ကျောင်းဖွင့်ပြီးတစ်ပတ်အတွင်းအမေရိကန်တွင် ကျောင်းသား ၈၀၀ ကျော် Quarantine ဝင်ရ

ကျောင်းဖွင့်ပြီးတစ်ပတ်အတွင်းအမေရိကန်တွင် ကျောင်းသား ၈၀၀ ကျော် Quarantine ဝင်ရ - Property News in Myanmar from iMyanmarHouse.com
12 Aug 2020 12:56 pm တွင် တင်ခဲ့သည်
650 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ် မြောက်ပိုင်းတွင် စာသင်ကျောင်းများဖွင့်လှစ်ပြီး ရက်သတ္တပတ်မျှသာရှိသေးချိန်တွင် ကျောင်းသူကျောင်းသားနှင့် ကျောင်းဝန်ထမ်း ၈၀၀ ကျော် quarantine ဝင်လိုက်ရသည်။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်း ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့၏ မြောက်ဘက် ၄၄ မိုင်အကွာတွင် တည်ရှိသော Cherokee County စာသင်ကျောင်းများတည်ရှိရာခရိုင်တွင် ကျောင်းဖွင့်သည့် ပထမဆုံးနေ့တွင်ပင် 2nd grade ကျောင်းသားကလေးငယ်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ် စစ်ဆေးတွေ့ရှိခဲ့ပြီး လူဦးရေ ၂၀ ခန့် quarantine ဝင်စေခဲ့ရသည်။

Quarantine ဝင်ရသူဦးရေပမာဏမှာ လျင်မြန်စွာမြင့်တက်လာခဲ့ပြီး တနင်္လာနေ့ညဘက်အထိ အခြေအနေအရ အဆိုပါကျောင်း၏ ကျောင်းသားပေါင်း ၈၂၆ ဦးကို quarantine ဝင်စေခဲ့ရသည်ဟု ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့ဖွယ်ရှိသောကြောင့် ယခုကဲ့သို့ quarantine ဝင်စေခဲ့ရခြင်းလည်း ဖြစ်သည်။

ကျောင်းသူကျောင်းသား ၄၂၀၀၀ ခန့်ရှိသော စာသင်ကျောင်းခရိုင်တွင်းရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း ၁၉ ခုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀ ခန့် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် အဆိုပါ ၄၀ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပေါ့စတစ်စစ်ဆေးတွေ့ရှိသူများလော (သို့မဟုတ်) ရောဂါကူးစက်ခံရသည့် ကျောင်းသား၊ ဝန်ထမ်းနှင့် ထိတွေ့ခဲ့မှုရှိသူများလောဟူသည်ကိုမူ မသိရချေ။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းများ အခါအားလျော်စွာ ပြုလုပ်လေ့ရှိသည်။

Cherokee County စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများကို mask တပ်ရန် အကြံပြုမှုသာရှိပြီး မဖြစ်မနေတပ်ဆင်ရမည်ဟု စည်းမျဉ်းထုတ်ထားခြင်း မရှိချေ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Over 800 students, staff now told to quarantine in Georgia school district (MSN)

[Zawgyi]

ေက်ာင္းဖြင့္ျပီးတစ္ပတ္အတြင္းအေမရိကန္တြင္ ေက်ာင္းသား ၈၀၀ ေက်ာ္ Quarantine ဝင္ရ

အေမရိကန္ႏိုင္ငံ၊ ေဂ်ာ္ဂ်ီယာျပည္နယ္ ေျမာက္ပိုင္းတြင္ စာသင္ေက်ာင္းမ်ားဖြင့္လွစ္ျပီး ရက္သတၱပတ္မွ်သာရွိေသးခ်ိန္တြင္ ေက်ာင္းသူေက်ာင္းသားႏွင့္ ေက်ာင္းဝန္ထမ္း ၈၀၀ ေက်ာ္ quarantine ဝင္လိုက္ရသည္။

ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း ေဂ်ာ္ဂ်ီယာျပည္နယ္၊ အတၱလႏၱာျမိဳ ႔၏ ေျမာက္ဘက္ ၄၄ မိုင္အကြာတြင္ တည္ရွိေသာ Cherokee County စာသင္ေက်ာင္းမ်ားတည္ရွိရာခရိုင္တြင္ ေက်ာင္းဖြင့္သည့္ ပထမဆံုးေန႔တြင္ပင္ 2nd grade ေက်ာင္းသားကေလးငယ္တစ္ဦး ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္ စစ္ေဆးေတြ႔ရွိခဲ့ျပီး လူဦးေရ ၂၀ ခန္႔ quarantine ဝင္ေစခဲ့ရသည္။

Quarantine ဝင္ရသူဦးေရပမာဏမွာ လ်င္ျမန္စြာျမင့္တက္လာခဲ့ျပီး တနလၤာေန႔ညဘက္အထိ အေျခအေနအရ အဆိုပါေက်ာင္း၏ ေက်ာင္းသားေပါင္း ၈၂၆ ဦးကို quarantine ဝင္ေစခဲ့ရသည္ဟု ဆိုသည္။

ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေတြ႔ရွိသူမ်ားႏွင့္ အနီးကပ္ထိေတြ႔ခဲ့ဖြယ္ရွိေသာေၾကာင့္ ယခုကဲ့သို႔ quarantine ဝင္ေစခဲ့ရျခင္းလည္း ျဖစ္သည္။

ေက်ာင္းသူေက်ာင္းသား ၄၂၀၀၀ ခန္႔ရွိေသာ စာသင္ေက်ာင္းခရိုင္တြင္းရွိ မူလတန္း၊ အလယ္တန္းႏွင့္ အထက္တန္းေက်ာင္း ၁၉ ခုတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၀ ခန္႔ ေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ အဆိုပါ ၄၀ ဦးမွာ ကိုရိုနာဗိုင္းရပ္စ္ ေပါ့စတစ္စစ္ေဆးေတြ႔ရွိသူမ်ားေလာ (သို႔မဟုတ္) ေရာဂါကူးစက္ခံရသည့္ ေက်ာင္းသား၊ ဝန္ထမ္းႏွင့္ ထိေတြ႔ခဲ့မႈရွိသူမ်ားေလာဟူသည္ကိုမူ မသိရေခ်။

ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႔ရွိသူမ်ားႏွင့္ ထိေတြ႔ခဲ့သူမ်ားကို ေျခရာခံျခင္းမ်ား အခါအားေလ်ာ္စြာ ျပဳလုပ္ေလ့ရွိသည္။

Cherokee County စာသင္ေက်ာင္းမ်ားတြင္ ေက်ာင္းသားေက်ာင္းသူမ်ားႏွင့္ ဝန္ထမ္းမ်ားကို mask တပ္ရန္ အၾကံျပဳမႈသာရွိျပီး မျဖစ္မေနတပ္ဆင္ရမည္ဟု စည္းမ်ဥ္းထုတ္ထားျခင္း မရွိေခ်။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပံုမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္႐ႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Over 800 students, staff now told to quarantine in Georgia school district (MSN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်ကြာမှ သိလိုက်ရသည့်အဖြစ် ဆရာဝန်တို့ တုန်လှုပ်ခြောက်ခြား...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
အင်္ဂါဂြိုဟ်မှ ကမ္ဘာပေါ်သို့ ကျလာသည့် ၁၅ ပိဿာ အလေးချိန်ရှိသည့် ဥက္ကာခဲ နယူးယောက် လေလံပွဲတွင် ဒေါ်လာ ၅ သန်းဖြင့် ရောင်းထွက်...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာရှင်များ တွေ့ရှိ...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service