စင်္ကာပူသားတို့အသည်းကျော် ဘင်တန်လာဂွန်း အပန်းဖြေစခန်း အရှုံးပေါ်ကာ ပိတ်သိမ်း၊ ဝန်ထမ်း ၅၀၀ အလုပ်ပြုတ်

စင်္ကာပူသားတို့အသည်းကျော် ဘင်တန်လာဂွန်း အပန်းဖြေစခန်း အရှုံးပေါ်ကာ ပိတ်သိမ်း၊ ဝန်ထမ်း ၅၀၀ အလုပ်ပြုတ် - Property News in Myanmar from iMyanmarHouse.com
12 Aug 2020 1:18 pm တွင် တင်ခဲ့သည်
1343 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စင်္ကာပူနိုင်ငံသားများ အများဆုံးအပန်းဖြေလေ့ရှိသည့် ဘင်တန် လာဂွန်း (Bintan Lagoon Resort) အပန်းဖြေစခန်းကြီးသည် အရှုံးပေါ်ကာ ပိတ်သိမ်းလိုက်ရပြီ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘင်တန်ကျွန်းတွင် တည်ရှိသော အပန်းဖြေစခန်းကို တည်ထောင်လည်ပတ်ခဲ့သည်မှာ ၂၆ နှစ်ရှိခဲ့ပြီ ဖြစ်သည်။

ကြယ်ငါးပွင့်အဆင့်ရှိ အပန်းဖြေစခန်းမှ ဝန်ထမ်းပေါင်း ၅၀၀ နီးပါးမှာလည်း အလုပ်ဖြုတ်ခြင်းခံလိုက်ရကြောင်း အင်ဒိုနီးရှား သတင်းဌာန တစ်ခုဖြစ်သော Antara News တွင် ဖော်ပြသည်။

အပန်းဖြေစခန်း၏ မြေအကျယ်အဝန်းမှာ ဟက်တာ ၃၀၀ ခန့်ရှိပြီး ဟိုတယ်ခန်းပေါင်း ၄၅၀ ခန့် ပါဝင်သည်။ လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက အရှုံးပေါ်နေခဲ့ခြင်းဖြစ်ပြီး Covid 19 ကြောင့် ခရီးသွားများ မဝင်ရောက်တော့ချိန်တွင် ဘဏ္ဍာရေးအခြေအနေ ပိုမိုဆိုးရွားသွားခြင်းလည်း ဖြစ်သည်။

ဘင်တန်ကျွန်း ၊ Pasir Panjaung ကမ်းခြေတွင်တည်ရှိသော ဘင်တန်လာဂွန်းအပန်းဖြေစခန်းကို စင်္ကာပူစာရင်းဝင် Resort Venture Pte Ltd က ပိုင်ဆိုင်ခြင်းဖြစ်သည်။

အပန်းဖြေစခန်းသို့ စင်္ကာပူမှ ဖယ်ရီဖြင့် သွားလျှင် ၇၅ မိနစ်ခရီးသာ ကြာမြင့်သည်။

ယခုကဲ့သို့ ပိတ်သိမ်းလိုက်မှုနှင့် စပ်လျဉ်းပြီး မှတ်ချက်ပြုရန် အပန်းဖြေစခန်းက ငြင်းပယ်ထားပြီး လာမည့် ရက်သတ္တပတ်အတွင်းတွင် သတင်းမီဒီယာများသို့ ထုတ်ပြန်ကြေညာချက်တစ်ခု ပြုလုပ်သွားမည်ဟု ဆိုသည်။

ပိတ်သိမ်းမည့် အစီအစဉ်ကို Bintan ခရိုင် လူ့စွမ်းအားရုံးသို့ ဇူလိုင်လ ၃၁ ရက်တွင် တင်ပြထားပြီး ဖြစ်သည်ဟု ဆိုသည်။

ဘင်တန် အလုပ်အကိုင်အေဂျင်စီမှ အကြီးအကဲ မစ္စတာ အင်ဒရာ ဟီဒါယက်ထ်က ပြောကြားရာတွင် အပန်းဖြေစခန်း ပိတ်သိမ်းမှုတွင် အလုပ်သမားများအား အလုပ်ရပ်စဲမှု နစ်နာကြေးပေးခြင်းကဲ့သို့ လူ့စွမ်းအားဌာန၏ လုပ်ထုံးလုပ်နည်းများကို လိုက်နာသွားလိမ့်မည် ဖြစ်ကြောင်း ပြောကြားသည်။

အပန်းဖြေစခန်း ဝန်ထမ်းများ အလုပ်ရပ်စဲမှု လုပ်ငန်းစဉ်ကို မိမိစောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း မစ္စတာ အင်ဒရာက ပြောကြားသည်။

စင်္ကာပူနိုင်ငံသားများသည် ဘင်တန်လာဂွန်းအပန်းဖြေစခန်းတည်ရှိရာ Riau ကျွန်းစုများသို့ များစွာလည်ပတ်လေ့ရှိကြသည်။

ဂျကာတာပို့စ် သတင်းစာ၏ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ်အတွင်း Riau ကျွန်းစုသို့ လာရောက်လည်ပတ်ကြသည့် ပြည်ပမှ လည်ပတ်သူများအနက် ထက်ဝက်ခန့်မှာ စင်္ကာပူနိုင်ငံသားများဖြစ်ကြောင်း ဖော်ပြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A popular getaway for Singaporeans, Bintan Lagoon Resort closing after 26 years, 500 laid off (Todayonline)

 

[Zawgyi]

စကၤာပူသားတို႔အသည္းေက်ာ္ ဘင္တန္လာဂြန္း အပန္းေျဖစခန္း အရံႈးေပၚကာ ပိတ္သိမ္း၊ ဝန္ထမ္း ၅၀၀ အလုပ္ျပဳတ္

စကၤာပူႏိုင္ငံသားမ်ား အမ်ားဆံုးအပန္းေျဖေလ့ရွိသည့္ ဘင္တန္ လာဂြန္း (Bintan Lagoon Resort) အပန္းေျဖစခန္းၾကီးသည္ အရံႈးေပၚကာ ပိတ္သိမ္းလိုက္ရျပီ ျဖစ္သည္။

အင္ဒိုနီးရွားႏိုင္ငံ၊ ဘင္တန္ကၽြန္းတြင္ တည္ရွိေသာ အပန္းေျဖစခန္းကို တည္ေထာင္လည္ပတ္ခဲ့သည္မွာ ၂၆ ႏွစ္ရွိခဲ့ျပီ ျဖစ္သည္။

ၾကယ္ငါးပြင့္အဆင့္ရွိ အပန္းေျဖစခန္းမွ ဝန္ထမ္းေပါင္း ၅၀၀ နီးပါးမွာလည္း အလုပ္ျဖဳတ္ျခင္းခံလိုက္ရေၾကာင္း အင္ဒိုနီးရွား သတင္းဌာန တစ္ခုျဖစ္ေသာ Antara News တြင္ ေဖာ္ျပသည္။

အပန္းေျဖစခန္း၏ ေျမအက်ယ္အဝန္းမွာ ဟက္တာ ၃၀၀ ခန္႔ရွိျပီး ဟိုတယ္ခန္းေပါင္း ၄၅၀ ခန္႔ ပါဝင္သည္။ လြန္ခဲ့ေသာ ၂ ႏွစ္ခန္႔ကတည္းက အရံႈးေပၚေနခဲ့ျခင္းျဖစ္ျပီး Covid 19 ေၾကာင့္ ခရီးသြားမ်ား မဝင္ေရာက္ေတာ့ခ်ိန္တြင္ ဘ႑ာေရးအေျခအေန ပိုမိုဆိုးရြားသြားျခင္းလည္း ျဖစ္သည္။

ဘင္တန္ကၽြန္း ၊ Pasir Panjaung ကမ္းေျခတြင္တည္ရွိေသာ ဘင္တန္လာဂြန္းအပန္းေျဖစခန္းကို စကၤာပူစာရင္းဝင္ Resort Venture Pte Ltd က ပိုင္ဆိုင္ျခင္းျဖစ္သည္။

အပန္းေျဖစခန္းသို႔ စကၤာပူမွ ဖယ္ရီျဖင့္ သြားလွ်င္ ၇၅ မိနစ္ခရီးသာ ၾကာျမင့္သည္။

ယခုကဲ့သို႔ ပိတ္သိမ္းလိုက္မႈႏွင့္ စပ္လ်ဥ္းျပီး မွတ္ခ်က္ျပဳရန္ အပန္းေျဖစခန္းက ျငင္းပယ္ထားျပီး လာမည့္ ရက္သတၱပတ္အတြင္းတြင္ သတင္းမီဒီယာမ်ားသို႔ ထုတ္ျပန္ေၾကညာခ်က္တစ္ခု ျပဳလုပ္သြားမည္ဟု ဆိုသည္။

ပိတ္သိမ္းမည့္ အစီအစဥ္ကို Bintan ခရိုင္ လူ႔စြမ္းအားရံုးသို႔ ဇူလိုင္လ ၃၁ ရက္တြင္ တင္ျပထားျပီး ျဖစ္သည္ဟု ဆိုသည္။

ဘင္တန္ အလုပ္အကိုင္ေအဂ်င္စီမွ အၾကီးအကဲ မစၥတာ အင္ဒရာ ဟီဒါယက္ထ္က ေျပာၾကားရာတြင္ အပန္းေျဖစခန္း ပိတ္သိမ္းမႈတြင္ အလုပ္သမားမ်ားအား အလုပ္ရပ္စဲမႈ နစ္နာေၾကးေပးျခင္းကဲ့သို႔ လူ႔စြမ္းအားဌာန၏ လုပ္ထံုးလုပ္နည္းမ်ားကို လိုက္နာသြားလိမ့္မည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

အပန္းေျဖစခန္း ဝန္ထမ္းမ်ား အလုပ္ရပ္စဲမႈ လုပ္ငန္းစဥ္ကို မိမိေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္းလည္း မစၥတာ အင္ဒရာက ေျပာၾကားသည္။

စကၤာပူႏိုင္ငံသားမ်ားသည္ ဘင္တန္လာဂြန္းအပန္းေျဖစခန္းတည္ရွိရာ Riau ကၽြန္းစုမ်ားသို႔ မ်ားစြာလည္ပတ္ေလ့ရွိၾကသည္။

ဂ်ကာတာပို႔စ္ သတင္းစာ၏ ေဖာ္ျပခ်က္အရ ၂၀၁၉ ခုႏွစ္အတြင္း Riau ကၽြန္းစုသို႔ လာေရာက္လည္ပတ္ၾကသည့္ ျပည္ပမွ လည္ပတ္သူမ်ားအနက္ ထက္ဝက္ခန္႔မွာ စကၤာပူႏိုင္ငံသားမ်ားျဖစ္ေၾကာင္း ေဖာ္ျပသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A popular getaway for Singaporeans, Bintan Lagoon Resort closing after 26 years, 500 laid off (Todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
Jeff Bezos နှင့် စေ့စပ်ထားသူ လော်ရန်ဆန်းချက်ဇ်က ဒေါ်လာ ၁၆၅ သန်းတန် စံအိမ်ကြီးအတွင်းမှ သူ၏ စာရေးသည့်အခန်း မြင်ကွင်းများကို ရှားရှားပါးပါး ထုတ်ဖော်ပြသလာ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscreen ဘုရင်မ ကျိုးချင်ဖေး၏ ဘဝထွေထွေ...
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
တောင်ကမ်းပါးစွန်းနှစ်ခုကြားက အန္တရာယ်အများဆုံး ကြိုးတံတား Carrick a Rede တံတားကို ဖြတ်ရဲလား
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service