထိပိုင်ဆိုင်သည့် ရှယ်ယာရှင်များအတွက် အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း၊ ရှယ်ယာ ၅၀ အထိပိုင်ဆိုင်သည့် အစုရှယ်ယာရှင်များ ၂၅ ရာခိုင်နှုန်း၊ အစုရှယ်ယာ ၁,၀၀၀ အထိပိုင်ဆိုင်သည့် ရှယ်ယာရှင်များအတွက် ၁၀ ရာခိုင်နှုန်းစီ ပြန်လည်ဝယ်ယူမည်ဖြစ်ပြီး စုစုပေါင်း အစုရှယ်ယာ ၇,၅၀၀ ခန့် ကိုဝယ်ယူမည်ဖြစ်သည်။

အစုရှယ်ယာရောင်းချလိုသူများသည် ဩဂုတ် ၅ ရက်ကစတင် ပြီး ၃၁ ရက်အထိ ပြန်လည်ရောင်းချရန် အဆိုပြုရမည်ဖြစ်သည်။

‘‘၂၀၁၉ တုန်းက ဝယ်ဖို့ကြေညာပါသေးတယ်။ အဲဒီတုန်းက မရောင်းဘဲ ကျန်တာတွေအတွက် အခု ဒုတိယအကြိမ် ထပ်ဝယ်တာ။ အဲဒီတုန်းက စီးပွားရေးက ဒီလောက်မကျပ်ဘူး။ အခုက ကိုဗစ်ဖြစ်တော့ ရောင်းချင်ရောင်းလို့ရအောင်ပါ’’ ဟု အဆိုပါကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာမောင်အောင် ကပြောသည်။

၂၀၁၉ တွင် ရောင်းချစဉ်က ရှယ်ယာ ၃,၀၀၀ ခန့်သာ ပြန်လည်ရောင်းချခဲ့သည်။ ယခုဝယ်ယူမှုတွင်လည်း ကုမ္ပဏီက ရှယ်ယာပြန်ဝယ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

၂၀၁၉ တွင် ရှယ်ယာပြန်လည်ဝယ်ယူစဉ်က အစုရှယ်ယာ ၁,၀၀၀ အထိကို ၂၅ ရာခိုင်နှုန်း အထိ ဝယ်ယူခဲ့ပြီး ရှယ်ယာ အစု ၁,၀၀၀ ကျော်ပါက မဝယ်ယူခဲ့ပေ။ YBPC ကုမ္ပဏီက အစုရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းနှုန်း ဖြင့် ရှယ်ယာရှင်များသို့ ရောင်းချထားခြင်းဖြစ်သည်။

ကုမ္ပဏီကို ကျပ် ဘီလီယံ ၁၀ နှင့် စတင်ခဲ့ပြီး အများပြည်သူ က ကျပ် ၆ ဒသမ ၄ ဘီလီယံ၊ အစိုးရက ကျပ် ၃၅ ဘီလီယံဖြင့် လက်ရှိအချိန်တွင် ရှယ်ယာထည့်ဝင်မှု စုစုပေါင်း ကျပ် ၅၇ ဘီလီယံ ကျော်ရှိနေပြီဖြစ်သည်။

ရန်ကုန်တိုင်းအစိုးရသည် ကျပ် ၇၈ ဘီလီယံဖြင့် ဘတ်စ်ကားအစီး ၁,၀၀၀ ဝယ်ယူခဲ့ပြီး YBPC ကုမ္ပဏီကို ကားအစီးရေ ၅ဝဝ၊ YUPT ကို ကားအစီးရေ ၅ဝဝ ခွဲဝေကာ ပြေးဆွဲခဲ့သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ဘတ္စ္ကားကုမၸဏီ YBPC က ႐ွယ္ယာ သိန္း ၇၅၀၀ ဖိုးျပန္ဝယ္မည္

ရန္ကုန္ဘတ္စ္ကား အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္ (YBPC) ကုမၸဏီက အမ်ားျပည္သူကို ေရာင္းခ်သည့္ ႐ွယ္ယာမ်ားသို႔ မူလအရင္းအတိုင္း တစ္စုလွ်င္ က်ပ္တစ္သိန္းျဖင့္ က်ပ္သိန္း ၇,၅၀၀ ဖိုးခန္႔ ျပန္လည္ဝယ္ယူမည္ဟု အဆိုပါ ကုမၸဏီဒါ႐ိုက္တာအဖြဲ႕က ဇူလိုင္ ၃၁ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။

႐ွယ္ယာဝယ္ယူရာတြင္လည္း ႐ွယ္ယာပိုင္ဆိုင္မႈရာခိုင္ႏႈန္းအလိုက္ ဝယ္ယူမည္ျဖစ္ၿပီး ထို႔အတြက္ ကုမၸဏီအေထြေထြအစည္းအေဝးက်င္းပၿပီး အတည္ျပဳမည္ျဖစ္ကာ အေထြေထြအစည္းအေဝးကို လာမည့္ စက္တင္ဘာတြင္ က်င္းပရန္ ရည္႐ြယ္ထားသည္။ အစု႐ွယ္ယာ တစ္စုမွ ၁,၀၀၀ အထိပိုင္ဆိုင္ၿပီး ေရာင္းခ်လိုသည့္အစု႐ွယ္ယာ႐ွင္မ်ားကုမၸဏီက သတ္မွတ္ေသာ ေလွ်ာက္လႊာပုံစံမ်ားျဖည့္၍ေရာင္းခ်ရန္ အဆိုျပဳလႊာတင္ႏိုင္ၿပီး အစု႐ွယ္ယာတစ္စုပိုင္ဆိုင္သည့္ အစု႐ွယ္ယာ႐ွင္မ်ား ရာႏႈန္းျပည့္ ျပန္လည္ဝယ္ယူမည္ျဖစ္သည္။

အစု႐ွယ္ယာ ၁၀ အထိပိုင္ဆိုင္သည့္ ႐ွယ္ယာ႐ွင္မ်ားအတြက္ အစု႐ွယ္ယာ ၅၀ ရာခိုင္ႏႈန္း၊ ႐ွယ္ယာ ၅၀ အထိပိုင္ဆိုင္သည့္ အစု႐ွယ္ယာ႐ွင္မ်ား ၂၅ ရာခိုင္ႏႈန္း၊ အစု႐ွယ္ယာ ၁,၀၀၀ အထိပိုင္ဆိုင္သည့္ ႐ွယ္ယာ႐ွင္မ်ားအတြက္ ၁၀ ရာခိုင္ႏႈန္းစီ ျပန္လည္ဝယ္ယူမည္ျဖစ္ၿပီး စုစုေပါင္း အစု႐ွယ္ယာ ၇,၅၀၀ ခန္႔ ကိုဝယ္ယူမည္ျဖစ္သည္။

အစု႐ွယ္ယာေရာင္းခ်လိုသူမ်ားသည္ ဩဂုတ္ ၅ ရက္ကစတင္ ၿပီး ၃၁ ရက္အထိ ျပန္လည္ေရာင္းခ်ရန္ အဆိုျပဳရမည္ျဖစ္သည္။

‘‘၂၀၁၉ တုန္းက ဝယ္ဖို႔ေၾကညာပါေသးတယ္။ အဲဒီတုန္းက မေရာင္းဘဲ က်န္တာေတြအတြက္ အခု ဒုတိယအႀကိမ္ ထပ္ဝယ္တာ။ အဲဒီတုန္းက စီးပြားေရးက ဒီေလာက္မက်ပ္ဘူး။ အခုက ကိုဗစ္ျဖစ္ေတာ့ ေရာင္းခ်င္ေရာင္းလို႔ရေအာင္ပါ’’ ဟု အဆိုပါကုမၸဏီဥကၠ႒ ေဒါက္တာေမာင္ေအာင္ ကေျပာသည္။

၂၀၁၉ တြင္ ေရာင္းခ်စဥ္က ႐ွယ္ယာ ၃,၀၀၀ ခန္႔သာ ျပန္လည္ေရာင္းခ်ခဲ့သည္။ ယခုဝယ္ယူမႈတြင္လည္း ကုမၸဏီက ႐ွယ္ယာျပန္ဝယ္ျခင္းျဖစ္သည္ဟု ၎ကဆိုသည္။

၂၀၁၉ တြင္ ႐ွယ္ယာျပန္လည္ဝယ္ယူစဥ္က အစု႐ွယ္ယာ ၁,၀၀၀ အထိကို ၂၅ ရာခိုင္ႏႈန္း အထိ ဝယ္ယူခဲ့ၿပီး ႐ွယ္ယာ အစု ၁,၀၀၀ ေက်ာ္ပါက မဝယ္ယူခဲ့ေပ။ YBPC ကုမၸဏီက အစု႐ွယ္ယာတစ္စုလွ်င္ က်ပ္တစ္သိန္းႏႈန္း ျဖင့္ ႐ွယ္ယာ႐ွင္မ်ားသို႔ ေရာင္းခ်ထားျခင္းျဖစ္သည္။

ကုမၸဏီကို က်ပ္ ဘီလီယံ ၁၀ ႏွင့္ စတင္ခဲ့ၿပီး အမ်ားျပည္သူ က က်ပ္ ၆ ဒသမ ၄ ဘီလီယံ၊ အစိုးရက က်ပ္ ၃၅ ဘီလီယံျဖင့္ လက္႐ွိအခ်ိန္တြင္ ႐ွယ္ယာထည့္ဝင္မႈ စုစုေပါင္း က်ပ္ ၅၇ ဘီလီယံ ေက်ာ္႐ွိေနၿပီျဖစ္သည္။

ရန္ကုန္တိုင္းအစိုးရသည္ က်ပ္ ၇၈ ဘီလီယံျဖင့္ ဘတ္စ္ကားအစီး ၁,၀၀၀ ဝယ္ယူခဲ့ၿပီး YBPC ကုမၸဏီကို ကားအစီးေရ ၅ဝဝ၊ YUPT ကို ကားအစီးေရ ၅ဝဝ ခြဲေဝကာ ေျပးဆြဲခဲ့သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service